Channel Myanmar

George Ivașcu

Part-Time Daddy (Tati Part Time) (2024)
Part-Time Daddy (Tati Part Time) (2024) Tati Part Time ဆိုတဲ့ဇာတ်ကားလေးက 2024 ခုနှစ်မှာထွက်ရှိလာတဲ့ကားသစ်လေးဖြစ်ပါတယ်။အလုပ်လုပ်တဲ့နေရာမှာ အမြဲတမ်းပေါ့ပျက်ပျက်လုပ်တတ်လို့ ခဏခဏအဆူခံရတဲ့ lustin ဆိုတဲ့ရှေ့နေလေးဆီကို အမေဖြစ်သူက lustin ခေါင်းကိုင်ဖခင်လုပ်ပေးရမယ့် 8 နှစ်အရွယ် ကလေးမလေးတစ်ယောက်ကိုခေါ်လာပြီး တစ်လတိတိကြည့်ရှုစောင့်ရှောက်ပေးရမယ်လို့ပြောပြီး ကလေးမလေးကိုသူ့ဆီထားခဲ့ပါတယ်။ကလေးမလေးကလဲ ခေသူမဟုတ်တဲ့စွာစိလေးဖြစ်နေတဲ့အခါ ရှေ့နေလေး lustin ဟာ ကလေးကိုလည်းထိန်းရ အလုပ်လည်းလုပ်ရသေးတာမလို့ ဘယ်လိုအလွဲလေးတွေကြုံရမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုလို့ရနိုင်မယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။File size…(2.1 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:38:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Lycoris
movie

Part-Time Daddy (Tati Part Time) (2024)

Visul (2023) 7.2
Visul (2023) Visul (2023)၂၀၂၃ ခုနှစ်တုန်းကထွက်ရှိထားတဲ့ ပြင်သစ် Comedy ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ IMDb 7 အထိရရှိထားပြီးတော့ ရှိတ်စပီးယားရဲ့ အိုင်ဒီယာဖြစ်တဲ့ Behind The Bar ဆိုတာကိုရိုက်ပြထားတဲ့ ရုပ်ရှင်ပါ။ အကျဉ်းသားတွေကို နိုင်ငံတိုင်းက ပြန်လည်ပြုပြင်ရေးနဲ့ ပြန်လည်ရပ်တည်နိုင်ရေးတို့အတွက်ဆိုပြီး ပညာသင်ကြားခွင့် အသက်မွေးဝမ်းကြောင်းပညာရပ်တွေ သင်ကြားခွင့်တွေပေးထားကြပါတယ်။ ဒီလိုပညာရေးဘက်တွင်သာမက အားကစားပိုင်းမှာလဲ အကျဉ်းသားများကို အမျိုးမျိုးသောအားကစားတွေ ဝါသနာပါရာ စာရေးစာဖတ်အမျိုးမျိုးတို့ကို လေ့လာသင်ကြားခွင့်တွေပေးထားကြပါတယ်။ ဒါ့အပြင် ရှိတ်စပီးယားက အကျဉ်းသားတွေအတွက် ပြဇာတ်ကိုလဲကြည့်ရှု ကပြခြင်းဖြင့် လူ့လောကကြီးနဲ့ အဆက်သွယ်မပြတ်ပဲ လူ့ဘောင်ထဲပြန်ဝင်ရောက်နိုင်မယ်လို့ယုံကြည်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ပြင်သစ်အကျဉ်းဦးစီးကနေ ဦးစီးပြီးတော့ အကျဉ်းသားများရဲ့ပြဇာတ် အစီစဉ်ကိုအကောင်ထည်ဖော်ထားပါတယ်။ဇာတ်လမ်းလေးကလဲ ဒီအကျဉ်းသားပြဇာတ်ကိုဦးတည်ပြီး ဟာသလေးနှောရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အဲလက်စ်ဆိုတဲ့ ပြဇာတ်သရုပ်ဆောင်အရံလူအနေနဲ့ပဲ အနှပညာလောကထဲမှာကျင်လည်နေရတဲ့သူပါ။ ပြောရရင်တော့ ပြဇာတ်လောကမှာ သူ့အတွက် နေရာမရှိသလို သူ့ရဲ့ကြိုးစားမှုတွေကိုလဲ အသိမှတ်ပြုမဲ့သူမရှိပါဘူး။ ပြောရရင် သူနဲ့အတူတွဲနေတဲ့ကောင်မလေးကတောင်ဇာတ်ကားတစ်ကားမှာပါခွင့်ရပြီး ကော်ဇော်နီလျှောက်နေရပြီ သူကတော့ ပြဇာတ်ရုံတစ်ခုမှာခိုကပ်ပြီး ရှေ့မထွက်ရတဲ့ အရံမင်းသားပေါ့။ အိမ်ငှားခကအစ ကောင်မလေးကပဲရှင်းပေးနေရတာ။ ဒီလိုနဲ့ စိတ်ကူးပေါက်ရာလုပ်ရင်း အကျဉ်းသားတွေအတွက် ပြဇာတ်လုပ်ပေးဖို့ ဗော်လန်တီယာအဖြစ်ပါဝင်လိုက်ပြီးတော့ ဒီပြဇာတ်ရုံတောင်မရောက်ဖူးတဲ့ ရာဇဝတ်သားတွေကို ဘယ်လိုသရုပ်ဆောင်တတ်အောင် သင်ပေးရမလဲ ပြဇာတ်ကကောချောချောမွေ့မွေ့ဖြစ်ပါ့မလားဆိုတာ ရယ်စရာမောစရာလေးတွေနဲ့ကြည့်ရှုအားပေးလိုက်ကြပါဦး။အညွှန်း ...
movie

Visul (2023)

2023