Channel Myanmar

Germán Jaramillo

Our Lady of the Assassins (2000) 6.8
Our Lady of the Assassins (2000) 'Our Lady Of The Assassins' ဆိုတဲ့ ဇာတ်ကားလေးကအသက်(၅၀)ဝန်းကျင်အရွယ်ရှိပြီဖြစ်တဲ့စာရေးဆရာ ဖာနန်ဒိုတစ်ယောက်သူ့မွေးရပ်ဇာတိဖြစ်တဲ့ မယ်ဒဲလ်ရင်မြို့ကို ပြန်ရောက်လာရာကနေဇာတ်အိမ်တည်ထားတဲ့ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။လိင်တူချစ်သူဖြစ်တဲ့ ဖာနန်ဒိုဟာ သူ့သူငယ်ချင်းရဲ့ အမျိုးသားဆောင်ကြာမြိုင်မှာဆယ်ကျော်သက်အရွယ် အဲလက်စ်ဆိုတဲ့ ကောင်လေးနဲ့ တွေ့ဆုံခဲ့ရာကနေ သူ့ငယ်ဘဝမြို့ရဲ့ ပြောင်းလဲမှုတွေကို ကြုံတွေ့ရပါတော့တယ်။ရာသီဥတုသာယာပြီးတော့ အလည်အပတ်သွားလို့ကောင်းတယ်ဆိုပြီးနာမည်ကြီးတဲ့မယ်ဒဲလ်ရင်မြို့ကလေးရဲ့အမှောင်ဖက်ခြမ်းလို့ဆိုရမယ့် ခိုးဆိုးလုယက်မှုတွေနဲ့ လူတွေရဲ့အမှောင်ဖက်ခြမ်းကိုပါ ဇာတ်ကောင်တွေကနေတဆင့်ပြောပြသွားတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ဖာနန်ဒိုဟာ အဲလက်စ်ကို မြို့တလျှောက်အလည်အပတ်သွားဖို့အဖော်အဖြစ်ခေါ်ခဲ့တာ ဖြစ်ပေမယ့်လည်းနှစ်ယောက်ကြားကသံယောဇဉ်တွေဟာ မယ်ဒဲလ်ရင်မြို့ရဲ့ ပြောင်းလဲမှုလိုမျိုးပဲတဖြည်းဖြည်းပြောင်းလဲလာခဲ့ပါတော့တယ်။ ဒီဇာတ်ကားထဲမှာ အသက်အရွယ်ကွာခြားလွန်းတဲ့ ဖာနန်ဒိုနဲ့အဲလက်စ်တို့နှစ်ဦးကြားက တွယ်တာမှု သံယောဇဉ်တွေ၊ ချစ်ခြင်းမေတ္တာတွေကိုပါခံစားမိပြီးတော့ထူးဆန်းတဲ့ လူ့သဘောသဘာဝကိုလည်းအေးအေးလူလူ ကြည့်ရှုနိုင်ခံစားနိုင်မယ်။ ဒီဇာတ်ကားဟာမှုခင်းရေးရာနဲ့ ချစ်ခြင်းမေတ္တာတို့ကိုအဓိကဖော်ပြထားတဲ့ (၂၀၀၀)ခုနစ်ထွက် စပိန်ဘာသာစကားပြောဇာတ်ကားတစ်ကားဖြစ်ပြီးတော့ ကိုလံဘီယာစာရေးဆရာ Fernando Vallejo ရဲ့ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိငယ် ဝတ္ထုတစ်ပုဒ်ကို ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ ဖာနန်ဒိုနဲ့ အဲလက်စ်တို့ရဲ့ ချစ်ခြင်းမေတ္တာကကော သူတို့နှစ်ဦးတွေးထားသလိုမျိုးလွယ်ကူခရီးပေါက်နေမလားဆိုတာကိုတော့ ဇာတ်လမ်းလေးကိုကြည့်ပြီးခံစားသုံးသပ်ကြည့်ကြရမှာပဲဖြစ်ပါတယ်။  File size…    2.2 GB /  1.1 GB Quality… BluRay 1080p / ...
movie

Our Lady of the Assassins (2000)

Juanpis González: The People’s President (2024) 6.1
Juanpis González: The People’s President (2024)  ''နိုင်ငံရေးဆိုတာ ​ပြဿနာရှာခြင်းအနုပညာဖြစ်တယ်'' ''နေရာတိုင်းမှာ ပြဿနာရှာမယ် ရောဂါအမည်မှားတပ်ပြီး... တလွဲဆေးကုပေးသလိုပဲ ..တလွဲတွေဖြေရှင်းကြမယ်''ပြီးပြည့်စုံချမ်းသာတဲ့အသိုင်းအဝိုင်းမှာမွေး ဒုက္ခဆိုတာဘာလဲ နားတောင်မလည် သုံးဖြုန်းရမ်းကားပျက်စီးလာတဲ့ ဘဝင်ရူးဂျွန်ပစ်ဂွန်ဇားလက်တစ်ယောက်....ဘာနေနေကိုယ့်အတွက်အကျိူးရှိရင်ပြီးရော လက်ဖျားငွေသီးရင်ပြီးရောဆိုပြီး အာဏာရူးစိတ်ဓာတ်နဲ့ ​မဲကိုငွေနဲ့ဝယ်ပြီးတော့ ကိုလံဘီယာနိုင်ငံရဲ့သမ္မတဖြစ်လာ...တကယ်တမ်းကျ နိုင်ငံရေးဆိုတာသူထင်သလောက်မလွယ် ''နိုင်ငံရေးမှာကိုယ်ကျင့်သိက္ခာဆိုတာမရှိဘူး'' ခေါင်းကြီးပိုင်းလူတစ်စုကတင် အကွက်ရွှေ့ပြီးကစားနေတဲ့ပွဲ အတိုက်အခံတွေ လူထုမကျေနပ်ချက်တွေ အတို့အထောင်အထိုးအနှက်တွေနဲ့ တိုက်ဆိုင်မှုဆိုတာမရှိတဲ့နိုင်ငံရေး...အာဏာရဖို့အတွက်ဆို မိသားစုဝင်အချင်းချင်းတောင်ညှာတာမှုမရှိတဲ့နိုင်ငံရေး ဒါတွေနဲ့ရင်ဆိုင်ရတဲ့အခါ ဘဝင်ရူးဂျွန်ပက်ဘလိုတစ်ယောက်ဘယ်လိုတွေရင်ဆိုင်မလဲဆိုတာ.....ဒီဇာတ်ကားကလေ ခြစားနေတဲ့နိုင်ငံမှာ ငွေရှိချမ်းသာတဲ့အုပ်စုကအာဏာလုကြ,ဘယ်အပေါက်ကနေစားရမလဲ သူတို့အတွက် အကျိုးရှိမယ်ဆိုတစ်တိုင်းပြည်လုံးကို အားရပါးရချနင်းတတ်တဲ့စရိုက်တွေ မဲရအောင်ယူတုန်းက ပေးလိုက်တဲ့ရွှေရောင်ကတိတွေ ရွှေရောင်လွှမ်းလိုက်တဲ့နိုင်ငံ လက်တွေ့ကျကိုယ့်ဘက်ပဲကိုယ်ယက် ပြည်သူတွေရဲ့ဒုက္ခတွေဘာတစ်ခုမှမဖြေရှင်းတတ်တဲ့အသုံးမကျတဲ့အစိုးရနဲ့ တကိုယ်ကောင်းအာဏာရူးတွေလုပ်စားနေတဲ့ နိုင်ငံရေးကို ကွက်ကွက်ကွင်းကွင်းမြင်အောင်ပြပြီး ကောင်းကောင်းသရော်ထားတဲ့ဇာတ်ကားဖြစ်လို့ ခံစားကြည့်ရှုလိုက်ကြပါအုံးလို့........ File size…(1.4 GB)/(730 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:31:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by C ‌an dy
movie

Juanpis González: The People’s President (2024)