Channel Myanmar

Gerard Monaco

Vera Drake (2004)
Vera Drake (2004) ဒီကားကတော့ ဇာတ်ကားနာမည်အတိုင်းပဲဗယ်ရာဒရိတ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းကို အဓိကဦးစားပေးပြီး ရိုက်ပေးထားတာပါ။ ဇာတ်လမ်းအညွှန်းကိုပြောရရင် ၁၉၅၀ခုနှစ်ဝန်းကျင်က လန်ဒန်မှာ ဗယ်ရာဒရိတ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ရှိတယ်။ သူမက ကြင်နာတတ်ပြီး တစ်ကိုယ်ကောင်းဆန်မှုလုံးဝမရှိတဲ့ သဘောအကောင်းဆုံးလူပေါ့။သူက သူများအိမ်တွေမှာ သန့်ရှင်းရေးလုပ်ရပေမယ့် အိမ်ရှင်တွေကရော သူ့မိသားစုကရော ချစ်ခင်တာကိုခံရတဲ့သူတစ်ယောက်ပါ။ ဒါပေမယ့် သူနဲ့ရင်းနှီးတဲ့သူတွေမသိကြတာတစ်ခုက သူမဟာ ကိုယ်ဝန်မလိုချင်တဲ့မိန်းကလေးတွေကို သူတို့သဘောအတိုင်း ကိုယ်ဝန်ဖျက်ချပေးတာတွေကို လျို့ဝှက်စွာလုပ်နေခဲ့တာပါ။ သူမအနေနဲ့ကတော့ ကောင်းစေချင်တဲ့စိတ်နဲ့ ပိုက်ဆံတောင်မယူဘဲ မိန်းကလေးတွေကိုအခမဲ့ဖျက်ချပေးပြီး ကူညီပေးနေတာပေါ့။တစ်ကယ်တမ်း အဲဒီလိုဖြစ်သလိုဖျက်ချတာက အရမ်းအန္တရာယ်ရှိကြောင်းကို အရမ်းနောက်ကျပြီးမှသိလိုက်ရတဲ့အပြင် ရဲတွေကပါလိုက်ပြီးစုံစမ်းနေတာကို သိလိုက်ရတဲ့အချိန်မှာတော့ ဘယ်လိုဖြစ်သွားမလဲ? တစ်သက်လုံးချစ်ခင်လေးစားလာတဲ့ သူ့မိသားစုကရော ခွင့်လွှတ်နိုင်မလားဆိုတာကို ကြည့်ရှုခံစားပေးကြပါဦး။File size…(2.4 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:05:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mastero
movie

Vera Drake (2004)

Bright Star (2009) 6.9
Bright Star (2009)  အင်္ဂလိပ်ကဗျာဆရာကြီး John Keats အကြောင်းရိုက်ကူးထားတဲ့ Romance/Thriller ရုပ်ရှင်ကားကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။IMDb 6.9 နဲ့ Rotten Tomatoes 83% ရရှိထားပြီး စာတွေကဗျာတွေချစ်တတ်တဲ့သူတွေ ရိုမန့်စ်ရုပ်ရှင်တွေကိုသဘောကျသူတွေအတွက်တော့ အကြိုက်တွေ့စေမှာပါ။အချိန်ကာလအားဖြင့် ၁၈၁၈ ခုနှစ်ဖြစ်ပြီး လန်ဒန်မြို့စွန်က ဟမ့်စတက်လို့အမည်ရတဲ့ ရွာငယ်လေးက အိမ်ကြီးတစ်တစ်အိမ်မှာ ကဗျာဆရာချားလ်စ်ဘရောင်း နဲ့ ဒီလ်မိသားစုတို့ အတူနေကြပါတယ်။ ဒီအိမ်ကြီးမှာ ဒီလ်မိသားစုတ၀က် ကဗျာဆရာချားလ်ဘရောင်းနဲ့ ဂျွန်ကိစ်တို့ကတ၀က် အတူနေထိုင်ကြတာပါ။ ဒီလ်မိသားစုနဲ့ပတ်သက်မှုကြောင့် ဖခင်မရှိတော့တဲ့ဘရွန်းမိသားစုဟာ ကဗျာဆရာ ဘရောင်း နဲ့ ဂျွန်ကိစ်တို့နဲ့ သိကျွမ်းနေကြသူတွေပါ။ ဘရွန်းမိသားစုရဲ့ အကြီးဆုံးသမီးဖြစ်တဲ့ ဖန်နီကတော့ အ၀တ်အထည်ဖန်တီးချုပ်လုပ်ရတာနဲ့ ကပွဲတက်ရတာကို စုံမက်တဲ့ အသက်တဆယ့်ရှစ်နှစ်အရွယ် မိန်းမပျိုလေးပါ။ ဒီလို မိသားစုချင်း နှီးနှောဆက်နွယ်မှုတွေကြောင့် ကဗျာဆရာ ဂျွန်ကိစ် နဲ့ ဖန်နီတို့ဟာ အချင်းချင်း မေတ္တာသက်၀င်သွားကြပါတော့တယ်။ ကျန်တာတွေကိုတော့ အများကြီးဆက်မပြောပြတော့ပါဘူး။ဒီရုပ်ရှင်ဟာ လူသားနှစ်ယောက်အကြားက ချစ်ခြင်းမေတ္တာကို ကဗျာတွေစာတွေနဲ့ လွမ်းဆွတ်ဖွယ်၊ ...
movie

Bright Star (2009)

Star Wars: Episode VIII – The Last Jedi (2017) 7.5
Star Wars: Episode VIII – The Last Jedi (2017) Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ...
movie

Star Wars: Episode VIII – The Last Jedi (2017)

4K HEVC
Mamma Mia! Here We Go Again (2018) 6.7
Mamma Mia! Here We Go Again (2018) Mamma Mia! Here We Go Again (2018) IMDb - 6.7/10_____Rotten - 79%   ဒီတစ်ခါတော့ CM ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့ မကြာသေးခင်ကမှ ရုံတင်ပြသထားတဲ့ "Mamma Mia! Here we go again" ဆိုတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်...ဒီဇာတ်လမ်းကတော့ 2008 တုန်းက ထွက်ခဲ့တဲ့ "Mamma Mia"ဇာတ်လမ်းပြီးနောက် ဒုတိယမြောက်ထွက်ရှိထားတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်...2008 ဇာတ်လမ်းကို ကြည့်ရှုပြီးသူများကတော့ ဒီဇာတ်လမ်းနဲ့ စိမ်းမယ်မထင်ပါဘူး....အရင်ဇာတ်လမ်းရဲ့ သရုပ်ဆောင်တွေအပြင် ဇာတ်လိုက်မင်းသမီးရဲ့ ငယ်ဘဝနေရာ သရုပ်ဆောင်သူကလဲ CM ပရိတ်သတ်တွေနဲ့ မစိမ်းပါဘူး.. သူလေးကတော့ Cindrella ဇာတ်လမ်းထဲက မင်းသမီး "Lily James" ပဲဖြစ်ပါတယ်...ဇာတ်လမ်းက musical/comedy movie ဖြစ်တာကြောင့် တစ်ကားလုံး သီချင်းတွေ မြိုင်မြိုင်ဆိုင်ဆိုင် နားထောင်ရမှာပါ...ဒါကြောင့် ပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ... အညွှန်းဖတ်ရှုကြပါဦး...အညွှန်း- ...
movie

Mamma Mia! Here We Go Again (2018)

2018
The Child in Time (2017) 6.2
The Child in Time (2017) ဇာတ်လမ်းအကျဉ်းကတော့ဖခင်ဖြစ်သူ စာရေးဆရာ စတီဖင်လူးဝစ်က ၄နှစ်အရွယ် သူ့သမီးလေး ကိတ်နဲ့အတူ ဈေးဝယ်ထွက်နေရင်း သူ့သမီးလေးပျောက်ဆုံးသွားပါတယ် ။သမီးပျောက်ဆုံးမှုကြောင့် ဇနီးဖြစ်သူ ဂျုးလီနဲ့လဲ အိမ်ထောင်ရေး အဆင်မပြေတော့ပဲ နှစ်ဦးသဘောတူ လမ်းခွဲနေလိုက်ကြရပါတော့တယ် ။စတီဖင်တစ်ယောက်စာရေးတဲ့အလုပ်ကို စိတ်မပါတော့ဘဲ အရက်အလွန်အကျွံသောက်ရင်း သမီးဖြစ်သူကို မရမကလိုက်ရှာခဲ့ပေမယ့် ၃နှစ်ကျော်တဲ့အထိ သတင်းအစအနတောင်မရခဲ့ပါဘူး ။တစ်နေ့ စတီဖင်လူးဝစ်ဟာ ကျောင်းတစ်ခုမှာ သူ့သမီးနဲ့တူတဲ့၈ နှစ်အရွယ် ကလးတစ်ယောက်ကို မမျှော်လင့်ဘဲ တွေ့လိုက်ရတဲ့အခါမှာတော့ စတီဖင်လူးဝစ်ရဲ့ သမီးပျောက်ဆုံးမှုဟာ စိတ်ဝင်စားဖို့ ကောင်းလာပါတော့တယ် ။စာရေးဆရာ စတီဖင်လူးဝင်ဟာ သူ့သမီးလေး ပြန်တွေ့မလား ဘယ်လိုကြောင့် သူ့သမီးလေး ပျောက်ဆုံးသွားတယ်ဆိုတာတော့ ရုပ်ရှင်ချစ်သူတွေပဲ ကြည့်ရှူလိုက်ပါတော့ဗျာ .... File Size : (700 MB) and (340 MB) Quality : HDTV 720p Running Time : 1hr 30min Format : Mp4 Genre ...
movie

The Child in Time (2017)

2017