Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Gary Grubbs
Left Behind (2014)
Left Behind (2014)မင်းသားကြီး Nicolas Cage ရဲ့ 2014 ခုနှစ်တုန်းကထွက်ရှိထားတဲ့ Sci-Fi ဆန်ဆန် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို ရေးစတီးလ်လို့ခေါ်တဲ့လေယာဉ်မှူးတစ်ဦးရဲ့ မိသားစုအရှုပ်အထွေးတွေနဲ့ ခရစ်ယာန်ဘာသာထဲမှာပါတဲ့ Rapture (ချီဆောင်ခြင်း) အကြောင်းကို ရောယှက်ပြီး ဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပါတယ်။ရေးစတီးလ်ဆိုတဲ့လေယာဉ်မှူးမှာ မိသားစုဝင်လေးယောက်ရှိပါတယ်။ သူကိုယ်တိုင်နဲ့ သမီးဖြစ်သူဟာ ဘာသာမဲ့ဝါဒီဘက်ကို အားသန်ပြီး အမေနဲ့ သားဖြစ်သူကတော့ ခရစ်ယာန်ဘာသာကို သက်ဝင်ယုံကြည်ကြပါတယ်။ ခံယူချက်တွေမတူတဲ့အတွက် ရေးနဲ့ သူ့သမီးက မိခင်ဖြစ်သူ သမ္မာကျမ်းစာထဲမှာပါတဲ့အကြောင်းတွေကို ပြောပြတိုင်း အငြင်းအခုန်ဖြစ်လေ့ရှိပါတယ်။ ကြာလာတော့ ရေးကော သူ့သမီးကောက အိမ်သိပ်မကပ်တော့ဘဲ ရေးဟာအပျော်အပါးပဲလိုက်စားလာပါတော့တယ်။တစ်ရက်မှာ ရေးကသူမွေးနေ့ဖြစ်ရဲ့နဲ့ အိမ်မှာမိသားစုနဲ့မနေဘဲ အလုပ်ကိုအကြောင်းပြပြီး ခရီးစဉ်တစ်ခုလိုက်ရင်းပျော်ပါးဖို့စီစဉ်ပါတယ်။ ရေးရဲ့ လေယာဉ်မထွက်ခင်မှာ သမီးဖြစ်သူက ဖအေရဲ့မွေနေ့အတွက် စပရိုက်လုပ်ဖို့ တကူးတကလေယာဉ်ကွင်းမှာလာစောင့်နေတာကိုတောင် မုသားနဲ့အချိုသပ်ပြီး လေယာဉ်မောင်းထွက်သွားခဲ့ပါတယ်။ ဖအေ မအေနဲ့ သမီးဖြစ်သူကြား ဒွိဟဖြစ်ဖွယ်တွေများနေတဲ့အချိန်မှာ ရုတ်ချည်းဆိုသလို ကမ္ဘာတစ်ဝှမ်း မဖြစ်နိုင်ဖွယ်ကိစ္စတွေ ...
movie
Left Behind (2014)
2014
OpenMatte
7.1
Concussion (2015)
2015 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားကို ဒါရိုက်တာ Peter Landesman က ရိုက်ကူးထားပြီး အဓိက သရုပ်ဆောင်အနေနဲ့ Will Smith က ပါဝင်သရုပ်ဆောင်ထားပါတယ်။Dr Omalu ဆိုတဲ့ ဆရာဝန်တစ်ဦးက ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့ ဘောလုံးသမားဟောင်းတွေကို ရင်ခွဲစစ်ဆေးတဲ့ အပြင်က တကယ့်ဖြစ်ရပ်ကို စိတ်ကူးဉာဏ်ကွန့်ပြီး ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။အမေရိကန်မှာ ဘောလုံးအားကစားက အလွန်ခေတ်စားတဲ့အတွက် စီးပွားရေး ဈေးကွက်ကြီးတစ်ခုလို ဖြစ်နေပါတယ်။ ပြည်သူတွေကလည်း ဘောလုံးအတွက်ဆို ဘယ်လောက်ပင်ကုန်ကုန် ကူညီကြ ထည့်ဝင်ကြတဲ့အထိကို စိတ်ဝင်စားကြပါတယ်။တစ်ရက်မှာ Dr Omalu က နာမည်ကြီး ဘောလုံးသမားဟောင်းတစ်ယောက် သတ်သေသွားလို့ ရင်ခွဲစစ်ဆေးရင်း အရင်က တစ်ခါမှ မကြားထားဖူးတဲ့ ရောဂါအသစ်တစ်မျိုးကို ရှာဖွေတွေ့ရှိသွားပါတယ်။ ဒီအကြောင်းကို စာတမ်းထုတ်ပြန်ဖို့ကိစ္စမှာ ဘောလုံးဘက်ကလူတွေက ဒီလိုထုတ်ပြန်လိုက်ရင် လူတွေ ဘောလုံးကိုကြောက်ပြီး အားမပေးတော့မှာကို စိုးရိမ်တာရယ်၊ ဈေးကွက်ကြီး ပျက်သွားမှာ ကြောက်တာရယ်နဲ့ သူ့ကို ပြန်တိုက်ခိုက်ကြပါတော့တယ်။ IMDb 7.1 အထိရထားတဲ့ ဇာတ်လမ်းကောင်းလေးဖြစ်လို့ ကြည့်ရှုလိုက်ကြပါဦး။File size… 1.6 GB / ...
movie
Concussion (2015)
7.7
Ray (2004)
အော်စကာ ၂ ဆု ၊ အခြား ဆုပေါင်း ၅၃ ခုနဲ့ ဆန်ကာတင်ရွေးချယ်ခံရမှု စုစုပေါင်း ၅၅ အခုထိရရှိခဲ့တဲ့ အမေရိကန် ဂန္တ၀င် တေးရေး တေးဆိုနဲ့ စန္ဒရားပညာရှင်တစ်ယောက်ဖြစ်တဲ့ ရေးချားလ်စ်ရဲ့ ဂီတအတ္ထုပတ္တိ ဒရာမာရုပ်ရှင်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းအကြောင်းမပြောချင်မှာ ရေးချားလ်စ်ရော်ဘင်ဆန် အကြောင်းကို အနည်းငယ် ပြောပြချင်ပါတယ်။ရေးချားလ်စ်ရော်ဘင်ဆန်ကို စက်ဘင်တာလ ၂၃ ရက်နေ့ ၁၉၃၀ ခုနစ်မှာ အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်က အယ်လ်ဘာနီမြို့မှာဖွားမြင်ခဲ့ပြီး အသက် ၇၃ နှစ်အရွယ်မှာ ကယ်လီဖိုးနီးယားပြည်နယ် ဘာဗလီဟေးစ်မှာ ဆုံးပါးခဲ့ပါတယ်။ ရေးချားလ်စ်ဟာ အသက် ၇ နှစ်ကတည်းက ရေတိမ်ရောဂါနဲ့ မျက်စိကွယ်ခဲ့ရပါတယ်။ရေးလ်ချားလ်စ်ဟာ စန္ဒရားတီးခတ်တဲ့နေရာမှာ တစ်ဖက်ကမ်းခတ်အောင်ကျွမ်းကျင်ပြီး သူ့ရဲ့သီဆိုဟန်ကိုတော့ ထိုခေတ်အခါက နာမည်ကြီး အမေရိကန် ဂျက်ဇ်အဆိုတော်တစ်ဦးဖြစ်တဲ့ Nat King Cole ကို အဓိကလွှမ်းမိုးမှုအဖြစ် ကိုးကားခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ရေးချားလ်စ်ဟာ ...
movie
Ray (2004)
6.4
Alabama Moon (2009)
Alabama Moon (2009) ================= IMDb Rating - 6.4/10ဇာတ်ကားကတော့ လူ့အဖွဲ့အစည်းရဲ့ နေထိုင်မှုကို ရှု့ထောင့်တစ်မျိုး ကနေ တင်ဆက်ပေးတာပါ။ ဒီဇာတ်ကားကို ကလေးသရုပ်ဆောင် ကားအဖြစ်ပုံဖော်ထားပေမယ့်၊ နောက်ခံဇာတ်လမ်းကတော့ ကြည့်ရှု သူပရိတ်သတ်တွေ တွေးတောကြဖို့ပါပဲ။မွန်းနဲ့ သူ့ရဲ့အဖေတို့ဟာ အစိုးရရဲ့ ထိန်းချုပ်ကွက်ကဲမှုအောက်မှာရှိတဲ့ လူ့အဖွဲ့အစည်းကနေ လွတ်မြောက်ဖို့အတွက် သစ်တောထဲမှာ သီးသန့် ကလေးသွားနေကြတာပါ။ ဒီအခါမှာ ဖြစ်လာတဲ့ နောက်ဆက်တွဲ အကြောင်း အရာတွေကိုတော့ မွန်းဆိုတဲ့ ကလေးက ရင်ဆိုင်သွားရပါတယ်။အစိုးရရဲ့ ထိန်းချုပ်မှုအောက်က လူ့အဖွဲ့အစည်းရဲ့ အခက်အခဲနဲ့ တောထဲမှာ သွားနေကြတဲ့ သားအဖရင်ဆိုင်ရတဲ့ ပြသနာတွေကို ယှဥ်ထိုးပြီးတော့ ရိုက် ကူးသွားတာဖြစ်ပြီး ဘယ်နည်းလမ်းက ကောင်းသလဲဆိုတာကတော့ ကြည့် ရှုတဲ့ပရိတ်သတ်က ဆက်လက်တွေးတောရမှာပါ။ ဒီဇာတ်ကားနဲ့ပဲ မွန်း အဖြစ် သရုပ်ဆောင် ကလေး သရုပ်ဆောင် Jimmy Bennet ဟာ Young Best Artist ဆုအတွက် Best Performance in a Feature Film - Leading Young Actor ...
movie
Alabama Moon (2009)
2009
6.1
In the Electric Mist (2009)
Man In Black ကားတွေထဲက အေးဂျင့်ကေ အဖြစ်ပါဝင်ထားတဲ့ မင်းသားကြီး Tommy Lee Jonesရဲ့ဇာတ်ကားလေးတင်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားလေးကတော့ လူစီယားနားပြည်နယ် နယူးအိုင်ဘီရီးယားမြို့မှာ အရမ်းလှပတဲ့ အသက်19 နှစ်အရွယ်ပြည့်တန်ကောင်မလေးတစ်ယောက်ရက်ရက်စက်အသတ်ခံခဲ့ရတယ် ထိုလူသတ်မှုကို စုံထောက်ကြီးရော်ဘီချော့တစ်ယောက် ကိုင်တွယ်စုံစမ်းရပါတော့တယ် ထိုအမှုကိုစုံစမ်းရင်းမှ နောက်ထပ်အမှုတွေ တစ်စတစ်စပေါ်ထွက်လာခဲ့တယ် ထိုအမှူတွေနဲ့ပက်သက်နေသူမှာ ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းလုပ်နေတဲ့ ဘယ်လ်ဘွန်နီ(ဘေဘီဖိ) လို့သံသယဝင်လာပြီး သူ့ကိုစောင့်ကြည့်စုံစမ်းနေခဲ့ပါတယ်ထို့နောက် ရုပ်ရှင်သရုပ်ဆောင်ဖြစ်တဲ့အဲလ်ရော့ဆိုက်ဟာလည်း ရိုက်ကွင်းတစ်ခုကနေ အလောင်းတစ်ခုတွေ့ရှိခဲ့တာကြောင့် ရော်ဘီချော့ထံ သတင်းပို့ပြောပြခဲ့ပါတယ် စုံထောက်ကြီးရော်ဘီချော့တစ်ယောက် အမှုမှန်ပေါ်အောင်စုံစမ်းနေရင်း သူ့အတွက် အသက်အန္တရာယ်နဲ့ပါကြုံတွေ့လာရပါတယ်နောက်တော့ ဒီထပ်ပိုဆိုးလာပြီး သူ့မိသားစုကိုပါ ခြိမ်းခြောက်လာမှုကြုံတွေ့ရတဲ့အခါ စုံထောက်ကြီးအနေနဲ့ ဘယ်လိုဖြေရှင်းသွားမလဲ အမှုမှန်ရောပေါ်ပေါက်ပါ့မလား...... ဘယ်သူက ဒီအမှုတွေရဲ့ တရားခံဖြစ်နေတာလဲဆိုတာတွေကို စိတ်ဝင်စားစွာကြည့်ရှုရမှာပါ..... File size…(2.2 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:57:00 Genre...Thriller, Drama, Crime, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane
movie
In the Electric Mist (2009)
5.0
Carjacked (2011)
Carjacked (2011) ============ဒီဇာတ်ကားလေးကတော့ ဘဏ်ဓားပြတစ်ယောက်က single mother တစ် ယောက်ရဲ့ကားကို အနုကြမ်းစီးပြီးခိုင်းစေတာနဲ့ အနုကြမ်းစီးခံရသူက ဘယ်လို ထွက်ပြေးလွတ်မြောက်အောင်ကြိုးပမ်းမလဲဆိုတာ ကြည့်ရမယ့်ကားလေးပါ။လော်ရိန်း ကယောက်ျားနဲ့ကွဲနေသူတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့သားလေး ချက်ဒ် နဲ့အတူဘ၀ကိုခက်ခက်ခဲခဲရင်ဆိုင်နေရတာပါ။ တစ်နေ့တော့ သူနဲ့သူ့သား လေးတို့ကားကို ရွိုင် လို့ခေါ်တဲ့ ဘဏ်ဓားပြတစ်ယောက်က အနုကြမ်းစီးပါတော့ တယ်။ ရွိုင် ကလော်ရိန်းကိုခြိမ်းခြောက်ပြီး သူသွားချင်တဲ့နေရာကိုပို့ခိုင်းတဲ့အခါ လော်ရိန်း တစ်ယောက်သန်မာတဲ့မိန်းမတစ်ယောက်အနေနဲ့ ဘယ်လိုရုန်းကန်လွတ် မြောက်မလဲဆိုတာ ရပ်သပ်ရှုမောဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Katt ဖြစ်ပါတယ်)File Size..........(1.63 GB) / (684 MB) Quality...........BLU-RAY 1080p / 720p Duration........1Hr 29Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Crime, Thriller Translator......Theo Katt Encoder..........SWM
movie
Carjacked (2011)
2011
5.2
My Mom’s New Boyfriend (2008)
My Mom's New Boyfriend (2008)ဒီကားလေးကတော့ Romance Comedy ရောထားတဲ့ ဇာတ်ကားလေးဖြစ်ပြီး ပေါ့ပေါ့ပါးပါး ရယ်စရာလေးတွေနဲ့ အပျင်းပြေ ကြည့်ရှုလို့ရမှာပါ။ တစ်ခေတ်တစ်ခါရဲ့ Romcom Queen တစ်ပါးဖြစ်ခဲ့တဲ့ Meg Ryan နဲ့ ဇောရိုးမင်းသားကြီး Antonio Banderas ပါတဲ့အပြင် Selma Blair နဲ့ Tom Hanks ရဲ့သား Colin Hanks တို့ပါ ပါဝင်ထားလို့ လူစုံတက်စုံလို့ ပြောရမှာပါပဲ။လူငယ် FBI Agent တစ်ယောက်ဖြစ်တဲ့ ဟင်နရီက ၃နှစ် ကွင်းဆင်းပြီးတော့ အမေ့အိမ်ကို ပြန်ရောက်လာတာကနေစပါတယ်။ အဲဒီအချိန်မှာ အရင်က ဝတုတ်ကြီးဖြစ်ခဲ့တဲ့ သူ့အမေက ဝိတ်တွေကျ၊ ပိန်ပိန်ပါးပါး၊ ခန္ဓာကိုယ်လှလှ၊ စမတ်ကျကျနဲ့ စော်အလန်းတပွေဖြစ်နေပြီး ဘဲတွေထည်လဲတွဲနေတဲ့ အမိုက်စားလေးပေါ့။ ဟင်နရီတို့စုံတွဲ အိမ်ရောက်ပြီး တစ်ရက်အတွင်းမှာပဲ သူ့အမေ မာတီက ...
movie
My Mom’s New Boyfriend (2008)
2008
6.1
Devil’s Knot (2013)
Colin Firth, Reese Witherspoon,Dane Dehhan တို့လိုဝါရင့်သရုပ်ဆောင်တွေပါ၀င်ထားတဲ့ဖြစ်ရပ်မှန်မှုခင်းဇာတ်ကားကောင်းလေးတခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။၀က်စ်မန်းဖက်စ် မြို့ဆိုတာက အာကန်ဆာပြည်နယ်ကဆိတ်ငြိမ်တဲ့မြို့လေးတမြို့ပါ။ဒီလိုမြို့လေးကိုတနေ့မှာ တုန်လှုပ်သွားစေခဲ့တာကတော့ရှစ်နှစ်သားအရွယ် စတီဗီ, မိုက်ကယ်နဲ့ ခရစ်စတိုဖာဆိုတဲ့ကောင်လေး ၃ယောက် လူသတ်ခံရမှုကြောင့်ပါပဲ။ဒီလူသတ်မှုမှာရဲတပ်ဖွဲ့က သံသဃရှိ စွဲချက်တင်ခံထားရတာကဒေမီယန် အက်ကိုးလ်, ဂျေဆင် ဘော့်၀င်နဲ့ ဂျက်စီ မစ်စ်ကယ်လီဆိုတဲ့လူငယ်လေးသုံးယောက်ပါ။ဒီလူငယ်လေးသုံးယောက်ကို လူတွေကလည်းနတ်ဆိုးကိုးကွယ်တဲ့သူတွေ ကလေးတွေကိုယဇ်ပူဖော်လိုက်တာလို့စွပ်စွဲထားကြပါသေးတယ်။သူတို့ကိုကူညီဖို့အတွက် ရောက်လာခဲ့တဲ့သူကတော့ရွန်လက်စ်ဆိုတဲ့ အလွတ်တန်းစုံထောက်ပါ။သေဒဏ်အထိဖြစ်လာနိုင်နေတဲ့ ဒီလူငယ်လေးတွေကိုကူညီပေးရင်းနဲ့ရွန် သတိထားလာမိတာကတော့ ရဲတွေနဲ့စုံထောက်တွေရဲ့အလောတကြီး ဒီအမှုကိုတရားရုံးတင်ခဲ့တာတွေသက်သေရှေ့နောက်မညီ ထိန်ချန်တာတွေ မူမမှန်တဲ့ထွက်ဆိုချက်တွေပါ။ရွန်အနေနဲ့သူ့စိတ်ထဲထင်သလို ဒီကောင်လေးသုံးယောက်ကတကယ်ပဲအပြစ်မရှိတာလား။မရှိခဲ့ရင်ရောတကယ့်တရားခံတွေကဘယ်သူလဲဆိုတာဖော်ထုတ်နိုင်ပါ့မလားအယူသီးမှုတွေနဲ့ တရားဥပဒေလက်တလုံးခြားလုပ်မှုတွေရဲ့အောက်မှာသူ့အနေနဲ့အမှန်တရားကိုဖော်ထုတ်နိုင်ပါ့မလားဆိုတာကိုDevil's knot ဆိုတဲ့ ဖြစ်ရပ်မှန်မှုခင်းဇာတ်ကားလေးမှာရှူစားအားပေးကြပါဦးခင်ဗျ File size… 1.58 GB / 768 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 54m Genre ..... Crime , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated ...
movie
Devil’s Knot (2013)
2013
5.7
Sabotage (2014)
မင်းသားကြီးအာနိုးခေါင်းဆောင် အဖြစ်ပါဝင်ထားပြီးအရန်အဖြစ်လဲ avatar မင်းသား Sam Worthingtonအပါအဝင် အရန်အင်အားတောင့်တောင့်နဲ့ အက်ရှင်ဇာတ်ကားလေးပါမူးယစ်တိုက်ဖျက်ရေး အထူးတပ်ဖွဲ့ရဲ့ ခေါင်းဆောင်ဘရစ်ချာနဲ့ အဖွဲ့ဟာ မူးယစ်ဂိုဏ်းတခုရဲ့ စခန်းကိုဝင်ရောက်စီးနင်းရင်း ဖမ်းဆီးမိတဲ့ ငွေပုံကြီးထဲကနေဒေါ်လာ ဆယ်သန်းကို ခိုးယူပြီးဖွက်ထားခဲ့ကြတယ်လူဆိုးတွေနဲ့ တိုက်ခိုက်အပြီး ငွေတွေပြန်သွားရှာရာမှာဒေါ်လာဆယ်သန်း ပျောက်ချင်းမလှပျောက်သွားတဲ့အပြင်တဖွဲ့လုံး ခိုးမှုနဲ့ အစစ်ခံရတော့ပါတယ်ခြောက်လကြာစစ်ဆေးပြီး မသင်္ကာစရာ မတွေ့၍ပြန်လည်တာဝန်ထမ်းဆောင်ကြရင်း အဖွဲ့ဝင်တွေ တယောက်ပြီးတယောက်ရက်ရက်စက်စက်အသတ်ခံရပါတော့တယ်စစ်ဆေးရေးမှုးမလေးနဲ့ပူးပေါင်းပြီး တရားခံရှာကြရင်းသံသယရှိတဲ့ သူတွေ တွေ့လာရသလို အဖွဲ့ထဲမှာလဲတယောက်ပြီးတယောက် သေနေတဲ့အတွက်ပြဿနာတွေတက်လာသည့်အပြင် ဘရစ်ချာရဲ့ဇနီးအသတ်ခံရတဲ့ အတိတ်တွေအပါအဝင် ပြဿနာပေါင်းစုံထဲကနေလူသတ်သမားကို ဘယ်လိုရှာကြမလဲ ဆိုတာကို ရှုစားရမှာဖြစ်ပါတယ် File size… 2.5 GB / 1.1 GB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 49m Genre ..... Action , Crime , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. ...
movie
Sabotage (2014)
2014
5.8
Battleship (2012)
Battleship(2012)က Action,Adventure,Sci-Fi အမျိုးအစား သိပ္ပံအက်ရှင်ဇာတ်ကားတွေထဲမှာတော့ တော်တော်ကို မိုက်တယ်ပြောရမယ့်ဇာတ်ကားပါပဲ... သရုပ်ဆောင်တွေကလဲ John Carter ဇာတ်ကားထဲက မင်းသား Taylor Kitsch, အဆိုတော် Rihanna , မင်းသားကြီး Liam Neeson ,မင်းသမီးချော Brooklyn Decker တို့အပြင် အခြားဇာတ်ပို့ဇာတ်ရံအများအပြားနဲ့ ရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်ကားကြီးပါ။ရုံတင်ဝင်ငွေ $303 million ထိ ရရှိခဲ့တာမလို့ လူကြိုက်များခဲ့တဲ့ရုပ်ရှင်ဇာတ်ကားကြီးလဲဖြစ်ပါတယ်။ဇာတ်လမ်းကတော့....စတုန်းဟော်ပါဟာ လူငယ်ပီပီ ပျော်ရာရွှင်ရာ ပေါက်ကရ နေထိုင်တတ်တဲ့ အမေရိကန်လူငယ်လေးတစ်ယောက်ပါ ... တစ်နေ့တော့ ရေတပ်ဗိုလ်ချုပ်တစ်ယောက်ရဲ့ သမီးကိုကြိုက်မိရာကနေ သူ့အစ်ကိုဖြစ်သူရဲ့ ဆွဲဆောင်မှုကြောင့် ရေတပ်ထဲဝင်ခဲ့ပြီး ဗိုလ်လေး ဖြစ်လာခဲ့ရာကနေ နှစ်စဉ် ကျင်းပနေကျ နိုင်ငံပေါင်းစုံရေတပ်လေ့ကျင့်ရေးတစ်ခုမှာ ပါဝင်ဖို့တာဝန်ပေးခံခဲ့ရပါတယ်။အဲ့ဒီလေ့ကျင့်ခန်းဆင်းနေစဉ်မှာပဲ မမျှော်လင့်တဲ့ ယာဉ်ပျံကြီးတွေ သူတို့ပတ်ဝန်းကျင်မှာပေါ်ထွက်လာခဲ့ပါတယ်။ယာဉ်ပျံတွေဟာ လေ့ကျင့်ရေးရဲ့ အစိတ်အပိုင်းတစ်ခု မဟုတ်သလို သူတို့ထင်နေကြတဲ့ မြောက်ကိုးရီးယားဘက်ကလဲ မဟုတ်ပါဘူး။ ပိုပြီးထူးဆန်းတာက အဲ့ဒီယာဉ်တွေနားမှာ ဟော်ပါတို့ရဲ့ရေတပ်က ရေဒါတွေ အလုပ်မလုပ်ပါဘူး...ဒီလိုနဲ့ ပြင်ပအဆက်အသွယ်မရဘဲ ...
movie
Battleship (2012)
2012
4K HEVC
7.1
Runaway Jury(2003)
Runaway Jury(2003) အညွှန်း*************************IMDb - 7.1 / Rotten 🍅 - 75%Money cannot buy everything လို့ ကျွန်တော်တို့ဘယ်လောက်ပဲအပြိုင်အဆိုင်ငြင်းခုန်နေကြပါစေ ပိုက်ဆံဟာ လူသားတွေကိုလိုရာခိုင်းစေနိုင်တဲ့ Mighty Godတစ်ပါး ဖြစ်နေဆဲပါပဲ။ရေများရေနိုင်သလို ငွေများငွေနိုင်တဲ့လောကကြီးမှာ ဓနရှင်တွေရဲ့လွှမ်းမိုးနိုင်မှုဟာလည်းပြောစရာမလိုတဲ့အရာတစ်ခုပါဘဲ။ အခုဒီရုပ်ရှင်လေးကတော့ သာမန်မုဆိုးမတစ်ယောက်နဲ့သေနတ်ကုမ္ပဏီသူဌေးကြီးတွေကြားက အားပြိုင်မှုကို ရိုက်ကူးထားတဲ့ ပုံမှန်နဲ့မတူ တမူထူးခြားတဲ့ ဇာတ်ကားပါ..မျက်စိမပါတဲ့သေနတ်တစ်လက် နှလုံးသားမရှိတဲ့လူတစ်ယောက်လက်ထဲ ကျရောက်သွားချိန်ဟာအဆုံးမဲ့ဝမ်းနည်းကြေကွဲမှုတွေရဲ့ကနဦးအစပါပဲ။ ဒါပေမဲ့ သေနတ်လုပ်ငန်းတွေကတော့ ဘယ်သူသေသေငတေမာရင်ပြီးရောဆိုတဲ့မူကို ဆက်လက်ကျင့်သုံးပြီး သေနတ်တွေကိုအလွယ်တကူထုတ်ရောင်းလို့ ဥပဒေနဲ့အညီရောင်းချပါသည်ဆိုတဲ့ငွေနဲ့ဖန်တီးထားတဲ့ဒိုင်းကာနဲ့ ကာထားကြပါတယ်။ ခေတ်အဆက်ဆက်တရားစီရင်မှုတွေမှာလည်း ဂျူရီအဖွဲ့ဝင်တွေဟာ ငွေရဲ့ကျေးကျွန်ဖြစ်နေတာကြောင့်သေနတ်လုပ်ငန်းတွေကို မတွန်းလှန်နိုင်ခဲ့တဲ့အပြင် ဖရန်ကင်ဖစ်ခ်ျလိုငွေမျက်နှာတစ်ခုပဲကြည့်တဲ့ ဂျူရီအတိုင်ပင်ခံ ဒါမှမဟုတ်ဂျူရီတွေရဲ့အားနည်းချက်ကိုကိုင်လှုပ်ပြီး ကြိုးဆွဲရာကခိုင်းမယ့်ဇာတ်ဆရာတွေကြောင့်သေနတ်လုပ်ငန်းဟာ အဘက်ဘက်က အသာစီးရပါတယ်။သေနတ်ပစ်ခတ်မှုမှာ ခင်ပွန်းဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့လူမမယ်ကလေးတစ်ယောက်နဲ့ ကျန်ရစ်ခဲ့တဲ့ ဆလက်စ်ဝုဒ်ဆိုတဲ့အမျိုးသမီးဟာရှေ့နေဖြစ်သူဝမ်ဒေါလ်ရိုဟာနဲ့ပေါင်းပြီးတိုက်ခိုက်ဖို့ကြိုးစားပါတော့တယ်..အဘက်ဘက်ကသာလွန်တဲ့ ဒီအင်အားကြီးတဲ့သူတွေကိုဘယ်လိုတိုက်ခိုက်ကြမလဲ..ဘယ်လိုအကွက်ဆင်ကြမလဲဆိုတာကိုတော့..John Grishamရဲ့ Runaway Juryဝတ္ထုကိုအခြေခံထားတဲ့အပြင်Gene Hackmanနဲ့ Dustin Hoffmanတို့လို Legend ...
movie
Runaway Jury(2003)
8.0
JFK(1991)
JFK(1991) အညွှန်း****************IMDb....8.0ယနေ့ခေတ်စနိုက်ပါ သေနတ်များဟာ တုန်ခါမှုအနည်းဆုံးနဲ့ တိကျမှုအရှိဆုံးအဖြစ်တီထွင်ထုတ်လုပ်လာထားကြပါတယ်...သို့သော် ၁၉၆၁ ခုနှစ်ထုတ် ရိုင်ဖက်လက်နက်များမှာတော့ ချို့ယွင်းချက်အားနည်းချက်များစွာရှိပါတယ်...သို့သော်လည်း ၃၆ ယောက်မြောက် အမေရိကန်သမ္မတ ကနေဒီကိုတော့ Bolt-Action သုံး ရိုင်ဖယ်နဲ့ ၆စက္ကန့်အတွင်းကမ္ဘာ့စံချိန်တင် တိကျတဲ့ပစ်ချက်(၃)ချက်နဲ့ သေကွင်း သေကွက်တွေချည်း ပစ်ခတ်ခဲ့တဲ့ လုပ်ကြံရေးသမားကတော့စံတင်လောက်စရာပါပဲ..... FBI က အတော်ဆုံး သေနတ်သမားတွေ စမ်းကြည့်တာတောင် ဒီလိုပစ်ချက်မျိုးမရကြဘူးလို့ဆိုပါတယ်...ဒီဇာတ်ကားကတော့ သမ္မတကနေဒီ လုပ်ကြံခံရပြီး စုံစမ်းစစ်ဆေးရေးတွေအကြောင်းကို အဓိကထားရိုက်ပြထားတာပါ....History အမျိုးအစားဖြစ်ပေမဲ့ လုံးဝပျင်းစရာမကောင်းဘဲ ၃နာရီနီးပါး စိတ်ဝင်စားစွာကြည့်လို့ကောင်းတဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်...နိုင်ငံရေးလှည့်ကွက်တွေမျိုးစုံမြင်ရသလို ဒီစစ်ဆေးမှုအရှုတ်ထုတ်ကြီးရဲ့ ဟာကွက်တွေ ယိုပေါက်တွေကိုလည်းများစွာတွေ့ရမှာဖြစ်ပါတယ်....သမ္မတကနေဒီအကြောင်းမသိလည်း ကြည့်လို့ရသလို Thriller ပုံစံမျိုးမှသဘောကျတဲ့သူတွေအတွက်လည်းအဆင်ပြေတာမို့ ခံစားကြည့်ကြပါ....ဒါရိုက်တာကလည်း Oliver Stone ဖြစ်တဲ့အပြင် အဓိက သရုပ်ဆောင်ကလည်း Kevin Costner ဖြစ်လို့ကြည့်သင့်ပါကြောင်း....File Size :(3GB),(1.7GB) and (380 MB) Quality : Blu-Ray 1080p5.1ch ,720p Format…mp4 Duration…03:09:00 Genre ...
movie
JFK(1991)
8.4
Django Unchained ( 2012 )
Unicode*******2012 ခုနှစ်က ထွက်ရှိထားပြီး IMDb 8.4 အထိရရှိထားတဲ့ဇာတ်ကားကောင်းပါပဲလူမည်းတွေ အမေရိက မှာ အကြီးအကျယ် အနိုင်ကျင့် ရက်စက် ကျွန်ပြုတာ ခံနေရချိန် . . . ။လူဖြူ သူဌေးကြီးတစ်ယောက်ရှိတယ်။ သူက bounty hunter . . ။သူခိုး လူသတ်သမား ဓားပြတွေကို လိုက်ဖမ်းတယ်။အစိုးရလက်ထဲ အပ်တယ်။ ဆုငွေ ထုတ်စားတယ်။တစ်နေ့တော့ ခပ်ကျစ်ကျစ် ခပ်ပြတ်ပြတ် လူမည်းတစ်ယောက်ကို တစ်နေရာကနေ သူ ရလိုက်တယ်။အဲ့ဒီ လူမည်းနာမည်က Django တဲ့။ ပြီးတော့ Django ကိုအဲ့လူဖြူဘဲကြီးက လက်ထောက် တာဝန် ကောက်ခါငင်ကာ ပေးလိုက်တယ်။အဲ့ဒီခေတ်မှာ လူမည်းတွေက မြင်းစီးဖို့ မပြောနဲ့။လူဖြူတွေကို မော်တောင် မကြည့်ရဲဘူး။ ဒါပေမယ့် Django က မြင်းကြီးစီးသေနတ်ကြီးလွယ်ပြီး တစ်မြို့ ဝင် တစ်မြို့ထွက် သူ့ဆရာနဲ့ အတူ ...
movie
Django Unchained ( 2012 )
2012
5.5
Out of Blue (2018)
ဒီတစ်ခါ CM ပရိတ်သတ်ကြီးကို တင်ဆက်ပေးမှာကတော့ စုံထောက်ကားလေးတစ်ကားပါဇာတ်လမ်းအညွှန်ပြောရမယ်ဆိုရင် တစ်နေ့ ဂျန်နီဖာရော့ခ်ဝဲဆိုတဲ့နက္ခတ်ဗေဒပညာရှင်ကောင်မလေးဟာ နက္ခတာရာကြည့်မျှော်စင်မှာပဲသေနတ်ဒဏ်ရာနဲ့သေဆုံးနေခဲ့ပါတယ်အဲ့အမှုကို ဦးဆောင်စစ်ဆေးတဲ့လူကတော့ မိုက်ဟူလင်တန်ဆိုတဲ့ အမျိုးသမီးစုံထောက်ပါသူတို့စစ်ဆေးရေးအဖွဲ့လဲ ပထမ သံသယရှိသူတွေကိုတစ်ယောက်ပြီးတစ်ယောက် စစ်မေးကြတာပေါ့နောက်ပိုင်းသိလာတာက အမှုကဟိုးအရင်က ဖြစ်ခဲ့ဖူးတဲ့ ကွင်းဆက်လူသတ်သမားအမှုနဲ့ဆင်တူနေတယ်ဆိုတာပါပဲဒါပေမဲ့ တရာခံက ဘယ်လိုမျိုးမထင်မှတ်ထားတဲ့လူ ဖြစ်နေမလဲအဲ့တရာခံနဲ့ စုံထောက်နဲ့ကရော အတိတ်မှာ ဘယ်လိုပါတ်သက်မှုတွေ ရှိနေမလဲဆိုတာကိုဇာတ်လမ်းလေးထဲ စီးမျောပြီး အဖြေရှာကြည့်ရအောင်ပါ File Size : (1 GB) & ( 377 MB)Quality : Web-DL 720pRunning Time : 1 hr 49 minFormat : Mp4Genre : Crime , ...
movie
Out of Blue (2018)
2018
7.0
Déjà Vu (2006)
Déjà Vu (2006) IMDb - 7.0/10_____Rotten - 55% 2006 ခု နှစ်မှာ ထွက်ရှိခဲ့တဲ့ Deja Vu ဇာတ်ကားကို ဒါရိုက်တာ တိုနီစကော့ကနေရိုက်ကူးခဲ့ပြီး ပါဝင်သရုပ်ဆောင်ထားတဲ့သူကတော့ Denzel Washington ဖြစ်ပါတယ်. ကျွန်တော်သိပ်ကြိုက်တဲ့ဇာတ်ကားတစ်ကားဖြစ်တဲ့ John Q ဇာတ်ကားမှာလည်း အဓိကမင်းသားအဖြစ်ပါဝင်သရုပ်ဆောင်ခဲ့တဲ့သူပါ. အခုတင်ပေးတဲ့ကားကတော့ အက်ရှင် နဲ့ဖိုက်တင်နဲ့ သိပ္ပံဇာတ်လမ်း အမျိုးအစားဖြစ်ပြီး အက်ရှင်ဇာတ်လမ်းကောင်း.. သိပ္ပံနဲ့ဆိုင်တဲ့ဇာတ်ကားမျိုးလေးတွေကိုကြိုက်နှစ်သက်တဲ့ သူတွေအတွက်လက်လွှတ်မခံသင့်တဲ့ဇာတ်ကားမျိုးဖြစ်ပါတယ်.. IMDb Rating ကလည်း 7.1 ရရှိထားတာမို့. .ဇာတ်ကားကောင်းတစ်ကားဆိုတာ ငြင်းချက်ထုတ်နေစရာမလိုပါဘူး အညွှန်းနည်းနည်းပေးရမယ်ဆိုရင်….. ဇာတ်လမ်းစစချင်းမှာပဲ ရေကြောင်း Ferry တစ်ခုဖြစ်တဲ့ သဘောၤတစ်ခုမှာ ကျောင်းသားတွေရော. လူတော်တော်များများပါလိုက်ပါလာပါတယ်.. အားလုံးပျော်ပျော်ရွှင်ရွှင်ဖြစ်နေကြတုန်းမှာပဲ သဘောၤ ပေါ်မှာ တင်ဆောင်လာတဲ့ကားတစ်စီးမှာ ထောင်ထားတဲ့ ဗုံးဟာ ပေါက်ကွဲသွားပါတယ်..သဘောၤတစ်စီးလုံးစာကို ပေါက်ကွဲသွားတာဖြစ်ပြီး ကယ်ဆယ်ချိန်လည်းမရသလို.အသေအပျောက်ကလည်းရာချီပါတယ် ဒီကိစ္စကိုစုံစမ်းဖို့အတွက်ရောက်လာတာကတော့ ATF Agent ဖြစ်တဲ့ ဒေါ့ကာလင်ပါ… အရည်အချင်းရှိတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်.. သူဟာ နည်းပညာအကူအညီနဲ့ သဘောၤဗုံးမပေါက်ခင် လွန်ခဲ့တဲ့ လေးရက်ကို ပြန်လည်သွားရောက်ပြီး ရာဇဝတ်မှုမဖြစ်ပွားအောင်ကြိုးစားရပါတော့တယ်. ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို တော့ ဆက်လက်ကြည့်ရှုကြပါ.. ဆွဲဆောင်မှုရှိရှိနဲ့ရိုက်ကူးတင်ဆက်ထားပြီး စိတ်ဝင်တစားစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်.. ဒီဇာတ်ကားရဲ့ဘာသာပြန်ကိုတင်ဆက်သူကတော့ ကို Lotus Black ပဲဖြစ်ပါတယ်Translated By Lotus Black Encoded By LK =================== 2006 ခု ...
movie
Déjà Vu (2006)
2006