Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Geoffrey Lewis
5.7
Joshua Tree (aka) Army of One (1993)
ပြစ်မှုကျူးလွန်သူအဖြစ် မှားယွင်းစွပ်စွဲ ထောင်ချခံရတဲ့ ဆန်တီဟာ အကျဉ်းထောင်ကူးပြောင်းနေတဲ့ လမ်းခုလတ်မှာပဲ ထွက်ပြေးခဲ့ပြီး မရက်ခ်အမည်ရှိတဲ့ အမျိုးသမီးတစ်ဦးကို ဓားစာခံအဖြစ် ဖမ်းခေါ်သွားခဲ့ပါတယ်။အဲဒီအမျိုးသမီးဟာ သမာသမတ်ကျတဲ့ ဒုလက်ထောက်ရဲအရာရှိဖြစ်တာကြောင့် ဒီအခြေအနေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ၊ ဆန်တီကရော ဘာအကြောင်းကြောင့်စွပ်စွဲခံရလဲ၊ နောက်ကွယ်က လက်မည်းကြီးက ဘယ်သူဖြစ်မလဲဆိုတာကို တစ်ဆင့်ချင်းခံစားကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ခုပါ။ File size…(2.1 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:46:00 Genre... Action, Adventure, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Tina
movie
Joshua Tree (aka) Army of One (1993)
7.0
Maverick (1994)
မိတ်ဆွေတို့အနေနဲ့ ကိုယ့်ဟာ နယ်ပယ်တစ်ခု၊ အလုပ်တစ်ခုမှာ မဖြစ်မနေအောင်မြင်ရမယ်ဆိုပြီး အလိုလိုသိနေတဲ့ ဗီဇစိတ်( instinct mind) (တစ်နည်း )တစ်ခုခုမှာ ကိုယ့်ကိုယ်ကိုပါရမီပါနေတယ်လို့ ကံသေကံမအခိုင်အမာ ယုံကြည်ဖူးပါသလား။ ဥပမာ- ငါဟာ သီချင်းဆိုတဲ့ အဆိုတော်အဖြစ် တစ်နေ့မုချအောင်မြင်လိမ့်မယ်ဆိုတာမျိုး၊ ငါဟာ ဘောလုံးအားကစားမှာ ပရိုကစားသမားတစ်ယောက်အဖြစ် တစ်နေ့အောင်မြင်လိမ့်မယ်ဆိုတာမျိုး၊ ငါဟာ စာရေးဆရာတစ်ယောက်အဖြစ် bestseller တန်းဝင်ပြီး တစ်နေ့မုချအောင်မြင်လိမ့်မယ်ဆိုတာမျိုး အခိုင်အမာ ကိုယ့်ကိုကိုယ်သိနေ၊ ယုံကြည်နေတာမျိုး ရှိဖူးခဲ့ပါသလား။ စာရေးသူအနေနဲ့တော့ ကိုယ်တိုင်ရှိခဲ့ဖူးသလို မိတ်ဆွေတို့မှာလည်း တစ်မျိုးမဟုတ်တစ်မျိုး၊ တစ်ခုမဟုတ်တစ်ခုမှာ ရှိမယ်ဆိုတာ သေချာပေါက်ပြောနိုင်ပါတယ်။ မိတ်ဆွေကိုယ်တိုင် မသိဘူးထင်ရပေမယ့် အတွင်းမသိစိတ်မှာတော့ မိတ်ဆွေဟာ နယ်ပယ်တစ်ခုခုမှာ ပါရမီအရမ်းရှိနေတာမျိုး၊ အဲ့လိုရှိမှန်းမသိသည့်တိုင် မိတ်ဆွေဟာ ထူးချွန်နေတာမျိုး ရှိတတ်ပါတယ်။အခုတင်ဆက်ပေးမယ့် ဇာတ်လမ်းကလည်း အဆိုပါသဘောတရားကို အနည်းငယ်ကျောရိုးယူပြီး ဇာတ်အိမ်တည်ထားတဲ့ ဟောလိဝုဒ် Western ရုပ်ရှင်တစ်ခု ဖြစ်ပါတယ်။ Western ရုပ်ရှင်ပီပီ အပစ်အခတ်၊ ...
movie
Maverick (1994)
6.7
The Devil’s Rejects (2005)
Horror ဇာတ်ကားအဟောင်းလေးတွေထဲက ကောင်းတာလေးတွေကိုပြန်ကြည့်ချင်တဲ့လူတွေအတွက် The Devils Rejects လို့ခေါ်တဲ့ ၂၀၀၅ ခုနှစ်ကထွက်ခဲ့တဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီကားကတော့နာမည်အတိုင်းပဲ နတ်ဆိုးကတောင်ငြင်းပယ်ရတဲ့အပယ်ခံတွေလို့တင်စားခံထားရလောက်တဲ့အထိ ဆိုးသွမ်းတဲ့ရာဇဝတ်သားတွေအကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအစမှာတော့ ရဲမှူးဝိုင်ဒဲလ်က အိမ်တစ်အိမ်ကရာဇဝတ်သားတွေကို လာရောက်ဖမ်းဆီးတဲ့မြင်ကွင်းကိုတွေ့ရမှာပါ။ဒါပေမယ့်အဲ့ဒီရာဇဝတ်သားတွေက ရိုးရိုးတန်းတန်းရာဇဝတ်သားတွေမဟုတ်ဘဲ အရမ်းကိုရက်စက်ယုတ်မာရိုင်းစိုင်းပြီး လူမဆန်တဲ့ရာဇဝတ်သားတွေဖြစ်ပါတယ်။ဒီလိုနဲ့ရဲတွေနဲ့လူဆိုးတွေကြား အပြန်အလှန်ပစ်ခတ်ကြရင်းနဲ့ တော်တော်များများကိုဖမ်းမိပြီး နှစ်ယောက်တော့ လွတ်သွားပါတော့တယ်။ရဲမှူးဝိုင်ဒဲလ်လဲ သူတို့နောက်ကိုလိုက်ဖမ်းရင်းနဲ့ သူ့အစ်ကိုသေရတာ သူတို့ကြောင့်ဆိုတာကိုသိလာခဲ့ပြီးအလုပ်ကိစ္စဆိုတာထက် ကိုယ်ရေးကိုယ်တာတွေပါပါလာတဲ့အခါ ရဲတစ်ယောက်လည်းနတ်ဆိုးထက်ပိုကြမ်းလာနိုင်တယ်ဆိုတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ File size…2.42GB / 1.24GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 47m Genre ….. Horror , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
The Devil’s Rejects (2005)
6.4
Tango & Cash (1989)
Tango & Cash (1989)၁၉၈၀ ခုနှစ်တွေတုန်းက လျှမ်းလျှမ်းတောက်အောင်မြင်နေခဲ့တဲ့ Sylvester Stallone နဲ့ Kurt Russell တို့လို အက်ရှင်မင်းသားတွေကို ဇာတ်ဆောင်တင်ရိုက်ထားတဲ့ Action, Comedy ရုပ်ရှင်ကားကောင်းတစ်ခုပါ။ Stallone ကလည်း Rambo ၃ကား နဲ့ Rocky ၄ကားထွက်ပြီးတဲ့အချိန်၊ Kurt ကလည်း Escape from Newyork နဲ့ Big Trouble in Little China တို့လို အက်ရှင်ကားတွေရိုက်ကူးထားပြီးချိန်ပါ။ မင်းသား ၂ယောက်ရဲ့ ဩဇာရှိန်တက်နေဆဲအချိန်ပေါ့။လော့စ်အိန်ဂျလိစ်ရဲတပ်ဖွဲ့မှာ အတော်ဆုံးလို့ သတ်မှတ်ထားရတဲ့ စုံထောက် ၂ ယောက်ရှိပါတယ်။ အနောက်ဘက်က တန်ဂိုနဲ့ အရှေ့ဘက်က ကက်ရှ် တို့ပါ။ နေရာချင်းမတူသလို စရိုက်ချင်းကလည်းမတူပါဘူး။ တန်ဂိုဟာ သပ်သပ်ရပ်ရပ်ဝတ်စားပြီး လူကြီးလူကောင်းဂိုက်နဲ့ အမြဲနေပေမဲ့ ကက်ရှ်ကတော့ ပိုလွတ်လပ်တဲ့ လမ်းသရဲစတိုင်ရှိပါတယ်။ ဒီလိုအတော်ဆုံးရဲ ...
movie
Tango & Cash (1989)
1989
The Way of the Gun (2000)
အခုတင်ဆက်ပေးမှာကတော့ Bencio နဲ့ Ryan Phillipe တို့ရဲ့ crime action ရုပ်ရှင်သစ်ပါ ၂၀၀၀ ပြည့်နှစ်ကာလကိုနောက်ခံထားပါတယ် Bencio က Traffic (2001) ရုပ်ရှင်နဲ့ Best Supporting Actor ဆုရထားပြီးRyan Phillipeကတော့ တော်တော်များများသိကြတဲ့ horror series ''I Know What You Did Last Summer'' နဲ့နာမည်ကြီးပါတယ် ဇာတ်လမ်းအကျဥ်း အငှားကိုယ်ဝန်ဆောင်ပေးတဲ့အမျိုးသမီးတစ်ယောက် သူ့နာမည်က ရော်ဘင်။ ကလေးပိုင်ရှင်လင်မယားရဲ့အိမ်မှာ သက်တော်စောင့်တွေရဲ့အချိန်ပြည့်စောင့်ကြည့်မှုနဲ့ အကျဥ်းသားတစ်ယောက်လိုနေရတဲ့သူ။ ကလေးမီးဖွားပြီးရင် သူ့တာဝန်ပြီးဆုံးမှာဖြစ်ပြီး အဖိုးအခအနေနဲ့ ဒေါ်လာတစ်သန်းယူပြီးထွက်သွားရုံပါပဲ။ ဒါပေမဲ့ ကလေးမီးဖွားဖို့တစ်ပတ်အလိုမှာ ပြန်ပေးဆွဲခံလိုက်ရပြီး..... ဇာတ်ညွှန်းရေးသူဟာ ဒီဇာတ်ကားကိုကြည့်တဲ့သူတွေကို ဘယ်သူ့ဘက်ကိုပါရမှန်းမသိအောင် ဘယ်ဇာတ်ကောင်ကိုယုံရမယ်မှန်းမသိအောင် လုပ်ထားပါတယ်။ ဇာတ်လမ်းရဲ့ main role နှစ်ယောက်ကအစ ခိုးဆိုးလုယက်သူတွေဖြစ်နေလို့ပါပဲ။ အငှားကိုယ်ဝန်ဆောင်မိန်းကလေးဟာလည်း ထင်သလောက်ရိုးရှင်းမနေခဲ့ပါဘူး။ ပြန်ပေးဆွဲမခံရခင်ကတည်းက ကလေးကိုပေးစရာမလိုမယ့်နည်းလမ်းကို ...
movie
The Way of the Gun (2000)
7.0
Midnight in the Garden of Good and Evil(1997)
Midnight in the Garden of Good and Evil(1997) အညွှန်း************************************************* နာမည်ကျော်မင်းသားကြီး Kelvin Spacey ပါဝင်ထားတဲ့ Crime/Drama အမျိုးအစားဖြစ်ပါတယ်။Kelvin Spacey ကားဆိုရင် အညွှန်းမဖတ်ဘဲကြည့်သင့်တဲ့အထဲမှာပါတယ်ဆိုတာသူကားတွေအတော်များများကြည့်ဖူးရင်သိကြပါတယ်..ဒါ့ကြောင့်အညွှန်းတွေ ရှည်ရှည်ဝေးဝေးရေးမနေတော့ဘူး..နယူးယောက်မြို့ကနေ ပါတီပွဲတစ်ခုအကြောင်း သတင်းယူဖို့ စေလွှတ်ခဲ့လိုက်ရတဲ့ဂျွန်ကယ်ဆိုတစ်ယောက် ဆာဗန်းနားမြို့ကို မအူမလည်နဲ့ရောက်ချလာပါတယ်။အဲဒီပါတီပွဲကိုတာဝန်ယူကျင်းပမယ့်သူက ရှေးဟောင်းဂန္တဝင်ပစ္စည်းတွေကိုစုဆောင်းလေ့ရှိတဲ့ သူဌေးကြီး ဂျင်မ်ဝီလီယံစ်ဖြစ်ပြီး သူတို့နှစ်ဦး ခင်မင်သွားရာမှတစ်မနက်မှာတော့ ဂျင်မ်တို့အိမ်ကြီးမှာ လူသတ်မှုတစ်ခုဖြစ်သွားကြောင်း သိလိုက်ရပါတယ်။ဘာတွေ ဘယ်လိုဆက်ဖြစ်မယ်ဆိုတာကတော့…File Size :(3.2GB) (1.4 GB) and (467 MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…02:35:00 Genre : Crime , Drama , Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Encoded by Phyo Pyae
movie
Midnight in the Garden of Good and Evil(1997)
5.6
Double Impact (1991)
Double Impact ( 1991 )ဟောင်ကောင်ဆို ဂျက်လီ ဂျက်ကီချမ်း၊ အနောက်ကဆို ဗန်ဒိန်းတို အာနိုးတိုဟာ ငယ်ငယ်က အက်ရှင်ကားတွေပရိသတ်တွေတိုင်း အသည်းစွဲလူတွေပါပဲ။ ဗန်ဒိန်းဟာလည်း သူ့ခေတ်သူ့အခါကတော့ မသိသူမရှိလောက်အောင် နာမည်ကျော်တဲ့သူပါပဲ။ သူ့ဇာတ်လမ်းတွေဟာ နည်းနည်း ရုပ်ရှင်ကောင်းတွေအများကြီးကြည့်ဖူးပြီးတဲ့သူတွေအတွက် နည်းနည်းအရသာပေါ့ကောင်းပေါ့ ပေါ့နိုင်ပေမဲ့ အက်ရှင်ခန်းတွေကတော့ ကိုယ်ခံပညာတကယ်တတ်တဲ့ ဗန်ဒိန်းကိုယ်တိုင် သရုပ်ဆောင်ထားတာဆိုတော့ ပြောင်မြောက်ပါတယ်။ ဇာတ်လမ်းက နည်းနည်းတော့ တက်သုက်ရိုက်ဆန်ပေမဲ့ ငယ်ဘဝကို အမှတ်ရချင်တဲ့သူတွေအတွက်တော့ အလွမ်းပြေကြည့်လိုကောင်းမယ့် ဇာတ်လမ်းဖြစ်မှာပါ။ဒီဇာတ်လမ်းမှာတော့ ဗန်ဒိန်းက နှစ်ကိုယ်ခွဲသရုပ်ဆောင်ထားပါတယ်။ ဇာတ်ကောင်၂ကောင်ဟာ အပျော့နဲ့အမာ ယင်နဲ့ယန် အပူနဲ့အအေးလိုဖြစ်နေပေမဲ့ ဗန်ဒိန်းဟာ အစွမ်းကုန် ကြိုးစားသရုပ်ဆောင်ပေးခဲ့ပါတယ်။ ဟောင်ကောင်မှာ တူးမြောင်းလုပ်ငန်းတစ်ခုလုပ်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ပိုင်တဲ့ ပိုင်ဆိုင်မှုတွေကိုလိုချင်တဲ့ သူ့ပါတနာဟာ ဟောင်ကောင်က ဂိုဏ်းတစ်ဂိုဏ်းရဲ့ အကူအညီကိုယူပြီး လုပ်ငန်းရှင်ကိုရော သူ့မိသားစုကိုပါ သတ်ဖိုစီစဉ်ခဲ့တယ်။ ကံကောင်းထောက်မစွာနဲ့ သူ့အမွှာသားလေး၂ယောက်ဟာ မသေဘဲလွတ်သွားခဲ့ပါတယ်။ ၂၅နှစ်ကြာပြီးတဲ့နောက် ညီအစ်ကို နှစ်ယောက်ပြန်ဆုံတွေ့ပြီး ...
movie
Double Impact (1991)
6.7
The Man without a Face(1993)
The Man without a Face(1993)IMDb.....6.7,,,,,Rotten....64%လူတိုင်းမှာ အတုယူစရာ တစ်ခု သို့မဟုတ် အမြင့်တစ်နေရာကိုတက်လှမ်းနိုင်ဖို့ရာ လေးစားအားကိုးထိုက်သူ တစ်ယောက်ယောက်တော့ ရှိနေတတ်စမြဲပင်...သို့ပေမယ့်လည်း တစ်ချို့သော ကလေးငယ်တွေအဖို့တော့...... မုဆိုးမ အမျိုးသမီးတစ်ယောက်မှာ သားသမီး (၃)ယောက်ရှိတယ်...သမီး(၂)ယောက် သားတစ်ယောက်ပေါ့....မိခင်ရဲ့သားသမီးတွေအပေါ် ထားတဲ့အချစ်က စနစ်တကျမရှိခဲ့... ချက်ဆိုတဲ့ ၁၃နှစ်အရွယ်ကောင်လေးက ဒီအမျိုးသမီးရဲ့သားပေါ့....ဒီကောင်လေးရဲ့ မွေးချင်းတွေကလည်း အမေတူအဖေကွဲတွေ...မည်သို့ပင်ဆိုစေကာမူ ဒီမောင်နှမ(၃) ယောက်ရဲ့ သံယောက်ဇဉ်တွေကို အလှပဆုံးအသိုက်အမြုံဖြစ်အောင် မိခင်က စွမ်းဆောင်နိုင် စွမ်းမရှိသလောက်ပင်...သို့သော်ချက်အတွက် ဂုဏ်ယူစရာတစ်ခုရှိတယ်...ဘာလဲဆိုတော့ ဆုံးသွားတဲ့သူ့ဖခင်က စစ်က္ကသိုလ်က...ကိုးရီးယားမှာလေယာဉ်မောင်းရင်းဆုံးသွားတယ်... ဖခင်ကိုအားကျတယ်..မခင်က သူ့အတွက် ဟီးရိုးပဲ.သူ့ဖခင်လို ဖြစ်ချင်သည်....ရိုးရိုးကျောင်းကပဲအောင်ရင် သူ့ဖခင်တက်တဲ့ ကျောင်းကို တက်ခွင့်ရဖို့လမ်းမမြင်....ချက်အတွက် လေ့လာသင်ယူ လိုစိတ်ရှိပေမယ့် သူ့အတွက် လမ်းကောင်းကောင်းပြပေးမယ့်သူမရှိဘူး.... ဒီလိုနဲ့ ကျောင်းဆရာတစ်ယောက်ကိုသူတွေ့သွားတယ်...အဲ့ဒီဆရာက မျက်နှာတစ်ခြမ်း မီးလောင်ဒဏ်ရာတွေနဲ့...ဒီဆရာက ခင်မင်သူမရှိ ...ချက်တို့နယ်မြို့လေးမှာ (၇)နှစ်နေခဲ့တယ် ဆိုပေမယ့် သူ့ကိုမြင်ဖူးတဲ့သူခပ်ရှားရှားပင်...စစ်တက္ကသိုလ်ဝင်ခွင့်ရဖို့အရေး အများသူငါ ကြောက်ရွံတဲ့သူမှာ တပည့်ခံဖို့ သူဆုံးဖြတ်ခဲ့သည်..... ဒီကားကတော့ မဲလ်ဂစ်ဆင် ကိုယ်တိုင်ရိုက်ကူးပြီး သူကိုယ်တိုင်သရုပ်ဆောင်ခဲ့သည်... ဒီကားက မေတ္တာ သံယော်ဇဉ် ယုံကြည်အားကိုးမှုကို ရိုးစင်းစွာရိုက်ပြထားပါတယ်... ခံစားမှုစည်းစိမ်တွေ မြောက်များစွာ ခင်ဗျားရရှိသွားလိမ့်မယ်လို့ထင်တယ်...အဲ့ဒီခံစားမှု စည်းစိမ်တွေထဲမှာ ပျော်ရွှင်ကြည်နူးမှုတွေ၊ဒေါသတွေ၊ဝမ်းနည်းမှုတွေ၊မြောက်များစွာပါပဲ... ခင်ဗျားဟာ ဒီကားကိုကြည့်နေရင်းခင်ဗျားတို့လိုချင်တဲ့ဇတ်သိမ်းခန်းကိုရောက်လို့ နှုှုတ်ခမ်း ကပြုံးနေပါလိမ့်မယ်.သို့ပေမယ့် အဲ့ဒီအချိန်မှာ ခင်ဗျားမျက်လုံးကိုမတော်တဆထိကြည့်လိုက်ပါ... မျက်ရည်လေးတွေဝေ့နေပါလိမ့်မယ်...ဘာ့ကြောင့်လဲဆိုတာတော့ ခံစားသာကြည့်လိုက်ပါ....File ...
movie
The Man without a Face(1993)
1993