Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Germán de Silva
6.8
The Delinquents (2023)
The Delinquents (2023)~ IMDb - 6.8/10, RT - 84%, Meta - 86% ~ဒီတစ်ခေါက်မှာတော့ ၂၀၂၄ ခုနှစ်မှာကျင်းပမယ့် ၉၆ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲအတွက် အာဂျင်တီးနားနိုင်ငံကနေ "အကောင်းဆုံး နိုင်ငံတကာ ရုပ်ရှင်ဇာတ်ကားဆု" အတွက် စာရင်းတင်သွင်းထားတဲ့ စပိန်စကားပြော ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ World Premiere ကိုလည်း ကိန်းရုပ်ရှင်ပွဲတော်ရဲ့ Un Certain Regard ဆိုတဲ့ ကဏ္ဍမှာ ပြခွင့်ရခဲ့တာပါ။မြို့မှာဆို လူတွေက အချင်းချင်းတွေ့ရင် ဘယ်လိုနှုတ်ဆက်ကြလဲ သိလား။ "ဘာအလုပ်လုပ်လဲ" "အလုပ်အကိုင် ဘယ်လိုလဲ" တဲ့။ လူတစ်ယောက်ဟာ သူ့ကိုယ်သူ အလုပ်ဆိုတာကြီးနဲ့ ဖော်ပြရတယ်။ အဲဒီအလုပ်ဆိုတာကြီးကိုသွားဖို့ မနက်တွေဆို တသမတ်တည်း ဒီအချိန်မှာပဲထ၊ မြင်နေကျဒီမျက်နှာတွေပဲ ပါမယ့် ဒီရထားကိုပဲစီး၊ ဒီအလုပ်တွေကိုပဲ ပြန်လုပ်၊ နောက်တစ်ရက်ကျတော့လည်း အရင်နေ့က ...
movie
The Delinquents (2023)
2023
6.7
Chile ’76 (2022)
ဒီတစ်ခါမှာတော့ IMDb မှာ 6.7 ရရှိထားပြီး Rotten Tomatoes မှာ 91% အထိရရှိထားတဲ့ Thriller/Drama ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးသွားမှာပါဒီဇာတ်ကားလေးကတော့ 1976ခုနစ် ချီလီနိုင်ငံကို ဗိုလ်ချုပ် Augusto Pinochet က အာဏာသိမ်းပြီး 3နှစ်အကြာ စစ်အာဏာရှင်စနစ်နဲ့ အုပ်စိုးနေတဲ့ အချိန်ကို ဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပါတယ်ကာမန်းဟာ အသက် ၅၀ အရွယ်ရှိပြီဖြစ်တဲ့ လူလတ်တန်းစားမိသားစုက အိမ်ရှင်မတစ်ယောက်ပါ တစ်ရက်မှာတော့ သူဟာ အပန်းဖြေဖို့ အပန်းဖြေအိမ်ရှိရာ အရပ်ကို လာခဲ့ပါတယ် အဲ့ဒီမှာတော့ သူတို့ရဲ့ မိသားစု ဘုန်းကြီးတစ်ပါးဟာ ကာမန်းကို အကူအညီတစ်ခုတောင်းခဲ့ပါတယ် အဲ့ဒါကတော့ နိုင်ငံရေးလှုပ်ရှားမှုတွေ ပြုလုပ်ပြီး ခြေထောက်မှာ သေနတ်မှန်ထားတဲ့ လူငယ်တစ်ယောက်ကို စောင့်ရှောက်ပေးဖို့ပါပဲ ကာမန်းတစ်ယောက် ကြက်ခြေနီအဖွဲ့ဝင်ဟောင်းလည်းဖြစ်တာမလို့ လူငယ်လေးကို စောင့်ရှောက်ပေးဖို့ သဘောတူလိုက်ရာက အစိုးရက နိုင်ငံရေး လှုပ်ရှားသူတွေကို အင်အားသုံး ဖမ်းဆီးနေချိန် လူငယ်လေးကို ...
movie
Chile ’76 (2022)
5.1
Legions (2022)
Legions (2022) ============Horror ဇာတ်ကားကောင်း ကြိုက်သူများအတွက် ၂၀၂၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ စပိန်စကားပြော ဇာတ်ကားတစ်ကား တင်ဆက်ပေး လိုက်ပါတယ်။အန်တိုနီယို ပိုဟူ ဟာ စွမ်းအားကြီးတဲ့ နတ်ဆရာတစ်ယောက်ဖြစ် ပါတယ်။ အာဂျင်တီးနားတောအုပ်ထဲမှာ အပနှင်ရင်း အင်အားကြီး နတ်ဆိုးတစ်ကောင်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အမန်ဒါဆိုတဲ့ အမျိုးသမီးနဲ့ ချစ်ကြိုက်ကာ အယ်လေနာဆိုတဲ့ သမီးလေးတစ်ယောက် မွေးဖွားခဲ့ ပါတယ်။ အဆိုပါ နတ်ဆိုးကြောင့်ပဲ အမန်ဒါ့ကို ဆုံးရှုံးလိုက်ရပြီး သမီး လေးကို တစ်ယောက်တည်း စောင့်ရှောက်လာခဲ့ပါတယ်။တောထဲကနေ မြို့ပေါ်ကို ပြောင်းရွှေ့နေထိုင်ခဲ့ကြသလို သူ့ရဲ့ အလုပ် အကိုင်ကြောင့် သမီးဖြစ်သူနဲ့လည်း အဆင်မပြေဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ အပနှင်ရာမှ အမှားအယွင်းဖြစ်သွားပြီး လူသေသွားခဲ့တာမို့ အန်တို နီယိုလည်း အရူးထောင်ထဲ ရောက်သွားပါတော့တယ်။ အန်တိုနီယို အရူး ထောင်ထဲ ရောက်နေတုန်းပဲ အဆိုပါ နတ်ဆိုးက တစ်ကျော့ပြန်လာပြီး အယ်လေနာ့ကို ဒုက္ခပေးကာ အသက်ကိုပါ ဆုံးရှုံးအောင်လုပ်ဖို့ ကြိုးစား လာပါတော့တယ်။ အဆိုပါကိစ္စကို အန်တိုနီယိုတစ်ယောက် ဘယ်လို တားဆီးမလဲဆိုတာ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှု့လိုက်ပါဦး။ဒီဇာတ်ကားက မိစ္ဆာတွေ နတ်ဆိုးတွေ အပနှင်တာတွေပါတဲ့ Horror ကားမျိုးကြိုက်နှစ်သက်တွေအတွက် ...
movie
Legions (2022)
2022
5.7
The Wrath of God (2022)
The Wrath of God (2022)ဒီကားလေးကတော့ "The Slow Death of Luciana B" ဆိုတဲ့ ဝတ္ထုကို ပြန်ရိုက်ထားတဲ့ စပိန်ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်ဒီကားကို အမြည်းပြောပြရရင် လူစီယားနားဆိုတဲ့ ကောင်မလေးနဲ့ သူ့အလုပ်ရှင် စာရေးဆရာ ကလော့စတာ တို့ကြားကနားလည်မှုအလွဲလေးကြောင့် အရာအားလုံး စတင်ခဲ့တယ်လို့ ပြောရပါမယ် သေးငယ်တဲ့ လိပ်ပြာေလးတစ်ကောင် အတောင်ပံခတ်လိုက်ရာကနေ ဟာရီကိန်းမုန်တိုင်းကြီးထိ ဖြစ်လာနိုင်တယ်ဆိုတဲ့ Butterfly Effect လိုမျိုးပဲ ဒီကားထဲမှာလည်း အနမ်းလေးတစ်ခုကနေ အစပြုပြီး မိသားစုဝင်တွေ အသက်ဆုံးရှုံးကုန်ကြတဲ့အထိ ဘယ်လိုတွေ ဒုက္ခကြုံကြရမလဲ.....ကံကြမ္မာဆိုး အားလုံးရဲ့နောက်ကွယ်က တရားခံကရော ဘယ်သူဖြစ်မလဲ..... လူစီယားနားကပဲ မှားခဲ့တာလား ကလော့စတာကပဲ လွန်တာလား ဘယ်သူ့ကြောင့် ဒါတွေဖြစ်လာခဲ့တာလဲ ..... စတဲ့မေးခွန်းပေါင်းများစွာကို ဒွိဟခံစားချက်တွေနဲ့ ကြည့်ရှုအဖြေရှာလိုက်ပါ2022 ခုနှစ် June လ ၁၅ ရက်နေ့ကမှ လောလောလတ်လတ်ထွက်ရှိထားပြီး IMDB rating 5.6 ရရှိထားတဲ့ Drama, Thriller ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Leo ...
movie
The Wrath of God (2022)
2022
8.1
Wild Tales (2014)
ဒီဇာတ်ကားက နည်းနည်းလေးဆန်းတယ်။ ကျွန်တော်တို့ နေစဉ်ကြုံနေကြပြသနာလေး တွေမှာ တစ်ချို့ က စိတ်မထိန်းနိုင်တော့ဘဲ တစ်ဖက်ခြမ်းကို ရောက်သွားကြတယ့် လူ့ သဘာဝ ဖြစ်စဉ်လေးတွေ ကို သည်းခံစိတ် ရဲ့ အလွန်အနေထားလေးတွေ တွေ့ မြင်ရမှာပါ။ ဒီကားကို ရွှေးချယ်ဖြစ်ရခြင်းအကြောင်းရင်းတစ်ခု က ကိုယ်မတရားခံနေရသည်ဖြစ်သော်ငြားလဲ စိတ်နောက် အလိုလိုက်ပြီး တုန့် ပြန်လိုက်တဲ့ အခါ သူ့ အတွက် သာမက ကိုယ့် အတွက်ပါ ကြီးကြီးမားမားထိခိုက်စေတယ်ဆိုတာကို သိ စေချင်လို့ ပါ။" သောက်ရေးကြီးနေပါတယ်ဆိုမှာ သောက်ကားတွေ ကလာပိတ်နေတယ် အကုန်ဝင်တိုက်ပလိုက်ရ ...သောက်ဖုန်းကဒ်က ပိုက်ဆံကတော့ဖြတ်တယ် လိုင်းကျတော့ အ၀ိုင်းလည်တာထိုင် ကြည့်နေရတယ် သောက်ရုံး(....)ကို ဗုံးသွားခွဲ မိတော့မယ်....."အဲ့လို့ ကျွန်တော်တို့  တွေ ဖြစ်တက်ကြတယ့် သည်းခံနိုင်မှုအတိုင်းအတာတစ်ခဏလေးကုန်ဆုံးသွားတဲ့ အလွန်အခြေအနေလေးမှာ လူတစ်ချို့  က သူတို့  ဖုန်းကို ရိုက်ခွဲမိသွားတာမျိုးတို့  ၊ လူကြီးတစ်ယောက်ကို မကျေနပ် လို့ ဆဲဆို လိုက်တာမျိုး ကျောက်တုံးကို ခေါင်းနဲ့  ပစ်တိုက် သလို ငပိကြော်စားသွားရတာမျိုးကို ဖြစ်သွားတက်ပါတယ်။ဒီဇာတ်ကားထဲမှာ စိတ်ထဲသဘော ဇာတ်လမ်း တစ်ခန်း စီတိုင်းမှာ မတူညီတယ့် ...
movie
Wild Tales (2014)
2014