Channel Myanmar

Gavino Tragarz

Visher (2024) 5.0
Visher (2024)  ညဖက်စောင်ခြုံမီးပိတ် Horror ကားကြည့်‌ချင်သူတွေအတွက်Paranormal Activity လို Vibe မျိုးရစေမဲ့ Visher ဆိုတဲ့Horror ဇာတ်ကားအသစ်တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။Production အကြီးကြီးတွေ နာမည်ကြီးမင်းသားမင်းသမီးတွေနဲ့တော့မဟုတ်ပေမဲ့ ကြည့်ရင်းနဲ့ကျောချမ်းစေမဲ့ခံစားချက်တွေဘယ်အချိန်မှာကင်မရာရှေ့မှာ Jumpscare ကောက်ပေါ်လာမလဲဆိုတာတွေကိုရင်တထိတ်ထိတ်နဲ့ကြည့်ရှုရတဲ့ခံစားချက်မျိုးတွေတော့ပေးစွမ်းနိုင်မှာပါ။အွန်လိုင်းကျားဖြန့်လိမ်လည်မှုတို့ ဖုန်းဆက်လိမ်လည်တာတို့ကဘယ်နိုင်ငံမှာမဆိုရှိကြတဲ့တရားမဝင်လုပ်ငန်းတွေပါပဲ။အမေရိကန်နိုင်ငံလို ဥပဒေစိုးမိုးတဲ့နိုင်ငံကြီးတွေမှာတောင်ဒါမျိုးတွေကမှိုလိုပေါက်နေတာပါ။အခုဇာတ်ကားရဲ့အစမှာလည်း ကျားဖြန့်လုပ်ငန်းလုပ်ကိုင်တဲ့ဖုန်းခေါ်ဆိုသူ တစ်ယောက်က သူ့သားကောင်တွေကိုတစ်ယောက်ပြီးတစ်ယောက်လိုက်လိမ်နေတာကိုတွေ့ရမှာပါ။သူ့ရဲ့လိမ်လည်မှုတွေကရုသ်ဆိုတဲ့ ကောင်မလေးနဲ့တွေ့မှပဲရုတ်တရက်ရပ်တန့်သွားခဲ့ပါတယ်။ဘယ်လိုဖြစ်ရတာလဲဆိုတော့ သူ့အလုပ်ထုံးစံအတိုင်းရုသ်ကိုလိမ်ဖို့ဖုန်းဆက်အချက်အလက်တွေတောင်းပြီး ရုသ်ရဲ့ကင်မရာတွေထဲဝင်ခွင့်ရသွားတဲ့အချိန်မှာသူ့ကိုတွေ့ပြီး ကြွေဆင်းသွားခဲ့လို့ပါပဲ။သူကလည်းမိန်းမလိုချင်နေတဲ့သူဆိုတော့ ရုသ်နဲ့သူ့ပုံကိုတောင်တွဲပြီး မင်္ဂလာဆောင်ဓာတ်ပုံကောက်လုပ်လိုက်ပါသေးတယ်။ဒါပေမယ့် သူမသိခဲ့တာကတော့ရုသ်ကို ဆက်သွယ်ခဲ့တဲ့အဲ့ဒီညမှာသူရောရုသ်အတွက်ပါ အလွန်ကြောက်မက်ဖွယ်ရာကောင်းတဲ့သဘာ၀လွန်ဖြစ်ရပ်တွေနဲ့ ကြုံတွေ့ရမယ်ဆိုတာပါပဲ။ဒီတော့သူတို့နှစ်ယောက်ဘယ်လိုအရာတွေကို ကြုံတွေ့ရမလဲ အဲ့ဒီတစ်ညတာကရော ဘယ်လိုမထင်မှတ်ထားတဲ့လှည့်ကွက်တွေနဲ့ အဆုံးသတ်သွားမယ်ဆိုတာကိုကြည့်ရှုရမဲ့ Horror ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…976MB / 379MB Quality…WEB-DL 1080p  / 720p Format…mp4 Duration….1h 5m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Visher (2024)