Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Gilles Cohen
6.3
It Boy (2013)
It Boy(2013) IMDb: 6.3/10 Rotten Tomatoes: 45% Genre: Comedy/RomanceIt Boy ဟာ ပြင်သစ်နောက်ခံစကားပြော ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ တော်တော်လေးလည်းသဘောကျဖို့ကောင်းတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ရိုမန်တစ်အဆန်ဆုံး ဘာသာစကားတစ်ခုဖြစ်တဲ့ ပြင်သစ်နောက်ခံစကားပြောဖြစ်တာကြောင့် တော်တော်လေးကို ကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ ပြုံးပြုံးကြီးဘာသာပြန်ရတဲ့ ကားဆိုရင်လည်းမမှားပါဘူး။ဇာတ်ညွှန်း အဲလစ်ဆိုတာက ရီဘဲလ် စာနယ်ဇင်းက အယ်ဒီတာတစ်ယောက်ဖြစ်ပါတယ်။ ဘရာဇီးမှာအလုပ်လုပ်ရင်း ပြင်သစ်ကိုလေယာဉ်နဲ့ပြန်လာခဲ့ပါတယ်။ ဘဲလ်သက်ဇာ ဆိုတာကတော့ ဗိသုကာအတန်းမှာသင်ကြားနေတဲ့ ဆယ်ကျော်သက်တစ်ယောက်ဖြစ်ပါတယ်။ ဘဲလ်သက်ဇာကလည်း ဘရာဇီးကနေ ပြင်သစ်ကိုပြန်လာတဲ့ လေယာဉ်ပေါ်မှာပါလာခဲ့ပါတယ်။ ဒါပေမယ့် အဲလစ်က ပထမတန်းမှာဖြစ်ပြီး ဘဲလ်သက်ဇာကတော့ ဒုတိယတန်းမှာဖြစ်ပါတယ်။ ကံချင်းအပ်ချင်တော့ ဘဲလ်သက်ဇာဟာ အဲလစ်ဘေးကိုရောက်လာခဲ့ပါတယ်။ လေယာဉ်ပေါ်မှာ တစ်ညတာဖြတ်သန်းပြီး ခွဲခွာချိန်ကိုကြုံလာတဲ့အချိန်မှာ အဲလစ်ရဲ့ USB ဟာလေယာဉ်ပေါ်မှာကျန်ခဲ့ပါတယ်။ အဲဒါကို ဘဲလ်သက်ဇာက ကောက်ပြီးပေးဖို့ကြိုးစားခဲ့ပေမယ့် မမှီခဲ့ပါဘူး။ အသက် ၂၀ တောင်မပြည့်သေးတဲ့ ဘဲလ်သက်ဇာနဲ့အသက် ၄၀ ပြည့်ခါနီး အလုပ်ကလွဲဘာကိုမှ စိတ်မဝင်စားတဲ့ အဲလစ်တို့ရဲ့ ...
movie
It Boy (2013)
The Beat That My Heart Skipped (2005)
သောမတ်စ်ဆေယာဟာ ပီယာနိုတီးရာမှာပါရမီပါတဲ့လူတစ်ယောက်ပါ ဒါပေမဲ့ သူ့အမေဆုံးသွားပြီးကတည်းက ပီယာနိုမတီးဖြစ်ခဲ့တော့ပဲ သူ့အဖေရော့ဘတ်ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ဖြစ်တဲ့ အိမ်ခြံမြေရောင်းဝယ်ရေးအလုပ်ကိုပဲလုပ်ကိုင်ခဲ့ပါတယ် သူတို့လုပ်တဲ့အလုပ်ဆိုတာကလည်း ဖြူဖြူစင်စင်သန့်ရှင်းရှင်းမဟုတ်ဘဲ ဒုစရိုက်ဆန်ပါတယ်တစ်ရက်မှာ သူ့အမေရဲ့မန်နေဂျာအဖြစ်လုပ်ကိုင်ခဲ့သူ မစ္စတာဖော့ခ်စ်နဲ့ပြန်လည်တွေ့ဆုံပြီး ဖော့ခ်စ်က တွမ်မှာပါရမီပါတာကိုသိတာကြောင့် လူရွေးပွဲဝင်ပြိုင်ဖို့ကမ်းလှမ်းခဲ့ပါတယ် မိခင်ဆုံးသွားပြီးကတည်းက ပီယာနိုမတီးဖြစ်တော့တဲ့ တွမ်တစ်ယောက် နှစ်တွေအကြာကြီးနေမှပီယာနိုပြန်တီးရတဲ့အခါ သူ့ကိုအနီးကပ်လေ့ကျင့်ပေးဖို့ဆရာမလေးတစ်ယောက်ကိုငှားရပါတော့တယ်တွမ်တစ်ယောက် ဒုစရိုက်ဆန်တဲ့အလုပ်ကိုစွန့်လွှတ်ပြီး အေးဆေးသာယာစွာပဲ ပီယာနိုလေးတီးရင်းဖြတ်သန်းမယ်ကြံကာမှ သူ့အဖေရဲ့ကိစ္စတွေလိုက်ဖြေရှင်းပေးရတဲ့အခါ...... File size…(2 GB)/(988 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre...Music, Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane
movie
The Beat That My Heart Skipped (2005)
6.1
Mea Culpa (2014)
ဇာတ်လမ်အကျဉ်းလေးကတော့ဆီမွန်ဟာ အရက်မူးပြီး ကားမောင်းတာကြောင့် ယာဉ်တိုက်မှုဖြစ်ပြီး တစ်ဖက်ယာဉ်မှာ ပါလာတဲ့လူသုံးယောက်သေဆုံးခဲ့ရပါတယ်၊ ဆီမွန်ဟာ ရဲဝန်ထမ်းဖြစ်ပြီးအခုကိစ္စအတွက် သူ့အပြစ်မကင်းဘူးဆိုတာသိပါတယ်၊ပြစ်ဒဏ်ကြောင့် ထောင်ကျခဲ့ပေမယ့် လူသေဆုံးမှုအတွက်အမြဲတမ်းလိုလိုစိတ်ဒဏ်ရာရနေပါတယ်၊ ဇနီးနဲ့ သားရှိပေမယ့် ထောင်ကနေလွှတ်လာတော့ ကွာရှင်းလိုက်ပါတယ်၊သူတို့နေထိုင်တဲ့မြို့လေးမှာ မူးယစ်ဆေးရောင်းဝယ်တာတွေလိင်ကိစ္စတွေရှိနေပေမယ့် ရောင်းဝယ်တဲ့သူတွေ တစ်ယောက်ပြီးတစ်ယောက်သေဆုံးနေပါတယ်၊ ပြစ်မှုကျုးလွန်သူတွေကိုဘယ်သူဘယ်ဝါမှန်းမသိတဲ့ မျက်မြင်သက်သေလည်းမရှိတဲ့အတွက်ဖမ်းမရဖြစ်နေပါတယ်၊ တစ်နေ့မှာတော့ နွားရိုင်းသတ်ပွဲသွားကြည့်ကြတဲ့ဆီမွန်ရဲ့သားဟာ သန့်စင်ခန်းသွားရင်အမှတ်မထင် လူသတ်နေတဲ့သူတွေကိုတွေ့သွားပြီးထွက်ပြေးပါတော့တယ်၊ လူသတ်သမားတွေဟာ သူတို့လုပ်ရပ်ရဲ့ မျက်မြင်သက်သေကိုအပြတ်ရှင်းဖို့ကြိုးစားခဲ့အခါ ဆီမွန်တစ်ယောက်ဘယ်လိုကာကွယ်ပေးမလဲဆိုတာဆက်လက်ကြည့်ရှုပေးပါဦး File size…1.74GB / 696MB Quality…WEBRip 1080p 5.1 CH/ 720p Format…mp4 Duration….1h 30m Genre ..... Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie
Mea Culpa (2014)
6.0
The New Toy (2022)
The New Toy (2022) ================ IMDb Rating - 6.0/10ဒီ ပြင်သစ်ဟာသကားလေးကတော့ ၁၉၇၆ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ ဂန္ဒဝင်ကား The Toy ကို ပြန်လည်မှီငြမ်း ရိုက် ကူးထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ အစွန်းနှစ်ဖက်က လူသား တွေ တွေ့ဆုံကြပြီး ကြုံတွေ့ရမယ့် ဒုက္ခတွေ ပြဿနာတွေ လူ့သဘာဝတွေ သုခတွေကို သေချာတင်ဆက်ထားတဲ့ ဟာသ ဒရမ်မာကားကောင်းလေးပါ။ ပထမဦးဆုံးအနေနဲ့ တစ်ဖက်မှာ လွန်ခဲ့တဲ့တစ်နှစ်က မိခင်ဖြစ်သူ ဆုံးပါးထားပြီး ဖခင်ကလည်း အလုပ်တွေရှုပ်နေတဲ့အခါ သေချာမကြည့်နိုင်လို့ ဖြစ်ချင်တိုင်းဖြစ် အင်မတန်ဆိုးသွမ်းနေတဲ့ပြင်သစ်ရဲ့အချမ်းသာဆုံးမိသားစုက ကောင်လေး အဲလက်စ်။ တစ်ဖက်မှာတော့ ကိုယ်ဝန်(၈)လရှိတဲ့ ဇနီးဖြစ်သူရဲ့လစာကို မှီခိုနေရပြီး အလုပ်အကိုင်အဆင်မပြေ ပြဿနာပေါင်းစုံတက်နေတဲ့ ဆမီ။ဖြစ်ချင်တော့ ဆမီတစ်ယောက် ရရာအလုပ်လုပ်မယ်ဆိုပြီး ကုန်တိုက်ထဲမှာ ညစောင့်လုပ်ပြီး အိပ်ပျော်နေတုန်း အဲလက်စ် ကလည်း သူ့မွေးနေ့လက်ဆောင်ရှာဖို့ဆိုပြီး သူ့အဖေတပည့် တပန်းတွေနဲ့ လာရှာတဲ့အချိန် ဆမီ့ကို သဘောကျသွားပြီး လက်ဆောင်အဖြစ် တောင်းဆိုလိုက်ပါတော့တယ်။ ဒီမှာ သဘော မကျပေမယ့်လည်း ငွေရေးကြေးရေး အဆင်မပြေမှုကြောင့်သာ ကြိတ်မှိတ်သဘောတူလိုက်ရတဲ့ဆမီတစ်ယောက် ဆိုးသွမ်းပေ တေတဲ့ကောင်ဆိုးလေး အဲလက်စ်နဲ့ နှစ်ပါးသွားဖို့ ဖြစ်လာပြီး ပြဿနာတွေတက် အရှုပ်တော်ပုံ ဖြစ်လာတာကို ပျော်ပျော်ပါးပါး ရယ်ရယ်မောမောနဲ့ ...
movie
The New Toy (2022)
2022
5.6
Voir la mer (2011)
Voir la mer (2011) ==============ဒီတစ်ခေါက်မှာတော့ ပြင်သစ် သုံးပွင့်ဆိုင် ဒရမ်မာကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ နီကိုလာနဲ့ ကလီမန့်လို့ခေါ်တဲ့ ညီအစ်ကို နှစ်ယောက်က အားလပ်ရက်မှာ သူတို့အမေရှိတာ ပြင်သစ်ကို အလည်သွားဖို့ ခရီးထွက်လာခဲ့ပါတော့တယ်။ ခရီးမသွားခင်မှာပဲ ပရူဒန့်ဆိုတဲ့ ကောင်မလေးတစ်ယောက်က နီကိုလာနောက်လိုက်ပါပြီး သူမလည်း ခရီးစဥ်မှာအတူပါလာပါတော့တယ်။တကယ်တော့ ဇာတ်လမ်းလေးက ရိုးရိုးလေးပါပါပဲ . ညီအကိုတွေ ခရီးထွက်တယ်၊ ကောင်မလေးက လမ်းကြုံလိုက်တယ်ပေါ့။ မရိုးတာ ကတော့ ကောင်မလေးနဲ့ ညီအကိုနှစ်ယောက်လုံးနဲ့ ညိတာပါပဲ။ ကျန်တာတော့ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုကြပါ၊ တစ်ခုသတိ ပေးချင်တာက မိသားစုနဲ့အတူကြည့်ဖို့ မသင့်တော်တဲ့ အခန်းတွေ ပါဝင်တာမို့ သတိပြုကြည့်ရှုကြပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Parris ဖြစ်ပါတယ်)File Size..........(1.8 GB) / (780 MB) / (449 MB) Quality............Blu-Ray 1080p / 720p / 480p Duration.........1Hr 31mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Romance Translator.......Parris Encoder..........SWM
movie
Voir la mer (2011)
2011
7.8
A Prophet (2009)
A Prophet (2009)~ IMDb - 7.8/10, RT - 96%, Meta - 90% ~A Prophet (Un prophète) လို့ ခေါ်တဲ့ ဒီဇာတ်ကားဟာ ၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ပြင်သစ်ဇာတ်ကားတစ်ကားဖြစ်ပြီး Crime / Drama ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။ နယ်နယ်ရရ ဇာတ်ကားမဟုတ်ဘဲ အကောင်းဆုံး နိုင်ငံခြားဇာတ်ကားအဖြစ်နဲ့ အော်စကာဆုကို လျာထားခြင်းခံခဲ့ရပြီး အခြားဆုပေါင်း ၅၂ ဆုနဲ့ nominations ၅၅ ခု ချိတ်ခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းအနေနဲ့ကတော့ ၁၉ နှစ်အရွယ် ဆယ်ကျော်သက်ကောင်လေး မလိခ်အယ်လ်ဂျယ်ဘနာဟာ ပြင်သစ်ထောင်တစ်ခုဆီမှာ ထောင်ဒဏ် ၆ နှစ် ကျခံခဲ့ရပါတယ်။ ပြစ်မှုကြီးကြီးမားမား ကျူးလွန်ထားခြင်း မရှိဘဲ ပြုပြင်ထိန်းသိမ်းရေးစခန်းတစ်ခုကိုသာ ၀င်ခဲ့ဖူးတဲ့ မလိခ်ဟာ အခု တကယ့်အရွယ်ရောက်သူ အပြစ်သားတွေကို ထိန်းသိမ်းတဲ့ ...
movie
A Prophet (2009)
2009
5.9
OSS 117: From Africa with Love (2021)
OSS 117: From Africa With Love (2021) *********************************** IMDb-5.9/10CM ပရိတ်သတ်ကြီးတွေကို ဒီတစ်ခါမှာတော့ ပြင်သစ်စုံထောက်ဇာတ်လမ်းကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။တကယ်လို့ ပရိတ်သတ်ကြီးတွေကJames Bonds ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်တယ်၊နောက်ပြီး Johnny English လိုဟာသဆန်ဆန် စုံထောက်အေးဂျင့်ကားမျိုးကို သဘောကျတတ်တယ်ဆိုရင် ဒီကားလေးကိုလည်း လက်လွတ်မခံသင့်ပါဘူး။ဒီဇာတ်လမ်းလေးထဲမှာတော့ ဇာတ်လိုက်စုံထောက်ကျော်ရဲ့ လျှို့ဝှက်နံပါတ်က OSS 117 ပါတဲ့။ဇာတ်လမ်းအစမှာတင် စုံထောက်ကျော် OSS 117 ကို အရေးကြီးတဲ့ လျှို့ဝှက်မစ်ရှင်တစ်ခုကိုဆောင်ရွက်ဖို့ အာဖရိကတိုက်ကို စေလွှတ်လိုက်ပါတယ်။သိကြတဲ့အတိုင်းအာဖရိကဆိုတာ သားရဲတိရစ္ဆာန်တွေပြည့်နှက်နေပြီး မတူညီတဲ့လူမျိုးစုတွေနေထိုင်ရာနေရာဖြစ်တာမို့ တော်ရုံအေးဂျင့်စုံထောက်တွေ လက်ဖျားခါလောက်တဲ့ နေရာဆိုလည်းမမှားပါဘူးစုံထောက်ကျော်ဇာတ်လိုက်ကြီးကတော့ အာဖရိကကို မရောက်စဖူးရောက်သွားပြီး လျှို့ဝှက်မစ်ရှင်ကိုဆောင်ရွက်နေချိန်မှာပဲ ထင်မထားလောက်တဲ့ ကိစ္စတွေဆက်တိုက်ဆိုသလိုဖြစ်လာပါတော့တယ်။ပိုအရေးကြီးတဲ့အချက်က ဒီမစ်ရှင်သာကျဆုံးသွားခဲ့ရင် အာဖရိကတိုက်ရဲ့အနာဂတ်ကိုပါထိခိုက်နိုင်သလို ပြင်သစ်နဲ့အာဖရိကတို့ရဲ့ နှစ်ပြည်ထောင်ချစ်ကြည်ရေးကိုပါ ပြိုလဲသွားစေနိုင်မှာဖြစ်လို့ OSS 117 တစ်ယောက်ဘယ်လိုဆက်ပြီးဖြေရှင်းသွားမလဲ....အာဖရိကမှာ ဘယ်လိုအသက်ဘေးတွေနဲ့ကြုံရပြီး ဘယ်လိုလက်နက်ဆန်းတွေနဲ့ရန်သူတွေကိုချေမှုန်းနိုင်မလဲဆိုတာ စိတ်လှုပ်ရှားစွာကြည့်ရှုရမှာဖြစ်ပါတယ်...ပုံမှန်ကြည့်နေကျစုံထောက်ကားတွေလို ရိုးအီနေတဲ့ဇာတ်လမ်းမျိုးမဟုတ်ဘဲ ဟာသဆန်ဆန်ကြည့်ရမယ့်အပြင် ဘယ်လိုအလွဲတွေလုပ်ရင်း ဒုက္ခရောက်လေမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းတာမို့လို့ အခုပဲကြည့်ကြည့်လိုက်ဖို့ ညွှန်းပါရစေ။ဒီဇာတ်လမ်းလေးထဲမှာတော့ - ပြင်သစ်မင်းသားကြီးJean Dujardin ...
movie
OSS 117: From Africa with Love (2021)
2021