Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
George Kennedy
7.8
Charade (1963)
IMDb 7.8 , ခရမ်းချဉ်သီး RT 94%- Old But Gold ဖြစ်နေဆဲဖြစ်တဲ့ ဂန္တဝင်မြောက် ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Nominations အများကြီးပါခဲ့တဲ့အပြင် Best Motion Screenplay , Golden Plate Award နဲ့ Best British Actress ဆုတွေကို ဆွတ်ခူးခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။- ဒီဇာတ်ကားကို " ဂန္တ၀င် Legendary ဒါရိုက်တာကြီး Alfred Hitchcock မရိုက်ကူးခဲ့သော အကောင်းဆုံး Hitchcock ကား " ဆိုပြီး အဲခေတ်အခါက သတ်မှတ်ခံခဲ့ရပါတယ် ။ဆိုလိုချင်တာက Hitchcock ရိုက်ကူးလေ့ရှိတဲ့ပုံစံထဲမှာ အကောင်းဆုံးကား ဒါပေမယ့် Director ကတော့ Hitchcock မဟုတ်ဘူးဆိုပြီး ပြောချင်တာပါ။- ဒီဇာတ်ကားရဲ့ ထူးခြားချက်တစ်ခုက 1978 ခုနှစ်မတိုင်ခင် အမေရိကန် ဥပဒေအရ ...
movie
Charade (1963)
6.9
Cats Don’t Dance (1997)
Cats Don't Dance (1997) ================== IMDb Rating - 6.9/10တစ်ခါတုန်းက ဒန်နီဆိုတဲ့လယ်လုပ်သားကြောင်လေးတစ်ကောင် သီဆိုကပြဖျော်ဖြေချင်လို့ သူ့ရဲ့တောရွာလေးကနေ ဟောလိဝုဒ်မြို့ကို တက်လာခဲ့တယ်။ အဲဒီမြို့မှာ ဒါလာဒင်ပယ်လ်ဆိုတဲ့ ကလေးမလေးက နာမည်ကြီး ဟောလိဝုဒ်ကြယ်ပွင့်ပေါ့။ဒါပေမဲ့ ဒန်နီမသိခဲ့တာက အဲဒီဟောလိဝုဒ်မှာ လူတွေကသာနေရာရပြီး တိရိစ္ဆာန်တွေက သီဆိုကပြဖို့အရွေးမခံရတာပါပဲ။ သူထင်ထားတဲ့ အိပ် မက်အတိုင်း လက်တွေ့ဖြစ်မလာတဲ့ ကြောင်လေးက သူ့အိပ်မက်ကို လက်မလျှော့ဘဲ ဘယ်လိုရအောင် ဆက်ကြိုးစားမလဲဆိုတာကိုတော့ ဒီကာတွန်းဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.35 GB) / (549 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 15Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Comedy, Family Translator.......Thwal Htoo Zin Encoder..........SWM
movie
Cats Don’t Dance (1997)
1997
The Delta Force (1986)
The Delta Force (1986)1985 တုန်းက လေယာဉ်ပြန်ပေးဆွဲခံခဲ့ရတဲ့ တကယ့်ဖြစ်ရပ်မှန်ကို Reference ယူပြီး ရိုက်ထားတဲ့ 1986 က ကားဟောင်းလေးပါ။ Delta Force Trilogy ထဲက ပထမဆုံးကားဖြစ်ပါတယ်။ အမေရိကန် ဖိုက်တာကြီး Chuck Norris ပါဝင်သရုပ်ဆောင်ထားတာမို့ အပစ်အခတ် အကြမ်းစားတွေ သေချာပေါက်တွေ့ရမှာပါ။ဇာတ်လမ်းကတော့... အကြမ်းဖက်သမားနှစ်ယောက် အဒူရာဖိုင်းနဲ့ မူစတာဖာတို့က အေသင်ကနေ ရောမ နယူးယောက်ကိုသွားမယ့် လေယာဉ်ကို ပြန်ပေးဆွဲသွားပြီး ဘဲရု လက်ဘနွန်ကို ပျံခိုင်းလိုက်တယ်။ အမေရိကန် ဒယ်တာတပ်ဖွဲ့က ကာနယ်နဲ့ မေဂျာစကော့တို့ ဦးဆောင်ပြီး ဓားစာခံတွေကိုကယ်တင်ဖို့ တာဝန်ကျလာတယ်။ အဒူရာဖိုင်းက ခရီးသည် ၁၄၄ ယောက်ထဲက ဂျူးတွေနဲ့ မရိန်းတပ်သားတွေကို ခွဲထုတ်ပြီး ဘဲရုမှာထားခဲ့ပြီးတော့ သူတို့အစား အကြမ်းဖက်သမားအဖော်တွေခေါ်တင်လာတယ်။ အယ်ဂျီးရီးယားကို ဆက်ပျံလာပြီး ဓားစာခံမိန်းကလေးတွေကို လွှတ်ပေးမယ်ဆိုတော့ ဒယ်တာတပ်ဖွဲ့က အကြမ်းဖက်သမား ၂ယောက်ပဲပါတယ်ဆိုပြီး ...
movie
The Delta Force (1986)
1986
7.3
Death on the Nile (1978)
Death On The Nile (1978) ~ IMDB - 7.3/10, RT - 78%, Meta - 59% ~(ဒီ Death on The Nile - 1978 နဲ့ အသစ်ထွက် 2022 ဗားရှင်းဟာ ဇာတ်ကျောရိုးချင်းအတူတူပေမဲ့ 2022 ဗားရှင်းကတော့ မူလကာရိုက်တာတချို့ကို ပြောင်းသင့်တန်ပြောင်း လဲသင့်တန်လဲပြီး ဇာတ်ကြောင်းတချို့ကိုပါ ခေတ်နဲ့ ဆီလျော်အောင် ပြန်ရိုက်ထားတာမို့ အဟောင်းကရော၊ အသစ်ကရော အရသာတစ်မျိုးစီ ရမှာအသေအချာပါပဲ)Death On The Nile ဟာ အဂ္ဂသာခရစ္စတီရဲ့အကောင်းဆုံး ၀တ္တုတွေထဲကတစ်ခုကို ပြန်ရိုက်ထားတဲ့ ရုပ်ရှင်ပါပဲ။ အနောက်တိုင်းစုံထောက်၀တ္တုရေးဆရာတွေထဲ ဆာအာသာကိုနင်ဒွိုင်းပြီးရင် ကျွန်တော်အရင်းနှီးဆုံးက အဂ္ဂသာခရစ္စတီပါပဲ။ အမြန်ရထားပေါ်ကလူသတ်မှု၊ ဟီလာရီ၊ ဂြိုလ်မွှေတဲ့ ကျောက်မျက်ရတနာ၊ လေယာဉ်ပေါ်ကလူသတ်မှု စသဖြင့် အဂ္ဂသာခရစ္စတီ၀တ္တုတွေကို တက္ကသိုလ်နေ၀င်းက တော်တော်ဘာသာပြန်ခဲ့တာကြောင့်လည်း ...
movie
Death on the Nile (1978)
1978
6.1
The Gambler (2014)
The Gambler (2014)ဖဲကစားကြမယ်!!! လူအတော်များများ 21 ဖဲကိုဆော့ဖူးကြမှာပါ ဒီဇာတ်လမ်းထဲမှာဆိုရင်လည်း အဓိကဇာတ်ဆောင်ဖြစ်တဲ့ ဂျင်ဘန်းနက်ဟာ 21 ကစားနည်းတစ်မျိုးကို အဓိကထားပြီး ဆော့တာကို တွေ့ရမှာပါ သူက တက္ကသိုလ်မှာ ရသစာပေသင်ကြားနေတဲ့ဆရာတစ်ဦးအနေနဲ့ဘဝတစ်ခုရှိနေပေမယ့် တစ်ဖက်မှာလည်း မစွန့်လွှတ်နိုင်တဲ့ဝါသနာကြောင့် လောင်းကစားရုံတွေကိုသွားပြီး အချီကြီးလောင်းကြေးထပ်တတ်တဲ့လောင်းကစားသမားအဖြစ် ဘဝတစ်ခုရှိနေပါတယ် မင်းသမီးအဖြစ်ပါဝင်ထားတဲ့ မမမာဗယ်ကတော့ ဆရာ့အတန်းမှာလာတက်တဲ့ ဉာဏ်ကောင်းတဲ့တက္ကသိုလ်ကျောင်းသူလေးပေါ့ ကဲ ဒီထဲမှာ ဂျင်ရဲ့ပြဿနာကဘာလဲဆိုတော့ လောင်းကြေးထပ်လိုက်ရင် ပုံမှန်ကြေးမဟုတ်ပဲ ရှိသမျှပုံအောလောင်းတတ်တဲ့ All or nothingဆိုတဲ့ ဉာဉ်လေးပါပဲ ဒါကြောင့်လည်း ဟို့လူ့ဆီကချေး ဒီလူ့ဆီကချေးနဲ့ နောက်ဆုံးအကြွေးတွေတင်လာတဲ့အခါ.....သူဘာဆက်လုပ်မလဲ??? ချေးမိတဲ့သူတွေကလည်း ဂိုဏ်းစတားတွေဖြစ်နေတဲ့အတွက် သူနဲ့သူ့ဘေးကလူတွေရဲ့ အသက်အန္တရာယ်ကိုခြိမ်းခြောက်လာတဲ့အခါ.....သူ ဘယ်လိုဖြေရှင်းမလဲ ??? ကျောင်းသူလေး မမမာဗယ်နဲ့ရော .... ???ဒီဇာတ်လမ်းလေးထဲမှာတော့ လောင်းကစားသမားတွေရဲ့ဘဝတွေ၊ မင်းသားရဲ့ စွန့်စွန့်စားစားလောင်းကြေးထပ်တဲ့အခန်းတွေနဲ့ မျှော်လင့်မထားတဲ့လှည့်ကွက်တွေနဲ့ အကြွေးပြန်ဆပ်ဖို့ပိုက်ဆံပြန်ရှာတဲ့ ဂျင်ရဲ့ဉာဏ်ပြေးမှုတွေကို ရင်တထိတ်ထိတ်နဲ့မြင်တွေ့ရမှာပါပဲဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Thwal Yadi ပဲ ဖြစ်ပါတယ်။Quality__1080p, 720p IMDb ...
movie
The Gambler (2014)
6.1
Small Soldiers (1998)
ဒီဇာတ်ကားလေးကြည့်ပြီးခလေးဘဝကို ပြန်ခံစားမိမှာအမှန်ပါပဲဲဟိုးအရင်က ကြိုက်ခဲ့ရတဲ့ဇာတ်ကားဆိုလဲမမှားပါဘူး။Heartland အရုပ်စက်ရုံဟာ ပြိုင်ဆိုင်မှုတွေကြားမှာ နစ်မြုပ်နေတဲ့အဆင့်မြင့်နည်းပညာတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတစ်ခုပါ Hearland Play Service ကတော့အရုပ်တွေထုတ်လုပ်တဲ့စက်ရုံကြီးပေါ့ကုမ္ပဏီရဲ့ CEO ဖြစ်တဲ့ဂေးမာစ်းတစ်ယောက် သူ့ကုမ္ပဏီကအရုပ်တွေကိုသာမန်အရုပ်တွေနဲ့မတူ တမူထူးခြားအောင်လုပ်ချင်တဲ့ဆန္ဒကိုရှေ့တန်းတင်မိတဲ့အခါမှာတော့ မထင်မှတ်ထားတဲ့ကလေးကစားစရာအရုပ်လေးတွေဟာ ငိုအားထက်ရယ်အားသန်ဆိုသလိုစောင်ဆန်းကြီးတွေ လုပ်လာပါတော့တယ်အရုပ်တွေစောင်ဆန်းအကွက်တွေနင်းလို့တိုင်ပတ်နေတဲ့လူငယ်လေးအယ်လန်တစ်ယောက် ဒီအရှုပ်တော်ပုံကြီးကိုဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်ရမှာတော့ စိတ်ဝင်စားစရာပါ။Small Soldier ဇာတ်ကားဟာ သာမန်အမြင်နဲ့ကြည့်ရင်တော့ကလေးကြိုက်ကားလို့ထင်ကြေးပေးနိုင်ပေမယ့် သေချာခံစားကြည့်ရှုရင်အတော်လေး ခွီရတဲ့အပြင် မတူညီတဲ့ဒေသနှစ်ခုကခံစားချက်လေးတွေကို ခံစားရမှာပါကလေးဘဝတုန်းကတော့ အသဲယားစရာကောင်းတဲ့စစ်သားရုပ်တွေကိုအော်ဂလီဆန်ခဲ့တယ် လူငယ်ဖြစ်လာတော့ဟာသအထွေအထူးမထည့်ထားပေမယ့် အတော်လေးဗိုက်အောင့်လောက်အောင်ခွီရတဲ့ကားမှန်းသိလာတယ် ဟုတ်တယ်လေ။လက်တစ်ဖဝါးစာစစ်သားရုပ်လေးတွေ တကယ့်တိုက်ပွဲဝင်စစ်သားတွေလိုအတည်ပေါက်နဲ့အမိန့်တွေပေး mission တွေလုပ်နေတာကိုကြည့်ရတဲ့အရသာကတမျိုးလေးဗျ Long Long ago Spiderman Triologyထဲကမင်းသမီးချောလေးပါတွေ့ရတော့ကြည့်ရတာ မတန်ဘူးလို့ ငြင်းချက်ထုတ်စရာမရှိပါဘူး။ကလေးကားပေမယ့် ကလေးတကာ့ကလေးကားတွေထဲကခွဲထွက်လာတဲ့ လူငယ်တွေကို ရသတမျိုးအထူးဆန်းခံစားစေမယ့် ကားလေးလို့ဆိုလဲ မမှားပါဘူး။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hein That Naing ဖြစ်ပြီး Arkar Phyo မှ Encode ပေးထားပါတယ်။) File Size : ...
movie
Small Soldiers (1998)
1998
6.5
Naked Gun 33⅓: The Final Insult (1994)
Naked Gun 33⅓: The Final Insult (1994) IMDb - 6.5/10_____Rotten - 54% Naked Gun ကားရဲ့ နောက်ဆုံးကားပါ။ ဒီကားမှာတော့ ကျွန်တော်တို့ရဲ့ ဖရန့်ဒရက်ဘင်ကြီး ရဲလောကက အနားယူ သွားပါပြီ။ ဂျိမ်းနဲ့လည်း ပြန်အဆင်ပြေ သွားပြီဖြစ်လို့ နှစ်ယောက် အေးဆေးတဲ့ဘဝလေးတစ်ခုကိုထူထောင်နေကြပါပြီ။ ဂျိမ်းကလည်း ကလေးလေးတစ်ယောက် ယူပြီး အေးဆေး နေချင်နေတဲ့ အချိန်ပေါ့ အဲ့အချိန်မှာပဲ ရဲဋ္ဌာနမှာ ဗုံးဖေါက်ခွဲမှု့နဲ့ပတ်သတ်လို့ အရေးတကြီး ဖရန့်ရဲ့ အကူအညီကိုတောင်းခံပါတယ်။ ဒါပေမဲ့ ဖရန့်က ရဲ အလုပ် လုံးဝမလုပ်တော့ပါဘူး လို့ ဂျိန်းကိုကတိပေးထားပြီးသားပါ။ သို့ပေမဲ့ ဝါသနာ ဗီဇဆိုတာဖျောက်ရခက်တော့လည်း ကူညီမိရာကနေ ဂျိမ်းတစ်ယောက် စိတ်ဆိုးပြီး ဖရန့်ဆီကနေ ထွက်သွားပါတော့တယ်။ ဒီတော့ ဖရန့်လည်း စိတ်နှစ် ပြီး ရဲ အလုပ်ဆက်လုပ်တာပေါ့။ဖရန့်ရဲ့ တာဝန်က ဒီလိုပါ ဗုံးဖောက်ခွဲမှု့ အကြီးစားတစ်ခု လုပ်မယ်လို့ သတင်း ရရှိပါတယ် အဲ့ ဖောက်ခွဲမှု့ကိုလည်း ထောင်ထဲရောက်နေတဲ့ ရိုကို ဆိုတဲ့ နာမည်ကျော် ရာဇဝတ်သားတစ်ဦးက ကြိုးကိုင်နေတာဖြစ်လို့ ...
movie
Naked Gun 33⅓: The Final Insult (1994)
1994
6.9
The Naked Gun 2½: The Smell of Fear (1991)
The Naked Gun 2½: The Smell of Fear (1991)IMDb - 6.9/10_____Rotten - 56% ရဲဋ္ဌာနက ဗိုလ်လေး ဖရန့် ဒရက်ဘင် ပြန်လာပါပြီ။ ရှေ့ကားမှာ ဘုရင်မကြီးကို ကာကွယ် ပေးပြီး အမေရိကန်နိုင်ငံ ရဲ့ ဂုဏ်သိက္ခာကို ကယ်တင် ခဲ့တာကု အားလုံးသိပြီး ဖြစ်မှာပါ။ အဲ့ကားမှာ ဂျိန်း ဆိုတဲ့ မိန်းမပျိုလေးကိုတွေ့ပြီး ဖရန့် တစ်ယောက် ချစ်ကြိုက်မိပါတယ်။ ကျုပ်တို့ ရဲ့ လူလွဲ ကြီးက ဒီကိစ္စမှာတော့ မလွဲဘူးဆိုတာ သိလိုက်ကျမှာပါ။ ဒါပေမဲ့ သူတို့ လမ်းခွဲခဲ့ ရပါတယ်။ကျုပ်တို့ရဲ့ ဖရန့်ကြီးလည်း ကြေကွဲပေါ့။ ဒါပေမဲ့လည်း ရဲတစ်ယောက် ဖြစ်တာနဲ့ အညီ တာဝန် ဝတ္တရားတွေကလည်းရှိသေးတာကိုး။ ဒီတစ်ခါမှာတော့ နိုင်ငံ့အရေးနဲ့ ပတ်သတ် နေပါတယ် သမ္မတ က နိုင်ငံ့ အနာဂတ် စွမ်းအင် အတွက် ဒေါက်တာ မိုင်ဟိုင်မာ ဆိုတဲ့ ...
movie
The Naked Gun 2½: The Smell of Fear (1991)
1991
7.6
The Naked Gun: From the Files of Police Squad! (1988)
The Naked Gun: From the Files of Police Squad! (1988) IMDb - 7.6/10_____Rotten - 88% ကဲ CM ပရိတ်သတ် ကြီးကို အတော မသတ်အောင် ရယ်မောရမဲ့ ရဲဟာသ ကားလေး တစ်ကား တင်ဆက် ပေးလိုက်ပါတယ်ဗျာ။ ကျနော် တို့ ငယ်ငယ် က ခေါင်းဖြူ အဖိုးကြီး ကားဆိုပြီး ခွေဆိုင် တွေမှာ ငှားကြည့် ပြီးခွီခဲ့ရတာတွေကို မှတ်မိမယ် ထင်ပါတယ်။ အမြဲတမ်း တလွဲတွေ လုပ်ပြီး ရုပ်တည် ကြီးနဲ့ လည်း ဖြီးတက်သေးတဲ့ ကြွားရတာလည်း ဝါသနာပါတဲ့ ရဲဋ္ဌာနက ဗိုလ်လေး ဖရန့်ဒရက်ဘင်က ကျွန်တော့် ကလေးဘဝမှာ ကျေနပ် နှစ်သက်ခဲ့ရတဲ့ ဇာတ်ကောင်တွေ ထဲက တစ်ယောက်ပဲ ဖြစ်ပါတယ်။တကယ်တော့ ဒီ Naked Gun က နဂို 1982 က ထွက်ရှိခဲ့တဲ့ Police Squad ...
movie
The Naked Gun: From the Files of Police Squad! (1988)
1988