Channel Myanmar

George C. Scott

Dr. Strangelove or: How I Learned to Stop Worrying and Love the Bomb (1964) 8.3
Dr. Strangelove or: How I Learned to Stop Worrying and Love the Bomb (1964)  ဒီကားလေးကတော့ ၁၉၆၄တုန်းကထွက်ခဲ့တဲ့ War/Comedy အဖြူအမည်းအမျိုးအစားဇာတ်ကားဖြစ်ပါတယ်။ Ratingတွေကိုကြည့်လိုက်ရင် old but goldထဲကတစ်ကားဖြစ်မှန်းသိမှာပါ။ Oscarဆုလေးဆုအတွက်လည်း ဆန်ခါတင်၀င်ခဲ့ပါသေးတယ်။ စစ်အေးခေတ် အမေရိကန်လေတပ်က ရုရှားပိုင်နက်အနီးမှာ နျုဗုံးသယ်လေယာဉ်တွေကို အချိန်ပြည့်ဖြန့်ကျက်ထားခဲ့တဲ့အချိန်ကို အခြေပြုရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းက‌တော့ လေတပ်ဗိုလ်မှူးတစ်ယောက်အရူးထပြီး လေယာဉ်တွေကို ရုရှားပိုင်နက်ထဲပစ်မှတ်တွေကို နျူဗုံးကျဲခိုင်းတာကနေစပြီး အဲဒီကနေမီးခိုးကြွက်လျှောက်သလိုပြဿနာတက်ပြီး အမေရိကန်သမ္မတ ရုရှား၀န်ကြီးချုပ်ပါမနေရဘဲ ပြဿနာဖြေရှင်းဖို့ကြိုးစားကြပါတော့တယ်။(ဇာတ်လမ်းအရသာပျက်မှာစိုးလို့ reviewအရှည်ကြီးမရေးတော့ပါဘူး အားလုံးပဲကိုယ်တိုင်ကြည့်ရှုခံစားလိုက်ကြပါ။) File size…(1.8 GB)/(950 Mb) Quality….Blu-Ray  1080p / 720p Format…mp4 Duration….01:35:00 Genre... Comedy, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Soe Thiri Swe
movie

Dr. Strangelove or: How I Learned to Stop Worrying and Love the Bomb (1964)

The Exorcist III (1990) 6.5
The Exorcist III (1990) The Exorcist III (1990)IMDb - 6.5/10ဇာတ်လမ်းအညွှန်းဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်တွေဖြစ်တဲ့ လက်ဖတင်နင် ဘေလ်ကင်မ်ဒါမန်းနဲ့ ဖာသာဒိုင်ယာတို့ရဲ့မိတ်ဆွေ ဖာသာဒေမီယန်ကဲရက်စ် သေဆုံးပြီး ၁၅နှစ်အကြာမှာ ဇာတ်အိမ်စတည်ထားပါတယ်။ဝါရှင်တန်ဒီစီ ဂျော့ဂျ်တောင်းမှာ သောမတ်စ်ကင်ထရီလို့ခေါ်တဲ့ ၁၂နှစ်အရွယ် လူမဲကောင်လေး အသတ်ခံရမှု စတင်ပေါ်ပေါက်လာပါတယ်။ ဘေလ်ကင်မ်ဒါမန်းဟာ ဒီအမှုကို ဆက်စုံစမ်းနေပါတယ်။ဒီလိုနဲ့ နောက်ထပ် ဖာသာတစ်ယောက်အသတ်ခံရမှု ပေါ်ပေါက်လာပြန်ပါတယ်။ အသတ်ခံရမှုတွေမှာ စဉ်းစားစရာက သေဆုံးသူတွေဟာ ဆက်စနိုင်းကိုလင်း ဆေးထိုးခံထားရခြင်းနဲ့ အသတ်ခံကြရတဲ့ပုံစံဖြစ်ပါတယ်။ နောက်တစ်ချက်အနေနဲ့ ကြောက်စရာအကောင်းဆုံး လူသတ်သမား The Gemini killer ကတော့ လွန်ခဲ့တဲ့ ၁၅နှစ်ကျော်က လျှပ်စစ်ထိုင်ခုံမှာ သေဆုံးသွားခဲ့ပါပြီ။ဒါဆိုရင် အခုဖြစ်နေတဲ့ လူသတ်မှုတွေရဲ့ တရားခံဟာ ဘယ်သူလဲပေါ့…ဘေလ်ကင်မ်ဒါမန်း တစ်ယောက် လူသတ်သမားကို ရှာရင်းဘာတွေကြုံတွေ့ရမလဲဆိုတာတော့ စိတ်ဝင်စားစရာပါပဲ။စိတ်ဝင်စားစရာနဲနဲလောက်ပြောပြရမယ်ဆိုရင်ဘေလ်ဟာ ဆေးရုံမှာဖြစ်တဲ့လူသတ်မှုအကြောင်း စုံစမ်းရင်း စိတ္တဇဆောင် အခန်းနံပါတ် ၁၁မှာ ထူးဆန်းတဲ့ လူနာတစ်ယောက်နဲ့ တွေ့ရပါတယ်။လူသတ်မှုတွေက ဒီလူနာနဲ့ရော ပတ်သတ်လား၊ နတ်ဆိုးလား မကောင်းဆိုးဝါးလား၊ ...
movie

The Exorcist III (1990)

1990
Firestarter (1984) 6
Firestarter (1984) Firestarter (1984)King of Horror လို့တင်စားခံထားရတဲ့ စာရေးဆရာကြီး Stephen King ရဲ့ နာမည်တူ Firestarter (1980) ဝတ္ထုကို ရုပ်ရှင်အဖြစ် အသက်သွင်းထားတဲ့ ပထမဇာတ်ကားပေါ့။အန်တီ Drew Barrymore ကလေးပေါက်စဘဝက ရိုက်ကူးထားတာဖြစ်ပြီး Cast တွေကလည်း ကြမ်းသလို ဒီဇာတ်ကားက စူပါဟီးရိုးကားဆန်ဆန် ရိုက်ထားတဲ့ Firestarter (2022) ထက်စာရင် စာအုပ်ရဲ့ အနှစ်သာရနဲ့ ပိုပြီး နီးစပ်တယ်လို့ ပြောကြပါတယ်။ ဇာတ်ကားနှစ်ခုလုံးက သူ့အတိုင်းအတာနဲ့သူ အထိုက်အလျှောက်အောင်မြင်မှုတွေ ရခဲ့တာကတော့ အသေအချာပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ အန်ဒရူးမက်ဂီးနဲ့ ဗစ်ကီ (ခေါ်) ဗစ်တိုးရီးယားတို့ The Shop လို့ခေါ်တဲ့ အဖွဲ့အစည်းကလုပ်တဲ့ ဆေးဝါးစမ်းသပ်မှုတစ်ခုမှာ လုပ်အားပေးအနေနဲ့ ငွေရှာရင်းတွေ့ကြပါတယ်။ ဆေးကအစွမ်းပြလာတဲ့အချိန် တစ်ယောက်ရဲ့အတွေးကို တစ်ယောက်က ကြားရပြီး စိတ်စွမ်းအင်တွေရလာပါတယ်။ ပြီးတော့ ရှေးရေစက်ကြောင့် နှစ်ယောက်သား နီးစပ်သွားတယ်ပေါ့ဗျာ။သူတို့နှစ်ယောက် အိမ်ထောင်ကျပြီး ...
movie

Firestarter (1984)

1984