Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
George Aloi
6.6
The Immigrant (2013)
1921 မှာ Ewa Cybulska နဲ့သူ့အမဟာ သူတိုရဲ့ အမေရိကန်အိပ်မက်ကိုအကောင်အထည်ဖော်ဖိုအတွက် မွေးရပ်ပိုလန်မြေကနေပြီးတော့ New York မြိုကိုထွက်လာခဲ့ပါတယ်။ကံမကောင်းအကြောင်းမလှစွာပဲ Ellis ကျွန်းပေါ်ရောက်တဲ့အချိန်မှာတော့ သူ့အမဟာ နာမကျန်းဖြစ်နေတဲ့အတွက် ညီအမနှစ်ယောက်ခွဲရပါတော့တယ်။ မန်ဟန်တန်ရဲ့လမ်းမတွေပေါ်မှာသွားစရာနေရာမရှိချိန် နာမကျန်းဖြစ်လိုသီးသန့်ထားခံထားရတဲ့သူ့အမ Magda ကို ကယ်တင်ဖို ကြံရာမရဖြစ်နေချိန်မှာ Ewa ဟာBruno Weiss ရဲ့အကူအညီကိုရယူပြီး Bruno ရဲ့ ပြည့်တန်ဆာလုပ်ငန်းထဲ ဝင်ရောက်ရပါတော့တယ်။ပြင်သစ်မင်းသမီးချော Marion Cotillard , Joker မင်းသားJoaquin Phoenix နဲ့ Hawkeye မင်းသား Jeremy Renner တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ၁၉၀၀ နှစ်အစောပိုင်းကာလများဆီကimmigrants တွေရဲ့ ဘဝဖြစ်ရပ်မှန်တွေကို အခြေခံရိုက်ကူးထားတဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်...... File size…1.24GB / 562MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….2h Genre …..Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie
The Immigrant (2013)
6.1
She Came to Me (2023)
She Came to Me (2023)~ IMDb - 6.1/10, Rotten Tomatoes - 47% ~လတ်တလောမှ အသစ်ထွက်ထားတဲ့ Comedy, Drama, Romance ကားလေးပါ။ GoT ထဲက အကျော်အမော် တိုင်ရီယွန်လန်နစ်စတာသရုပ်ဆောင် Peter Dinklage ရယ်၊ ဟောလိဝုဒ်အလှပဂေး Anne Hathaway ရယ်၊ Tom Holland's Spider-Man ရဲ့အန်တီမေ Marisa Tomei ရယ်ဆိုတော့ အရွေးမမှားမယ့်ကားမျိုးပါပဲ။ လောလောဆယ်တော့ Nomination နှစ်ခု၀င်ထားပါတယ်။ဒီဇာတ်လမ်းကို ဇာတ်ကောင်တွေရဲ့စရိုက်နဲ့ အခက်အခဲတွေကို စိတ်၀င်စားဖို့ကောင်းအောင် ဖော်ကျူးထားတာဖြစ်ပါတယ်။ စတီဗင်က အော်ပရာတေးရေးဆရာတစ်ယောက်ဖြစ်ပြီး ဇနီးချော ကုထုံးဆရာ၀န်မလေး ပတ်ထရီရှာလည်းရှိပါတယ်။ အနုပညာရှင်တို့ရဲ့ တစ်သက်မှာတစ်ခါ ထုံးစံအတိုင်း လတ်တလောမှာ အိုင်ဒီယာမရှိကြောင်ပျောက်နေရင်းကနေ ဆွဲသင်္ဘောကပ္ပတိန်မလေးကတ်ထရီနာနဲ့ ခဏတာအပျော်ရှာပြီးတဲ့နောက် ရုတ်တရက်အလင်းပွင့်ပြီး သီချင်းတွေပြန်ရေးနိုင်ခဲ့ပါတယ်။ ပတ်ထရီရှာကတော့ ဘာသာတရားကိုင်းရှိုင်းသူဖြစ်ပြီး ...
movie
She Came to Me (2023)
2023
6.3
Get Him to the Greek (2010)
2011 ခုနှစ်ရဲ့ Best comedy award အပါအဝင် ဆုပေါင်း 14 ခုမှာဇကာတင်ခဲ့တဲ့ ဟာသဇာတ်ကားတစ်ကားဖြစ်ပြီး IMDb 6.3 ရရှိထားပါတယ် အယ်လ်ဒိုးရပ်စ်ဆိုတဲ့ ရော့ခ်စတားနဲ့ သီချင်းထုတ်လုပ်ရေးကုမ္ပဏီဝန်ထမ်း အာရွန်တို့နှစ်ယောက် ဂယက်ပေါင်းတစ်သိန်းနဲ့ တလွဲတွေဖြစ်နေတာကိုကြည့်ရှုရမှာပါ ဇာတ်လမ်းအကျဉ်း..... အယ်လ်ဒိုးရပ်စ်ကတော့ တချိန်ကအရမ်းနာမည်ကြီးခဲ့တဲ့ ရော့ခ်စတားတစ်ယောက်ဖြစ်ပြီး ရည်းစားနဲ့ပြတ်လို့အသဲကွဲရာကနေ အရှုံးသမားကြီးလုံးလုံးဖြစ်သွားပါတော့တယ် အာရွန်ကတော့ သီချင်းထုတ်လုပ်ရေးကုမ္ပဏီကဝန်ထမ်းဖြစ်ပြီး အယ်လ်ဒိုးရပ်စ်ရဲ့ comeback အတွက်တာဝန်ပေးခံရတာပါ အာရွန်တစ်ယောက် အယ်လ်ဒိုးရပ်စ်ကို ဖျော်ဖြေပွဲအမှီသွားခေါ်ရင်း လမ်းမှာ သူတို့နှစ်ယောက် တစ်မျိုးတစ်ဖုံမရိုးရအောင် အလွဲတွေချည်းဆက်တိုက်ဖြစ်နေပါတော့တယ် အာရွန်တို့နှစ်ယောက်သား တလွဲတွေကြားကနေဖျော်ဖြေပွဲအထိအရောက်သွားနိုင်ပါ့မလား အယ်လ်ဒိုးရပ်စ်ရဲ့ comeback ကရော ထင်ထားသလိုအောင်မြင်နိုင်ပါ့မလားဆိုတာကို ရယ်ရယ်မောမောနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်File size…(2.4 GB)/(1.3 GB)Quality….Webrip 1080p / 720p Format…mp4 Duration….01:49:00 Genre...Adventure, Comedy, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn
movie
Get Him to the Greek (2010)
Doubt (2008)
John Patrick Shanley ရေးသားပြီး Pulitzer Prize ရရှိထားတဲ့ Doubt: A Parable ဆိုတဲ့ ဝတ္ထုကို သူကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းကတော့ စိန့်နီကိုးလပ်စ်ဆိုတဲ့ ကတ်သလစ်စာသင်ကျောင်းတစ်ကျောင်းမှာ အခြေခံထားပါတယ်။ စစ်စတာအယ်လိုဝစ်ရှက်စ်ဟာ ကျောင်းကို စည်းကမ်း တိတိကျကျနဲ့ အုပ်ချုပ်တတ်သူတစ်ဦးဖြစ်ပါတယ်။ ဖာသာဖလင်းကတော့ ခေတ်မီတဲ့အမြင်နဲ့ စည်းကမ်းတွေကို ဖြေလျှော့ပြီး ကျောင်းသားတွေနဲ့ ရင်းရင်းနှီးနှီးနေတတ်သူ တစ်ဦးပါ။ တစ်နေ့မှာ စစ်စတာဂျိမ်းစ်တစ်ယောက် ဖာသာဖလင်း ကျောင်းသားတစ်ယောက်ကို အထူးအရေးပေးပြီး ဆက်ဆံနေတာ မြင်လိုက်ပါတဲ့အကြောင်း စစ်စတာအယ်လိုဝစ်ရှက်စ်ကို ပြောပြပါတယ်။ ဘာကြောင့်ဒီလိုဆက်ဆံလဲဆိုတဲ့အကြောင်းအရင်းကိုတော့ သူတို့သေချာမသိပါဘူး။ အဲဒီမသေချာမှုကို လက်ကိုင်ထားပြီး စစ်စတာအယ်လိုဝစ်ရှက်စ် ဖာသာဖလင်းကို ဖြုတ်ချဖို့ ကြိုးစားပါတော့တယ်။ ဒီဇာတ်ကားနဲ့ ပတ်သက်လို့ ဆုတွေလည်း အများကြီးရထားပြီး သရုပ်ဆောင်ပုံတွေကလည်း ပေါ်လွင်ပါတယ်။ ဇာတ်လမ်းထဲမှာ သုံးထားတဲ့ စာသားတွေကလည်း ထိထိမိမိနဲ့ ...
movie
Doubt (2008)
5.3
The Independent (2022)
The Independent(2022) ====================== ဂျွန်ဆီးနားကြီးကို တည်တည်တံ့တံ့နဲ့ အမေရိကန် သမ္မတောင်း ဝင်ရောက်ယှဉ်ပြိုင်တဲ့ နိုင်ငံရေးသမားတစ်ယောက်အဖြစ်တွေ့ရမှာပါအမေရိကန် နိုင်ငံရေးလောကရဲ့ ဒီမိုကရက်တစ်နဲ့ ရီပါ့ဘလစ်ကန်တွေကြား အားပြိုင်မှုက ထင်သလောက်မရိုးရှင်းပဲ နောက်ကွယ်က မဲအသာစီးရအောင် လွှမ်းမိုးထိန်းချုပ်နေတဲ့ လက်မဲကြီးတွေရှိနေပါတယ်... နိုင်ငံရေးသမားတွေ၊ လွှတ်တော်အမတ်တွေ၊ စီးပွားရေးခရိုနီကြီးတွေက ရွေးကောက်ပွဲကာလမှာ ပြည်သူကိုဖူးဖူးမှုတ်ပြီး အာဏာရရေးအတွက် ယှဉ်ပြိုင်နေကြတဲ့အချိန်ဖြစ်ပါတယ် နိတ်စတာလင်ဆိုတဲ့ အိုလံပစ်ရွှေတံဆိပ်ဆုရှင်တစ်ယောက်က နိုင်ငံရေးလောကထဲဝင်လာပြီး တစ်သီးပုဂ္ဂိုလ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်က သူ့ရဲ့တည့်တိုးဟောပြောချက်တွေကြောင့် လူတွေကြားထဲမှာ ရေပန်းစားကြော်ကြားလာပါပြီ နှစ်ကောင်တဲ့ပြေးနေတဲ့ ပြိုင်ပွဲတစ်ခုကနေ နိတ်စတာလင်ပါ ဝင်ရောက်လာပြီး ... ဒီမိုကရက်တစ်...ရီပါ့ဘလစ်ကန်နဲ့ နိတ်စတာလင်ရဲ့ Independent ပါတီဆိုပြီး အင်အားကြီး ၃ ခုဖြစ်လာပါတယ်.... ဒီအကြောင်းကို ဝါရှင်တန်ခရိုနီကယ်က အလုပ်သင် ဂျာနယ်လစ်လေးတစ်ယောက်က သတင်းလိုက်ရင်း နောက်ကွယ်က ပါတီကြီးတစ်ခုရဲ့ငွေကြးအလွဲသုံးစားလုပ်မှုနဲ့ မသမာစွာ ယှဉ်ပြိုင်မှုတွေကိုပါ တွေ့ရှိလိုက်ရတာကြောင့် ဒီအကြောင်းတွေကို စုံစမ်းဖော်ထုတ်ဖို့ ကြိုးစားရင်း နောက်ဆုံး အမေရိကန်ရဲ့ သမ္မတက ဘယ်သူဖြစ်သွားမလဲဆိုတာကို ကြည့်ရမယ့် နိုင်ငံရေး နဲ့ အမေရိကန်ရဲ့ဂျာနယ်လစ်ဆင် လောကကို ကောင်းကောင်းကြီး နားလည်သွားစေမယ့် ကားကောင်းတစ်ကားဖြစ်ပါတယ် Dialouge ကောင်းကောင်းတွေနဲ့ ဇာတ်ကားကိုဆွဲဆောင်သွားပြီး ကတုံးပေါ်ထိပ်ကွက်ဆိုသလို လူအချင်းချင်း ဉာဏ်နီဉာဏ်နက်တွေနဲ့ အာဏာကုန်လုကြတဲ့ နိုင်ငံရေးကားကောင်းတစ်ခုဖြစ်ပါတယ်(အညွှန်းနဲ့ ...
movie
The Independent (2022)
2022
5.9
Three Christs (2020)
Three Christs (2020)================IMDb Rating - 5.9/10#Unicode2020 ဇန်နဝါရီလထဲ ထွက်ရှိထားတဲ့ Three Christ ဆိုတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားတစ်ကားတင်ဆက်ပေးချင်ပါတယ်။ပစ်တာခတ်တာတွေ ကြမ်းတာရမ်းတာတွေ ကြည့်ချင်တဲ့ ပရိသတ်တွေအတွက်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။စိတ်ပညာရပ်နဲ့ပတ်သက်တဲ့ ဖြစ်ရပ်တွေကိုအခြေခံထားတဲ့ ဒရာမာ ဇာတ်ကားလေးပဲဖြစ်ပါတယ်။မီချီဂမ် ကောလိပ်မှာ ဆရာလုပ်နေတဲ့ စိတ်ရောဂါဆရာဝန် ဒေါက်တာစတုန်းဟာ သုတေသနကိစ္စအတွက် ကျောင်းဆရာအလုပ်ကနေထွက်ပြီး စိတ်ရောဂါကု ဆေးရုံကိုရောက်လာပါတယ်။သူရောက်လာတဲ့ ဆေးရုံမှာ သူ့ကိုယ်သူ ယေရှုခရစ်တော်လို့ထင်နေတဲ့ လူနာတစ်ယောက်နဲ့ တွေ့ပါတယ်။ ဆက်ပြီး စုံစမ်းကြည့်တော့ စင်ဒရဲလားလို့ ထင်နေတဲ့သူတွေ အိုင်စင်ဟောင်ဝါလို့ သူတို့ကိုယ်သူတို့ ထင်နေသူတွေကို တွေ့ခဲ့ရတယ်။ အဲ့ဒီထဲကမှာ ယေရှူလို့ထင်နေတဲ့သူတွေကိုရှာခိုင်းလိုက်တော့နောက်ထပ် ၂ ယောက် ထပ်တိုးလာပါတယ်။ ယေရှုလို့ သူတို့ကိုယ်သူတို့ထင်နေတဲ့ စိတ်ကစဉ့်ကလျား ရောဂါသည်၃ ယောက်ကို သုတေသနအတွက်ရွေးချယ်ပြီး ဒေါက်တာစတုန်းဟာ ရှေးနည်းနဲ့မတူတဲ့ ကုသချဉ်းကပ်နည်းတွေနဲ့ကုသပေးဖို့ကြိုးစားပါတော့တယ်။IMDb - 5.9/10 ရရှိထားပြီး Richard Gere ...
movie
Three Christs (2020)
2020
5.2
Tesla (2020)
ဒီရုပ်ရှင်အကြောင်းကိုမပြောခင်မှာ Teslaဆိုတာဘယ်သူလဲဆိုတာကိုပြောချင်ပါတယ်။တောမတ်စ်အယ်ဗာအယ်ဒီဆင်လို့ပြောလိုက်ရင် ကမ္ဘာအနှံ့ကလူတိုင်းကလေးကအစခွေးအဆုံးသိပြီး သမိုင်းမှာရော ကျောင်းသင်ခန်းစာတွေမှာပါတခမ်းတနားနဲ့အလေးပေးဖော်ပြခံရတဲ့ ၁၉ရာစုရဲ့တီထွင်သူကြီးပေါ့။နီကိုလာတက်စ်လာကတော့ အယ်ဒီဆင်နဲ့ခေတ်ပြိုင်ပြောင်မြောက်လှတဲ့လျှပ်စစ်ဆိုင်ရာတီထွင်မှုတွေလုပ်ခဲ့ပြီး အိုင်းစတိုင်းကတောင်သူ့ထက်တော်တယ်လို အသိမှတ်ပြုပြီးလေးစားရတဲ့ ဉာဏ်ကြီးရှင်တီထွင်သူတစ်ယောက်ပါ။ဒါပေမယ့် ဒီနေ့ခေတ်မှာ သူ့ကိုမသိတဲ့သူအများအပြားပါပဲ။AC Vs DCဆိုတာ Tesla Vs Edisonပါပဲ။ကနဦးမှာ တက်စ်လာဟာ အယ်ဒီဆင်ရဲ့အလုပ်မှာ လုပ်ခလေးနည်းနည်းနဲ့အလုပ်လုပ်ခဲ့တယ်။သူကြံဆတဲ့ Alternating currentကို အယ်ဒီဆင်က စိတ်မဝင်စားတဲ့အပြင်ACဟာလက်တွေ့မကျဘူး အန္တရာယ်များတယ်လို့ပြောခဲ့တယ်။DC generation plantsတွေကိုတိုးတက်အောင်လုပ်ပေးနိုင်ရင်ဒေါ်လာငါးသောင်းပေးမယ်ဆိုပြီး လောင်းကြေးထပ်ခဲ့ပေမယ့်တကယ်ဖြစ်လာတဲ့အခါ အယ်ဒီဆင်က'မင်းက ငါတို့အမေရိကန်တွေနောက်ပြောင်တာကိုနားမလည်ဘူးပဲ'ဆိုပြီးလျှော်သွားတဲ့အတွက် တက်စ်လာဟာ အလုပ်ထွက်ပြီး ကိုယ်ပိုင်ACကုမ္ပဏီထောင်ခဲ့ပါတယ်။နောက်ပိုင်းလျှပ်စစ်ဖြန့်ဖြူးရာမှာ ACက DC (Direct Current)ထက်အကျိုးများလာတဲ့အခါအယ်ဒီဆင်ဘက်က AC currentကြိုးကိုဆင်မှာပတ်ပြီးသေစေတဲ့အကွက်တွေထိပါသုံးပြီး ACကိုတိုက်ခိုက်ခဲ့တယ်။ဒါပေမယ့် နိုင်ရာဂါရာရေတံခွန်ကိုအခြေခံပြီး ACရေအားလျှပ်စစ်သုံးစက်ရုံကိုတည်ဆောက်နိုင်ပြီး အောင်မြင်တဲ့အတွက် ကမ္ဘာတစ်ဝှမ်းက ...
movie
Tesla (2020)