Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Gina Gershon
5.8
Borderlands (2024)
ဂိမ်းလောကရဲ့လူကြိုက်အများဆုံး ဂိမ်းတွေထဲက တစ်ခုဖြစ်တဲ့ဘော်ဒါလန်းကို ရုပ်ရှင်အဖြစ် ရိုက်ကူးထားတာဖြစ်ပါတယ်။Knock Knock ရဲ့ ဒါရိုက်တာ Eli Roth ရိုက်ကူးထားပြီး၊ကိတ်ဘလန့်ချက် နဲ့ ကယ်ဗင်ဟာ့တို့ ပါဝင်ထားပါတယ်။စက်ရုပ်လေး ကလပ်ထရပ် နေရာမှာတော့ ဂျက်ဘလက်ကအသံသရုပ်ဆောင်ပေးထားတာပါ။သိပ္ပံစိတ်ကူးယဉ် အက်ရှင် ဟာသ အမျိုးအစားမို့ အပန်းဖြေလို့ကောင်းမှာပါ။ ဇာတ်လမ်းအကျဉ်း***************ပန်ဒါရာဂြိုလ်ပေါ်က အီရီဒီရန်မျိုးနွယ်တွေဟာ ဂလက်ဆီတစ်ခုလုံးကိုအုပ်စိုးနိုင်ခဲ့တဲ့ အသိဉာဏ်မြင့် နည်းပညာမြင့် မျိုးနွယ်စုတွေဖြစ်ပါတယ်။ သူတို့တွေ မျိုးတုံးပျောက်ကွယ်သွားပြီးတဲ့နောက်မှာပန်ဒိုရာဂြိုလ်ကြီးတစ်ခုလုံးမှာ အီရီဒီရန်နည်းပညာလက်ကျန်လေးတွေကို ရှာနေတဲ့မုဆိုးတွေ၊ ဓားပြတွေ၊ အဖွဲ့အစည်းကြီးတွေ ခြေရှုပ်နေကြပါပြီ။ အားလုံးရဲ့ အကြီးဆုံးရည်မှန်းချက်ကတော့ အီရီဒီရန်တွေရဲ့လျှို့ဝှက်အလုံခန်းပါပဲ။ အဲဒီအလုံခန်းထဲမှာအဆင့်အမြင့်ဆုံး နည်းပညာလျှို့ဝှက်ချက်တွေရှိနေပြီး ပိုင်ဆိုင်တဲ့သူဟာ တန်ဖိုးမဖြတ်နိုင်လောက်အောင် ချမ်းသာပြီး စွမ်းအားကြီးသွားမှာပါ။အဲဒီ အလုံခန်းရှာတဲ့အရှုပ်တော်ပုံကြီးထဲကိုမှ စစ်သားဟောင်းတစ်ယောက်၊ ကြေးစားမုဆိုးတစ်ယောက်၊ ကော်ပိုရိတ်ကြီးတစ်ခုရဲ့ ခေါင်းဆောင်ရဲ့သမီးတစ်ယောက်၊ စိတ္တဇဂိုဏ်းဝင်တစ်ယောက် ကြားညပ်ပြီး ပူးပေါင်းမိကြတဲ့ခါ အလုံခန်းခန်းကို မသမာသူတွေလက်ထဲမရောက်ဖို့ တိုက်ခိုက်ကြရပါတော့တယ်။ File size…4.33GB / 2.06GB / 1.08GB Quality…WEB-DL 4K HEVC ...
movie
Borderlands (2024)
4K HEVC
6.7
[18+]Showgirls(1995)
[18+]Showgirls(1995)******************** (Dark Side Production မှတင်ဆက်သည်...) ဒီဇာတ်လမ်းဟာ.. Las Vegasရဲ့ဖော်ချွတ်အက လောကထဲကိုမိမိတတ်တဲ့အကပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုဖို့ ရောက်ရှိလာတဲ့ ဆွဲဆောင်မှုရှိပြီး သိပ်လှလွန်းတဲ့မိန်းကလေးတစ်ယောက်အကြောင်းကိုရိုက်ပြထားတာပါ... ရှိုးပွဲထဲက မိန်းမလှကလေးတွေရဲ့အကြောင်း... မတူညီတဲ့လူတန်းလွှားတို့ရဲ့ ဆက်ဆံမှုတွေအကြောင်း.. ရှိုးပွဲတစ်ခုထဲက ပြိုင်ဆိုင်မှုတွေအကြောင်းကို.. ပွင့်လင်းမြင်သာစွာဖြင့် အနုပညာမြောက်ပုံဖော်ထားပါတယ်..ပုရိသယောင်္ကျားထုတို့အဖို့ ထိုကဲ့သို့အသက်မွေးဝမ်းကျောင်းပြုနေတဲ့သူလေးတွေကို စာနာ နာလည်းတတ်စေဖို့ကြည့်သင့်သလို (၁၈)ယောက်စုကြည့်ရမယ်ဆိုတဲ့ဝေါဟာရနဲ့လည်း လိုက်ဖက်လွန်းတဲ့ အခန်းများစွာပါဝင်ဇာတ်ကားမို့ ကြည့်သင့်ကြောင်းရဲဝံစွာဖြင့်အာမခံလိုက်ပါတယ်...File Size : (2.7GB) and (1.4GB) Quality : Blu-Ray1080p, 720p Format…mp4 Duration…02:08:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Wira Aung Encoded by RGB
movie
[18+]Showgirls(1995)
4.4
LOL (2012)
LOL (2012) ==========ဒီဇာတ်လမ်းက ကျောင်းဖွင့်ဖွင့်ချင်းမှာ သူ့ကောင်လေးဆီက ဖောက်ပြန်ခံရတာကိုသိပြီး အသည်းကွဲနေတဲ့ Lola နဲ့ သူ့ကို တစ်ဖက်သတ်ချစ်နေတဲ့ အချစ်ဆုံးသူငယ်ချင်း Kyle ရဲ့ ကျောင်း သားအချစ်ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒီကားထဲမှာ ဆယ်ကျော် သက်အချစ်အပြင် အချင်းချင်းမရည်ရွယ်ဘဲ ပြဿနာတွေတက် ရင်း ပြန်ပြေလည်အောင်ဖြေရှင်းကြတဲ့ Lola နဲ့သူ့အမေတို့လို မိသားစုအချစ်ကိုလည်း ဖော်ကျူးထားပါတယ်။Lola နေရာမှာ သရုပ်ဆောင်ထားသူကတော့ Miley Cyrus ပဲ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Miley Cyrus ဖြစ်ပါတယ်)File Size..........(1.41 GB) / (552 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 37Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Romance Translator.......Miley Cyrus Encoder..........SWM
movie
LOL (2012)
2012
7.0
Thanksgiving(2023)
Thanksgiving(2023)******************(ရက်စက်တဲ့သတ်ဖြတ်ခန်းတွေပါတဲ့ R Rated အမျိုးအစား ဟော်ရာမို့နှပ်ချေးစားကလေးငယ်များနှင့်အတူမကြည့်သင့်ပါဘူး...)ဒီနှစ်ထဲမှာ ထွက်ထားတဲ့ ဟော်ရာတွေမှာ အတော်ကောင်းတဲ့ကားထဲမှာပါပါတယ်။သရဲမဟုတ်ဘဲ ဟော်ရာလူသတ်ရုပ်ရှင်ကိုမှ တရားခံမပြထားတဲ့ ပဟေဠိဆန်ဆန် အမျိုးအစားပဲဖြစ်ပါတယ်။Scream ရုပ်ရှင်တွေနဲ့ ဆင်တူပါတယ်။ ကျေးဇူးတော်နေ့မှာ ပလိုင်းမောက်မြို့လေးရဲ့ ရိုက်ကုန်တိုက်ပိုင်ရှင်ကအထူးလျှော့ဈေးနဲ့ ရောင်းပေးဖို့ကြေညာထားတဲ့အတွက် ကုန်တိုက်ရှေ့မှာတစ်မြိုု့လုံး လာစုနေကြပါတယ်။ အဲဒီဈေးရောင်းပွဲတော်မှာ ရုတ်ရုတ်သဲသဲတွေ ဖြစ်ကုန်ပြီးလူတွေသေကုန်တာနဲ့အဆုံးသွားပါတယ်။ နောက်တစ်နှစ် ကျေးဇူးတော်နေ့အချိန်မှာဒီဈေးရောင်းပွဲတော်ကိုပဲ ထပ်လုပ်ဖို့စီစဉ်ချိန်မှာတော့ အရင်နှစ်က ပွဲမှာ လူသေမှုတွေဖြစ်အောင်ပတ်သတ်ခဲ့တဲ့သူတွေအားလုံး တစ်ယောက်ပြီး တစ်ယောက် ရက်ရက်စက်စက်လိုက်သတ်တာခံရပါတော့တယ်။ ဒီတော့ အရင်နှစ် ကျေးဇူးတော်နေ့က သေသွားခဲ့တဲ့သူတွေနဲ့ပတ်သတ်တဲ့သူတွေထဲက ဘယ်သူက တရားခံလဲဆိုတာကို လိုက်ဖော်ဖို့ ကြိုးစားရင်းအသတ်မခံရအောင် ရုန်းကန်ကြရတဲ့လူတစ်စုကို ကြည့်ရမှာပါပဲ။ သတ်ဖြတ်ခန်းတွေအရမ်းကြမ်းတမ်းလို့ ကြောက်တတ်သူတွေမကြည့်သင့်ကြောင်း ကြိုပြောထားပါရစေ။File size…3.36GB /1.6 GB / 691MB Quality…4K HEVC,WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1hr 46min Genre ….. Horror, Mystery, Thriller Subtitle….Myanmar ...
movie
Thanksgiving(2023)
4K HEVC
5.2
Across the Line: The Exodus of Charlie Wright (2010)
Across the Line: The Exodus of Charlie Wright (2010) ======================================ချာလီရိုက်စ်ဟာ အမေရိကန်ပြည်ထောင်စုကနေ ဒေါ်လာ ၁၀ ဘီလီယံကျော် လိမ်လည်ခဲ့သူပါ။ အက်ဖ်အိုင်က လိုက်ဖမ်းပေမယ့် မမိခဲ့ပါဘူး။ ဒီလိုနဲ့ ချာလီ လည်း ခြေရာဖျောက်ပြီး မက္ကဆီကို နိုင်ငံထဲက တီဟွာနာဆိုတဲ့ မြို့မှာ ပုန်းနေ ခဲ့ပါတယ်။ တကယ်တမ်းမှာ ချာလီက လူတစ်ယောက်ကို လိုက်ရှာနေခဲ့တာပါ။ဒါပေမယ့် မက္ကဆီကိုက ဂိုဏ်းတစ်ဂိုဏ်းက သူ့ဆီကနေ ပိုက်ဆံကိုလိုချင်လို့ လိုက်ဖမ်းပါတော့တယ်။ ချာလီလိမ်သွားခဲ့တဲ့သူတွေထဲက ရုရှားမာဖီးယား ဂိုဏ်းခေါင်းဆောင်ဟာလည်း ကြေးစားတွေ လွှတ်ပြီး ချာလီ့ကို ဖမ်းခေါ်ခိုင်း ပါတယ်။ ဒီလိုနဲ့ ချာလီတစ်ယောက် ဒေသခံဂိုဏ်း၊ အက်ဖ်ဘီအိုင်နဲ့ ကြေးစား တွေ လက်ထဲကနေ လွတ်အောင် ပြေးဖို့ ဖြစ်လာပါတော့တယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်)File Size..........(1.87 GB) / (777 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 34Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Crime, ...
movie
Across the Line: The Exodus of Charlie Wright (2010)
2010
6.7
Killer Joe (2011)
Killer Joe ဇာတ်ကားဟာ 2013 ခုနှစ် COFCA Award မှာ Best Overlooked Film အပါအဝင် တခြားသော ဆုပေးပွဲတွေမှာပါ 9 wins တိတိရရှိခဲ့တဲ့ Crime Drama တစ်ခုပဲဖြစ်ပါတယ်။ ဒီကားထဲမှာဆိုရင် 2014 ခုနှစ် Best Performance by an Actor in a Leading Role နဲ့ အော်စကာဆုရရှိခဲ့သူ မင်းသားကြီး Matthew McConaughey ကို Killer Joe အနေနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း Drug Dealer တစ်ယောက်ဖြစ်တဲ့ ခရစ်က အကြွေးပိပြီး အမေဖြစ်သူထားထားတဲ့ အသက်အာမခံကြေးကို မျက်စေ့ကျရာက အမေ့ကို သတ်ပြီး အသက်အာမခံကြေးတွေကို သိမ်းဖို့ အဖေဖြစ်သူနဲ့အတူ ပေါင်းကြံရာက ဇာတ်လမ်းစပါတယ်။ ခရစ်နဲ့ သူ့အဖေက ...
movie
Killer Joe (2011)
7.9
The Insider(1999)
The Insider(1999)IMDb.....7.9,,,Rotten....96IMDb rating 7.9 ရရှိထားတဲ့ ဒီ The Insider ဆိုတဲ့ဇာတ်ကားဟာဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်...ဒီကားထဲမှာ အဓိကသရုပ်ဆောင်ထားတဲ့ မင်းသားကြီး ၂ဦးဖြစ်တဲ့Russell Crowe,နဲ့Al Pacino တို့ကိုတော့ တော်တော်များများသိမယ်ထင်ပါတယ်.. နာမည်ကြီးဆေးလိပ်ကုမ္ပဏီ(၇)ခုရှိတယ် …အဲ့ဒီဆေးလိပ်ကုမ္ပဏီတစ်ခုမှာ ဆေးရွက်ကြီးသုတေသနပိုင်းနဲ့ပတ်သက်ပြီးအလုပ်လုပ်တဲ့ ဒေါက်တာတစ်ယောက်ရှိတယ်..စမ်းသပ်စစ်ဆေးချက်နဲ့ပတ်သက်ပြီး နီကိုဒင်းဓတ်ရဲ့ဆိုးကျိုးတွေအကြောင်းအထက်လူကြီးဆီကို အဲ့ဒီဒေါက်တာက တင်ပြခဲ့တယ်....အဲ့ဒီကုမ္ပဏီတွေက သူတို့ရဲ့ထုတ်ကုန်ဖြစ်တဲ့ ဆေးလိပ်တွေဟာ ဘေးဥပါဒ်ဖြစ်စေနိုင်တယ်ဆိုတာကိုသိပေမယ့် လျှို့ဝှက်ထားခဲ့ကြတယ်…ဆိုးကျိုးတွေတင်ပြခဲ့တဲ့ ဒေါက်တာဟာလည်း နောက်ပိုင်းမှာ အကြောင်းမဲ့ အလုပ်ထုတ်ခံလိုက်ရတယ်….. ဖြစ်ချင်တော့တိုက်တိုက်ဆိုင်ဆိုင် သူအလုပ်ဖြုတ်ခံရပြီးချိန်မှာ နာမည်ကြီးတီဗွီအစီအစဉ်တစ်ခုရဲ့ပရိုဂျူဆာတစ်ယောက် နဲ့အဆက်အသွယ်ရခဲ့တယ်...အဲ့ဒီမှာ ပရိုဂျူဆာ က အလုပ်ဖြုတ်ခံလာရတဲ့ ဒေါက်တာကိုဆေးလိပ်လုပ်ငန်းရဲ့အတွင်းရေးတွေနဲ့ပတ်သက်ပြီးလျှို့ဝှက်ထားတဲ့အချက်အလက်တွေကို ဖြေပေးဖို့သူတို့အစီအစဉ်မှာပါဝင်ဖို့ပြောလာပါတော့တယ်...….ဒီကားဟာ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာဖြစ်သလို ဇာတ်ကောင်တွေ ဒိုင်ယာလော့တွေကလည်းလက်တွေ့ဆန်ပြီး သဘာဝကျတဲ့ ဘက်ကို အားပြုချဉ်းကပ်ထားပါတယ်….ပြသချိန်၂နာရီကျော်ကြာမြင့်တဲ့ဒီကားဟာ အစပိုင်း နာရီဝက်ကျော်လောက်အထိတော့ လိုက်လံဆက်စပ်နေရလို့အနည်းငယ် ပျင်းဖို့ကောင်းနေနိုင်ပါတယ်....နောက်ပိုင်းမှာတော့ ကျွန်တော့်လိုခပ်ကြောင်ကြောင်ကားတွေကြိုက်တဲ့သူတွေအဖို့ လုံးဝသဘောကျစေရမယ်လို့တော့အာမခံပါတယ်…File Size : (3.7GB) (1.75GB) and (459MB) Quality : Blu-Ray1080P5.1Ch, 720p Format…mp4 Duration…02:37:00 Genre : ...
movie
The Insider(1999)
1999
7.0
Out for Justice(1991)
Out for Justice(1991)*******************90s kid တို့ရဲ့ အသည်းကျော် Steven Segal ရဲ့ အက်ရှင်ကားကြမ်းကြမ်းကြီး တင်ဆက်ပေးလိုက်ပါတယ်..၂၀ ရာစုတလျှောက် ဘရွတ်ကလင်မြို့မှာ ဂိုဏ်းစတားတွေကိုယ့်နယ်နမိတ်နဲ့ကိုယ် ကြီးစိုးကျင်လည်ကြတဲ့အချိန်ပေါ့ဂျီနိုဆိုတဲ့ကောင်လေးဟာ သူ့အဖေကိုသိပ်အားကျတဲ့သူ...တစ်ရက်မှာ သူ့အဖေဟာ စတိုးတစ်ခုထဲက သူခိုးတစ်ယောက်ကို အပြင်ဆွဲခေါ် ထိုးကျိတ်ပြီး သူ့မျက်စိရှေ့တင်ပဲ သူတို့ကားနောက်ဖုံးထဲ ထည့်ပိတ်ထားလိုက်တယ်...ပြီးတော့ သူ့သားကို ဒီကားနဲ့ပဲ ရုပ်ရှင်ရုံခေါ်သွားပြီး ရုပ်ရှင်ပြသတဲ့.. .ရုပ်ရှင်ပြီးတဲ့အချိန်ကျမှ ဂျီနိုလေးကို ကားသော့ပေးလိုက်ပြီး မင်းလုပ်စရာရှိတာလုပ်လို့ ပြောတယ်...ဂျီနိုကလည်း ကားနောက်ဖုံးဖွင့်ပြီး စကားတွေနဲ့ခြိမ်းခြောက်ပြလိုက်တာ သူခိုးလည်း တချိုးတည်းပြေးပါရောလား...သူက အဲဒီကတည်းက သူ့အဖေလို လူမိုက်ဖြစ်ချင်တာ. ..တကယ်တမ်းကြီးလာတော့ ဒီကောင် ရဲဖြစ်သွားတယ်...လူမိုက်တွေနဲ့ပေါင်းခဲ့တဲ့ ဂျီနိုဟာ ရဲဖြစ်သွားတဲ့အချိန် သူ့ရဲ့သူငယ်ချင်းတစ်ယောက်ကလက်ခံနိုင်စရာမရှိတဲ့ပြစ်မှုကို ကျူးလွန်လိုက်တဲ့အချိန်မှာတော့...File Size : (1.8GB)(580 MB) and (230 MB) Quality : Blu-Ray1080p5.1ch, 720p Format…mp4 Duration…01:31:00 Genre : Action , Crime ,Drama Subtitle : Myanmar ...
movie
Out for Justice(1991)
7.1
Emily the Criminal (2022)
Emily the Criminal (2022)ဒီရုပ်ရှင်ကတော့ Crime Thriller အမျိုးအစားပါ။ Imdb 7.1 အထိ ရရှိထားပြီး လူကြိုက်များတဲ့ရုပ်ရှင်ပါပဲ။ ရုပ်ရှင်ရဲ့ ဒါရိုက်တာကတော့ John Patton Ford တဲ့။ အရင်က ရုပ်ရှင်ကြီးကြီးမားမား မရိုက်ဖူးပေမဲ့ သူ့ရဲ့ပွဲဦးထွက် ဒီရုပ်ရှင်က ဝေဖန်ရေးဆရာတွေ အကြိုက်တွေ့စရာဖြစ်လာပါတယ်။ သရုပ်ဆောင်တွေကလည်း A list မင်းသားမင်းသမီးတွေမဟုတ်ပေမဲ့ အတော်လေးပီပြင်ပြီး ရုပ်ရှင်ပွဲတော်တွေမှာလည်း ဆုတွေရထားပါပြီ။ ဒီရုပ်ရှင်ကို ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက်ကူးထားတာပါပဲ။ဇာတ်လမ်းကတော့ ဒုစရိုက်လောကထဲက မိန်းကလေးတစ်ယောက်အကြောင်းပါပဲ။ ရာဇဝတ်မှုကားတွေမှာဆို နှစ်မျိးရှိတတ်တယ်။ ဆရာ့ဆရာကြီးတွေအကြောင်းပြတဲ့ဇာတ်လမ်းမျိုးနဲ့ Breaking Bad လို လုပ်မိလုပ်ရာလုပ်ရင်းနဲ့ ဆရာကြီးဖြစ်လာတဲ့ဇာတ်လမ်းမျိုးပေါ့။သူကတော့ Breaking Bad လိုပါပဲ။ ကျောင်းစားရိတ်ချေးငွေ ၇၀၀၀၀ ကို မဆပ်နိုင်တော့ ငွေရလွယ်တဲ့ အလုပ်တွေရှာရင်းနဲ့ ခရက်ဒစ်ကတ်လိမ်လည်တဲ့ လူမိုက်လောကထဲကိုရောက်သွားပါတယ်။ အဲဒီမှာမှ တဖြည်းဖြည်းကျင်လည်ရင်း ကျွမ်းလာသလို အခက်အခဲတွေ ...
movie
Emily the Criminal (2022)
2022
6.1
Red Heat (1988)
Red Heat (1988)အမေရိကန်တွေနဲ့ ရုရှားတွေကတော့ ဟိုးပဝေသဏီတည်းက အချင်းချင်း မုန်းကြ၊ အပြစ်ဖို့ကြ၊ ဟားတိုက်ကြနဲ့ ကျောင်းတော်ကရန်စဆိုတော့ ကမ္ဘာမကြေဖြစ်ကြတဲ့သူတွေပါပဲ။ အခွင့်အရေးရတာနဲ့ ဆော်ကြနှက်ကြတော့တာပဲဗျ။ ခွင်ထဲဝင်လာမိတဲ့ကောင်က ခံရတာမျိုးပေါ့ဗျာ။ စစ်အေးတိုက်ပွဲ ပီသပါပေရဲ့။ဒီတော့ လက်နက်အင်အားနဲ့ စစ်သည်အင်အား ကြိတ်ပြီး ပြိုင်ဆိုင်ကြသလို ဓနအင်အားလည်း ပြိုင်ဘက်ကောင်းတွေပေါ့။ ဒါပေမဲ့ အန်ကယ်ဆမ်တို့ဘက်က သာတာတစ်ခုတော့ရှိတယ်။ ရုပ်ရှင်တွေပေါ့ဗျာ။ လူသိများတယ်။ တကမ္ဘာလုံးက အားပေးတယ်။ ကိုယ့်ရုပ်ရှင်ထဲမှာ ကိုယ်ကြိုက်တာ ထည့်ရိုက်လို့ရတော့ ဝါဒဖြန့်ချိရေးမှာ အမေရိကန်တွေ နှာတဖျားသာတာ မဆန်းပါဘူး။အခုတင်ဆက်မယ့်ကားကတော့ အမေရိကန်တို့ ရုရှားတွေကို ချစ်ကြည်ရေးလိုလိုနဲ့ အထုပ်ဖြည်ချင်တဲ့ ဇာတ်ကားပေါ့ဗျာ။ အမေရိကန်ရဲလောကရဲ့ အနာအဆာတွေ ပြသလိုလိုနဲ့ ရုရှားကြီးတွေရဲ့ သောက်ကျင့်တွေ ထင်သလိုလုပ်တတ်ပုံတွေကို လှောင်ထားတဲ့ပုံစံပေါ့။ အဆုံးမှာ နှစ်ယောက်သား ရင်းနှီးသွားတယ်ဆိုတာကလည်း မကောင်းတတ်လို့ ထည့်ပေးရတဲ့ပုံ။ဇာတ်လမ်းအကျဉ်းကတော့ ဆိုဗီယက်ရဲတစ်ယောက်နဲ့ ချီကာဂိုရဲတစ်ယောက် ဘုနဲ့ဘောက်ကျပြီး အမှုအတူလိုက်ရတဲ့ ခွတီးခွကျ ဇာတ်ကားတစ်ကားပေါ့ဗျာ။ ...
movie
Red Heat (1988)
1988
6.2
Rifkin’s Festival (2020)
Rifkin's Festival (2020)================= IMDb Rating - 6.2/10 Directed By Woody Allenကျွန်တော့်အကြိုက်ဆုံး အယ်လန်ရဲ့ ရုပ်ရှင်ဟာ Midnight In Parisပါပဲ။Midnight in Parisက ဇာတ်ကောင်ဟာ အနုပညာကို ခံစားတတ်ပေမဲ့ သူ့ကိုယ်ပိုင် မာစတာပိစ်ကို မရေးနိုင်သေးတဲ့ ရေးချင်နေတဲ့လူပါပဲ။ Rifkin's Festivalရဲ့ ဇာတ်ကောင် RIFKINဟာလည်း ဒီလိုလူပါပဲ။ဒီရုပ်ရှင်ဟာ Midnight in Parisရဲ့ အဆက်မဟုတ်ပေမဲ့ နှစ်ကားလုံးက ဇာတ်ကောင်နှစ်ကောင်လုံးက အယ်လန်ကိုယ်တိုင်ရဲ့ သူ့ကိုယ်သူပြန်တူးဖော် ထားတဲ့ ဇာတ်ကောင်တွေလို့ ယူဆလို့ရတယ်။ နောက် Rifkinဟာ Midnight in Parisရဲ့ အဖြေလို့ ဆိုလို့ရပါတယ်။Midnight in Parisမှာ ပါရီရဲ့အတိတ်ကာလကို အချိန်ခရီးသွားသလို ဟန်သုံးထားပြီး နာမည်ကျော်ပန်းချီဆရာတွေ စာရေးဆရာတွေ ဂီတဆရာတွေကို တမ်းတပြသွားခဲ့တယ်။ RIFKINမှာတော့ နာမည်ကျော်ဒါရိုက်တာတွေရဲ့ နာမည်ကြီးဇာတ်၀င်ခန်းတွေကို တစ်ဖြတ်တစ်ဖြတ် ဆိုသလို ထည့်သွားပြီး Homage to Cinema လုပ်သွားတယ်။Ingmar Bergmanရဲ့ 7th Sealအပြင် François Truffautတို့ Jean-Luc Godardတို့လို တန်းမြင့်ပြင်သစ်ဒါရိုက်တာတွေရဲ့ ရုပ်ရှင်တွေအပြင် ဟောလိဝုဒ်ရဲ့ အကောင်းဆုံးလို့ ဆိုခဲ့ကြဖူးတဲ့ Orson Wellesရဲ့ Citizen Kaneထဲက ဇာတ်၀င်ခန်းတွေကိုပါ ပြန်ယူသုံးပြီး Homage To ...
movie
Rifkin’s Festival (2020)
2020
7.3
Face/Off ( 1997 )
အက်ရှင်၊ thriller လို့ပြောတာနဲ့ ဘယ်ခေတ်ကိုရောက်ရောက်ရိုးမသွားမယ့် ရုပ်ရှင်တစ်ကား တင်ပေးလိုက်ပါတယ်။IMDb 7.3 ရရှိထားတဲ့ဇာတ်ကားဖြစ်ပါတယ်ကြည့်ဖူးသူတွေကတော့ မေ့မှာမဟုတ်ပါဘူး။ နီကိုးလတ်ကေ့ နဲ့ဂျွန်ထရာဗိုတာတို့ အပြိင်ကျဲခဲ့တဲ့ကားပါ။ ဇာတ်လမ်း၊ သရုပ်ဆောင်၊ရိုက်ချက် အားလုံးကောင်းပါတယ်။ သားဖြစ်သူကို သတ်သွားတဲ့အကြမ်းဖက်သမားကို တစ်ဘဝလုံး နှစ်မြှပ်ပြီး လိုက်ဖမ်းနေခဲ့တဲ့အက်ဖ်ဘီအိုင်အေးဂျင့် ရှောင်ဟာ နောက်ဆုံးတော့အကြမ်းဖက်သမား ကတ်စတာကို မိသွားပါတယ်။ မိသွားချိန်မှာကတ်စတာ ထောင်ခဲ့တဲ့ ဗုံးနေရာကို သိဖို့အတွက် ကတ်စတာရဲ့မျက်နှာကိုခွာယူပြီး ခွဲစိတ်ပြုပြင်ပြီး ကတ်စတာ အဖြစ်ဟန်ဆောင်စုံစမ်းနေရပါတယ်။ဒီအချိန်မှာပဲ ကတ်စတာက ရှောင်ရဲ့ မျက်နှာကို ယူပြီးအက်ဖ်ဘီအိုင်အေးဂျင့်အဖြစ် ပြန်လိုက်ဒုက္ခပေးတဲ့အခါမှာ….. Quality : Bluray 1080p (5.1ch ) HEVC & Bluray 720pDuring : 2h 18 minFormat : mkv ( 1080p ) , mp4 ( 720p )Subtitle ...
movie
Face/Off ( 1997 )
1997
6.0
Cagefighter: Worlds Collide(2020)
Cagefighter: Worlds Collide(2020)မေဝယ်သာနဲ့ ကော်နာမက်ဂရေဂေါ်တို့ ထိုးသတ်တဲ့ပွဲဆိုရင် တော်တော်များများသိကြပါလိမ့်မယ် မေဝယ်သာဟာ Boxing သမားပါ...Boxing ကရှင်းတယ်...ခါးပတ်အပေါ်ပိုင်းကိုပဲ တိုက်ခိုက်လို့ရမယ်...လက်သီးနဲ့ပဲထိုးလို့ရမယ်...ဒူးတွေ တံတောင်တွေ ခေါင်းတွေ ခြေထောက်တွေ ဘာမှပါမရဘူး... ကော်နာကျတော့ MMA သမား...MMA က အကုန်ရောထားတာ...ခေါင်းနဲ့တိုက်တာတွေ မှောက်နေတုန်းမကန်ရတာတွေဘာတွေကလွဲရင် ကွန်ဖူးတတ်ရင် ကွန်ဖူးနဲ့ချ...သိုင်းပြောင်းပြန်တတ်ရင် သိုင်းပြောင်းပြန်နဲ့ချ...အကုန်ချလို့ရတယ် အဲ့မှာမှ အဲ့လိုစည်းမျဉ်းစည်းကမ်းမတူတဲ့နယ်ပယ်နှစ်ခုက ဖိုက်တာနှစ်ယောက်ကို ပြိုင်ပွဲလုပ်ပေးလိုက်တော့ ပရိသတ်တွေရူးပြီလေ...ဒါမျိုးပွဲအကုန်ကြည့်ချင်ကြတာပေါ့ ဒီကားမှာလည်း ထူးမခြားနားပဲ MMA နဲ့ AEW(WWE လိုမျိုး) ကို စင်ပေါ်မှာပေးတွေ့လိုက်တယ်... The Rock တို့ John Cena တို့ဆိုရင် သိကြမှာပါ...သူတို့က WWE သမားတွေ...မြန်မာကလူတချို့ရော ကမ္ဘာကလူတချို့ကပါ လုပ်ပွဲတွေ၊သရုပ်ဆောင်တာတွေလို့ ဝေဖန်နေကြတဲ့နယ်ပယ်တစ်ခုကပေါ့ MMA ကတော့ အတည်ချတယ် ဆော်တယ် ချိုးတယ် ကွဲတယ်လို့ အများလက်ခံထားကြတဲ့နယ်ပယ်... အောင်လအန်ဆိုင်းတို့ ONE Championship မှာ ချသလိုမျိုးပေါ့ အဲ့လိုမတူကွဲပြားတဲ့နယ်ပယ်နှစ်ခုက ဖိုက်တာကြီးတွေကိုပေးတွေ့လိုက်တော့ပွဲမစခင်ကတည်းက အင်တာနက်ပေါ်မှာ ဖန်အချင်းချင်းကျိတ်နေပြီဆိုတာမျိုးတွေဖြစ်ကုန်တာပေါ့...ဇာတ်လမ်း ရှယ်ဗျင်း ..ရှယ်ကြမ်း....သရုပ်ဆောင်တွေကလည်း John Moxley ...
movie
Cagefighter: Worlds Collide(2020)
7.5
The Player(1992)
The Player (1992) အညွှန်း *************************** IMDb rating ...... 7.5/10 Rotten Tomatoes 98% (ဒီထဲကမင်းသားကThe Shawshank Redemption (1994)ထဲမှာ စကားလေးမပွင့်တပွင့်ပြောရင်းကျွန်တော်တို့နှလုံးသားကို သိမ်းပိုက်သွားတာအားလုံးသိကြမယ်ထင်ပါရဲ့)Hollywood ရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးလောကမှာ ထုတ်လုပ်သူတစ်ယောက်လုပ်ရတာဟာ ထင်သလောက်မရိုးရှင်းလှပါဘူး....စာရေးဆရာတွေဆီက တစ်ရက်တစ်ရက်ကို ကမ်းလှမ်းလာတဲ့ ရာနဲ့ချီသော ဇာတ်လမ်းပေါင်းစုံကို နားထောင်ပြီး ဇာတ်ကားရိုက်သင့်မရိုက်သင့် ဆုံးဖြတ်ပေးရပါတယ်...ကမ်းလှမ်းလာသမျှဇာတ်လမ်းတိုင်းကို ထုတ်လုပ်သူတစ်ယောက်အနေနဲ့ လက်ခံဖို့မဖြစ်နိုင်တဲ့အခါစာရေးဆရာတွေရဲ့ မုန်းတီးမှုကိုခံကြရပါတယ်...ဂရစ်ဖင်န် မေးလ် ဟာလည်း ဟောလီးဝုဒ်နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေးစတူဒီယိုတစ်ခုရဲ့ အကြီးအကဲတွေထဲက တစ်ယောက်ပါ...တစ်နေ့မှာတော့ သူ့ဆီကို အမည်မသိ စာရေးဆရာတစ်ယောက်ဆီက ခြိမ်းခြောက်စာတွေ အဆက်မပြတ်ရောက်လို့လာခဲ့ပါတယ်...ဒီချိန်းခြောက်စာတွေဟာ တစ်ရက်ထဲမဟုတ် အကြိမ်ရေများလာတဲ့အခါမှာတော့ဂရစ်ဖင်တစ်ယောက် စိတ္တဇဖြစ်လာတယ်...အဲ့ဒီနောက် ဒီကိစ္စကို တစ်ယောက်ထဲဖြေရှင်းဖို့ကြိုးစားတော့တယ်...အဲ့ဒီအချိန်ကစပြီး မဟာပြဿနာပေါင်းစုံတက်တော့တာပါပဲ...…ဒီဇာတ်ကားဟာ တစ်ခေတ်တစ်ခါရဲ့ နာမည်ကျော်မင်းသားကြီး Tom Robbins ဦးဆောင်ထားပြီး Greta Scacchi နဲ့ အခြား နာမည်ကြီးသရုပ်ဆောင်များစွာပါ၀င်ထားပါတယ်... ဒါ့အပြင် ဆုပေါင်း (၁၄) ဆုအထိဆွတ်ခူးထားပြီး ၀က်၀က်ကွဲအောင်မြင်ခဲ့တဲ့ဇာတ်ကားကောင်း တစ်ကားလည်းဖြစ်ပါတယ်ဇာတ်လမ်းအစမှ အဆုံးအထိ ရင်တထိတ်ထိတ်ကြည့်ရမဲ့အပြင် ယနေ့ခေတ်နဲ့မတူ ...
movie
The Player(1992)
6.2
Red Shoes and the Seven Dwarfs (2020)
Red Shoes and the Seven Dwarfs (2020)==============================IMDb Rating 6.2/10 ထိရရှိထားတဲ့ ကားကောင်းလေးတစ်ကားဖြစ်ပါတယ် . . .#Unicodeအရင်ကြည့်ဖူးကြတဲ့ စနိုးဝိုက်ဇာတ်လမ်းကနေတစ်မူကွဲထွက်နေတဲ့ ကာတွန်းကားကောင်းလေးတစ်ကားလို့ပြောလို့ရပါတယ်။ဒီကားထဲမှာ ပါလေရာသူရဲကောင်း မင်းသားမာလင်နဲ့သူ့အပေါင်းအပါ၆ယောက်က ပါးစပ်သရမ်းတော့ စုန်းမတစ်ယောက်ရဲ့ကျိန်စာမိပြီး လူပုတိုလေး၇ယောက်ဖြစ်နေပါတယ်။ သူတို့ကျိန်စာကနေလွတ်ဖို့အတွက် ကမ္ဘာပေါ်ကအလှဆုံးသောမိန်းကလေးကနမ်းမှသာ ရမှာပါ။ စနိုးဝိုက်ကျတော့ တစ်မျိုး သူက ဘုတ်အီးမလေး သန်မာတယ် ချစ်ဖို့ကောင်းတယ်။ သူ့မိထွေးကစုန်းမသူ့အဖေကလည်း သူ့မိထွေးစုန်းမမှန်းသိတော့ စနိုးဝိုက်လေးကိုဘေးကင်းရာပို့ထားတယ်။ သူကိုယ်တိုင်လည်းပျောက်သွားတယ်။စနိုးဝိုက်လေးက သူ့အဖေကိုရှာဖို့ သူ့မိထွေးဆီအသွား သူ့မိထွေးရဲ့ ထာဝရလှပစေမယ့် မှော်ဖိနပ်လေးကိုစီးမိပြီး တအားလှသွားရောသူစုန်းမလက်ကနေထွက်ပြေးရင်း သူ့အဖေမှာခဲ့တဲ့ သူရဲကောင်း၇ဦး ဆိုတာကိုရှာရင်း အလွဲလွဲအချော်ချော်လေးတွေနဲ့ အဆုံးထိကြည့်ချင်အောင်ဆွဲဆောင်မှု အပြည့်ရှိလွန်းလှတဲ့ လက်ရာမြောက် animation ကားကောင်းလေးဖြစ်ပါတယ်။ အသံနောက်ခံတွေကတော့ မင်းသား မာလင်နေရာမှာ Me Before Youထဲက မင်းသား ဖြစ်ပြီး။ မင်းသမီးစနိုးဝိုက်နေရာမှာကတော့ ကော်ရီးတွေရဲ့အချစ်တော်အကိတ်မလေး Chloë ...
movie
Red Shoes and the Seven Dwarfs (2020)
2020
American Dresser (2018)
American Dresser (2018)==================#UnicodeRating 5.2 ထိရထားတဲ့ American Dresser ပါ Adventure / Drama အမျိုးအစားပါ Sniper မင်းသားကြီး Tom Berenger က အဓိက ပါဝင်ထားပါတယ် ပြီးတော့ ဆာဂျင် မင်းသားကြီး Keith David က Tom ရဲ့ သူငယ်ချင်းအဖြစ် အားဖြည့်ပေးထားပါတယ် မိန်းမ လောလောလတ်လတ်သေထားတဲ့ မုဆိုးဖို ဂျွန်မော်ရိန်းက သူ့မှာ သားတစ်ယောက်ရှိကြောင်းကို သိရှိခဲ့ပါတယ် သားရှာပုံတော်အတွက် အနောက်ဘက်ကမ်းခြေကို သူငယ်ချင်း ချာလီ နဲ့ အတူတူ ဆိုင်ကယ်စီး ခရီးထွက် ခဲ့ပါတယ် လမ်းမှာ ဘယ်လို အခက်အခဲနဲ့ ကြုံမလဲ ဘယ်လို လူတွေနဲ့ တွေ့မလဲဆိုတာ စိတ်ဝင်တစားကြည့်ရမယ့် ကားလေးပါ နည်းနည်းတော့ ရိုးစင်းပေမယ့် တင်ပြထားတဲ့ ရည်ရွယ်ချက်ကောင်းတဲ့ ဇာတ်လမ်း လေးပါ Rider တွေ အကြိုက်တွေ့မယ့် ကားလေးလဲဖြစ်ပါတယ် “Life is a ride... ...
movie
American Dresser (2018)
2018
7.1
P.S. I Love You (2007)
စိတ်တွေမှာ ဆုံးဖြတ်ချက်တွေမှာ ဘဝတွေမှာ ရွေးစရာ လမ်းနှစ်ခုအမြဲရှိတတ်ပါတယ်။ အသိညဏ်ရဲ့လမ်းနဲ့ ခံစားချက်ရဲ့လမ်းပါ။ ခံစားချက်လမ်းပေါ်လျှောက်ရင်း ဘဝမှာ မမြင်ရတဲ့ကြိုးတွေနဲ့ ဘယ်ရွေ့ဘယ်မျှအထိ ချည်နှောင်ဖူးကြပါသလဲ.. ကျွန်တော်တို့ချစ်ပါတယ်ဆိုတဲ့ တစ်ဦးတစ်ယောက်အတွက်ရော ကိုယ့်ကိုယ်ကိုယ်ပါ မေ့သွားတဲ့အထိရော ဖြစ်ဖူးကြပါသလား။ ရှင်သန်နေတုန်းမှာ ရယူလိုမှုတစ်စုံတစ်ရာအတွက်ပဲဖြစ်ဖြစ် နတ္ထိဖြစ်တည်မှုတို့ရဲ့ဖြည့်ဆည်းရာအတွက်ပဲဖြစ်ဖြစ် လူတစ်ယောက်ကိုချစ်ရတာ သိပ်ကိုလွယ်ပါတယ်... သို့ပေမဲ့ ကိုယ်ဆိုတာ ဒီကမ္ဘာမြေမှာမရှိတော့တဲ့နောက် လူတစ်ယောက်ကိုဆက်ချစ်နိုင်ဖို့ကတော့ မဖြစ်နိုင်သလောက်ပါပဲ။ ဒီပုံပြင်လေးကတော့ ကိုယ်ဆိုတာမရှိတော့တဲ့အလွန်မှာတောင် ဆက်ပြီးချစ်နိုင်ခဲ့သေးတဲ့လူတစ်ယောက်အကြောင်းပါ။ ဒီအချစ်ဇာတ်လမ်းကလေးရဲ့ မြစ်ဖျားခံရာကတော့ အိုင်ယာလန်က ကျယ်ပြောလှတဲ့ပန်းခြံတစ်ခုမှာပါပဲ။ ဂယ်ရီဆိုတဲ့ အိုင်ယာလန်သားလေးနဲ့ ဟော်လီဆိုတဲ့ လမ်းပျောက်နေတဲ့အမရိကသူလေးရဲ့ မြင်မြင်ချင်းအချစ်တစ်ခုကနေစခဲ့တယ်ပေါ့။သူတို့ရဲ့ အတူတူဘဝကလေးကတော့ အိပ်မက်ခဲ့သလောက်တော့ မခမ်းနားခဲ့ပါဘူး။ အခမ်းနားဆုံးတွေမရခဲ့ရတဲ့ဒေါသတွေနဲ့တောင် သူတို့ရဲ့အချစ်က လှပနေသေးတယ်ဆိုရင် အဲ့ဒီလူနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် ရူးသွပ်ညဏ်ကင်းစွာ ချစ်ခဲ့ကြလို့လို့ဆိုပါမယ်။ သူတို့နှစ်ယောက်ဟာ ဒီလိုတစ်ယောက်ကိုတစ်ယောက် ရူးသွပ်ခဲ့ကြတဲ့ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။ ဒီလိုနဲ့...ဂယ်ရီပြောသလိုပဲ အမြဲပြောင်းလဲနေတတ်တဲ့ ဘဝမှာ အပြောင်းအလဲတစ်ခုဖြစ်လာပြီး ဂယ်ရီမရှိတော့တဲ့အခါ.... ဟော်လီရှေ့မဆက်နိုင်တော့တဲ့အခါ... ဟော်လီရှေ့ဆက်နိုင်ဖို့ ဂယ်ရီဘာတွေများ လုပ်ပေးခဲ့သလဲဆိုတာကိုတော့.........။စာကြွင်း... အချစ်တတ်ကြဆုံး လူတွေအကြောင်း သင်ယူပြီး ပိုချစ်တတ်လာနိုင်ကြပါစေ။(အညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ်) File size__( 1 GB ) and ( 450 MB) Quality__BR-Rip 720p IMDb Rating - 7.1/10 Goodreads - 4/5 Format__mp4 Duration__02:05:56 Type__Drama , Romance Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung ...
movie
P.S. I Love You (2007)
2007
5.3
Permission(2017)
Permission(2017) (ဒီကားက ၁၈+ ဆန်ဆန်ပညာပေးကားမို့ အရွယ်ရောက်သူများသာကြည့်စေလိုပါသည်) ဝီလျံနဲ့အန်နာတို့စုံတွဲဟာ ဆယ်စုနှစ်များစွာတွဲလာခဲ့ကြတယ် ချစ်သူစုံတွဲဖြစ်ပါတယ်။ ပျော်ရွှင်စွာအတူတကွနေလာခဲ့ကြပြီး အန်နာရဲ့အသက်၃၀ပြည့်မွေးနေ့မှာမထင်မှတ်တဲ့ အလှည့်အပြောင်းတစ်ခုဖြစ်ဖို့အကြောင်းဖန်လာခဲ့ပါတယ်။ မွေးနေ့မှာဝီလျံရဲ့ သူငယ်ချင်းက အရက်မူးမူးနဲ့သူတို့နှစ်ယောက်ရဲ့အချစ်ရေးနဲ့ပတ်သတ်ပြီးဝေဖန်အကြံပြုခဲ့ပါတယ်။ သမရိုးကျ သစ္စာရှိရှိချစ်ကြိုက်ပြီး အချိန်တန်လက်ထပ်ကြတာဟာငြီးငွေ့ဖွယ်ဖြစ်ကြောင်း အတွေ့အကြုံအသစ်အဆန်းရှာဖွေသင့်ကြောင့း် အခြားသူများနဲ့အတူတူအိပ်ဖို့အထိပါအကြံပေးခဲ့ပါတယ်။ သူကမူးမူးနဲ့စနောက်ခဲ့တာဖြစ်ပေမယ့် သူပေးတဲ့အကြံကို ဝီလျံနဲ့အန်နာတို့ကလက်ခံပြီး အချစ်အတွေ့အကြုံသစ်တွေကိုရှာဖွေခဲ့ရာမှ သူတို့နှစ်ယောက်ရဲ့အချစ်ရေးဆက်လက်ခိုင်မြဲမလား ဘယ်လိုအခြေအနေတွေဖြစ်မလဲဆိုတာတော့ စိတ်ဝင်စားစရာပါပဲ။သူတို့နှစ်ယောက်ရဲ့ သူငယ်ချင်းလိင်တူချစ်သူစုံတွဲရဲ့ဇာတ်ထုပ်ကလည်း တစ်မျိုးတစ်ဖုံစိတ်ဝင်စားစရာပါ။Sex & Nudity တွေ အတော်များများပါဝင်တဲ့ အတွက်ကြောင့် မိသားစုနဲ့ အတူမကြည့်သင့်ပါကြောင်း အကြံပြုပါရစေ... File Size : (850 MB) and (300 MB) Quality : WEB-DL 720p, Format…mp4 Duration…01:36:00 Genre : Comedy , Drama , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Amy Khine Encoded by Phyo Pyae
movie
Permission(2017)
2017
4.3
The Little Mermaid (2018)
The little mermaid ဇာတ်ကားဟာ စာရေးဆရာ Hans Christian Andersen ရဲ့ ဝတ္ထုကို live action အနေနဲ့ ပြန်လည်ရိုက်ကူးထားခြင်းဖြစ်ပါတယ်သတင်းထောက်တစ်ယောက်ဖြစ် ကမ်ဟယ်ရီဆင်မှာ မိသားစုဆိုလို့ မိဘမဲ့တူမတစ်ယောက်သာကျန်နေခဲ့တယ်။ကမ်ရဲ့တူမလေးနာမည်ကတော့ အယ်လ်လို့ခေါ်တယ်။အယ်လ်က ရေသူမလိုမျိုး Fairy Tales ထဲက သတ္တဝါတွေ အပြင်မှာတကယ်ရှိနေတာကို ယုံကြည်နေတယ်။အယ်လ်မှာ အသက်ရှူရခက်တဲ့ရောဂါစွဲကပ်နေတယ်။အယ်လ်ရဲ့ရောဂါအတွက် ဘယ်ဆရာဝန်ကမှ ကုသနည်းရှာမတွေ့ခဲ့ဘူး။တစ်နေ့ကမ်ရဲ့အလုပ်ရှင်က မစ္စစ္စပီပြည်နယ်က ရောဂါမျိုးစုံပျောက်ကင်းစေတဲ့မတ်ရေစင်အကြောင်းသတင်းကြားပြီး ကမ်ကို ဒီအကြောင်းသတင်းရေးခိုင်း ကမ်ရဲ့တူမလေးအတွက်ပါ ကုသဆေးရှာတွေ့နိုင်လောက်တယ်ဆိုတဲ့ရည်ရွယ်ချင်နဲ့ ကမ်နဲ့သူ့တူမလေးကို မစ္စစ္စပီပြည်နယ်ကိုစေလွှတ်လိုက်တော့တယ်။နတ်ရေစင်အကြောင်းစုံစမ်းရင်း ရေသူမတစ်ယောက်ကို အဲ့ဒီကဆပ်ကပ်တစ်ခုမှာ သူတို့တွေ တွေ့လိုက်ရတော့တယ်အဲ့ဒီရေသူမဟာအစစ်လား လှည့်စားမှုသက်သက်လားအရမ်းလှတဲ့ရေသူမလေးရဲ့နောက်ကြောင်းရာဇဝင်ကရောဘာလဲအယ်လ်အတွက်ရော ကုသဆေးရှာတွေ့မှာလားဆိုတာကိုတော့ ဒီဇာတ်ကားလေးကြည့်ရင်း ခံစားလိုက်ကြပါ (၇ဲမာန်အောင် ဘာသာပြန်တင်ဆက်ပေးထားပါတယ်) File Size : (706 MB) and (317 MB) Quality : AMZN WEB-DL 720p Running Time : 1hr 25min Format ...
movie
The Little Mermaid (2018)
2018
6.7
Blockers (2018)
ဒီကားအကြောင်းပြောရမယ်ဆိုရင်တော့ အသေကိုခွီထားတာရယ်နေရတာပါးစပ်ကိုမပိတ်နိုင်ဘူးလို့ပြောချင်ပါတယ်။IMDB Rating 6.7 , Rotten Tomato 83% ရထားပြီးတော့ WWE ချန်ပီယံဖြစ်တဲ့ John Cena ပါဝင်သရုပ်ဆောင်ထားပါတယ်။နာမည်ကြီးဟာသသရုပ်ဆောင်များဖြစ်တဲ့ Leslie Mann နဲ့ Ike Barinholtz တို့ကပါဝင်အားဖြည့်ပေးထားပါတယ်။လူငယ်သရုပ်ဆောင်တွေက တော့ချောပြီးချစ်စရာကောင်းကြတဲ့ Kathryn Newton, Geraldine Viswanathan နဲ့ ပုပုသေးသေးချစ်စရာလေး Gideon Adlon တို့ဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ အထက်တန်းကျောင်း နှုတ်ဆက်ကပွဲမှာ လိင်ဆက်ဆံဖို့သဘောတူညီချက်လုပ်ထားကြတဲ့ သမီးသုံးယောက်ကို မိဘသုံးယောက်က အမှတ်မထင်သိသွားလို့ တားဆီးဖို့ကြိုးစားတာကိုဟာသမြောက်အောင် တင်ဆက်ထားတာပါ။အရမ်းချစ်လွန်းတဲ့မိဘတွေကြောင့် စိတ်မသက်မသာဖြစ်ရတဲ့ ကလေးတွေအကြောင်းကိုပါပြောထားပါတယ်။နောက်ဆုံးတော့ ကလေးတွေနဲ့မိဘတွေနဲ့ဘယ်လိုပြန်အဆင်ပြေသွားမလဲဆိုတာ ရယ်ရင်းနဲ့ကြည့်လိုက်ကြပါတော့ဗျာ။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ပါ)File Size : (899 MB) and (300 MB) Quality : Blu-Ray 720p Running Time : 1hr 42min Format : Mp4 Genre ...
movie
Blockers (2018)
2018