Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Geoffrey Rivas
7.9
Bound by Honor (aka) Blood In, Blood Out (1993)
ဒီရုပ်ရှင်ကတော့ ၁၉၉၃ ခုနှစ်ကထွက်ခဲ့တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ရုပ်ရှင်အမျိုးအစားက Crime/Thriller ဆိုပေမယ့်လည်း Drama ပါရောနေတဲ့ရုပ်ရှင်တစ်ကားဖြစ်ပြီး Runtime ကလည်း ၃ နာရီတောင်ကြာတာမလို့ အတော်လေးကိုကြည့်ရတာအရသာရှိမယ့် ရုပ်ရှင် ဖြစ်ပါတယ်။ မက္ကစီကိုဂိုဏ်းတွေအကြောင်းစိတ်ဝင်စားတဲ့လူတွေ မက္ကစီကိုပုံစံ အင်္ဂလိပ်လိုစကားပြောတာတွေကိုကြိုက်နှစ်သက်သူတွေအဖို့ကြည့်သင့်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ အတော်လေးကိုစွဲမက်ဖွယ်ကောင်းပြီးအတော်လေးလည်းကြည့်လို့ကောင်းတဲ့ရုပ်ရှင်တစ်ကားလည်းဖြစ်ပါတယ်။ဇာတ်ညွှန်း:မစ်ကလို ပါကိုနဲ့ ခရုဇ်ဇီတိုတို့သုံးယောက်ဟာ ညီအကိုဝမ်းကွဲတွေဖြစ်သလိုအရမ်းလည်းချစ်ကြတဲ့ လူသုံးယောက်ဖြစ်ပါတယ်။ ခရုဇ်ဇီတိုက ပါရမီပါတဲ့ပန်းချီဆရာတစ်ယောက်ဖြစ်ပြီး ပါကိုကတော့အကြမ်းပတမ်းလမ်းဘေးဂိုဏ်းကလူတစ်ယောက်ဖြစ်ပါတယ်။ မစ်ကလိုကတော့သုံးယောက်ထဲမှာအငယ်ဆုံးနဲ့ ဘာမှမသိသေးတဲ့လူတစ်ယောက်ဖြစ်ပြီး သူဟာ အမေရိကန်မှာဖွားတဲ့လူဖြူမက္ကစီကိုဖြစ်နေပါတယ်။ ဒါပေမယ့်ဘဝဆိုတာဘယ်လိုမှထင်မထားသလိုဖြစ်တတ်တယ်ဆိုတာ အကုန်သိကြမယ်ထင်ပါတယ်။ခရုဇ်ဇီတိုဟာဆေးစွဲပြီးအမှားကြီးတစ်ခုကိုကျူးလွန်မိတယ်။ သူ့ရဲ့ပါရမီပန်းချီပညာကလည်းဆေးနောက်ကိုပါသွားတယ်။ သူလုပ်ခဲ့တဲ့အမှားကအရိပ်မည်းကြီးလိုနောက်ကနေထပ်ကြပ်မကွာလိုက်နေပါတော့တယ်။ပါကိုကတော့ လမ်းဘေးမှာပေတေနေတဲ့ကောင်လေးကနေပြီး မူးယစ်ရဲအရာရှိတစ်ယောက်ဖြစ်သွားခဲ့ပါတယ်။မစ်ကလိုကတော့ကံဆိုးစွာနဲ့ ထောင်ထဲရောက်သွားခဲ့ပါတယ်။ ကံကြမ္မာဇာတ်ဆရာကသူတို့သုံးယောက်ကိုမထင်မှတ်ထားလောက်အောင်ကြိုးဆွဲခဲ့ပါတယ်။မစ်ကလိုတစ်ယောက်ထောင်ထဲရောက်ပြီး ထောင်ထဲမှာ ဂိုဏ်းတွေနဲ့တွေ့ခဲ့ပြီးအရှုပ်တော်ပုံထဲရောက်သွားခဲ့ပါတယ်။ အတော်လေးကိုဆွဲမက်ဖွယ်ကောင်းတဲ့ရုပ်ရှပ်ရှင်မလို့လက်လွှတ်မခံသင့်တာတော့အမှန်ပါပဲ။ File size…(4.8 GB)/(2.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….03:00:00 Genre... Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by LuciferMaximoff
movie
Bound by Honor (aka) Blood In, Blood Out (1993)
6.7
Under the Tuscan Sun (2003)
ဘဝမှာအဆိုးဆုံးသော နေ့ရက်တွေကိုဖြတ်သန်းနေရပါသလား။အဆိုးဝါးဆုံးသောအရာတွေကို ကြုံတွေ့နေရပါသလား။ဆော်ပစ် ဘဲပစ်ခံရပြီးဘဝထဲကအရေးအပါဆုံးသောလူတွေကိုဆုံးရှုံးနေရပါသလား။အဲ့လိုတွေဖြစ်နေပေမဲ့လဲ စိတ်ဓာတ်လုံးဝမကျသွားပါနဲ့။ ဘဝမှာကိုယ့်အတွက်ကောင်းမွန်တဲ့အရာတွေက အံ့သြစရာအဖြစ်ကိုယ့်ဆီရောက်ရှိလာနိုင်သလိုကိုယ့်ရဲ့ဆုတောင်းတွေကလဲ တစ်ချိန်ချိန်မှာပြည့်ဝလာနိုင်လို့ပဲဖြစ်ပါတယ်။ဒီကားလေးထဲမှာလဲ အဲ့ဒီလိုမျိုးကံဆိုးမသွားရာ မိုးလိုက်လို့ရွာနေတဲ့ အရမ်းကံဆိုးပြီးတော့ ဘဝကြီးကိုအရှုံးပေးချင်နေတဲ့ ကောင်မလေးတစ်ယောက်ကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ သူကတော့စာရေးဆရာမဖရန်ဆက်ဖြစ်ပြီးတော့ သိပ်မကြာသေးခင်ကပဲ သူကိုယ်တိုင်ပြုစုပျိုးထောင်ပေးခဲ့တဲ့ သူ့ရဲ့ယောက်ျားဖြစ်သူ စာရေးဆရာပေါက်စကနာမည်ကြီးသွားတဲ့အခါမှာ ဖောက်ပြန်ပြီးတော့သူ့ကိုပစ်သွားတဲ့အပြင်လျော်ကြေးငွေပေးရင်ပေး မပေးရင်အိမ်ပေးဆိုလို့အိမ်ကိုပေးခဲ့ရသူပဲဖြစ်ပါတယ်။ဒီလိုနဲ့ဖရန်ဆက်တစ်ယောက်လဲကွာရှင်းပြီး နောက်ပိုင်း စိတ်ဓာတ်တွေကျနေတုန်းသူငယ်ချင်းတွေရဲ့ကောင်းမှုနဲ့ အီတလီကိုခရီးသွားဖြစ်ခဲ့ပါတော့တယ်။အဲ့ဒီမှာရောင်းရန်ဆိုတဲ့ အိမ်လေးတစ်လုံးကိုတွေ့ခဲ့ပြီး ဘာမှတွေးမနေတော့ပဲ တခြားနိုင်ငံကအိမ်တစ်လုံးကိုဝယ်ဖြစ်ခဲ့ပါတော့တယ်။ဒီလိုနဲ့အဲ့ဒီအိမ်လေးမှာနေထိုင်နေရင်းသူ့ရဲ့ဘဝကိုအသစ်ကနေပြန်စတင်ပါတော့တယ်။ဒါပေမယ့်လဲ လေပြေတွေမလာခင်တိုက်ခတ်နေတဲ့ မုန်တိုင်းတွေကိုဖရန်ဆက်တစ်ယောက်ထပ်ကြုံတွေ့ခဲ့ရပြီးတဲ့နောက်မှာတော့သူ့ဘဝရဲ့ဆုတောင်းတွေဘယ်လိုပြည့်ဝသွားမလဲ ပျော်စရာဘဝကိုရောဘယ်လိုကြုံတွေ့ရမလဲ ဆိုတာကို စိတ်ခွန်အားတက်စရာအနေနဲ့ ဒရာမာတွေအများကြီးချိုးပြီးရယ်လိုက်ငိုလိုက်နဲ့ ကြည့်ရှုရမဲ့ကားလေးပဲဖြစ်ပါတယ်။ File size…3.90GB / 1.39GB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 53m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Under the Tuscan Sun (2003)
7.1
The Thirteenth Floor (1999)
ဒီကားကတော့ သိပ္ပံအက်ရှင် ကိုမှ ဒရာမာနဲ့မှုခင်း ခပ်ပါးပါးထည့်ထားတဲ့ဇာတ်လမ်းမျိုးဖြစ်ပြီး အစကနေအဆုံးထိ ဘာဖြစ်မလဲရင်တစ်ထိတ်ထိတ်နဲ့ ကြည့်ရမယ့်ကားမျိုးပါ။ ဇာတ်လမ်းအကျဉ်း.... ဒေါက်ဂလပ်စ်ဟောဆိုတဲ့ လူငယ်နည်းပညာသမားတစ်ယောက်ဟာ ဟနွန်ဖူလာ ဆိုတဲ့အဖိုးကြီးပိုင်တဲ့ ဒေါ်လာသန်းပေါင်းများစွာတန်ကြေးရှိတဲ့ နည်းပညာကုမ္ပဏီကြီးမှာ အလုပ်လုပ်ပါတယ်။ ဒီနည်းပညာကုမ္ပဏီကြီးက လူသားတွေရဲ့စိတ်နဲ့ သူတို့ပရိုဂရမ်သွင်း ဖန်တီးထားတဲ့ဇာတ်ကောင်ပုံရိပ်တွေရဲ့ ပရိုဂရမ်လင့်ခ်ကို ချိတ်ဆက်ဝင်ရောက်ပြီးတော့ လူသားတွေလုပ်တာမှန်သမျှ အကုန်လုပ်လို့ရတဲ့ ပုံရိပ်ယောင်ကမ္ဘာကြီး(simulation)ကို စမ်းသပ်တီထွင်နေတာဖြစ်ပြီး အောင်မြင်လုဆဲဖြစ်နေပါပြီ။ တစ်နေ့မှာတော့ ဒီကုမ္ပဏီကြီးရဲ့ပိုင်ရှင် အဘိုးကြီးဟနွန်ဖူလာဟာ အသတ်ခံလိုက်ရပါတယ်။ ဒါပေမယ့် အဖိုးကြီးက သူအသတ်ခံရမှာကို ထူးဆန်းစွာ ကြိုသိနေခဲ့ပြီး သူဘာကြောင့်အသတ်ခံရလဲဆိုတဲ့ အကြောင်းအရာကို စာတစ်စောင်ရေးပြီး သူဖန်တီးထားတဲ့ ပုံရိပ်ယောင်ကမ္ဘာ(simulation)ထဲမှာ ထားခဲ့တဲ့အကြောင်း သူ့တပည့် ဒေါက်ဂလပ်စ်ဟောကို voice messageပို့ထားခဲ့ပါတယ်။ ထူးဆန်းတာက ဒေါက်ဂလပ်စ်ဟော ကိုယ်တိုင်ကလဲ အဖိုးကြီး အသတ်ခံခဲ့ရတဲ့ည ရဲ့နောက်တစ်မနက်မှာပဲ သွေးတွေပေနဲ့တဲ့ သူ့အင်္ကျီကို တွေ့ရပြီး ညကဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေကို လုံးဝမမှတ်မိတော့ပါဘူး။ ရဲတွေကလဲ ဒေါက်ဂလပ်စ်ဟာ ကုမ္ပဏီကိုဦးစီးချင်လို့ အဖိုးကြီးကိုသတ်လိုက်တာလို့သံသယဝင်လာကြတာကြောင့် သူကိုယ်တိုင်လဲဇဝေဇဝာဖြစ်နေတဲ့ ဒေါက်ဂလပ်စ်ဟာ အကြောင်းရင်းအမှန်ကိုသိရဖို့ ပုံရိပ်ယောင်ကမ္ဘာထဲကိုဝင်ပြီး အဖိုးကြီးထားခဲ့တဲ့ စာကိုရှာဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီ့အချိန်မှာပဲ အရင်ကတစ်ခါမှ ရှိတယ်လို့မကြားဖူးတဲ့ အဖိုးကြီးရဲ့ သမီးဂျိန်းဖူလာကလဲ ပြင်သစ်ကနေရောက်လာတဲ့အခါ...... ဒါကတော့ ဒီဇာတ်လမ်းရဲ့ အစပိုင်းအကျဉ်းဖြစ်ပြီးတော့ အဘိုးကြီးကို ဘယ်သူသတ်တာလဲ ဘာကြောင့်သတ်ရတာလဲဆိုတာတွေကို တွေးထင်မထားတဲ့ရှုထောင့်တွေကနေ ကြည့်ရမှာပါ။ ဇာတ်အိမ်က တော်တော်လေးကို ကျယ်ပြန့်ကောင်းမွန်ပြီး spoilသလိုဖြစ်မှာစိုးလို့ အများကြီးမပြောတော့ပါဘူး။ science fiction, crime thriller ဇာတ်လမ်းအမျိုးစားကိုကြိုက်တတ်သူတွေ, ဇာတ်လမ်းအမျိုးအစားမရွေးပဲ ဇာတ်အိမ်ကောင်းရင် ကြည့်တတ်တဲ့လူတွေအတွက်တော့ downမိလို့နောင်တမရစေမယ့် ကားမျိုးဖြစ်ပါတယ်။ Translated By : Kaung Khant Win Encoded By ...
movie
The Thirteenth Floor (1999)
1999