Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
George Zlatarev
5.5
Sniper: Legacy (2014)
Sniper Legacy (2014) ဇာတ်ကားဟာ 2011 ခုနှစ်ထွက်Sniper Reloaded ရဲ့အဆက်ဖြစ်ပြီး ရှေ့ကားရဲ့ ခြေရာကိုကောင်းကောင်းလိုက်နင်းထားနိုင်တဲ့ Sniper အသားပေးAction ဇာတ်ကားကောင်းပဲ ဖြစ်ပါတယ်။အရင်ကားထဲက မင်းသားကျော် သရုပ်ဆောင်ထားတဲ့Brandon Beckett ဟာ ဒီကားထဲမှာလဲ အဓိကအနေနဲ့ဆက်လက်ပါဝင်နေတုန်းပါပဲ။ဇာတ်လမ်းလေးရဲ့အစမှာတော့ ယခင်စစ်သားဟောင်းတစ်ယောက်က အကြောင်းတစ်စုံတစ်ခုကြောင့်အာဖဂန်နစ္စတန်က မစ်ရှင်တစ်ခုမှာ ပါဝင်ခဲ့ဖူးတဲ့ အရာရှိတွေအားလုံးကို တစ်ယောက်ပြီးတစ်ယောက် လိုက်လံလုပ်ကြံနေတာနဲ့ စထားပါတယ်။ သူ ဘာအကြောင်းတွေကြောင့်ဒီလိုလုပ်ကြံနေတာလဲ။ အဲဒါတွေကို အဖြေရှာဖို့ မင်းသားရဲ့ဆရာအပေါ် တာဝန်ကျလာတဲ့အခါမှာ မင်းသားနဲ့ ဘယ်လိုပူးပေါင်းပြီး အဖြေရှာမလဲ သူတို့ရဲ့ ရည်မှန်းချက်ကရောအောင်မြင်မှာလား မင်းသားရဲ့အဖေ တစ်ချိန်က နာမည်ကျော်Sniper ဖြစ်ခဲ့တဲ့သူကရော နောက်ကွယ်မှာ ဘာအကြောင်းတွေရှိနေမှာလဲ မင်းသားအနေနဲ့ လုပ်ကြံမှုတွေကို တားဆီးနိုင်ပါ့မလားစတာတွေကို ပစ်ခတ်ခန်း အကောင်းစားတွေနဲ့ R rating အဆင့်မျိုးကြည့်ရမှာဖြစ်လို့ အက်ရှင်ကားကြိုက်သူတွေ ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်..... File size…2.14GB / 1.15GB Quality…WEB-Rip 1080p ...
movie
Sniper: Legacy (2014)
Alien Siege (2005)
Alien Siege (2005 )ဒီတစ်ခါ CM ပရိသတ်ကြီးတဲ့ ငယ်ငယ်တုန်းကခွေငှါးကြည့်ရတဲ့ အရသာရစေဖို့ ခွေဆိုင်ခေတ်က ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းက Sci-Fi အမျိုးအစားဖြစ်တဲ့အတွက် အဲ့ခေတ်က CGI မျိုးပဲသုံးထားတာဖြစ်ပြီး သူ့ဟာနဲ့သူတော့ ကြည့်ရမဆိုးဘူးလှပါဘူးဇာတ်လမ်းကလဲ ကမ္ဘာကြီးကိုဂြိုလ်သားတွေဝင်ရောက်လာပြီ ကမ္ဘာပျက်ဘေးကို ကာကွယ်ရမဲ့ Survival စတိုင်မို့ ဒီလိုဇာတ်ကားတွေကို ငယ်ငယ်တုန်းက ခွေထိုးကြည့်ခဲ့ရတဲ့ ကလေးဘဝအရသာလေးကို ရရှိမှာပါပဲဇာတ်လမ်းအကျဉ်းလေးကတော့ ကမ္ဘာကြီးကို ကူလ်ကူလို့ခေါ်တဲ့ ဂြိုလ်သားမျိုးနွယ်စုက ကျူးကျော်သိမ်းပိုက်နေပါတယ် သူတို့က လူနဲ့တော်တော်တူတဲ့ မျိုးစိတ်ဆိုပေမဲ့ နည်းပညာကတော့ အလင်းအလျင်နဲ့ ခရီးသွားနိုင်တဲ့ထိကို တိုးတက်နေပြီပဲ ဖြစ်ပါတယ် သူတို့မျိုးနွယ်မှာဖြစ်နေတဲ့ ရောဂါဗိုင်းရပ်စ်ပိုးကို လူသားတွေကိုပေါင်းခံပြီးရတဲ့အရည်နဲ့ပဲ ကုသနိုင်တာမို့ ကမ္ဘာကြီးကိုလာရောက်ကျူးကျော်တိုက်ခိုက်နေတာပါ နောက်ဆုံးမှာ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ဂြိုလ်သားမျိုးစိတ်တွေက လူသားသန်းရှစ်ဆယ်ကို ကူလ်ကူတွေကို ပေးအပ်ပြီး စစ်ပွဲကိုရပ်ဖို့ သဘောတူခဲ့ကြပါတယ် အမေရိကန်နိုင်ငံကတော့ လူပေါင်း ငါးသန်းပေးဖို့ ခွဲတမ်းကျပြီး မဲစနစ်နဲ့ရွေးချယ်ကာ ပေးအပ်ဖို့စီစဉ််ထားပါတယ် ကူလ်ကူနည်းပညာတွေကို လေ့လာနေတဲ့ သိပ္ပံပညာရှင် ဒေါက်တာချေ့စ်ရဲ့သမီးဟာ ခွဲတမ်းစာရင်းထဲ ရွေးချယ်ခံလိုက်ရတဲ့အခါမှာ သမီးကိုချစ်တဲ့ ဖခင်တစ်ယောက်အနေနဲ့ ...
movie
Alien Siege (2005)
2005
6.2
Septembers of Shiraz (2015)
အီရန်နိုင်ငံကို Revolutionary Guards လို့အမည်ရတဲ့ အစ္စလမ်မစ်အစွန်းရောက်ဝါဒီတွေသိမ်းပိုက်လိုက်တဲ့အတွက် ယခင်အစိုးရနဲ့အဆက်အစပ်ရှိတဲ့သူတွေကို ပစ်မှတ်ထားပြီးလိုက်လံဖမ်းဆီးနေပါတယ်။နိုင်ငံအနှံ့မှာ ဆူပူသောင်းကျန်းမှုတွေဖြစ်နေကြပြီး ထင်ရာစိုင်းတဲ့အစွန်းရောက်အဖွဲ့ရဲ့ဒဏ်ကိုအလူးအလဲခံစားရနေရတယ်။ အစ်ဇက်တို့မိသားစုဟာကျောက်မျက်ရတနာလုပ်ငန်းလုပ်ကြပြီး ကြွယ်ဝချမ်းသာတဲ့မိသားစုဖြစ်ပါတယ်။တစ်နေ့ အစ်ဇက်အလုပ်လုပ်နေတုန်းမှာ Revolutionary Guards ကလာဖမ်းသွားပါတယ်။ခင်ပွန်းဖြစ်သူနဲ့တွေ့ရဖို့အတွက် ဖာနက်ဇ်မှာ နည်းမျိုးစုံနဲ့ကြိုးစားပေမယ့်မအောင်မြင်ပါဘူး။နီးစပ်တဲ့သူတွေနဲ့ ဆွေးမျိုးရင်းခြားတွေကလည်းလိုက်ဖမ်းလို့ထွက်ပြေးရတဲ့ အတွက်ဘယ်သူ့မှ အကူအညီမပေးနိုင်ပါဘူး။ ဒီလိုအသည်းအသန်ကြိုးစားနေချိန်မှာ ခင်ပွန်းဖြစ်သူရဲ့လုပ်ငန်းကို လူယုံက အပိုင်သိမ်းသွားတယ်။ထောင်ထဲမှာ အကျဉ်းသားတွေကို နည်းမျိုးစုံနဲ့နှိပ်စက်မေးမြန်းဒဏ်ကိုမခံနိုင်တဲ့အဆုံးမှာအစ်ဇက်ဟာ ပိုင်ဆိုင်တာအကုန်ပေးမယ် သူ့ကိုလွတ်ပေးပါလို့ကမ်းလှမ်းတယ်။ဒီကမ်းလှမ်းချက်ကိုတစ်ဖက်ကလည်းလက်ခံခဲ့တယ်။ အကျဉ်းထောင်ကနေလွတ်လာတဲ့အစ်ဇက်ဟာ တစ်ချိန်မှာသူ့ကိုပြန်လာဖမ်းနိုင်တာကိုသိတဲ့အတွက် နိုင်ငံကနေထွက်ပြေးဖို့ကြိုးစားပါတော့တယ်။ File size…1.75 GB/ 703MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 50m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie
Septembers of Shiraz (2015)
5.7
I Spit on Your Grave 2 (2013)
I Spit On Your Grave 2 ==================ဒီဇာတ်ကားရဲ့ ပထမတစ်ကားဖြစ်တဲ့I Spit On Your Grave ကို ကြည့်ဖူးမယ်ဆိုရင်ဒီကားဟာ လက်စားချေတဲ့ကားဆိုတာ သိကြမှာပါ။ကိုယ့်ကိုအုပ်စုဖွဲ့ မုဒိမ်းကျင့်သွားသူတွေကိုပြန်လက်စားချေဖို့ကြိုးစားတဲ့ horror ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားမှာတော့ မော်ဒယ်တစ်ယောက်ဖြစ်တဲ့ကေတီ ဟာ အပို၀င်ငွေလေးရဖို့ စားသောက်ဆိုင်တစ်ခုမှာအချိန်ပိုင်း အလုပ်၀င်လုပ်နေတာဖြစ်ပါတယ်။ဒါပေမယ့် မော်ဒယ်လောကမှာ သူ့နာမည်ထင်ပေါ်ချင်တာကြောင့်အခမဲ့ဓာတ်ပုံအရိုက်ခံမယ့် ကြော်ငြာတစ်ခုလုပ်ခဲ့ပါတယ်။ဒီလိုနဲ့ ဘူဂေးရီးယန်းညီအစ်ကို ဓာတ်ပုံဆရာတွေနဲ့ တွေ့ဆုံခဲ့ပြီးသူတို့တွေဟာ ကေတီကို အလွန်အမင်း စွဲလမ်းသွားကြပါတယ်။ဒါပေမယ့် ကေတီရဲ့ အပေါ်ပိုင်းဗလာပုံရိုက်ဖို့ တောင်းဆိုလာတဲ့အခါမှာကေတီက ဓာတ်ပုံရိုက်တဲ့နေရာကနေ ထွက်လာခဲ့ပါတယ်။ဒီလိုနဲ့နောက်ပိုင်းမှာ သူတို့လုပ်ရပ်တွေတစ်စတစ်စပိုပိုဆိုးရွားလာခဲ့ပြီးမုဒိမ်းကျင့်တဲ့အခြေအနေအထိဖြစ်သွားခဲ့ပါတယ်။အဲဒါကြောင့်ကေတီလည်း သူ့ကိုမုဒိမ်းကျင့်ပြီး လွတ်မြောက်နေကြတဲ့အဲဒီဓာတ်ပုံဆရာတွေကို တဖန်ပြန်ပြီး လက်စားချေဖို့ကြိုးစားပါတော့တယ်။ File Size : 1.67GB, 803MB Quality : Blu-Ray 1080p , 720p format ...
movie
I Spit on Your Grave 2 (2013)
6.6
The Expendables 2 (2012)
The Expendables ဟာ လူတိုင်းနီးပါးကြည့်ပြီးသား ကြိုက်ပြီးသားကားဆိုပေမယ့်ဆရာကြီး Sylvester Stallone ကတော့ သိပ်ကျေနပ်ပုံမရပါဘူး။အဲဒါနဲ့ပဲ ပိုပြီးပြည့်စုံခမ်းနားသွားမယ့် The Expendables Director's Cut ဆိုတာကို ထပ်မံထုတ်လုပ်ခဲ့ပါတယ်။မင်းသားကြီးများပြီး အပျော်ကြည့် ရုပ်ရှင်ကားတစ်ကားအနေနဲ့ကြည့်ရှုသူများပြားခဲ့တဲ့ The Expendables ရဲ့ Director's Cut မှာထူးခြားသွားတာက Character တွေကို ပိုပြီး အလေးပေးဖော်ပြထားတယ်၊ရုပ်ထွက်တွေ၊ အသံတွေ အရင်မူရင်းဗားရှင်းထက် ပိုပြီး ကြည်လင်ပြတ်သားသလိုကြည့်ရတာကလည်း ပိုပြီး ချော့မွေ့သွားတယ်လို့ ခံစားရလိမ့်မယ်။ဇာတ်လမ်းက နည်းနည်းလေး ပိုရှည်သယောင်ယောင်ဖြစ်နေရတာကလည်းဒိုင်ယာလော့တွေ၊ ဇာတ်ကွက်တွေကို ပိုပြီး အချိန်ပေးထားတာကြောင့်ဖြစ်ပါတယ်။ဒါကြောင့် အရင်က ကြည့်ရ ထောက်နေတာတွေ၊ ဟာနေတဲ့ ဇာတ်ကွက်တွေနာမည်ကြီးမင်းသားတွေရဲ့ Screen Time နည်းတာတွေက ဒီဗားရှင်းမှာဖြေရှင်းပြီးသားဖြစ်သွားပါတယ်။ပြီးတော့ ယခင်ဗားရှင်းထက် အနည်းငယ်ထူးခြားသွားတာကိုတော့ ကြည့်ရှုရင်းနဲ့ပဲ အဖြေရှာကြပါလို့ ညွှန်းဆိုလိုက်ရပါတယ်။ Quality__1080p HEVC IMDb Rating__6.6/10 Format__mp4 Duration__1h43min Type__Action, Adventure, Triller Subtitle__Myanmar Subtitle (Hardsub) Encoded ...
movie
The Expendables 2 (2012)
2012
HEVC 1080p 5.1
6.7
Jarhead: Law of Return (2019)
Jarhead: Law of Return (2019)======================IMDb Rating 6.7/10 ထိရရှိထားတဲ့ ဇာတ်လမ်းကောင်းတစ်ခုပါ။#Unicodeဒီဇာတ်ကားကို Poster စကြည့်ခဲ့တုန်းက သာမန်စစ်ကားလောက်ပဲထင်ခဲ့မိတာ။ စဖွင့်ကတည်းကစပြီးတော့ကို actionဆန်ဆန်ရိုက်ကူးမှုတွေနဲ့စထားခဲ့ပြီး ဇာတ်လမ်းကို ဇာတ်ရှိန်စမြှင့်ပေးတယ်။ ဖြစ်စဉ်က အဆင့် ၇ ရှိ ဆာဂျင်ဒေ့တောရစ်သူက မြောက်ကယ်ရိုလိုင်းနား လီဂျူးနီ အခြေစိုက်စခန်းရဲ့ဒုတိယရေတပ်တပ်ရင်း M-SOIT အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်တယ်။သူဦးဆောင်တဲ့ အဖွဲ့က အစ္စရေးကိုစေလွတ်ပြီး ပူးပေါင်းလေ့ကျင့်စစ်ဆင်ရေးကိုပါဝင်ရပါတယ်။သွားတာတော့ လေ့ကျင့်ရေးအတွက်ပေမယ့် အစ္စရေးလေတပ်က လေယာဥ◌်မောင်းလေ့ကျင့်ရင်း စီးရီးယားဘက်ကနေဒုံးနဲ့ချောင်းမြောင်းပစ်ခတ်ချင်းကိုခံရပါတယ်။ အရှေ့ဘက် လေယာဥ◌်မောင်းက တစ်ခါတည်းသေဆုံးပြီးအနောက်ဘက်ကထိုင်တဲ့ မေဂျာဂျက်ဆင်ကတော့ လေယာဥ◌်ထဲကနေ အရေးပေါ်ခလုတ်နှိပ်ပြီးထွက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်းစီးရီးယားအကြမ်းဖက် အရှာဘတ်ကလိုက်လံရှာဖွေဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။ ဒါကို တောရစ်တို့အဖွဲ့နဲ့အစ္စရေး စစ်တပ်ကအဖွဲ့တို့ပူးပေါင်းကယ်တင်ဖို့ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီကယ်ဆယ်ရေးဖြစ်စဥ◌်ကိုကြည့်ရှုရတာဟာ တကယ့်ကိုစိတ်ဝင်စားစရာဖြစ်ပြီးကျွန်တော်ထုတ်မပြောခဲ့တဲ့ စိတ်ဝင်စားစရာအပိုင်းတွေအများကြီး အများကြီးကို ဆက်တိုက်ကြည့်ရှုရမှာပါ။ ကောင်းလွန်းလို့ CMပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်ဗျာ။ တစ်ခုမှာချင်တာက မျက်ရည်လေးတော့ခိုင်အောင်ထားပေါ့ဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းကို San Win Maungရေးသားပေးပြီး ဘာသာပြန်ပေးသူကတော့ Z ...
movie
Jarhead: Law of Return (2019)
2019