Channel Myanmar
Giancarlo Esposito
MaXXXine (2024) 6.8
MaXXXine (2024) MaXXXine (2024) Pearl (2022) X (2022)နာမည်ကျော် ဟော်ရာ ရုပ်ရှင် နှစ်ခုဖြစ်တဲ့ Pearl နဲ့ X ရဲ့ အဆက်ဖြစ်တဲ့ MaXXXine လာပါပြီ။ လက်ရှိ ဟော်ရာအသစ်တွေထဲမှာ လက်စောင်းအထက်ဆုံးဖြစ်နေတာကတော့ ဒီသုံးကားနဲ့ Fear Street တွေပါပဲ။ ဟော်ရာကားကောင်းဆိုရင် ဒါတွေကို ကြည့်ဖြစ်အောင် ကြည့်သင့်ပါတယ်။ Pearl နဲ့ X မှာပါခဲ့တဲ့ လူသတ်သမား စုံတွဲကတော့ အမေရိကန် သမိုင်းမှာ အသက်အကြီးဆုံး သေဒဏ်ကျတဲ့ ကွင်းဆက်လူသတ်သမား လင်မယား Ray and Faye Copeland အကြောင်းကို အခြေခံထားတာပါ။ အခု မက်ဆင်းကတော့ X မှာတုန်းက ပွဲကြမ်းခဲ့တဲ့ မက်ဆင်းတစ်ယောက် ဘာတွေ ဆက်ကြမ်းမလဲ ပြတာပါပဲ။ ဒါရိုက်တာကလည်း အရင် နှစ်ကားကို ရိုက်ခဲ့တဲ့ Ti West ပါပဲ။ မင်းသမီးကလည်း Mia Goth ပဲ ပြန်ပါထားပါတယ်။ Breaking Bad ထဲက ဆရာကြီး ...
movie
MaXXXine (2024)
4K HEVC
Poker Night (2014) 6.2
Poker Night (2014)  Breaking Bad ထဲမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ GiancarloEsposito တို့ ဇာတ်ကြမ်းမင်းသားကြီး Ron Perlman တို့အပြင် တခြားသောဂန္တဝင်မင်းသားကြီးတွေပါဝင် သရုပ်ဆောင်ခဲ့တဲ့ ၂၀၁၄ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ Old But Goldဇာတ်ကားဟောင်းလေးတစ်ကားကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Poker Night ဖြစ်ပြီး IMDbRating 6.2 အထိရရှိခဲ့တဲ့ မှုခင်းသည်းထိပ်ရင်ဖိုဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။လူရယ်လို့ ဖြစ်လာရင် ဉာဏ်ပညာနဲ့ လွန်မှရတဲ့ အသိဆိုတာလူတိုင်းမှာရှိစမြဲပါပဲ။ဉာဏ်ပညာဆိုတဲ့အရာမှာ အတွေ့အကြုံကနေရလာတဲ့ ဉာဏ်ပညာတွေက ပြဿနာတစ်ခုခု ကြုံလာရရင်ကိုယ့်ကိုချက်ချင်း မကူညီပေးနိုင်ပဲနဲ့ နောက်တစ်ခါကျရင် အဲ့လိုထပ်မဖြစ်အောင် ကူညီပေးနိုင်လောက်တဲ့အထိပဲစွမ်းဆောင်ပေးနိုင်ပါတယ်။ထိုနည်းတူ လွန်မှရတဲ့ အသိဆိုတာကလည်းကိုယ်တစ်ခုခု အမှားလုပ်မိလိုက်တော့မှ သိလာရတဲ့အသိမျိုးဖြစ်တဲ့အတွက် ကိုယ့်အတွက်ကတော့ အရမ်းကြီးအရေးမပါလှပါဘူး။ဒါပေမယ့်ရဲတွေ စုံထောက်တွေရဲ့လုပ်ငန်းခွင်မှာတော့ အဲ့ဒီဉာဏ်ပညာနဲ့ လွန်မှရတဲ့အသိဆိုတာမျိုးက ကိုယ့်နောက်ကရောက်လာတဲ့နောင်လာနောက်သားလူသစ်တွေအတွက်ကတော့ အရမ်းအရေးကြီးလွန်းပါတယ်။အဲ့လို ကိုယ့်အတွေ့အကြုံတွေကို မျှဝေမှပဲလူသစ်တွေကကိုယ်မှားခဲ့တဲ့ အမှားတွေထပ်မဖြစ်တော့ပဲနဲ့ မှုခင်းတွေကို အန္တရာယ်ကင်းကင်း ကိုင်တွယ်ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။အဲ့ဒီလိုမျိုး ကိုယ်ဖြစ်ခဲ့ဖူးတဲ့ ဇာတ်လမ်းတွေကိုပြန်လည်မျှဝေဖို့အတွက်ဇာတ်ကားနာမည်အတိုင်း ပိုကာကစားတဲ့ညတစ်ည သတ်မှတ်ထားကြပြီး အဲ့ဒီညမှာအကြမ်းဆုံးရဲတွေစုစည်းပြီး ကိုယ်ကြုံတွေ့ခဲ့ရတဲ့ ဇာတ်လမ်းတွေကိုလူသစ်လေးတွေကိုပြောပြကြပါတယ်။ဒီတစ်ခါမှာတော့ လူသစ်လေးကစတန်လို့ ...
movie
Poker Night (2014)
Maximum Overdrive (1986) 5.4
Maximum Overdrive (1986) Maximum Overdrive (1982) Genre – Action, Comedy, HorrorIT တို့ The Shining တို့ Carrie တို့အပြင် တခြားနာမည်ကြီး စိတ်ဝင်စားစရာ ထိတ်လန့်ခြောက်ခြားဖွယ်အကြောင်းအရာတွေကို ရေးသားခဲ့ပြီး King of Horror လို့ ဂုဏ်ဘွဲ့ရထားတဲ့စာရေးဆရာ Stephen King ဆို မသိသူ မရှိလောက်ပါဘူး။ ဒီရုပ်ရှင်ကိုတော့ Stephen King ကိုယ်တိုင်သူ့ဝတ္ထုတို ဖြစ်တဲ့ Truck ဆိုတာကို အခြေခံပြီး ကိုယ်တိုင်ဒါရိုက်တာလုပ် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်(သူ့ဘဝမှာ ဒီကားတစ်ကားပဲ ဒါရိုက်တာ လုပ်ခဲ့တာပါ) ဒါ့အပြင် လာလာချင်းခန်းမှာတောင်Cameo အနေနဲ့ ဝင်ပါထားပါသေးတယ်။ နောက်ထပ် ထူးခြားတဲ့အချက်ကတော့ဇာတ်ကားရဲ့ ဇာတ်ဝင်တေးတစ်ခုလုံးကို နာမည်ကျော် ရော့ခ်အဖွဲ့ဖြစ်တဲ့ AC/DC ကတီးခတ်ပြီး သူတို့သီချင်းတွေချည်းပဲ ရွေး အသုံးပြုထားတာပါ။ ဇာတ်လမ်းအကြောင်းပြောရမယ်ဆိုရင်တော့ သူ့ခေတ်သူ့ဟာနဲ့သူ ခပ်ဆန်းဆန်း ပြောရပါမယ်။ကမ္ဘာဂြိုလ်ဟာ သင်းကွဲကြယ်တံခွန်တစ်ခုရဲ့ အမြီးနားကို ...
movie
Maximum Overdrive (1986)
Son of Batman (2014)
Son of Batman (2014) Son of Batman (2014) IMDb: 6.7/10 Rotten Tomatoes: 64% Genre: Animation/Action/AdventureSon of Batmanဟာ ၂၀၁၄ ခုနှစ်ထွက် DC Animated Original Movies ရဲ့ အခု ၂၀ မြောက် ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်ထွက် "Batman and Son" comic ကိုအခြေခံထားတာဖြစ်ပါတယ်။ ဘတ်မန်းရဲ့ သားဖြစ်တဲ့ ဒေမီယမ်ဝိန်း ကိုမိတ်ဆက်တဲ့ ရုပ်ရှင်ဆိုလည်းမမှားပါဘူး။ အဖေနဲ့သားရဲ့ချစ်စဖွယ် ဇာတ်လမ်းလေးပေါ့ဗျာ :)ဇာတ်ညွှန်း League of Assassins ဦးဆောင်နေသူဟာ ရေရှယ်ဂူးလ် ဖြစ်တယ်ဆိုတာကို ဘတ်မန်းနဲ့ မစိမ်းသူတိုင်းသိပါတယ်။ ဘရုစ်ဝိန်းဆိုတဲ့ လူတစ်ယောက်မရောက်လာခင်အထိ ဆလိတ်ဝီဆင်လ်(Deathstroke) ဟာ ရေရှယ်ဂူးလ် ရဲ့ ညာလက်ရုံးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘရုစ်ဝိန်းရောက်လာတဲ့အချိန်မှာတော့ ဆလိတ်ကို လက်လွှတ်လိုက်တာသိကြမှာပါ။တစ်ရက်မှာတော့ ဆလိတ်ဝီဆင်လ်ဟာ ရေရှယ်ဂူးလ်တို့တည်ရှိနေတဲ့နေရာကိုလာရောက်တိုက်ခိုက်ခဲ့ပါတယ်။ သေမင်းကိုခဏခဏကလိမ်ကျပြီး အသက်ရှင်ခဲ့တဲ့ ရေရှယ်ဂူးလ် ဟာ ဒီတစ်ကြိမ်မှာတော့ အသက်ဆုံးခဲ့ပါတယ်။ ဒါပေမယ့် မသေပဲလွတ်သွားတဲ့လူနှစ်ယောက်ရှိခဲ့ပါတယ်။ သူတို့နှစ်ယောက်ကတော့ တာလီယာနဲ့ ဒေမီယမ်တို့နှစ်ယောက် ဖြစ်ပါတယ်။ တာလီယာကတော့ရေရှယ်ဂူးလ်ရဲ့သမီးဖြစ်ပြီး ...
movie
Son of Batman (2014)
Batman: Assault on Arkham (2014) 7.4
Batman: Assault on Arkham (2014) Batman: Assault on Arkham (2014) IMDb: 7.4/10Assault On Arkham အတွက် အညွှန်းအနေနဲ့ကတော့ Suicide Squad ဇာတ်ကားမှာတုန်းကAmanda Waller ကို သိခဲ့ကြမှာပါအဲ့ဒီ့ Amanda Waller ဟာ ဒီကားမှာလည်း Mission တစ်ခုအတွက်Suicide Squad အဖွဲ့သားတွေကို စုဆောင်းပါတယ် အဖွဲ့ဝင်အဟောင်းတွေ ပါသလိုအဖွဲ့ဝင် အသစ်တွေလဲ ပါဝင်ပါတယ်။ Amanda ဟာ ပစ္စည်း တစ်ခု အတွက်Gotham မြို့မှာ ရှိတဲ့ Arkham စိတ္တဇအကျဉ်းထောင်ကို သူ့ရဲ့ Suicide Squad အဖွဲ့သားတွေကို ချိုးဖောက်ဝင်ရောက်စေပါတယ်ဒါပေမယ့် သူတို့အတွက် ခက်ခဲတဲ့ အဟန့်အတားတစ်ခုကတော့ Gotham မြို့ဆိုတာကအားလုံးသိတဲ့ အတိုင်းပဲ Batman ရဲ့ မြို့တော်ဖြစ်တဲ့အတွက် သူတို့လို Villianတွေခြေရှုပ်ဖို့သိပ်မလွယ်ကူပါဘူး ဒီလို စိတ်လှုပ်ရှား စရာတွေ နဲ့ ပြည့်နေတဲ့ ဒီဇာတ်ကားမှာAmanda ဟာ Arkham မှာ ...
movie
Batman: Assault on Arkham (2014)
2014
Abigail (2024) 7.0
Abigail (2024) Abigail (2024) =========== IMDb Rating - 7.0/10အက်ရှင် ဟော်ရာ ကားသစ်တစ်ကားလာပါပြီ။ ဒါရိုက်တာကတော့ လိုက်တမ်းပြေးတမ်း နဲ့ အသတ်အဖြတ်တွေ ပိုင်တဲ့ Matt Bettinelli- Olpin ပါပဲ။ Ready or Not နဲ့ Scream VI ရဲ့ ဖန်တီးရှင်ပါ။ မင်းသမီး ကတော့ Melissa Barrera၊ Ant Man ထဲက အချောလေး Kathryn Newton၊ Beauty and the Beast ထဲကမင်းသား Dan Stevens တို့ ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း - ဟက်ကာတစ်ယောက်၊ မရိန်းတပ်ထွက်တစ်ယောက်၊ ဆေးတပ်သား ဟောင်းတစ်ယောက်၊ စုံထောက်ဟောင်းတစ်ယောက်၊ ကားသမားတစ် ယောက်ဟာ အိမ်ကြီးတစ်လုံးထဲက ၁၂ သမီးလေးတစ်ယောက်ကို ပြန် ပေးဆွဲလာဖို့ အလုပ်အပ်ခံရလို့ စုပေါင်းပြီး ပြန်ပေးဆွဲလာကြပါတယ်။ ဆွဲပြီးတော့ ကလေးအဖေဆီက သန်း ၅၀ တောင်းဖို့ အိမ်ကြီးတစ်လုံး ထဲမှာ ကလေးကို တစ်ရက်ပိတ်ထားပြီး စောင့်ကြည့်နေကြရတယ်။ ဒါပေမဲ့ အိမ်ကြီးထဲမှာပဲ ကြောက်စရာတွေဖြစ်လာတဲ့အချိန်၊ ...
movie
Abigail (2024)
2024
4K HEVC
Do the Right Thing (1989) 8.0
Do the Right Thing (1989)  IMDb 8/10, RT 92% ရရှိထားတဲ့ Comedy/Drama ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Cannes ရုပ်ရှင်ပွဲတော်က ဆုအပါအဝင် ဆုပေါင်း ၂၁ ဆုနဲ့ အော်စကာမှာလည်း nomination ဝင်ခဲ့တဲ့ ဒီ ဇာတ်ကားထဲမှာ ဒါရိုက်တာဖြစ်သူ Spike Lee က မူကီအဖြစ် ကိုယ်တိုင်ပါဝင်ထားတဲ့အပြင် ဆုံးပါးသွားပြီဖြစ်တဲ့ မင်းသားကြီး Danny Aiello ကလည်း ပါဝင်သရုပ်ဆောင်ထားတာပါ။ဘရွတ်ကလင်းက လူမည်းအများစု နေထိုင်တဲ့ ရပ်ကွက်လေးတစ်ခုမှာ အမေရိကန်-အီတလီ လူဖြူဖြစ်သူ ဆယ်လ်က သားနှစ်ယောက်နဲ့အတူ ပီဇာဆိုင်လေးဖွင့်ထားပါတယ်။ သူတို့လူမျိုးတူတွေရှိတဲ့ရပ်ကွက်မှာ သွားဖွင့်လို့ရပေမဲ့ တခြားပီဇာဆိုင်တွေ ရှိနှင့်နေပြီးတာမို့ လူမည်းတွေရှိတဲ့ ရပ်ကွက်ထဲ ဖွင့်ထားခဲ့တာဖြစ်ပြီး ခေတ်အဆက်ဆက်က လူမည်းတွေကပဲ သူ့ဆိုင်ကို အားပေးလာခဲ့ကြတာပါ။ သူ့ဆိုင်မှာ သူ့သားနှစ်ယောက်အပြင် မူကီဆိုတဲ့ လူမည်းကောင်လေးကိုလည်း ပီဇာ‌တွေ လိုက်ပို့ဖို့ ခန့်ထားပါသေးတယ်။ မူက ကတော့ သူ့သားအကြီးကောင်နဲ့ ...
movie
Do the Right Thing (1989)
Last Holiday (2006) 6.6
Last Holiday (2006) Last Holiday (2006) ================ IMDb Rating - 6.6/10The Secret Life of Bees, Girls' Trip, Hustle စတဲ့ နာမည်ကြီး ရုပ်ရှင်ဇာတ်ကားကောင်းတွေရဲ့ အဆိုတော်မင်းသမီးကြီးတစ်လက် ဖြစ်တဲ့ Queen Latifah ဆိုရင် ပရိသတ်ကြီးတို့ စိမ်းနေမယ် မထင် ပါဘူး။ ဒီကားလေးကတော့ Lifestyle, Comedy ရုပ်ရှင်တွေကို ပီပြင် ပိုင်နိုင်တဲ့ Queen Latifah ရဲ့ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားတစ်ပုဒ် လို့ ပြောလို့ရပါတယ်။၂၀၀၆ ခုနှစ်မှာ ထွက်ရှိထားပြီး အမေရိကန်နိုင်ငံ၊ Louisiana ပြည်နယ်နဲ့ ပြင်သစ်နိုင်ငံတို့ကို နောက်ခံထားပြီး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ Miss Georgia Berd - နယူးအော်လင်းန်စ်မြို့ရဲ့ စတိုးဆိုင်ကြီးကြီး ပြော ရရင်‌တော့ နာမည်ကြီး Shopping Mall ကြီးတစ်ခုရဲ့ ဟင်းချက်ပစ္စည်း ဌာနက အရောင်းစာရေးမတစ်ယောက်။ အသက် ၃၀ ကျော်နေပေမယ့် သူများဝန်ထမ်းဘဝနဲ့ပဲ နေနေရဆဲဖြစ်တဲ့အပြင် အရှက်အကြောက်နဲ့ အိန္ဒြေကြီးသူမို့ အလုပ်က Crush ကိုလည်း ...
movie
Last Holiday (2006)
2006
Trading Places (1983) 7.5
Trading Places (1983) Trading Places (1983)~ IMDb - 7.5/10, RT - 88%, Meta - 69% ~ကျွန်တော်တို့ရဲ့ ဟာသမင်းသားကြီး အက်ဒီ မာဖီ ရဲ့ ဇာတ်ကားတစ်ကားကို တင်ဆက်လိုက်ချင်ပါတယ်။ နှယ်နှယ်ရရဇာတ်ကားတော့ မဟုတ်ပါဘူး။ ကုန်သွယ်မှု မသမာတိုက်ဖျက်ရေးမှာ အရေးတကြီးအဆိုတင်သွင်းတော့ ဒီဇာတ်ကားကို မှီငြမ်းပြုခဲ့တာပါ။ဒီဇာတ်လမ်းကို မကြည့်ခင်မှာ Trading Places လို့ခေါ်တဲ့ ကြိုပွိုင့်ရောင်းဝယ်ရေးကို အရင်နားလည်ထားရင် ပိုကောင်းမယ်ထင်ပါတယ်။ ကျွန်တော်နားလည်သလောက် ရှင်းပြပါရစေ။ စီးပွားရေးပညာရှင်မဟုတ်လို့ လွဲမှားတာတွေ ပါနိုင်ပေမဲ့ တီး‌မိခေါက်မိဖြစ်သွားရင် ဇာတ်ကားကို ပိုသဘောပေါက်နိုင်ပါတယ်။ကုန်ပစ္စည်းတွေကို တကယ်တမ်း အရောင်းအဝယ်မလုပ်ခင်မှာ ကြိုပွိုင့်အနေနဲ့ အရင်ရောင်းဝယ်ကြပါတယ်။ ဂျုံရောင်းဝယ်ရေးအတွက်ဆိုရင် ဂျုံတွေကို မစိုက်ရသေးခင်မှာပဲ အရောင်းအဝယ်ကတော့ ဖြစ်နေပါပြီ။ ဈေးလည်း သတ်မှတ်ပြီးသားပါ။ ကျွန်တော်တို့နိုင်ငံလို ငွေဈေးမတည်ငြိမ်ရင်တော့ ခွေးဖြစ်မယ့်ကိန်းပေါ့လေ။ ဒါပေမဲ့ သူတို့ဆီမှာတော့ အလုပ်ဖြစ်တယ်ဗျ။ ဂျုံရောင်းရေး ဂျုံဝယ်ရေး ...
movie
Trading Places (1983)
1983
Rabbit Hole (2010) 7.0
Rabbit Hole (2010)   အခုတစ်ခါမှာတော့ Rabbit Hole ဆိုတဲ့ Drama အမျိုးအစာဇာတ်ကားလေးတင်ဆက်ပေးချင်ပါတယ်ဒီဇာတ်ကားလေးမှာ မင်းသမီး Nicole Kidman နဲ့ The Spectacular Now ထဲကမင်းသား Miles Teller တို့ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းလေးကတော့ ဘက်ကာနဲ့ဟောင်ဝီတို့ဟာ ဒန်နီဆိုတဲ့သားလေးနဲ့အတူ ပျော်ရွှင်စရာမိသားစုလေးကိုပိုင်ဆိုင်ထားကြပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ ဒန်နီလေးဟာ သူ့ရဲ့ခွေးလေးနောက်ကိုလိုက်ရင်း ကားတိုက်ခံလိုက်ရပြီး ဆုံးသွားပါတယ် အဲဒီအချိန်ကစပြီး ဘက်ကာတို့ဘဝဟာ ပျော်ရွှင်မှုမရှိ ပြောင်းလဲသွားပါတော့တယ်ဟောင်ဝီက ပူဆွေးဝမ်းနည်းမှုတွေကိုအချင်းချင်းဝေမျှတဲ့အဖွဲ့မှာ အဖွဲ့ဝင်ထားပါတယ် ဘက်ကာကတော့ အဲ့ဖွဲ့ကိုသဘောမကျလှတာကြောင့် သိပ်မလိုက်ပါဘူး ဟောင်ဝီက သူ့သားရဲ့အရင်ကဗီဒီယိုလေးတွေပြန်ကြည့်ရင်း အတိတ်မှာပဲပျော်မွေ့နေပါတယ် ဘက်ကာကတော့ အဲ့အတိတ်က ပူဆွေးမှုတွေကနေရုန်းထွက်နိုင်ဖို့​ကြိုးစားနေတာပါတစ်နေ့ သူ့သားကိုကားနဲ့တိုက်ခဲ့တဲ့ကောင်လေး ဂျေဆန်နဲ့စကားပြောမိကြရာကနေ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ခံစားကြည့်ရှုရမှာဖြစ်ပါတယ် ဘက်ကာက သူ့သားကို ကားနဲ့တိုက်မိခဲ့တဲ့ ဂျေဆန်ကို ခွင့်လွှတ်နိုင်ပါ့မလားဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.78 GB)/(940 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by ...
movie
Rabbit Hole (2010)
Teenage Mutant Ninja Turtles: Mutant Mayhem (2023) 7.5
Teenage Mutant Ninja Turtles: Mutant Mayhem (2023) Teenage Mutant Ninja Turtles: Mutant Mayhem (2023)~ IMDb - 7.5/10, Rotten Tomatoes - 97% ~2023 ထွက် လိပ်နင်ဂျာကာတွန်းကားအသစ်ရပါပြီ။ လိပ်နင်ဂျာကာတွန်းတွေက ဖန်တရာတေအောင်ထွက်ပြီးသားဖြစ်ပေမဲ့ ဒီတစ်ခါ ကာတွန်းရုပ်ရှင်ကိုတော့ တမူထူးခြားတဲ့ ကာတွန်းစတိုင်နဲ့ ဖန်တီးထားပါတယ်။ 3-D CG Animation နည်းနဲ့ အလင်းအမှောင် လှုပ်ရှားမှုတွေကိုဖန်တီးထားပါတယ်။ Spider-Man: Into the Spider-Verse ဟာ ကာတွန်းရုပ်ရှင်လောကကို အသစ်တီထွင်ဖို့ တစ်ခေတ်ဆန်းပေးခဲ့တာပါပဲ။ ဒါရိုက်တာ Jeff Rowe ကလည်း ဆရာကြွက်နေရာမှာ သရုပ်ဆောင်ဖို့ ဂျက်ကီချန်း၊ စူပါဖလိုင်းနေရာမှာ သရုပ်ဆောင်ဖို့ Ice Cube, ရော့စတက်ဒီနေရာအွက် ဂျွန်စီနာ တို့ကို တစ်ယောက်ချင်း လိုက်ဖိတ်ခေါ်ခဲ့တာပါ။ ဇာတ်လမ်းကိုလည်း အရင်ပါနေကျ ဗီလိန်ရှရက်ဒါကိုပါ မထည့်ဘဲ မြူးတန့်အချင်းချင်း တိုက်ပွဲအနေနဲ့ ...
movie
Teenage Mutant Ninja Turtles: Mutant Mayhem (2023)
2023
4K HEVC
Alex Cross (2012) 5.2
Alex Cross (2012) ဒီရုပ်ရှင်ကတော့​ စာရေး​ဆရာ​ ဂျိမ်းစ်ပီတာဆင်ရဲ့ Cross​ ဝတ္ထု​များကို​ ပြန်လည်​ရိုက်ကူး​ထားတဲ့​ Action/Thriller ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဝတ္ထု​ရဲ့အဓိကဇာတ်လိုက်ကတော့​ ဒေါက်တာ​ Alex Cross ဆိုတဲ့​ စိတ်ပညာရှင်နဲ့ ရဲစုံထောက်တစ်ဦးဖြစ်ပြီး ဒီဇာတ်ကောင်ကို​ Morgan​ Freeman ကလည်းသရုပ်ဆောင်ဖူးပါတယ်။ ဇာတ်လမ်း​အကျဥ်းကတော့ Alex Cross က​ ဇနီးဖြစ်သူ​ ကိုယ်ဝန်သည် မာရီယာ​နဲ့အတူ​ ဒီထရွိုက်မြို့မှာနေပါတယ်။ အဲဒီအချိန်မှာ အက်ဖ်ဘီအိုင်က သူတို့ရဲ့​ဝါရှင်တန်​ဒီစီကဌာနချုပ်မှာ​ တာဝန်​ထမ်းဆောင်​ပေးဖို့​ ကမ်းလှမ်းပါတယ်။ လက်ခံသင့်မခံသင့်​ စဥ်းစား​နေချိန်မှာပဲ​ လူချမ်းသာအမျိုးသမီးတစ်ဦးကို​ နှိပ်စက်​သတ်ဖြတ်​သွားတဲ့အမှုတစ်ခုဖြစ်သွားပါတယ်။ လူသတ်သမားဟာ​ အမျိုး​သမီးတင်မက​ သက်တော်စောင့်တွေကိုပါ တစ်ဦး​တည်းသတ်ဖြတ်သွားခဲ့တဲ့အပြင် အခင်း​ဖြစ်ပွား​ရာနေရာမှာတင် ပန်းချီတစ်ပုံရေးဆွဲပြီး ထားရစ်ခဲ့ပါသေးတယ်။ဒီလူသတ်သမားဟာ စိတ္တဇ​လူသတ်​သမားဖြစ်ရုံမက နောက်ထပ်​ကွင်းဆက်လူသတ်မှုတွေကိုပါ ထပ်မံ​ကျူးလွန်​ဖို့ရှိတယ်ဆိုတာကို Alex​ Cross​သိရှိ​သွားတဲ့အခါမှာတော့ လူသတ်သမားနဲ့ Alex အကြား​အားပြိုင်မှုစတင်ပါတော့တယ်။ လူသတ်​သမား​က​ Alex ရဲ့မိသားစုကိုပါ ထိပါးဖို့ကြိုးစားလာတဲ့အချိန်မှာတော့​ Alex တစ်ယောက်ဘယ်လိုတုံ့ပြန်မလဲ စနစ်တကျ​လေ့ကျင့်​ထားတဲ့လူသတ်သမားကိုယှဥ်ပြိုင်နိုင်ပါ့မလားဆိုတာ​ကို​ Action Thriller ...
movie
Alex Cross (2012)
Beauty (2022) 4.9
Beauty (2022) Beauty (2022) ============သီချင်းဆိုရတာကို သိပ်နှစ်သက်ပြီး၊ အသံကာလာလှတယ်လို့ နာမည်ကြီးတဲ့ ဗြူးတီး ဆိုတဲ့ လူမည်းမလေး တစ်ယောက်အကြောင်းကို Netflix ကနေပြသ ထားပါတယ်။တအား toxic ဖြစ်လွန်းတဲ့ ဖခင်ကို ပိုင်ဆိုင်ထားပြီး အရာရာ စိုးရိမ်ပူပန်လွန်း အားကြီးတဲ့ မိခင်ကို ပိုင်ဆိုင်ထားတဲ့ သူမ။ အစ်ကိုတွေရဲ့ ချစ်ခင်မှုကို မရရှိတဲ့အပြင် ဂျက်စမင်ဆိုတဲ့ ကောင်မလေးနဲ့ လိင်တူချစ်ကြိုက်နေတာကို မကြည်ဖြူကြတဲ့ အသိုင်းအဝိုင်းမှာ ကြီးပြင်းနေရတဲ့ သူမ။သူ့အတွက် တစ်ရက်မှာတော့ နာမည်ကျော်ကြယ်ပွင့်တစ်ယောက်ဖြစ်ဖို့ ကုမ္ပဏီ တစ်ခုက လာရောက်ကမ်းလှမ်းလာတဲ့အခါ အိမ်တွင်းရေးအခြေအနေတွေ ပိုဆိုး လာပါတော့တယ်။သူ(သူမ)သိပ်ကိုဖြစ်ချင်တဲ့ နာမည်ကြီးအဆိုတော်တစ်ယောက် ဖြစ်ခွင့်ပေးပါ့မလား၊ သူကိုယ်တိုင်ကရော ဖြစ်အောင် ကြိုးစားလာနိုင်ပါ့မလားဆိုတာကို ကြည့်ရှု့ရမယ့် ဇာတ်‌လမ်းလေးတစ်ပုဒ်ပါ။ဇာတ်အိမ်အလှည့်အပြောင်းတွေမပါဘဲ ‌လူမည်းကောင်မလေးတစ်ယောက်ရဲ့ ခံစားချက် တွေကို အရိုးရှင်းဆုံး ထုတ်ဖော်ပြသထားတဲ့ ဇာတ်ကားလေးတစ်ကားဆိုရင်လည်း မမှားပါဘူး။ ဒီဇာတ်ကားလေးမှာတော့ ဗြူးတီးအဖြစ် Gracie Marie Bradleyက သရုပ်ဆောင်ထားပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size..........(1.57 GB) / (536 MB) / ...
movie
Beauty (2022)
2022
Unpregnant (2020) 6.1
movie
Unpregnant (2020)
2020
Stargirl(2020) 6.5
Stargirl(2020) Stargirl(2020)(Unicode)ဒီဇာတ်ကားလေးကတော့ အမေရိကန်စာရေးဆရာ Jerry Spinelli ရဲ့ဝတ္တုကိုအခြေခံရိုက်ကူးထားတဲ့ ကားကောင်းလေးတစ်ကားဖြစ်ပါတယ်... အထက်တန်းကျောင်းသားတွေဖြစ်တဲ့လီယိုဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ ထူးခြားတဲ့နာမည်ပိုင်ရှင်စတားဂဲလ်ဆိုတဲ့ကောင်မလေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို ရိုက်ကူးထားတာပါ.... ‌အရင်ကဘာပြိုင်ပွဲမှာမှဆုမှဖူးတဲ့ Mug Frogsအထက်တန်းကျောင်းဟာ ထူးခြားမှုတွေပြည့်နေတဲ့ စတားဂဲလ်ဆိုတဲ့ကောင်မလေးတစ်ယောက် ကျောင်းကိုရောက်လာတဲ့အချိန်ကစပြီးတော့ ... ဆုတံဆိပ်တွေရရှိဖို့ အလှည့်အပြောင်းတွေဖြစ်လာအောင် တွန်းအားပေးနိုင်ခဲ့ပါတယ်... စတားဂဲလ်ဟာလဲ ကျောင်းအတွက် လူတိုင်းအတွက် ကံကောင်းစေတဲ့ လာဘ်ကောင်လေးတစ်ကောင်လိုဖြစ်လာပါတယ်... သူမရှိရင်မဖြစ်ဆိုတဲ့အခြေအနေထိရောက်အောင် သူကလူတိုင်းရဲ့စိတ်ကိုဖမ်းစားနိုင်ခဲ့ပါတယ်.. ဒါပေမယ့် လူတိုင်းကိုကူညီတတ်တဲ့စတားဂဲလ်တစ်ယောက် အကူအညီမလိုအပ်တဲ့သူတွေကို ကူညီပေးမိတဲ့အတွက်ကြောင့် ပြဿနာ အကြီးကြီးတက်ပါတော့တယ်...အဲ့ဒီပြဿနာကရောဘာလဲ... သူမ အခက်အခဲဖြစ်နေချိန်မှာ အနားမှာ ဘယ်လိုကောင်လေးမျိုးရောက်လာမလဲ.... ဒီကားလေးဟာ ပုံမှန်အချစ်ဇာတ်လမ်းတွေကနေခွဲထွက်ပြီးတော့ ကျွန်တော်တို့ကို တွေးစရာတွေအများကြီးပေးနိုင်တဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ဆယ်ကျော်သက်ဘဝမှာအချစ်ကိုတွေ့ရှိချိန် ဖြစ်တတ်တဲ့ ကြည်နူးမှုတွေ ဝမ်းနည်းမှုတွေ ကျွန်တော်တို့နေ့စဥ် သတိမထားမိပဲ လုပ်နေမိကြတဲ့ အမှားတွေ လူတိုင်းကိုမကူညီသင့်ဘူးဆိုတဲ့အကြောင်းတွေကို သိမ်သိမ်မွေ့မွေ့နဲ့ ရှင်းရှင်းလင်းလင်းရိုက်ကူးထားတာကို တွေ့ရပါတယ် ဇာတ်ကားထဲမှာပါဝင်တဲ့ သီချင်းလေးတွေကလဲ အရမ်းကောင်းတဲ့အတွက် ကြည့်ရှုသူပရိတ်သတ်ကြီး ကြည့်ရတာတန်လိမ့်မယ်လို့ ယုံကြည်ပါတယ် ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ MarTizasဖြစ်ပါတယ်....(zawgyi)ဒီဇာတ်ကားလေးကတော့ အမေရိကန်စာရေးဆရာ Jerry Spinelli ရဲ့ဝတ္တုကိုအခြေခံရိုက်ကူးထားတဲ့ ကားကောင်းလေးတစ်ကားဖြစ်ပါတယ်... အထက်တန်းကျောင်းသားတွေဖြစ်တဲ့လီယိုဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ ထူးခြားတဲ့နာမည်ပိုင်ရှင်စတားဂဲလ်ဆိုတဲ့ကောင်မလေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို ရိုက်ကူးထားတာပါ.... ‌အရင်ကဘာပြိုင်ပွဲမှာမှဆုမှဖူးတဲ့ Mug Frogsအထက်တန်းကျောင်းဟာ ထူးခြားမှုတွေပြည့်နေတဲ့ စတားဂဲလ်ဆိုတဲ့ကောင်မလေးတစ်ယောက် ကျောင်းကိုရောက်လာတဲ့အချိန်ကစပြီးတော့ ... ဆုတံဆိပ်တွေရရှိဖို့ အလှည့်အပြောင်းတွေဖြစ်လာအောင် တွန်းအားပေးနိုင်ခဲ့ပါတယ်... စတားဂဲလ်ဟာလဲ ကျောင်းအတွက် လူတိုင်းအတွက် ကံကောင်းစေတဲ့ လာဘ်ကောင်လေးတစ်ကောင်လိုဖြစ်လာပါတယ်... သူမရှိရင်မဖြစ်ဆိုတဲ့အခြေအနေထိရောက်အောင် သူကလူတိုင်းရဲ့စိတ်ကိုဖမ်းစားနိုင်ခဲ့ပါတယ်.. ဒါပေမယ့် လူတိုင်းကိုကူညီတတ်တဲ့စတားဂဲလ်တစ်ယောက် အကူအညီမလိုအပ်တဲ့သူတွေကို ကူညီပေးမိတဲ့အတွက်ကြောင့် ပြဿနာ အကြီးကြီးတက်ပါတော့တယ်...အဲ့ဒီပြဿနာကရောဘာလဲ... သူမ အခက်အခဲဖြစ်နေချိန်မှာ အနားမှာ ဘယ်လိုကောင်လေးမျိုးရောက်လာမလဲ.... ဒီကားလေးဟာ ပုံမှန်အချစ်ဇာတ်လမ်းတွေကနေခွဲထွက်ပြီးတော့ ကျွန်တော်တို့ကို တွေးစရာတွေအများကြီးပေးနိုင်တဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ဆယ်ကျော်သက်ဘဝမှာအချစ်ကိုတွေ့ရှိချိန် ဖြစ်တတ်တဲ့ ကြည်နူးမှုတွေ ဝမ်းနည်းမှုတွေ ...
movie
Stargirl(2020)
Coda (2019) 5.3
Coda (2019) နာမည်ကျော် စန္ဒယားတီးဆရာတစ်ယောက်ရဲ့အကြောင်းရိုက်ကူးထားတဲ့ဒရာမာ ကားကောင်းလေးကိုတင်ဆက် ပေးလိုက်ပါတယ်Patrick Stewart နဲ့ Katie Holmies တို့အဓိကပါဝင်သရုပ်ဆောင်ထားပြီး တော့အသက်အရွယ်ရလာတဲ့ စန္ဒယားဆရာနဲ့ သတင်းထောက်တို့ရဲ့ဇာတ်လမ်းကိုကြည့်ရှုခံစားရမှာပါအသက်အရွယ်ရလာပြီးတော့ စတိတ်စင်ကြောက်တတ်တဲ့ရုန်းကန်မှုတွေကြုံတွေ့နေရတဲ့နာမည်ကျော်စန္ဒယားဆရာ ကဂီတဝေဖန်ရေးသတင်းထောက်ဆီကနေ လှုံ့ဆော် အားပေးမှုတွေရရှိလာတဲ့ အခါမှာတော့.......Google user rating 86% ရရှိထားတဲ့Drama ကြိုက်သူတွေအတွက် ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေးပါ ..... File Size : ( 897 MB , 312 MB ) Quality : WEB-DL 720p Running Time : 1 hr 36 min Format : Mp4 Genre : Drama , Music Subtitle : Myanmar ...
movie
Coda (2019)
Sherrybaby (2006) 6.6
Sherrybaby (2006) ရှယ်ရီဆွမ်စန်က မှုးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ထောင်ကျနေတာ သုံးနှစ်ရှိပါပြီ။ ဒါပေမဲ့ သူ့ရဲ့ရှစ်နှစ်သမီးလေး အလက်ဇစ်နဲ့ တစ်အိမ်တည်းနေခွင့်ရဖို့အတွက် မူးယစ်ဆေးဖြတ်ပြီး လူကောင်းတစ်ယောက်အဖြစ်နေထိုင်ဖို့ ဆုံးဖြတ်ထားခဲ့ပါတယ်။ စည်းကမ်းကျပ်တဲ့ထောင်အုပ်ဆီက အာမခံရဖို့မလွယ်ကူပေမယ့် အလက်ဇစ်က သူ့အစ်ကိုဘော်ဘီနဲ့ ဇနီးဖြစ်သူ လင်းနက်တို့အပေါ်အချစ်ကြီးစွဲလမ်းနေတာကိုမြင်ရခြင်းက သူမအတွက် ပိုပြီးခံစားရခက်စေပါတယ်။ မိဘနဲ့သားသမီးတို့ကြားက ချစ်ခြင်းမေတ္တာကို အပြည့်အဝခံစားရမှာဖြစ်ပြီး ဘယ်လောက်ဆိုးတဲ့ မိဘဖြစ်နေပါစေ သားသမီးအပေါ်ချစ်တဲ့စိတ်က တစ်ထောင့်တစ်နေရာမှာကျန်ရှိနေတတ်ကြောင်းနဲ့ အတိတ်ကဆိုးသွမ်းခဲ့သမျှကို မေ့ပစ်ပြီး သမီးဖြစ်သူနဲ့ ဘဝသစ်ပြန်စချင်နေတဲ့ မိခင်တစ်ဦးရဲ့ မေတ္တာတရားကို မြင်တွေ့ခွင့်ရမှာဖြစ်ပါတယ်။Translated By : Kay Khaing Tun Encoded By :XCode
movie
Sherrybaby (2006)
2006
Maze Runner: The Death Cure (2018) 6.8
Maze Runner: The Death Cure (2018) အမေရိကန်စာရေးဆရာ James Dashner ရဲ့The Maze Runner series မှတတိယမြောက်စာအုပ်ဖြစ်တဲ့The Death Cure ကိုအရင်ဇာတ်ကားတွေကို ရိုက်ကူးတဲ့ဒါရိုက်တာ Wes Ball ပဲရိုက်ကူးထားပြီးDylan O'Brien, Thomas Bordie-Sangster,Rosa Salazar, Ki Hong Lee, Kaya Soladiaro,Dexter Darden, Aiden Gillen, Barry Pepper,Patricia Clarkson, Will Poulter,Gnaicalo Esposito, Walton Gogginsတို့ပါဝင်ထားပါတယ်။2017 February 17 မှာ ရုံတင်ဖို့စီစဉ်ထားခဲ့သော်လည်း Dylan O'Brien ရိုက်ကွင်းမှာထိခိုက်မှုဖြစ်ပွားပြီး ရုံတင်ရက်ကိုတစ်နှစ်နီးပါးနောက်ဆုတ်ခဲ့ရပါတယ်။အခုဒီကားထဲမှာ​တော့​ပထမ၂ကားထဲက လွတ်​​မြောက်​လာကြတဲ့​​ကောင်​​လေး ​တွေထဲကThomas က လွတ်​​မြောက်​လူသူ​တွေကို စုစည်​းပြီး Glader ဆိုတဲ့အဖွဲ့ကိုတည်​​ထောင်​ထားပြီး အဓိကရည်​ရွယ်​ချက်​ကသူ့သူငယ်​ချင်​း​တွေကို ကယ်​ဆယ်​ဖို့ပါဒီလိုနဲ့ တစ်​ရက်​မှာ မလွတ်​​သေးပဲ ကျန်​​နေခဲ့​သေးတဲ့သူ့သူငယ်​ချင်​း​တွေကိုတင်​​ဆောင်​လာတဲ့ ရထားကိုဖြတ်​တိုက်​ပြီး​တော့ ကယ်​ဖို့ကြိုးစားရင်​း မ​အောင်​မြင်​ပဲThomas ,Newt နဲ့Frypanတို့ ...
movie
Maze Runner: The Death Cure (2018)
2018
Maze Runner: The Scorch Trials (2015) 6.3
Maze Runner: The Scorch Trials (2015) အားလုံးပဲစောင့်မျှော်နေကြတဲ့ Maze Runner 2 လာပါပြီဒီ Maze Runner 2 မှာတော့ သောမတ်(စ်) ဆိုတဲ့ကောင်လေးကို WCKD အဖွဲ ့က အဖွဲ ့ဝင်တွေ ခေါ်ဆောင်သွားတာနဲ ့အစပျိုးထားပါတယ်နှစ်တွေကြာလာတဲ့ အချိန်မှာတော့ သောမတ်(စ်)နဲ ့အတူ ကျန်ရှိနေသေးတဲ့ ဂလိတ် အဖွဲ ့ဝင်တွေကို မစ္စတာ ဂျေဆင် က ကယ်တင်ခဲ့ပါတယ်သူကတော့ WCKD အဖွဲ ့ဝင်တွေရဲ ့ ရန်ကနေ ကယ်တင်ပေးဖို ့လို ့ပြောပေမဲ့ သောမတ်(စ်) ကမသင်္ကာလို ့စုံစမ်းလာတဲ့ အခါမှာတော့ မစ္စတာ ဂျေဆင်ကလည်းWCKD အဖွဲ ့နဲ ့ပူးပေါင်းလုပ်ကိုင်နေတယ်ဆိုတာကို သူ သိလာခဲ့ရပါတယ်ဒီနောက်ပိုင်းမှာတော့ သူတို ့တွေ ဘယ်လိုကြိုးစားရုန်းကန်ကြမလဲဆိုတာကိုတော့ ရုပ်ရှင်ထဲမှာ ဆက်လက်ရှုစားကြရမှာပါ(ဇာတ်ကားအညွန်းရေးသူကတော့ Carey Nyein ပဲဖြစ်ပါတယ်)File Size : (900 MB) ...
movie
Maze Runner: The Scorch Trials (2015)
2015
Derailed (2005) 6.6
Derailed (2005)  ဒီတစ်ခေါက် CM ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးချင်တဲ့ဇာတ်လမ်းကတော့“Derailed”ဆိုတဲ့ဇာတ်လမ်းဖြစ်ပါတယ်… ရုပ်ရှင်ချစ်ပရိတ်သတ််တွေကြား အခုတလောရေပန်းစားနေတဲ့“Deception”နဲ့ ဆင်တူတယ်ဆိုတဲ့ဇာတ်လမ်းပါ… တူလားဆိုတော့ အနည်းငယ်ဆင်ပါတယ်..အိုင်ဒီယာလေးတွေဆင်ပါတယ်… ဒါပေမဲ့ twist လုပ်သွားတဲ့နေရာတွေ လွဲသွားပါတယ်…နှစ်ကားလုံးက ကိုယ်ထင်ထားသလိုဖြစ်လာတဲ့ ဇာတ်ကွက်မျိုးမဟုတ်ပါဘူး…ကောင်းလားဆိုတော့ နှစ်ကားလုံးကောင်းပါတယ်… နိုင်ငံတကာမှာတောင် ဒီလိုPlot တူပေမယ့် Twist လုပ်သွားတာမတူတဲ့ ကားတွေ အများကြီးရှိတာမို့ ဒါကိုတော့ အပြစ်တခု အနေနဲ့ပေါက်ပန်းလေးဆယ် လျှောက်ပြောပြီး ဇွတ်တူပါတယ် ဆိုပြီးတော့ အတန်ရှည်ယူနေတဲ့ သူတွေ အတွက်တော့တော်တော်လေး ရှက်ဖို့ကောင်းပါတယ်  ဒီဇာတ်ကားထဲမှာတော့Starring အနေနဲ့ နာမည်ကျော်သရုပ်ဆောင်တွေဖြစ်တဲ့ Clive Owen နဲ့Jennifer Aniston တို့သရုပ်ဆောင်ထားပါတယ်..အညွှန်းလေးဖတ်ရှုကြပါဦး…ငွေကြေးအကျိုးဆောင် ချားစ်ရှိုင်းဟာငွေရေးကြေးရေးလောကမှာကျင်လည်ခဲ့တာ ၁၀ နှစ်ရှိပါပြီ။ဝင်ငွေလဲအတန်အသင့်ကောင်းတဲ့စီးပွားရေးသမားတစ်ယောက်ဖြစ်ပါတယ်။သူ့မှာ ဒီယာနာလို့အမည်ရတဲ့ဇနီးနဲ့ အေမီဆိုတဲ့သမီးချောလေးတစ်ယောက်ရှိပါတယ်။သာယာတဲ့မိသားစုတစ်ခုကိုပိုင်ဆိုင်ထားသူပါ။ ကံမကောင်းတဲ့အရာတစ်ခုတော့ရှိပါတယ်။ဒါကတော့သူတို့သမီးလေး အေမီဟာ အဆိုးဆုံးဆီးချိုရောဂါကိုခံစားနေရတဲ့ဝေဒနာရှင်တစ်ယောက်ပါ။သမီးလေးရဲ့ရောဂါအပြီးပျောက်ဖို့လင်မယားနှစ်ယောက်ဟာ ငွေတွေစုခဲ့ပါတယ်။ခုနစ်နှစ်ကြာပြီးနောက်မှာတော့ ဒေါ်လာ တစ်သိန်းအသားတင်စုမိခဲ့ပါတယ်။တစ်နေ့မှာတော့ ချားစ်ဟာ ရထားချိန်နောက်ကျပြီး နောက်ရထားစောင့်စီးခဲ့ရပါတယ်။ရထားပေါ်မှာ လူစင်ဒါဆိုတဲ့ စွဲမက်ဖွယ် ညို့ငင်အားပြင်းတဲ့မျက်ဝန်းပိုင်ဆိုင်ထားတဲ့လူစင်ဒါဆိုတဲ့အမျိုးသမီးနဲ့ရင်းနှီးခဲ့ပါတယ်။ ရင်းနှီးခဲ့ပုံက ချားစ်တစ်ယောက်ရထားလက်မှတ်မပါလာလို့ လူစင်ဒါက ...
movie
Derailed (2005)
2005