Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Gerald Anderson
5.2
Unravel: A Swiss Side Love Story (2023)
Unravel : A Swiss Side Love Story (2023)ဘဝရဲ့ အခက်အခဲတွေများလာပြီး မွန်းကျပ်လာတဲ့အခါမျိုးမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ်တွေပေါက်တတ်ကြတယ်မလား၊ ဒီလို သတ်သေချင်တဲ့သူတွေကို သူတို့ရဲ့ဆန္ဒတွေပြီးမြောက်သွားစေဖို့ ကူညီပေးတဲ့ ဆေးရုံက ဆွဇ်ဇာလန်နိုင်ငံမှာ တည်ရှိပြီး ဒီလိုကူညီပေးတာဟာ သူတို့နိုင်ငံမှာတော့ တရားဝင်ပါတယ်။ လူစီလို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်ဟာ မိသားစုပြဿနာလေးတွေကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့အတွက် ဆွဇ်ဇာလန်နိုင်ငံက အဲဒီဆေးရုံကို လာခဲ့ပြီး ဆွေးနွေးရာကနေ လူစီဟာ တကယ်ပဲ သတ်သေချင်ရဲ့လားဆိုတာကို ပြန်စဉ်းစားခိုင်းလိုက်ပါတယ်။ ဒီလိုနဲ့ ဆွဇ်ဇာလန်ကို လည်ပတ်ကြည့်ရင်း နိုအာဆိုတဲ့ကောင်လေးနဲ့ တွေ့ဆုံခဲ့ပါတော့တယ်။ နိုအာကတော့ လူတိုင်းကို ကူညီပေးတတ်သူဖြစ်ပြီးတော့ လူစီနဲ့တွေ့တော့ လူစီ့အကြောင်းတွေသိပြီးတဲ့နောက်မှာ လူစီရဲ့ဘဝကို ပြန်ရနိုင်ဖို့ အတက်နိုင်ဆုံး အစွမ်းကုန်ကူညီပေးပါတော့တယ်။ နိုအာက ဘယ်လိုတွေ ကူညီပေးပြီးတော့ နောက်ပိုင်းမှာ သူတို့နှစ်ယောက်ရဲ့ အခြေအနေတွေ ဘယ်လိုဖြစ်သွားမလဲဆိုတာကို အရိုအချိုလေးတွေနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Char Ou ပဲ ဖြစ်ပါတယ်။Genre..... Romance, Drama Quality…. 1080p | 720p File size… 1.5GB ...
movie
Unravel: A Swiss Side Love Story (2023)
2023
7.0
Everyday I Love You (2015)
CM ပရိတ်သတ်တွေထဲမှာLizquen ဖန်တေရှိလား...ဖိလစ်ပိုင်ကား ကြိုက်တတ်တဲ့သူဆိုရင်တော့ သူတို့စုံတွဲကို ကောင်းကောင်းသိမှာပဲ...သူတို့နှစ်ယောက်ကို ကြည့်တာနဲ့တင် စိတ်ချမ်းသာနေတာ...ဇာတ်လမ်းနာမည်ကတော့ "Everyday I love you" ပါ....အညွှန်း-အီသန်က တီဗီရှိုးတွေကို ဦးစီးရသူပါ...တစ်နေ့တော့ သူ့ကို ဘာကိုလော့ဆိုတဲ့ နယ်မြို့ကို သွားပြီး ရှိုးစီစဉ်ခိုင်းပါတယ်...သူ ဘာကိုလော့ကို သွားတဲ့ လမ်းမှာပဲ အွန်ဒရေးဆိုတဲ့ ကောင်မလေးနဲ့ ဆုံခဲ့ပါတယ်..သူက ကောင်မလေးကို မြင်မြင်ချင်း သဘောကျသွားပါတယ်...အွန်ဒရေးက တင်ဆက်သူ အလုပ်ကို ဝါသနာပါတဲ့ သူတစ်ယောက်ပါ...ဒီလိုနဲ့ အီသန်ဟာ သူ့ရှိုးအတွက် အွန်ဒရေးကို အကူအညီတောင်းခဲ့ပါတယ်...သူတို့နှစ်ယောက်က တဖြည်းဖြည်းနဲ့ သံယောဇဉ်တွေရှိလာခဲ့ပါတယ်...ဒါပေမဲ့ အွန်ဒရေးကတော့ ဒီအချစ်ရေးကို ရှေ့မဆက်ခဲ့ပါဘူး...ဘာလို့လဲဆိုတော့ သူ့ရဲ့ ငယ်ချစ်ဦး ထရစ်စတန် ဟာ သူနဲ့ ပြဿနာ ဖြစ်ပြီး အက်ဆီးဒင့်ဖြစ်ကာ ကိုမာရခဲ့ပါတယ်...အွန်ဒရေးဟာ ထရစ်စတန် သတိရချိန်ကို စောင့်နေတဲ့သူပါ...ထရစ်စတန် ကိုမာကနေ သတိရလာတဲ့အချိန်မှာတော့...အွန်ဒရေး အီသန်ကို ပဲ ရွေးချယ်မလား...အချစ်ဦးနဲ့ပဲ တစ်သက်လုံးနေသွားမလားဆိုတာကို ...
movie
2015
6.9
My Perfect You (2018)
My Perfect( ကိုယ့်ရဲ့ပြည့်စုံသူလေး)ဖိလစ်ပိုင်ဇာတ်ကားကိုမှ ကြိုက်တဲ့ ပရိတ်သတ်တွေရှိလား...ဒါဆိုရင်တော့ ဒီနှစ်မှာပဲ ထွက်ရှိထားတဲ့ "My perfect you" ဆိုတဲ့ ဇာတ်လမ်းနဲ့ မိတ်ဆက်ပေးချင်ပါတယ်...အညွှန်း- ဘန်းဆိုတဲ့ ကောင်လေးက ချစ်သူကို အရမ်းချစ်တဲ့ ကောင်လေးတစ်ယောက်...ဒါပေမဲ့ မမျှော်လင့်ဘဲ သူ့ချစ်သူရဲ့ ငြင်းပယ်မှုကို ခံလိုက်ရတဲ့အချိန်...နာကျင်မှုတွေကြောင့် အလုပ်တွေလဲပျက်ပြီး အလုပ်ထုတ်ခံလိုက်ရတဲ့ ဘန်း...သူ့ကို သူ့ကောင်မလေး ဘာလို့ ငြင်းခဲ့တာလဲ.... ဘန်းဟာ စိတ်ညစ်ပြီး ကားအရှိန်နဲ့ မောင်းခဲ့တယ်...ဒီလိုနဲ့ ကားမထိန်းနိုင်ဖြစ်ပြီး လျှိတစ်ခုထဲ ကျသွားခဲ့တယ်...ဘန်းဟာ ကားထဲက ထွက်ပြီး ယောင်လည်လည်နဲ့ အပန်းဖြေစခန်းတစ်ခုထဲရောက်သွားတယ်...အဲ့အပန်းဖြေစခန်းရဲ့ ပိုင်ရှင်အဘီဆိုတဲ့ကောင်မလေးနဲ့ ဆုံခဲ့တယ်...အဘီနဲ့ ဘန်း သံယောဇဉ်တွေဖြစ်ခဲ့တယ်.. ဒါပေမဲ့ ဘန်းရဲ့ အချစ်ဇာတ်လမ်းက တည်မြဲပါ့မလား....ဒီဇာတ်လမ်းထဲက ရတာက လူတိုင်းပြဿနာတွေနဲ့ နေ့စဉ် မိတ်ဆွေဖြစ်ရတာ သိခဲ့ပါတယ်...ကိုယ့်ကိုကိုယ်ချစ်တတ်ဖို့ သင်ယူနိုင်ခဲ့တယ်...CM ပရိတ်သတ်ကြီး "My perfect you" ဆိုတဲ့ ဇာတ်လမ်းလေးကို အားပေးကြပါဦးနော်.... Qty ...
movie
My Perfect You (2018)
2018
6.8
Can We Still Be Friends? (2017)
"အချစ်စစ်မှာ ပြီးပြည့်စုံမှုကိုတောင်းဆိုနေတာဟာ သိပ်ကိုရူးမိုက်တဲ့လုပ်ရပ်ပါပဲ"တဲ့ Movieထဲကအကြိုက်ဆုံးစာသားလေးပါ…ဇာတ်လမ်း အကျဉ်းလေးကတော့ ဒီလိုပါ… ဆမ်နဲ့ဒစ် ဟာ တွဲလာကြတာ ၈နှစ်ကြာပြီဖြစ်ပြီး တစ်အိမ်တည်း အတူနေထိုင်ကြတဲ့ စုံတွဲတစ်တွဲပေါ့... ဆမ်(မင်းသမီး)ကတော့ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်ပြီး ဒစ် (မင်းသား)ကတော့ဝင်ငွေချောက်တိ ချောက်ချက်ရတဲ့ Comicရေးသူပါ…ဆမ်နဲ့ဒစ်ဟာတစ်ယောက်နဲ့တစ်ယောက်ချစ်ခင်ကြပေမယ့် ဒစ် ဟာပေါ့ပေါ့နေတတ်သူဖြစ်တာကတစ်ကြောင်း… ပုံမှန်ဝင်ငွေလည်းမရတာတစ်ကြောင်းကြောင့် အိမ်စရိတ်တွေ အိမ်မှုကိစ္စတွေအားလုံးဟာ ဆမ့်တစ်ယောက်တည်းအပေါ်မှာပဲအမြဲကျရောက်နေတဲ့အချိန်…ဆမ်ကလည်းမိန်းကလေးပီပီ ရုံးကသူငယ်ချင်းကိုအားကျပြီး ချစ်သူရဲ့ဂရုစိုက်မှုတွေ စပရိုက်တွေ ကိုလာတွေ မျှော်လင့်လာမိရာက…သူတို့နှစ်ဦးလမ်းခွဲတဲ့အထိဖြစ်လာရပါတယ်…လမ်းခွဲပြီးနောက် ဆမ်ဟာ သူ့ရဲ့စိတ်ကူးယဉ်မင်းသားပုံစံ ဆရာဝန် ဥစ္စာပေါ ရုပ်ချော စပရိုက်တွေလည်းလုပ်ပေးတတ်တဲ့ ယောက်ျားတစ်ယောက်နဲ့ တွေ့တဲ့အခါ....ဆမ်ဟာပျော်ရွှင်သွားရတော့မှာလား??? ဒစ်ကရော ပြောင်းလဲလာမှာလား??? ဘာ ညာ ကိုတော့ ပရိသတ်ကြီးဘာသာပဲရှုစားလိုက်ဖို့ "Can we still be friend?" ဆိုတဲ့ ဖိလစ်ပိုင်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကိုဘာသာပြန် တင်ဆက်လိုက်ပါတယ်ဘာသာပြန်နဲ့အညွန်းကတော့ မေသဇင်မြင့် ဖြစ်ပါတယ် QTY - web dl 720pFormat - Mp4 (×264)Duration - 1hr53minSubtitle - Myanmar HardsubGern - RomanceTranslator - May Thazin ...
movie
Can We Still Be Friends? (2017)
2017