Channel Myanmar

Gérard Jugnot

The Extraordinary Journey of the Fakir (2018) 7.2
The Extraordinary Journey of the Fakir (2018) The Extraordinary Journey of the Fakir (2018)IMDb Rating (6.8 )ဒီရုပ်ရှင်ကားကတော့ The Boys ထဲက Starlight အဖြစ် လူသိများတဲ့ မင်းသမီး Erin Moriarty နဲ့ အိန္ဒိယတောင်ပိုင်းမင်းသား Dhanush တို့ပါဝင်ထားတာကြောင့်ထူးခြားတဲ့ အတွဲအဖက်နဲ့ Adventure Comedy Drama ရုပ်ရှင်ကားဖြစ်ပါတယ်။အာဂျာအဖြစ် ဒနွတ်ရှ်ဟာ ငယ်စဉ်ကတည်းက ဆင်းရဲလို့ အမေဖြစ်သူရဲ့ လိုအင်နဲ့ ဆန့်ကျင်ဖက်အဖြစ်ခါးပိုက်နှိုက်တလှည့် မျက်လှည့်ဆရာတလှည့်ဘဝနဲ့  မွေးရပ်ဇာတိ အိန္ဒိယနိုင်ငံမှာပဲ အချိန်ကုန်ကြီးပြင်းခဲ့ရပါတယ်။ဒါပေမယ့်သူ့မှာ ပြင်သစ်ကိုသွားဖို့ အိမ်မက်တစ်ခုရှိပါတယ်...ဘာလို့လဲဆိုတော့ အဖေဖြစ်သူကို ရှာဖွေဖို့ပါ....ဒါကြောင့်မလို့ အမေဖြစ်သူဆုံးသွားတဲ့နောက်မှာတော့ သူ့အိမ်မက်ကိုအကောင်အထည်ဖော်ဖို့ ပဲရစ်မြို့ကို ချီတက်လာခဲ့ပါတော့တယ်။ပဲရစ်က အီဖယ်တာဝါမှာ ချစ်စရာကောင်းတဲ့ Starlight မလေး မေရီနဲ့ တွေ့ဆုံပြီး မြင်မြင်ချင်းချစ်မိသွားခဲ့ပေမယ့်အိန္ဒိယနိုင်ငံသား တစ်ယောက် ကမ္ဘာတခွင်မှာ ဘယ်လိုတွေအလွဲလွဲအချော်ချော် ဖြစ်မလဲဆိုတာ....။ File size…(1.7 GB )/(1 ...
movie

The Extraordinary Journey of the Fakir (2018)

2018
The Tiger Brigades (2006) 5.8
The Tiger Brigades (2006) The Tiger Brigades (2006) ==================== IMDb Rating - 5.8/10The Tiger Brigades ဟာ ၁၉၇၀-၈၀ ဝန်းကျင်မှာ အောင်မြင်ခဲ့တဲ့ ပြင်သစ် ဇာတ်လမ်းတွဲ Tiger Brigades ကိုအခြေခံထားတာပဲဖြစ်ပါတယ်။ ၁၉၀၇ ပြင်သစ်မှာရာဇဝတ်မှုတွေအလွန်အမင်းတိုးပွားလာချိန်မှာ ဝန်းကြီးချုပ်ကလေ မန်ဆောက ရာဇဝတ်မှုတိုက်ဖျက်ရေးအတွက် အထူးတပ်ဖွဲ့တွေကိုဖွဲ့စည်းခဲ့ ပါတယ်။ အဲ့ဒီအဖွဲ့တွေကိုနောက်ပိုင်းမှာ ကလေမန်ဆောရဲ့နာမည်ပြောင်ကို အစွဲပြုပြီး ကျားတပ်ဖွဲ့လို့အများပြည်သူကသိလာကြပါတယ်။ဖြစ်ရပ်မှန်မဟုတ်ပေမယ့် သမိုင်းမှာတကယ်ရှိခဲ့တဲ့ပုဂ္ဂိုလ်တွေ၊အထင်ကရ ဖြစ်ရပ်တွေကို စိတ်ကူးယဉ်နဲ့ရောမွှေဖန်တီးထားတာပါပဲ။ဒီဇာတ်ကားမှာတော့ အထူးတပ်ဖွဲ့ဝင်တွေဟာ သာမန်လုယက်မှုတစ်ခုကို လိုက်မိရာကနေ သပွတ် အူထက်ရှုပ်ထွေးတဲ့၊နိုင်ငံရေးထိပ်သီးပုဂ္ဂိုလ်ကြီးတွေ၊ သြဇာကြီးတွေ ပါဝင် ပတ်သက်နေတဲ့အမှုတစ်ခုကို အစဆွဲထုတ်မိတာကိုတွေ့မြင်ရမှာပါ။မြင်နေကျ အမေရိကန်အထူးတပ်ဖွဲ့ကားတွေလို ကိရိယာအဆန်းတွေ၊ဇာတ်လိုက်တွေရဲ့ သူမတူအောင်စွမ်းဆောင်ပုံတွေကိုမြင်တွေ့ရမှာမဟုတ်ပဲ သာမန်လူတွေလို သွားလာလှုပ်ရှား စကားပြော ကောက်ချက်ဆွဲကြတဲ့ သဘာဝကျကျလူသား ဆန်ဆန်ရဲစုံထောက်တွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(2.29 GB) / (968 MB) Quality............BLU-RAY 1080p / 720p Duration.........2Hr 05Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Adventure, Crime Translator.......Alias Encoder..........SWM
movie

The Tiger Brigades (2006)

2006
Alibi.com 2 (2023) 6.5
Alibi.com 2 (2023)  Alibi.com ဆိုတာဘာလဲသိပါသလား။Alibi.com ဆိုတာသင့်ရဲ့ပြဿနာတွေအကုန်လုံးကိုဖြေရှင်းပေးနိုင်တဲ့ကုမ္ပဏီတစ်ခုပါ။ကိုယ့်မှာဘယ်လိုပြဿနာမျိုးတွေရှိရှိ အလီဘိုင် အတုလုပ်ပြီးလိမ်ညာပေးပြီးတော့ အကုန်လုံးကိုဖြေရှင်းပေးနိုင်ပါတယ်။အဲ့ဒီ အလီဘိုင်ကုမ္ပဏီရဲ့ပထမဆုံးဇာတ်ကားကိုတော့ ၂၀၁၇ မှာထွက်ရှိခဲ့ပြီးအခု ၂၀၁၃ မှာတော့ဒုတိယမြောက်ကားထွက်လာခဲ့ပါပြီ။ပထမကားကတည်းကဝက်ဝက်ကွဲရယ်ရလို့ Rating ကောင်းကောင်းနဲ့အားပေးမှုတွေအများကြီးရခဲ့တဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။အခုဒုတိယမြောက်ကားမှာလည်း IMDb Rating 6.5 နဲ့ပွဲထွက်လာပြီးအရင်ဇာတ်ရှိန်ကိုမကျအောင်ထိန်းထားနိုင်ဆဲဖြစ်ပါတယ်။ဒုတိယကားလေးမှာတော့Alibi.com ကြောင့်ရည်းစားဖြစ်သူနဲ့ ဆက်ဆံရေးပြတ်ဆဲတော့မလိုဖြစ်သွားခဲ့တဲ့တည်ထောင်သူတွေထဲက တစ်ယောက်ဖြစ်တဲ့ ဂရက်ကကုမ္ပဏီကိုပိတ်သိမ်းပြီးတော့ချစ်ရသူနဲ့ပဲအတူတူနေနေပါတော့တယ်။ဒါပေမယ့် သူတို့နှစ်ယောက်လက်ထပ်တော့မဲ့အခါမှာတော့ အလီဘိုင်မဖြစ်မနေလုပ်ရမဲ့ ကိစ္စတွေပေါ်ပေါက်လာပြီးအရင်လိုအလီဘိုင်တွေ ပြန်လုပ်တဲ့အခါမှာတော့ဘယ်လိုအခွီတွေထပ်တွေ့ရဦးမလဲဆိုတာတော့ကိုယ်တိုင်ပဲကြည့်လိုက်ကြဖို့ Recommend ပေးလိုက်ပါတယ်။ File size…1.73GB / 769MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 28m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Alibi.com 2 (2023)

Babysitting (2014) 6.7
Babysitting (2014) Babysitting (2014) =============== IMDb Rating - 6.7/10Babysitting ကလေးထိန်းတဲ့ရုပ်ရှင်ကားလေးပေါ့။ မှိုလိုပေါက်နေတဲ့ ကလေးထိန်းကားတွေလို ပိစိညှောင့်တောက်လေးကို ထိန်းရမှာမဟုတ် ဘူးဗျ၊ ၉နှစ် ၁၀ နှစ်ဆိုဒ်ကို ထိန်းရမယ့် adventure ဆန်ဆန်ရုပ်ရှင်ကား လေးပါ။ ပေါ့ပေါ့ပါးပါးလေးနဲ့ တကယ်ကြည့်လို့ကောင်းပါတယ် ။ဖရန့်က ကာတွန်းဆွဲဖို့အရူးအမူးဝါသနာပါပြီး ကာတွန်းဆွဲတာ ဘယ်လောက်ပဲ တော်တော် သူ့သူဌေးက သူ့ကိုရှိမှန်းတောင်မသိပါဘူး။ ဖရန့်က သူဌေးကို ဝင်မိတ်ဆက်မယ်ဆိုပြီး ရုံးခန်းထဲတိုးဝင်တာနဲ့ပဲ သူဌေးက မျက်မှန်းတန်းမိ သွားပါတယ်။ ဖရန့်ရဲ့ဘဝကြီးကို ဇောက်ထိုးဖြစ်အောင်လုပ်မယ့်နေ့ပေါ့။ အဲ့ဒီနေ့မှာ သူ့သူဌေးက ပါတီပွဲတက်စရာရှိလို့ အိမ်မှာကလေးထိန်းဖို့ ဖရန့်ကိုကမ်းလှမ်းလာပါတယ်။ ဖြစ်ချင်တော့ အဲ့ဒီနေ့က သူ့မွေးနေ့ ၊ ဘဝ တစ်ဆစ်ချိုး အသက်(၃၀)ပြည့်တဲ့မွေးနေ့။ဒါပေမဲ့ သူလက်ခံခဲ့ပါတယ်.. သူ့အိမ်မက်တွေရှိသေးတယ်လေ။ ဂျစ်ကန်ကန် ကလေးကို ထိန်းရမယ့်အပြင် သူ့မိတ်ဆွေတွေကလည်း မွေးနေ့ပါတီကို ဘော်ဒါ စိတ်အပြည့်နဲ့ ဖန်တီးခဲ့တာဆိုတော့ ဖရန့်တစ်ယောက် ဘယ်လိုတွေတိုင်လည်မလဲ၊ ကလေးနဲ့ဘယ်လို လုံးပါးပါးမလဲ ဆိုတာကိုတော့ ဆက်ကြည့်လိုက်ပါတော့နော်။ ရယ်ရယ်မောမောနဲ့ပေါ့ပေါ့ ပါးပါးကြည့်ရှုရမယ့်ကားလေးဖြစ်တာမို့ မိသားစုနဲ့အတူ ကြည့်ရှုအပန်းဖြေနိုင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size..........(2.29 ...
movie

Babysitting (2014)

2014
[18+] Going Places (1974) 7.2
[18+] Going Places (1974) [18+] Going Places (1974)~ IMDb - 7.2/10, Rotten Tomatoes - 73% ~ဂျင်ကလော့ဒ်နဲ့ ပီရော့တို့နှစ်ယောက်က လူဆိုးတွေပါ၊ ခိုးသင့်တဲ့နေရာဆိုခိုး၊ လုသင့်တဲ့နေရာဆိုလု၊ လိမ်သင့်တဲ့နေရာဆိုလိမ်ပြီး စားဝတ်နေရေးဖြေရှင်းတတ်ကြတဲ့သူတွေဆိုတော့ လူလိမ်လား သူခိုးလား ဓားပြလား ပြောရခက်ပေမယ့် အစုံလုပ်ကြတဲ့နှစ်ယောက်ပါ။ကျွမ်းကျင်လှတဲ့ပညာရှင်ကြီးတွေမဟုတ်ပေမယ့် အဲ့ဒီအလုပ်ကိုကြုံသလိုလုပ်ပြီး ပြင်သစ်နိုင်ငံအနှံ့ခြေဆန့်နေကြပါတယ်။ ဒီလိုပဲလူငယ်လူရွယ် အပေအတေတွေပီပီ ကြုံရာလူနဲ့လည်း လိင်စခန်းသွားတတ်ကြသေးတော့ ကားခိုးမှုတစ်ခုမှာ မာရီအန်းဆိုတဲ့မိန်းမလှလေးတစ်ယောက်နဲ့ဆုံဖြစ်ခဲ့ကြပါတယ်။ ဒါပေမယ့်လဲ သူတို့နှစ်ယောက်ကတော့ အခြေချတည်ငြိမ်ဖို့စိတ်ကူးမရှိပဲ မာရီအန်းကိုပါ အပါခေါ်ပြီး ပြင်သစ်အနှံ့ပတ်မွှေဖို့ ခရီးဆက်ကြပါတော့တယ်။1974 မှာ ထွက်ရှိခဲ့တဲ့ ဒီ Going Places ဇာတ်ကားဟာ Road movie လို့ပြောမထားပေမယ့် Road movie စစ်စစ်ဖြစ်ပြီး၊ ဟာသတွေကလဲ Dark ဖြစ်တဲ့ဘက်ကိုသွားတဲ့အတွက် တစ်ချို့အခြေအနေတွေက ရယ်ရမလိုငိုရမလို ပြုံးတမဲ့မဲ့ဖြစ်နေရမယ့် ဟာသ-ဒရာမာ ကားကောင်းတစ်ကားဖြစ်ပါတယ်။သတိပေးချင်တာကတော့ ဇာတ်ကားထဲမှာပါဝင်တဲ့ ဇာတ်ကောင်တွေရဲ့အပြုအမူ၊အပြောအဆို၊ ...
movie

[18+] Going Places (1974)

1974
Nicky Larson and the Cupid’s Perfume (2018) 6.5
Nicky Larson and the Cupid’s Perfume (2018) Nicky Larson and the Cupid's Perfume (2018)IMDb 6.5 Crime/Comedyတော်ရုံတန်ရုံ ဟာသကားဆို ပြုံးရုံပဲပြုံးတတ်တဲ့ ကျွန်တော်တောင် တော်တော်ရယ်မိတဲ့ကားပါဗျာ။ ပြင်သစ်ကားတွေ ကောင်းရင် ရှယ်ကောင်းတယ်ဆိုတာ ဒီကားကလည်း ထပ်ပြီးသက်သေပြတယ်လို့ကိုဆိုရမယ့်ကားဗျ။ဇာတ်လမ်းအမျိုးအစားက မှုခင်းအက်ရှင်ဟာသကား‌ဆိုပေမဲ့ ဟာသက ဟာသသက်သပ်၊ အက်ရှင် အက်ရှင်သက်သက်ဖြစ်နေတာရယ်။ ပြောချင်တာကဗျာ ဟာသတွေ ပါလို့ဆိုပြီး အက်ရှင်တွေက ပေါ့မသွားဘူး၊ အက်ရှင်တွေ ပါလို့လည်း ဟာသတွေရဲ့ရသ လည်း ပျက်မသွားဘူး။တစ်ကားလုံး ဟာသလာပြီဆို ရှယ်ခွီ၊ အက်ရှင်လာပြီဆို ရင်ဖိုလိုက်နဲ့ ခွီလိုက် ဖိုလိုက်နဲ့ကို ကြည့်ရမှာ။ တကယ်ဗျာ အက်ရှင် ဇာတ်ကွက်တွေကလည်း 2018 ကလို့မထင်ရအောင် ဇာတ်ကွက်၊ ရိုက်ကွက်ကောင်းသလို၊ ဟာသတွေကလည်း ရိုးမနေဘူးဗျာ။ဇာတ်လမ်းအကျဉ်းလေးကိုပြောရမယ် ကြေးစာလက်ဖြောင့်သမားသာသာအလုပ်လုပ်နေတဲ့ နစ်ကီဆီကို မစ်ရှင်တစ်ခုလာအပ်ရာကနေ စတယ်ဆိုပါတော့။ နစ်ကီကို လာအပ်တဲ့ မစ်ရှင်ကဘာလဲ၊ အဲဒီမစ်ရှင်ကြောင့် ဘယ်လိုတွေဖြစ်ကြမှာလဲ၊ နစ်ကီကရော ဘယ်လိုဇာတ်ကောင်မျိုးလဲဆိုတာကို ဇာတ်ကားစလာတဲ့အခန်းတည်းက ...
movie

Nicky Larson and the Cupid’s Perfume (2018)

2018