Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
George Mariyan
6.6
Election (2024)
Election (2024) =============ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ 2024 ခုနှစ်မှာထွက်ရှိထားတဲ့ Election ဆိုတဲ့ ကားလေးပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားလေးကိုတော့ Thamizh က ရိုက်ကူးပေးထားပြီး အဓိကဇာတ်ဆောင်အနေနဲ့ Vijay Kumar အပြင် Preethi Asrani, Richa Joshi, George Maryan, Pavel Navageethan, Dileepan နဲ့ Rajeev Anand စတဲ့ သရုပ်ဆောင်ပေါင်းများစွာလည်း ပါဝင် သရုပ်ဆောင်ပေးထားပါတယ်။ IMDb rating အနေနဲ့ကတော့ 6.6 အထိ ရရှိထားပါတယ်။ဒီဇာတ်လမ်းလေးမှာဆိုရင် နိုင်ငံရေးသမားတွေ ကြုံတွေ့ရတဲ့ အခက်အခဲ စိန်ခေါ်မှုတွေနဲ့ ဆုပ်လည်း စူး စားလည်း ရူးအခြေအနေတွေကိုပါ မီးမောင်းထိုးဖော်ပြထားတာမလို့ Political thriller ကားကောင်းကောင်းလေးမှ ကြည့်ချင်ပါတယ်ဆိုတဲ့ ပရိသတ်တွေကိုတော့ အကြိုက်တွေ့စေမှာပါ။ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရမယ်ဆိုရင်တော့ အဓိကဇာတ်ကောင်ဖြစ်တဲ့ နာဒါရာဆန်ဟာ နိုင်ငံရေးကို စိတ်မဝင်စားပေမဲ့ နောက်တော့ သူ့အဖေဂုဏ်ယူရအောင်ဆိုပြီး ရပ်ကွက်ကောင်စီဥက္ကဌနေရာအတွက် ဝင်ပြိုင်ပါတော့တယ်။ ဒီလိုမျိုး ရွေးကောက်ပွဲတွေနဲ့အတူ ရှုပ်ထွေးလွန်းလှတဲ့ နိုင်ငံရေးလောကထဲကို နာဒါရာဆန်တစ်ယောက် ခြေချလိုက်တဲ့အခါမှာတော့ ...
movie
Election (2024)
2024
8.1
Thadam (2019)
Thadam (2019) "ဟာကွက်"IMDb 8.1 အထိရထားတဲ့ တေလဂူး မှုခင်း/လျှို့ဝှက်သည်းဖိုရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် မင်းသား Arun Vijay က ဒီရုပ်ရှင်မှာ နှစ်ကိုယ်ခွဲဇာတ်ရုပ်အဖြစ်သရုပ်ဆောင်ပြီး တေလဂူးရုပ်ရှင်ပွဲတိုင်းကျော် 'ယိုဂီဘာဘူ' လည်း ပါဝင်ထားပါတယ်အေဟီလ်က ဆောက်လုပ်ရေးအင်ဂျင်နီယာတစ်ယောက်၊ အိပ်မက်တွေနဲ့လူဖြစ်ပြီး ချစ်ရသူနဲ့ တစ်အိုးတစ်အိမ်တည်ဆောက်ဖို့ ကြံရွယ်ထားတဲ့ လူရည်လူမွန် ကာဗင်ကတော့ ဆန့်ကျင်ဘက်၊ အသေးစားလူလိမ်ဆိုပေမယ့် သူများကို လိမ်လည်လှည့်ဖြားတဲ့ နေရာမှာ တစ်ဖက်ကမ်းခတ်နေသူ၊ လောင်းကစားနွံမှာ နစ်နေတဲ့ လူလေလူလွင့်တစ်ယောက် မိုးသည်းတဲ့ ညတစ်ညမှာ လူတစ်ယောက်အသတ်ခံလိုက်ရတဲ့အခါ ဓာတ်ပုံသက်သေတစ်ခုကြောင့် အေဟီလ်ကို သံသယတရားခံအဖြစ် ခေါ်ယူမေးမြန်းခံရတယ်သိပ်မကြာခင်မှာပဲ အေဟီလ်နဲ့ ချွတ်စွပ်တူနေတဲ့ ကာဗင်ပါ မူးပြီးကားမောင်းမှုကြောင့် စခန်းရောက်လာတဲ့ အချိန်မှာတော့ ...အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ~ ToMo ~ Alex ~ V ~ KKKZ တို့ ဖြစ်ပါတယ် File size… 2.11GB / 891MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h ...
movie
Thadam (2019)
2019
8.6
Manjummel Boys (2024)
Manjummel Boys(2024) ( အသွားမတော်ကြသူများ)ဒီတစ်ခါ ပရိသတ်ကြီးကို တင်ဆက်မဲ့ကားလေးကတော့ IMDb 8.6/10 ရရှိထားတဲ့အပြင် ရုံတင်ငွေကလဲ ကုဋေ၂၀၀ကျော်ပြန်လည်ရရှိထားတဲ့ survival thriller ကားလေးပဲဖြစ်ပါတယ်။ ဒီကားလေးဟာ ၂၀၀၆ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေတည်ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။လူစုပြီး ခရီးသွားတဲ့အခါ တစ်ဖက်မှာလည်း ပျော်စရာကောင်းသလောက် တစ်ဖက်မှာလည်း အန္တရာယ်တွေနဲ့ကြုံပြီး မဆုံးနိုင်တဲ့အဖြစ်ဆိုးတွေ ကြုံတတ်ကြတာကို သိကြမှာပါ။ဒီဇာတ်လမ်းလေးမှာကတော့ အပျော်လွန်သွားကြတဲ့ လူတစ်စု ခရီးသွားရင်းတားမြစ်နယ်မြေထဲရောက်ပြီး အဖွဲ့ထဲကတစ်ယောက် အန္တရာယ်ကြုံလိုက်ရတာကို ပြန်ကယ်ဖို့ကြိုးစားတာကို ကြည့်ရှုရမှာပါ။ လူငယ်ပီပီစူးစမ်းချင်ဇောများပြီး အကြောက်အလန့်မရှိကြတဲ့သူတို့ တကယ်အန္တရာယ်ကြုံလာတဲ့အခါ အယူအဆတွေနဲ့ ထိပ်တိုက်တွေ့ပြီး သူငယ်ချင်းကို ပြန်ကယ်ဖို့ဖြစ်လာပါတော့တယ်။ဘယ်လိုမှ မတတ်နိုင်တဲ့အဆုံး ရဲတွေ မီးသတ်တွေကို ရအောင် အကူအညီတောင်းရင်း သူငယ်ချင်းဖြစ်သူ ကျသွားတဲ့ တွင်းနက်ကြီးထဲကို ဘယ်သူမှမဆင်းရဲတာမို့ အဖွဲ့ထဲကတစ်ယောက်ပဲ ဆင်းကယ်ရမဲ့အခြေအနေဖြစ်လာခဲ့ပါပြီ။ ဆင်းလေလေ မဆုံးနိုင်တဲ့ တွင်းနက်ကြီးထဲ တကယ်ပဲ သူ့သူငယ်ချင်းကို ကယ်နိုင်သွားမလား။ လူတွေ ကြောက်ကြတဲ့အတိုင်း ကျသွားပြီးရင် အစအနပြန်မရတဲ့ ဒီတွင်းထဲကနေ ထွက်လာနိုင်မလားဆိုတာတော့ ပရိသတ်ကြီးပဲ ဆက်လက် ကြည့်ရှုလိုက်ပါတော့နော်။အညွှန်းနဲ့ ဘာသာပြန်ကတော့ CM BOLLYWOOD ...
movie
Manjummel Boys (2024)
2024
7.6
Aayiram Porkaasugal (2023)
Aayiram Porkaasukal (2023) "ရွှေဒင်္ဂါးတစ်ထောင်"========================================စီအမ်ပရိသတ်တွေအတွက် ခွီလည်းခွီ ရယ်လည်းရယ်ရတဲ့ IMDb 7.7 ရ တမီလ်စကားပြော တောင်ပိုင်း ကျေးလက်ဟာသရုပ်ရှင်လေးတစ်ခု တင်ဆက်ပေးချင်ပါတယ်။အိန္ဒိယနိုင်ငံတောင်ပိုင်းမှာရှိတဲ့ ထရီချီဆိုတဲ့မြို့နားက ရွာလေးတစ်ရွာမှာ အိမ်ထောင်စု ၃၄၄ စုရှိပါတယ်။ အဲဒီရွာထဲမှာ အားလုံးက အလုပ်လုပ်ကြပေမဲ့ အန်နီမူသူဆိုတဲ့လူကတော့ အစိုးရက အလကားပေးတာတွေကိုပဲ ဂုံးဆင်းရှင်သန်ရင်း ဟင်းစားလိုရင်တောင် ဘေးအိမ်ကကြက်ကိုပဲ ခိုးဖမ်းချက်စားတဲ့ လက်ကြောမတင်း အလုပ်မလုပ်သူလူပျိုကြီးပါ။တစ်နေ့မှာတော့ သူ့ဆီကို သူ့ရဲ့ညီမက တခြားရွာမှာပြဿနာရှာထားတဲ့ သားဖြစ်သူသမီးလ်ကို အန်နီမူသူ့ဆီ အားကိုးတကြီးနဲ့ လာပြီး အပ်သွားခဲ့ပါတယ်။ သူ့ရဲ့တူတော်မောင် သမီးလ်ကတော့ ယဉ်ကျေးလိမ္မာကောင်လေးဖြစ်ပြီး ဦးလေးကိုလည်း ရိုသေကာ ရွာထဲကအပျိုတွေ အသားလွတ်ဝိုင်းကြိုက်တာခံရတဲ့ ရွာရဲ့စော်ကြည်ဘဲပေါ့။ဒီလိုနဲ့ သူတို့ရွာမှာ အစိုးရရဲ့ စီမံကိန်းနဲ့ အိမ်တိုင်းမှာ အိမ်သာဆောက်ဖို့ တွင်းတွေတူးကြရင်း အန်နီမူသူရဲ့တွင်းထဲကနေ ရွှေဒင်္ဂါး ၁၀၀၀ ပါတဲ့ မြေအိုးတစ်လုံးကို ရှာတွေ့ရာကနေ တစ်ရွာလုံး တစ်ယောက်တပေါက်နဲ့ တလွဲတွေဖြစ်ကြပါတော့တယ်...။(ဒီရုပ်ရှင်အတွက် ...
movie
Aayiram Porkaasugal (2023)
2023
6.5
Odavum Mudiyadhu Oliyavum Mudiyadhu (2023)
Odavum Mudiyadhu Oliyavum Mudiyadhu (2023) သရဲခြောက်သောရုပ်ရှင်ရုံကြီး(function(f,b,n,j,x,e){})();အတည်ပေါက်ကားတွေ ကြည့်ရတာများပြီး ပေါ့ပေါ့ပါးပါး ရီမောချင်တဲ့ပရိသတ်တွေအတွက် တမီလ်ဟာသသရဲကားလေးကို တင်ဆက်ပေးချင်ပါတယ်ဟာသသရဲကားဆိုပေမဲ့ သရဲဆိုတဲ့အတိုင်း နဲနဲတော့ခြောက်မှာပါနော် အဲ့တော့ ကြောက်လဲကြောက်ခွီလဲခွီနဲ့ ပျော်စရာကြီးဖြစ်နေမှာပါ ဇာတ်လမ်းအကျဉ်းလေးကတော့ ရုပ်ရှင်ရုံသရဲပါ အဆောင်ကနေခိုးထွက်လာတဲ့ကောင်မလေးတွေရယ် ကျောင်းလစ်ပြီး ရုပ်ရှင်လာကြည့်တဲ့ သောက်ကလေးတွေရယ် ရွာပြန်ဖို့ကားမရှိတော့လို့ ရုပ်ရှင်ရုံမှာ ရုပ်ရှင်ကြည့်ရင်းအိပ်ကြမဲ့ ရုပ်ရှင်ရူးတောသားတွေရယ် လင်ငယ်နဲ့ရုပ်ရှင်ရုံမှာလာချိန်းတွေ့တဲ့အတွဲရယ် စသည်ဖြင့်လူတအုပ်ကြီးက အမှတ်မထင် ရုပ်ရှင်ဝင်ကြည့်ဖြစ်တဲ့အချိန် အဲ့ရုံက လူများစွာသေထားပြီး မကျွတ်လွတ်သေးတဲ့ သရဲများရှိနေတဲ့အချိန်….. အားလုံးအတွက် ပေါ့ပေါ့ပါးပါးနဲ့ ဘယာနကရသနဲ့အတူ ဟဒယရွှင်ဆေးလေးကို CM Bollywood Team မှ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…1.67GB / 763MB Quality…WEB DL 1080p / 720p Format…mp4 Duration…. Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Odavum Mudiyadhu Oliyavum Mudiyadhu (2023)
2023
7.9
Leo (2023)
Leo (2023) "လီယို" IMDB-7.9/10King Khanရဲ့ Jawan(2023)နဲ့အတူပဲ အများမျှော်လင့်ထားကြတဲ့ Leo(2023)ရုံတင်ကားကြီးက ခုချိန်မှာတော့ WEB DLကြည်ရှင်းဗားရှင်အနေနဲ့ ထွက်ရှိလာပြီမို့ Quality Updateလေးကို တင်ဆက်ပေးလိုက်ပါတယ်...LCUဆိုပြီး ဒါရိုက်တာကြီး Lokesh Kanagarajရဲ့ Lokesh Kanagaraj's Cinematic Universeအဖြစ်နဲ့ Kaithi(2019)၊ Vikram (2022)ရုပ်ရှင်တွေနဲ့အချိတ်အဆက်ဖြစ်တဲ့ အခုLeo(2023)ထွက်ရှိလာတာကို တင်ဆက်ပေးလိုက်ပါတယ်။မင်းသားတွေကတော့ အားလုံးသိပြီးဖြစ်တဲ့ ဗီဂျေး၊ မင်းသားကြီး ဆန်ဂျေးဒတ်တို့အပြင် ဗီလိန်ဇာတ်ရုပ်နဲ့ နာမည်ကြီးလှတဲ့ ဘာဘူအန်တိုနီတို့နဲ့အတူ ဒါရိုက်တာလိုကတ်ရှ်ရဲ့ ထုံးစံအတိုင်း အက်ရှင်ခန်းတွေကို ရင်တလှပ်လှပ်ကြည့်ရှုခံစားရမှာပါ။ဇာတ်လမ်းအညွှန်းမြို့ထဲကို ဝင်လာတာကတော့ ဂေါ်ဇီလာကြီးမဟုတ်ပေမယ့် အတော်လေးဆိုးတဲ့ ဟိုင်အီးနားခေါ် ခွေးအကြီးပေါ့။ ပါဝါရိန်းဂျားတောင်မနိုင်ဆိုသလို ရဲတွေ တောခေါင်းတွေလည်းမနိုင်တော့ပါဘူး၊အဲဒီအချိန်မှာပဲ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော် မင်းသားတစ်ဖြစ်လဲ သောက်ကြမ်းကြီးမစ္စတာလီယိုရောက်ရှိ ထိန်းသိမ်းသွားပါတော့တယ်။လီယိုက အေးချမ်းတဲ့မြို့လေးမှာ မိသားစုလေးနဲ့အတူအေးအေးချမ်းချမ်းဖြတ်သန်းနေသူ ကော်ဖီဆိုင်ပိုင်ရှင်ပေါ့။ သေနတ်ဆိုတာ တာဝန်ရှိတဲ့သူတွေပဲအသုံးပြုကိုင်တွယ်တတ်တဲ့ ဒီမြို့လေးမှာ သေနတ်ကြောင့်သေတဲ့လူသတ်မှုဖြစ်ပါတော့တယ်။ဒီလိုလူဆိုးတွေရှိလာတာကို ကြားသိရတဲ့ ကော်ဖီဆိုင်ပိုင်ရှင် လီယိုတစ်ယောက် သူ့ကော်ဖီဆိုင်လေးထဲကိုပဲ လူဆိုးတွေကတန်းတန်းမတ်မတ်ကြီး ရောက်လာတဲ့အခါမှာတော့။ ဘာတွေဆက်ဖြစ်မလဲ ဘယ်လိုတွေ ကြမ်းပြရမ်းပြမလဲဆိုတာကို အိမ်မှာတင် အေးဆေးကြည့်ရှုအပန်းဖြေလို့ရအောင် ကျွန်တော်တို့ ချန်နယ်မြန်မာကနေ တင်ဆက်ပေးလိုက်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်)( ...
movie
Leo (2023)
2023
4K HEVC
7.8
Erumbu (2023)
Erumbu 2023 IMDb 7.7/10 Drama/Familyမိသားစုဇာတ်ကားကောင်းလေးတွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် ရသကောင်းလေး ပေးစွမ်းနိုင်မယ့် တမီးလ်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အန်နာဒူရိုင်ဟာ အိမ်အတွက် ရုန်းကန်ပြီးဝမ်းစာနေရှာနေရတဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်ပါတယ်။ အကြွေးပတ်လည်ဝိုင်းနေပြီး မိသားစုဝင်ခြောက်ယောက်စာကို ရှာဖွေနေရတာမလို့ တကယ်ကိုမလွယ်ကူလှပါဘူး။ဒါပေမဲ့လည်း သားဖြစ်သူမူသူးနဲ့ သမီးဖြစ်သူပန်ချီကို မရှိတဲ့ကြားကနေ စိတ်ချမ်းသာအောင်ထားပေးတဲ့ ဖခင်ကောင်းတစ်ဦးဖြစ်ပါတယ်။ မိထွေးဖြစ်သူနဲ့နေရတဲ့ သားနဲ့သမီးကို အတတ်နိုင်ဆုံးလိုတာတွေဖြည့်ဆည်းပေးပြီး သားနဲ့သမီးကလည်း ရုန်းကန်နေရတဲ့အဖေကို ပြန်ကြည့်ပေးတာမလို့ ငွေကြေးမပြည့်စုံပေမယ့်လည်း မေတ္တာတွေနဲ့လွှမ်းခြုံထားတဲ့မိသားစုလေးဖြစ်ပါတယ်။တစ်နေ့မှာ မိထွေးဖြစ်သူရဲ့အရေးပါတဲ့ရွှေလက်စွပ်တစ်ကွင်းဟာ မထင်မှတ်ပဲပျောက်သွားတဲ့အတွက်ကြောင့် မူသူးတစ်ယောက် ပြာယာခတ်သွားပါတော့တယ်။ အရေးပါတဲ့လက်စွပ်ဖြစ်ပြီး အိမ်ကသိရင်ပြဿနာတက်မှာဖြစ်တဲ့အတွက် အစ်မဖြစ်သူနဲ့အတူ သူငယ်ချင်းတွေကိုပါ အကူအညီတောင်းရင်း ရှာပုံတော်စရပါတော့တယ်။ မူသူးတို့မိသားစုလေး အစစအရာရာအဆင်ပြပါ့မလား။ ဘာတွေဆက်ဖြစ်ကြဦးမလဲ။ ဒီဇာတ်ကားလေးမှာ ဆက်ပြီးကြည့်ရှုပေးကြပါဦး။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni~BpL~Moon~Zwe Yan~Cherry တို့ပဲဖြစ်ပါတယ်။) File size…2.5GB / 1.3GB Quality…1080p True WEB DL / 720p Format…mp4 Duration….1h 44m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~BpL~Moon~Zwe Yan~Cherry
movie
Erumbu (2023)
2023
6.4
Run Baby Run (2023)
Run Baby Run (2023) IMDb 6.4ခြေနှစ်ချောင်းမကယ်ကောင်းတဲ့ သနားစိတ်ဝင်ပြီး ကယ်မိရာက အေးဆေးနေတဲ့ကိုယ့်ဘဝကို ငရဲကျအောင်လုပ်မိတဲ့ ဆပ်သရာ ..ဇာတ်လမ်းစစချင်းမှာကို ကျောင်းဆောင်ပေါ်က ကောင်မလေးတစ်ယောက်ခုန်ချသွားခဲ့တယ် နာမည်ကဆိုဖီယာတဲ့ သတ်သေတာလား လုပ်ကြံခံရတာလား...ဆပ်သရာကတော့ ဘာမှမသိဘဲခံရမဲ့ကောင်ပါ တစ်နေ့ .. သူ့ကားထဲမှာဘယ်ကမှန်းမသိတဲ့ကောင်မလေးရောက်နေပါတယ် သူ့နောက်ကိုလူတွေလိုက်လို့ပါဆိုပြီးတက်ပုန်းနေရင်းသူနဲ့တွေ့တယ်ပေါ့ ဖုန်းအားလေးသွင်းချင်လို့ လာကြိုတဲ့လူကိုစောင့်ချင်လို့ဆိုပြီး သူ့တိုက်ခန်းထဲရောက်လာပါတယ် ဆပ်သရာကသနားပြီး တစ်ညတည်းခိုခွင့်ပေးလိုက်မိရာက မနက်ရောက်တော့ အဲဒီကောင်မလေးကထူးဆန်းစွာသူတိုက်ခန်းထဲမှာသေဆုံးနေပါတယ် ဒီလိုနဲ့ရဲသူငယ်ချင်းရဲ့အကြံပေးမှုနဲ့ အလောင်းဖျောက်ဖို့လုပ်ရာကနေ ကြုံတွေရမဲ့ ဒုက္ခတွေ ကြားထဲမှာလည်း Plot Twist တွေ ပါတာကြောင့် မိသွားမလားဆိုတဲ့ခံစားချက်နဲ့ ကြည့်ရမဲ့ဇာတ်ကားကောင်းဖြစ်တာမို့ တင်ဆက်ပေးလိုက်ရပါတယ် File size…2.6GB / 1GB Quality…1080p WEB DL /720p Format…mp4 Duration….2h 11m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Yunni~Nyein Aye
movie
Run Baby Run (2023)
2023
7.5
Battery (2022)
Battery (2022)ဒီတစ်ခါတော့ တမီးလ်ရုပ်ရှင်လေးဖြစ်တဲ့ Batteryဆိုတဲ့ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေဇာတ်လမ်းရဲ့အစမှာတော့ ရဲအရာရှိပူဂေ့ (Senguttuvan) က ချန်နိုင်းရဲစခန်းမှာ မီးလောင်ထားတဲ့ လူသေလောင်းရှာတွေ့တဲ့အမှုနဲ့ပတ်သတ်ပြီး တွဲဖက်အင်စပက်တာအဖြစ်နဲ့ရောက်လာခဲ့ပါတယ် ရာထူးမြင့်တဲ့ ရက်သနန်(Jaypee)ကတော့ ပူဂေ့ရဲ့ပူးပေါင်းမှုကို အစမှာမနှစ်မြိုပေမယ့် အမှုကိုကိုင်တွယ်ရာမှာ ပူဂေ့ရဲ့ထက်မြက်မှုကိုအသိအမှတ်ပြုလာပါတယ်နှလုံးခုန်စက်တပ်ထားတဲ့လူနာတစ်ယောက်ကိုစစ်ဆေးမေးမြန်းရာမှ လွတ်သွားတဲ့အခါလိုက်ဖမ်းရင်း နှလုံးခုန်စက်တပ်ထားတဲ့သူတစ်ယောက်ကိုရှာနေတဲ့ အဘီရာမီလိုခေါ်တဲ့မိန်းကလေးတစ်ယောက်ကနဲ့ဆုံမိကြပါတယ် ဒီနှလုံးခုန်စက်က ဒီဇာတ်လမ်း ဒီအမှုမှာ ဘယ်လိုတွေဖြစ်လာမလဲ... မတူတဲ့နည်းလမ်းတွေနဲ့မျက်နှာဖုံးစွပ်ပြီးလိုက်သတ်နေတဲ့ လူသတ်သမားကရော ဘယ်သူဖြစ်မလဲ.. သူဘာကြောင့် ဒီလိုလိုက်သတ်နေရတာလဲ သူ့ကိုဖမ်းမိမလား မဖမ်းမိဘူးလားဆိုတာကို ဒီBatteryဆိုတဲ့ဇာတ်ကားလေးမှာ မြင်တွေ့ရမှာဖြစ်ပါတယ် File size…5GB / 1.9GB / 945MB Quality…4k UHD HEVC AAC5.1CH / 1080p AAC5.1CH / 720p Format…mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & Sora & Kevin Ag & Kham Mon & OeliuJ
movie
Battery (2022)
2022
4K HEVC Web-DL
7.2
Gulu Gulu (2022)
Gulu GuluIMDb-7.2/10လူတိုင်းမှာ ကူညီချင်စိတ်ရှိပါတယ် အနည်းနဲ့ အများပဲ ကွာကြတာ ဒါပေမယ့် ကိုယ့်ကိုယ်ထိခိုက်မယ်ဆိုရင်တော့ အားလုံးကစဉ်းစားကြမှာပါဒီကားထဲမှာတော့ သူ့ကိုဘယ်လိုပဲထိခိုက်ထိခိုက် ဘယ်လိုလူမျိုးကပဲ အကူအညီတောင်းတောင်း အမြဲကူညီပေးတဲ့ ဂူလူဘိုင်မိတဆိုး သိပ္ပံပညာရှင်ရဲ့သားလေး သူ့အဖေကသူ့ကို မချစ်ဘူးလို့ထင်ပြီး မွေးနေ့မှာ သူ့အဖေအချစ်စမ်းရအောင် သူငယ်ချင်းတွေကို ပြန်ပေးဆွဲခိုင်းတဲ့ မတ်ဒီဖခင်ရဲ့မျက်နှာကို နောက်ဆုံးအနေနဲ့ ကြည့်ရဖို့ပြန်လာတဲ့ မက်တီလ်ဒါအဖေတူအမေကွဲ အကိုတွေက နောက်အိမ်ထောင်နဲ့ရတဲ့ကလေးမို့ လက်မခံခါးခါးသီးသီးဖြစ်ပြီး တစ်ဖက်လှည့်နဲ့ ပြန်ပေးဆွဲခိုင်းပြီး အမွေတွေကိုအပိုင်သိမ်းဖို့ကြိုးစားခဲ့တယ်ပြန်ပေးဆွဲဖို့ ပုံပြတဲ့အချိန်မှာ နားလည်မှုလွဲပြီး မတ်ဒီနဲ့ မက်တီလ်ဒါကို မှားပြန်ပေးဆွဲမိတဲ့အချိန်မှာ....ဘယ်လိုတွေဖြေရှင်းကြမလဲ ဂူလူဘိုင်ကရော ဘယ်လို၀င်ကူညီမလဲဂူလူဘိုင်ဇာတ်ကောင်က ဆွဲခေါ်သွားမှာမို့ တစ်ကားလုံး ဆွဲဆောင်မှုအပြည့်နဲ့ကြည့်ရမယ့် ဇာတ်ကားလေးပါ File size…2.5GB / 1.2GB Quality…720p Format…mp4 Duration….2h 28m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & BpL & Yunni & Kevin & Yunni
movie
Gulu Gulu (2022)
2022
8.5
Kaithi (2019)
IMDb ratings : 8.5/10Genre : Action, ThrillerBudget ₹35 croreBox Office ₹106 croreဒီကားဟာ. . . သိပ်မကြာခင်ကမှ ရုံတင်သွားတဲ့ တမီးလ်မင်းသား ကာရ်သီ(Karthi)ရဲ့ Positive Reviews တွေကို ရရှိခဲ့တဲ့ ဇာတ်ကားကောင်း တစ်ကားပဲ ဖြစ်ပါတယ်။ရုံတင်စကတည်းက တာထွက်လှခဲ့တဲ့ကားဖြစ်ပြီး Diwali နေ့မှာ Release လုပ်ခဲ့တာ ဖြစ်ပါတယ်။ဇာတ်လမ်းကတော့....ညတစ်ညမှာ. . . မူးယစ်ဆေးတွေ ၊ လက်နက်ခဲယမ်းတွေကို မှောင်ခိုတင်ဆောင်လာတဲ့ ဗင်ကားတစ်စီးကိုအင်စပက်တာဘီဂျွိုင်းနဲ့အဖွဲ့က ဖမ်းဆီးပြီး ပစ္စည်းတွေ သိမ်းဆည်းရာကနေ ဇာတ်လမ်းကို စဖွင့်ထားပြီးဒီနောက်တော့. . . ရဲအရာရှိတစ်ယောက်ရဲ့ အိမ်မှာ အဲ့ဒီနယ်မှာရှိတဲ့ အရာရှိ အရာခံတွေ အားလုံးနီးပါး သောက်ကြစားကြ ပျော်ပါးကြပါတယ်။သိပ်မကြာခင်မှာ ဘီဂျွိုင်းကလွဲပြီး ၊ အရာရှိအားလုံး အရက်ကတဆင့် မူးယစ်ဆေးမိပြီး မှောက်ကုန်ကြတယ်။ဒီအချိန်မှာ ဘီဂျွိုင်းနားလည်လိုက်တယ်။ဒါဟာ ...
movie
Kaithi (2019)
2019
4K HEVC
7.6
Don (2022)
Don (2022)3 idiots လို vibe မျိုး ထပ်မံခံစား ကြည့်ရှုလိုသူတွေအတွက်Don ဆိုတဲ့ ကားသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။သားသမီးကို ချစ်ကြောင်း မပြသလိုတဲ့ ဖခင်တစ်ဦးရဲ့ အကျင့်စရိုက်၊အဲဒီအကျင့်စရိုက်အောက်မှာ သားဖြစ်သူက "အဖေဆီကနေ အချစ်မခံရဘူး" လို့တွေးမှတ်လာတဲ့အခါ ရင်ထဲက မုန်တိုင်း တစ်ခု ရှိလာပါတော့တယ်။ ၁၂ တန်းပြီးတဲ့အခါ ဖခင်ရဲ့ ဖိအားပေးမှုကြောင့် "Best Engineering College" ကိုသွားတက်ရင်း ကောလိပ်ကြော်ငြာနဲ့ လက်တွေ့က တခြားစီဖြစ်နေတာကို ကြုံလိုက်ရပါတော့တယ်။"တက္ကသိုလ်ရောက်တဲ့အခါ လုပ်ချင်တာလုပ်လို့ ရပြီ" ဆိုတဲ့ ဂျင်းတွေကို စားလာတဲ့ကျောင်းသားတွေကတော့ ဒီကောလိပ်ရောက်မှပဲ ထောင်ထဲရောက်သလို ခံစားလိုက်ရတဲ့အခါ.....ဆယ်ကျော်သက်တို့ သဘာဝအတိုင်း ဖိလေ ကြွလေဖြစ်တော့ ကျောင်းသားတစ်သိုက် ဆရာတွေကို ဘယ်လို ပညာပြန်ပြမလဲဆိုတာ ခံစားကြည့်ရှုရမှာပါ။ ဒီ Tamil language ကားလေးကတော့ Action, Comedy, Romance အမျိုးအစားဖြစ်ပြီးတက္ကသိုလ်ကျောင်းသားဘဝကနေ အိမ်ထောင်သည်ဘဝအထိ အဆင့်ဆင့်ဖြတ်သန်းခဲ့တာတွေ၊အဖေနဲ့သားကြား ဆက်ဆံရေးတွေကို ...
movie
Don (2022)
2022
7.7
Veerame Vaagai Soodum (2022)
Veerame Vaagai Soodum (2022)"သူတို့က လူချမ်းသာတွေပဲလေ ငါတို့ကဘာလုပ်နိုင်မှာလဲ" လူချမ်းသာဖြစ်တိုင်းပြစ်မှုကျုးလွန်ရင်တောင် လွတ်ကင်းခွင့်ရမှာလား အဲ့လိုပြစ်မှုကျူးလွန်သူတွေပေါ်ထွက်လာရတာက သူတို့ကို ကာကွယ်ပေးနေတဲ့သူရှိတယ်ဆိုတဲ့အချိန်ကစတင်တာပဲ"အလန်းစားဇာတ်ညွှန်းတွေ နာမည်ကြီးမင်းသားVishalအပြင် ရုံဝင်ငွေ ၁၇.၄ကုဋေထိရထားတဲ့\Rating 7.7 ထိရထားတဲ့ တမီးလ်ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်ဇာတ်လမ်းလေးကိုဆက်ရမယ်ဆိုရင် ပိုရပ်စ်ဟာ လက်ထောက်စုံထောက်ဖြစ်ချင်နေတဲ့သူပေါ့ကိုယ်တိုင်ကလည်းမတရားမှုကြုံလာရင် ငြိမ်မခံတတ်တဲ့သလို ဖခင်ဖြစ်သူရဲဌာနမှာတင်မှာသာမကလူချမ်းသာတွေ အာဏာအလွဲသုံးစားလုပ်မှုတွေကို မြင်တွေ့နေရတဲ့ချိန်အလယ်လတ်တန်းစားမိသားစုကလူတစ်ယောက်က အာဏာ အလွဲသုံးစားနေတဲ့ကိစ္စတွေကို မေးခွန်းထုတ်လာတဲ့အချိန်မှာ.....ဘယ်လိုတွေ စိတ်ဝင်စားဖို့ ကောင်းတဲ့အကြောင်းအရာတွေဆက်ဖြစ်မလဲဆိုတာကြည့်ပေးကြပါဦး File size…2.6GB/1.9GB Quality…1080p WEB DL/720p WEB DL Format…mp4 Duration….2h 46min Subtitle….Myamar Subtitle (hard sub) Encoder….YK Translated by CM Team
movie
Veerame Vaagai Soodum (2022)
2022
4.7
Annaatthe (2021)
Annaatthe 2021===============Drama/Actionအချစ်နဲ့စစ်မှာမတရားတာမရှိဘူးလို့ထင်တဲ့အယူအဆကိုယနေ့တိုင်လက်ခံထားတဲ့သူတွေရှိသလို၊လက်မခံထားတဲ့သူတွေဆိုတာလည်းရှိသပေါ့လေ။ လူတစ်ကိုယ် အကြိုက်တစ်မျိုးမို့ရှုထောင့်အထွေထွေနဲ့ရှုစားကြရာမှာအနီးစပ်ဆုံးမှန်သွားတယ်ဆိုတဲ့ဟာတွေကိုတစ်အုပ်စုခွဲပြီးမှတ်ရတာပေါ့။တမီးလ်ကားတွေကိုအရင်ကမြန်မာပေါကားတွေလောက်ပဲထင်ခဲ့ ဘောလိဝုဒ်ကိုမမီပါဘူးလို့ထင်ခဲ့မိပေမဲ့တကယ့်တမီးလ်ကားကောင်းတွေကိုကြည့်မိပြီးသွားတဲ့အခါ တမီးလ်ကားတွေကြည့်ရတာလည်းကျွန်တော်သဘောကျတတ်လာတယ်ဗျ။ တမီးလ်ကုလားကားဆိုတဲ့အတိုင်း သီချင်းလေးတွေပါကန်ရင်လေပေါ်လွင့်ထွက်သွားတာတွေက ယုတ္တိမတန်တာကလွဲရင် ကြည့်လို့လည်းကောင်းသလိုဇာတ်လမ်းဇာတ်ကွက်ကောင်းတာကိုတော့ တကယ်မချီးကျူးဘဲမနေနိုင်လောက်အောင်ပါဘဲ။ဒီကားလေးဟာလည်း ဇာတ်လမ်းအစကနေအဆုံးထိတောက်လျှောက်ဆွဲခေါ်သွားနိုင်စွမ်းရှိတဲ့တမီးလ်ကားကောင်းလေးတွေထဲကတစ်ကားပဲဖြစ်ပါတယ်။ ငယ်ငယ်တည်းကဆုံးပါးသွားတဲ့အဖေနဲ့အမေမရှိတော့တဲ့နောက်ပိုင်း တစ်ဦးတည်းသောညီမလေးကိုအချစ်တွေတိုးလို့ချစ်ခဲ့ရတဲ့ရွာသူကြီးအစ်ကိုကြီးတစ်ဦး၊ အစ်ကိုကြီးစကားဆိုတစ်သွေမတိမ်းနားထောင်တဲ့ညီမလေးအနေနဲ့အစ်ကိုကြီးအိမ်ထောင်ဖက်အသစ်ရှာပေးတာကိုကြည်ကြည်ဖြူဖြူလက်ခံဖို့စဉ်းစားရင်း၊ဘယ်လိုကနေဘယ်လို မြို့ပေါ်ကလူဆိုးဂိုဏ်းတစ်ခုနဲ့ပါရင်ဆိုင်သွားရမယ်၊ဘယ်နေရာမှဘယ်လိုဇာတ်လမ်းဇာတ်ကွက်လှည့်သွားမလဲဆိုတာကိုတော်တော်ကြည့်ကောင်းမယ့်ကားလေးကတော့ Annaatthe 2021 ပဲဖြစ်ပါတယ် File size…1.59Gb / 4GB Quality…720p WEBDL Format…Mp4 Duration….2h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….Yk Translated by San Thu Aung & Sai ThuRein Lynn
movie
Annaatthe (2021)
2021
8.6
Mandela (2021)
IMDb Rating (8.6)တောင်ဘက်နဲ့မြောက်ဘက် မတည့်တဲ့အပြင် အမျိုးဇာတ်ခွဲခြားမှုတွေနဲ့ ပြည့်နေတဲ့ ရွာလေးတစ်ရွာမှာ....ဇာတ်နိမ့်လို အိမ်ရှေ့က မ၀င်ရ....ခိုင်းတာလုပ် ကျွေးတာစား တစ်ရွာလုံးက အဖတ်မလုပ်တဲ့ ဘ၀နဲ့ရှင်သန်နေရတဲ့ စမိုင်းဆိုတဲ့ ဇာတ်နိမ့် ဆံပင်ညှပ်ဆရာတစ်ယောက်...ဒီလိုနဲ့...တောင်ပိုင်းနဲ့ မြောက်ပိုင်း ဥက္ကဌ ရာထူးအတွက် အကြိတ်အနယ် ယှဉ်ပြိုင်တဲ့ ရွေးကောက်ပွဲမှာ သူရဲ့မဲတစ်မဲဟာ အနိုင်အရှုး ဆုံးဖြတ်ပေးမယ့် မဲဖြစ်လာတဲ့ အခါမှာတော့ဒီမဲတစ်မဲကြောင့် သူရဲ့ဘ၀ ဘယ်လို ပြောင်းလဲသွားမလဲ....မဲတစ်မဲရဲ့တန်ဖိုးကြီးမားပုံနဲ့အတူ....ရွာနှစ်ခြမ်းရဲ့ပြိုင်ဆိုင်တင်းမာမှုတွေက ဘယ်လိုအခြေအနေဖြစ်သွားမလဲ...ဇာတ်နိမ့်တွေရဲ့ ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို ရသမြောက်အောင် ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်.. File size…(2.6 GB) and (1.7 GB) Quality….WEB-DL 1080p and 720p 5.1CH Format…mp4 Duration….02:25:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Ida
movie
Mandela (2021)
7.5
Bigil (2019)
(Unicode)တစ်နှစ်တစ်ကား ဆိုသလို တမီးလ်မင်းသား ဗီဂျေးရဲ့ ၂၀၁၉ထွက် ကားကောင်းတစ်ကားကို မြန်မြန်နဲ့ မှန်မှန် တင်ဆက်ပေးလိုက်ပါတယ်။Genere- Drama,Sport,ActionIMDb - 7.5/10တစ်ရပ်ကွက်လုံးရဲ့ အာဏာရှိ လူမိုက် မိုက်ကယ်၊ မိန်းမလည်း မရှိ၊ ကျားလည်းမကိုက်၊ သောက်သောက်စားစား လူရမ်းကားလေး။တနေ့တော့ သူ့သူငယ်ချင်း ကာဒီးရ်ဟာ အမျိုးသမီးဘောလုံးအသင်းရဲ့ နည်းပြအဖြစ်နဲ့ အသင်းအတူ ဒေလီသွားဖို့ သူ့ဆီ ဝင်ပါတယ်။မမျှော်လင့်ဘဲ မိုက်ကယ်ရဲ့ ရန်ကြွေးတွေကြောင့် နည်းပြဆရာ ကာဒီးရ်ကို ဓားချက်ထိခဲ့ရတယ်။ကြယ်ပွင့်လေး ၁၅ပွင့်ရဲ့ တစ်ဦးတည်းသော ကယ်တင်ရှင် နည်းပြကာသီဟာ တစ်နှစ်တာ အနားယူရမယ်လို့ သိလိုက်ရစဉ်မှာတော့.....-------------------------------------ဒီဇာတ်ကားထဲမှာတော့ ဗီဂျေးကို ဘောလုံးသမား၊ လူမိုက်ကြီး၊ နည်းပြ စသဖြင့် ပုံစံမျိုးစုံ မြင်ရပြီး အဖေလိုတစ်မျိုး သားလိုတစ်ဖုံ တွေ့ရမှာပါ။အဖေ ပေးတဲ့ ...
movie
Bigil (2019)
2019
7.1
Viswasam (2019)
Genre - Drama/Mystery IMDb Rating - 7.1/10 Google user - 88%တမီးလ်မင်းသားကြီး အာဂျီးကူးမားရဲ့ ယခုနှစ်မှာရုံတင်သွားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။မတင်တော့ဘူးလို့ ထားပေမဲ့ တောင်းဆိုသူတွေလည်းရှိနေတာမို့ တင်ဆက်ပေးလိုက်တာပါ။ဇာတ်လမ်းအကျဉ်း --------------------------သူကူးဒူရိုင်းဆိုတဲ့ လူလတ်ပိုင်းတစ်ယောက်...လူရမ်းကားကြီးတော့ မဟုတ်ရှာ။ဒါပေမဲ့ အားလုံးက ကြောက်ချစ်ရိုသေရသူပေါ့။ရွာဘုရားပွဲမှာလည်း သူအစီအစဉ် ချပေးမှ...ရွာသားတွေ အပေါ်လည်း ဩဇာညောင်းချက်ကနှစ်ယောက် မရှိ။ဘုရားပွဲကာလ ကျရောက်လာတော့....သူ့ဇနီးကို သွားခေါ်ဖို့ ပတ်ဝန်းကျင်က တိုက်တွန်းလာကြတယ်။"တချိန်က နင်တို့အတူ ဘုရားပွဲမှာ ပျော်ရွှင်ခဲ့ကြသလိုခုနေ ငါ မသေခင် မြင်သွားခဲ့ချင်သေးတယ်" တဲ့။သူ့အဖွားက ပြောရှာတယ်။မျက်နှာကိုသာ ပြုံးထားရတာရင်ထဲမှာတော့ မိုးတွေ ထစ်ချုန်းနေတာကို.. သူ ကိုယ်တိုင်ပဲ သိပါတယ်။နေရာဒေသတစ်ခုကို ခရီးထွက်ဖို့ ယူစရာတွေ လိုပေမဲ့အတိတ်ကအချိန်ကို ခရီးထွက်ဖို့တော့ ရင်ဘတ်တစ်ခုရှိရင် ရတယ်မဟုတ်လား။ရင်ထဲ ပူမိသမျှကို လူသိခံရမှာလည်း ခက်ပါရဲ့။တချိန်က ရပ်ရွာကို လာပြီး အခမဲ့ဆေးကုခန်းလေးလာဖွင့်ခဲ့တဲ့ အရမ်းလှတဲ့ ဆရာဝန်မလေး။ရပ်ရွာကို လာပြီး ဆေးကုခန်းလေး လာဖွင့်ခဲ့တာကသူကူးဒူရိုင်းရဲ့ ...
movie
Viswasam (2019)
2019