Channel Myanmar

Geetanjali Kulkarni

Sir (2018) 7.7
Sir (2018) Sir (2018)"အချစ်တဲ့လား ဆရာ" IMDb - 7.7/10ရုပ်ရှင်ဆုပေးပွဲတွေမှာ ဆုတွေအများကြီးရခဲ့တဲ့ အမျိုးသမီးဒါရိုက်တာ ရိုဟီနာဂီရာရဲ့လက်ရာ ရိုမန့်စ်ရုပ်ရှင်ကားဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ရတ်နာဆိုတဲ့ အမျိုးသမီးလေးက ရွာကလူတွေရဲ့အပြော၊ အမြင်တွေကိုဂရုမစိုက်ဘဲ မွမ်ဘိုင်းမြို့ကြီးဆီ အလုပ်လုပ်ဖို့တက်လာခဲ့ပါတယ်။ရည်မှန်းချက်ကြီးပေမဲ့ မိဘတွေကိုမလွန်ဆန်နိုင်တာကြောင့် အိမ်ထောင်ပြုလိုက်ရာက ငယ်ငယ်ရွယ်ရွယ်နဲ့မုဆိုးမဖြစ်ခဲ့ရသူ။မိတ်ဆွေအကူအညီနဲ့ အိမ်တစ်အိမ်မှာ အိမ်အကူအလုပ်ရခဲ့ပြီး ရွာမှာကျန်ခဲ့တဲ့မိသားစုကိုပြန်ထောက်ပံ့ပေးနိုင်ခဲ့တယ်။ဒီရုပ်ရှင်မှာတော့ ရတ်နာအလုပ်လုပ်တဲ့အိမ်က အိမ်ရှင်အက်ရှ်ဝင်နဲ့ ရတ်နာတို့ကြား လောကဓံရဲ့ရိုက်ချက်တွေနဲ့ ဘ၀ပေါ်ရှုမြင်ပုံတွေကို ဖန်တီးပုံဖော်ထားတာမို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ TOMO ~ ALEX ~ Vတို့ပဲဖြစ်ပါတယ်) File size… 1.67GB / 796MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 39min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by TOMO ~ ALEX ~ V
movie

Sir (2018)

Cobalt Blue (2021) 8.3
Cobalt Blue (2021) "ကိုယ့်ရဲ့အစ်ကိုဖြစ်သူ ဒါမှမဟုတ် ညီမဖြစ်သူနဲ့ လူတစ်ယောက်တည်းကို သဘောကျမိရင်" ဆိုတဲ့ အတွေးမျိုးတွေးမိကြဖူးလား။ကယ်ရလာဆိုတဲ့နေရာမှာနေထိုင်ကြတဲ့ ယဉ်ကျေးမှုရိုးရာကို အလွန်လေးစားတန်ဖိုးထားကြတဲ့ မိသားစုရဲ့မျိုးဆက်အငယ်လေးတွေဖြစ်တဲ့ မောင်နှမနှစ်ယောက်။ စာရေးဆရာဖြစ်ချင်တဲ့ တနေးနဲ့ ဟော့ကီကစားသမားတစ်ယောက်ဖြစ်ချင်တဲ့ အနူဂျာတို့ဟာ အိပ်မက်တွေမတူကြသလိုခံယူချက် မျှော်လင့်ချက်တို့မတူကြပါဘဲ သူတို့အိမ်မှာ လာငှားနေတဲ့လူတစ်ယောက်တည်းကိုပဲ ချစ်မိသွားခဲ့ကြတာပါ။ဒီကိစ္စကိုသိသွားတဲ့ သူတို့ရဲ့ မိသားစုကရော ဘယ်လိုရင်ဆိုင်မလဲ ဘယ်လိုဖြေရှင်းမလဲ...သူတို့နှစ်ယောက် ဘာတွေဆက်ဖြစ်ကြမလဲ....ဘဝနဲ့အချစ်ယှဉ်လာတဲ့အခါ မေတ္တာတရားကို ဘယ်လိုတန်ဖိုးဖြတ်ကြမလဲ ဆိုတာကို သပ်ရပ်ရှင်းလင်းတဲ့ရိုက်ကွက်တွေနဲ့ ချပြထားတဲ့ကားလေးပဲဖြစ်ပါတယ်။LGBTQတို့ရဲ့ လက်တွေ့ဘဝကို အကောင်းဆုံး ချပြထားတဲ့ "Cobalt Blue"ဆိုတဲ့ ဒီဇာတ်လမ်းလေး။ အပြာရောင်ဆိုတာကတော့ ဝမ်းနည်းကြေကွဲခြင်းကိုဖော်ပြတဲ့အရောင်ဖြစ်သလို ဒီဇာတ်လမ်းလေးဟာလည်း နှလုံးသားတွေကွဲကြေရတဲ့ မောင်နှမနှစ်ယောက်ကြားထဲက ခံစားချက်တွေကို ဖော်ပြနေတာများဖြစ်နေမလား။"ချစ်မိတဲ့အချိန်ကျရင် သိလာပါလိမ့်မယ်။ အချစ်က မင်းကို သန်မာလာအောင် လုပ်ပေးနိုင်တယ်"တဲ့။IMDb 8.1အထိရရှိထားပြီး 2021 Decemberကမှထွက်ထားကာ Sachin Kundalkarရဲ့ ဝတ္ထုကိုပြန်ရိုက်ထားတဲ့Cobalt Blue(ကိုဘော့ပြာရောင်)ဆိုတဲ့ အိန္ဒိယကားလေးဖြစ်ပါတယ်။ အားပေးကြည့်ရှုလိုက်ပါဉီးနော်။  File size…1.6GB / 800MB Quality…1080p ...
movie

Cobalt Blue (2021)

2021