Channel Myanmar

Gavan O'Herlihy

Willow(1988) 7.2
Willow(1988) Willow (1988)Old but Gold, ရှင်ရှင်ကားဟောင်း တစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ The Lord of the Rings တို့လို့ ရုပ်ရှင်ကားကောင်းတွေ မထွက်ခင်က ၁၉၈၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ အတော်လေးကြည့်ကောင်းတဲ့ Fantasy, Adventure ရုပ်ရှင်ကားတစ်ကားပါ။ ၁၉၈၈ ခုနှစ်က ထွက်ခဲ့တာမို့လို့ ဒီဖက်ခေတ်နဲ့ ပြန်ကြည့်ရင် အထူးပြုလုပ်ချက် လိုအပ်ချက်တွေ၊ ဇာတ်လမ်းလိုအပ်ချက်တွေ ရှိကောင်းတော့ ရှိနိုင်ပါတယ်။ ဒါပေမယ့် Fantasy, Adventure ရုပ်ရှင်ကြိုက်သူတွေအတွက်တော့ ကြည့်ရကျိုးနပ်မှာပါဇာတ်လမ်းအကျဉ်းကတော့ မှော်ပညာတွေ၊ နတ်သမီးတွေ၊ ဘီလူးတွေ၊ ကျိန်စာတွေ၊ လူပုလေးတွေ၊ ငလက်မလေးတွေ အမှန်တကယ် တည်ရှိတဲ့ စိတ်ကူးယဉ်လောကကြီးတစ်ခုထဲမှာ ဝီလို ဆိုတဲ့ လူပုလေး တစ်ယောက် နေထိုင်ပါတယ်။ သူက မှော်ဆရာအရမ်းဖြစ်ချင်နေတဲ့ သာမန်လယ်သမားလေးတစ်ယောက်ပါ။ ဒီလိုနဲ့ ဒိုင်ကီနီမျိုးနွယ်က ကလေးတစ်ယောက် မြစ်ထဲကနေ မျောလာပြီး သူ့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတယ်။ ထိုကလေးကတော့ မကောင်းတဲ့ မှော်ဆရာမ ဘုရင်မကြီး ဘက်ဗ်မော်ဒါကို ဖြုတ်ချမယ်လို့ နိမိတ်ဖတ်ခြင်းကို ခံရလို့ ဘုရင်မကြီး ...
movie

Willow(1988)

Superman III (1983) 5.2
Superman III (1983) Superman III (1983) ================စူပါမန်း ရုပ်ရှင်တွေမှာ အဓိကကျတာကတော့ သူနဲ့ရင်ဆိုင်ရတဲ့ Villain တွေပါပဲ။ ဒီ၁၉၈၃ ခုနှစ်ကထွက်ခဲ့တဲ့ အပိုင်း ၃ မှာလည်း စူပါမန်းရဲ့ villain က တစ်ခြားကမ္ဘာက စွမ်းအားမြင့် ဂြိုလ်သား တွေ နတ်ဘုရားတွေမဟုတ်ဘဲ သာမန် လူတွေပါပဲ။၁၉၈၀ နောက်ပိုင်း ကွန်ပြူတာတွေ စခေတ်စားလာတဲ့အခါမှာ ကွန်ပြူတာကို အထူးကျွမ်းကျင်တဲ့ ဂက်စ်ဂေါ်မန်ဆိုတဲ့ လူတစ် ယောက်က သူ့ရဲ့ မဟာအကြံစည်ကြီးမှာ စူပါမန်းက အနှောင့် ယှက်အတားဆီးဖြစ်နေမှာသိတဲ့အတွက် စူပါမန်းရဲ့အားနည်း ချက်ဖြစ်တဲ့ ခရစ်ပတွန်ကျောက်ကို ပုံတူပွားပြီး Evil Superman ဖြစ်အောင် လှည့်ကွက်နဲ့အသုံးချလိုက်ပြီး လူတွေရဲ့ ယုံကြည်အား ကိုးမှုကိုပျက်ပြားအောင်လုပ်ပြီးသွေးခွဲလိုက်ပါတယ်။ ဒီဒုစရိုက် သမား ဉာဏ်ကြီးရှင်ကိုလည်း စူပါမန်းဘယ်လိုအနိုင်ယူသွားမလဲ ဆိုတာကို ကြည့်ရမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။#Christopher Reeve(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်)File Size..........(3.0 GB) / (1.0 GB) / (500 MB) Quality............BLU-RAY 1080p / 720p / ...
movie

Superman III (1983)

1983