Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Gary Dubin
5.7
The Lodger (2009)
The Lodger (2009)============အယ်လင်ဟာ မပြေလည်တဲ့ အိမ်ထောင်ရေးနဲ့စိတ်ဒဏ်ရာတွေကြားမှာ ခက်ခက်ခဲခဲရှေ့ဆက်နေရတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။တစ်နေ့တော့ သူတို့ခြံဝင်းထဲက ငှားစားတဲ့အိမ်အလွတ်ကို သူစိမ်းလူချောတစ်ယောက်ပြောင်းလာခဲ့ချိန်မှာတော့ ငြီးငွေ့ဖွယ် သူ့ဘ၀ထဲမှာ ရင်ခုန်စိတ်လှုပ်ရှားစရာတွေဖြစ်ပေါ်လာပါတော့တယ်။ အဲ့ဒီသူစိမ်းဟာ သူ့ကိုယ်သူ စာရေးဆရာတစ်ယောက်အဖြစ်မိတ်ဆက်ပါတယ်။စိတ်ကူးနဲ့လုပ်ရတဲ့အလုပ်ဖြစ်တဲ့အတွက်အနှောင့်အယှက်မခံနိုင်လို့ဆိုပြီး သူငှားနေတဲ့ အိမ်ထဲကိုအယ်လင်ကိုပါအလာမခံပါဘူး။ ဒါပေမယ့် သူ့ဆင်ခြေနဲ့သူ ဟုတ်နေတဲ့အတွက်သံသယတစ်စုံတစ်ရာမရှိပဲ ပဟေဠိဆန်တဲ့လူတစ်ယောက်ကို အယ်လင့်အနေနဲ့လက်ခံထားမိရက်သားဖြစ်နေခဲ့ပါတယ်။အဲ့ဒီအချိန်ဟာ ဝက်စ်ဟောလိ၀ုဒ်မှာ ရက်စက်ကြမ်းတမ်းလွန်းတဲ့လူသတ်မှုတွေစပြီးဖြစ်ပေါ်နေတဲ့အချိန်ပါ။ အသတ်ခံရသူတွေဟာ ပြည့်တန်ဆာတွေဖြစ်ပြီး သတ်ပုံသတ်နည်းတွေ သားကောင်ရွေးချယ်မှုတွေဟာ လွန်ခဲ့တဲ့ ၁၈၈၈ ခုနှစ်က လန်ဒန်မှာဖြစ်ပေါ်ခဲ့ပြီး အခုချိန်ထိတရားခံမပေါ်ခဲ့တဲ့ Jack the Ripper ကိုပုံတူကူးထားတာဖြစ်ပါတယ်။ အဲ့ဒီလိုပုံစံတူလူသတ်မှုတွေဟာ လွန်ခဲ့တဲ့ ခုနှစ်နှစ်ကလည်းဖြစ်ပွားခဲ့ဖူးပြီး အဲ့ဒီအမှုတွေရဲ့တရားခံကိုဖော်ထုတ် ကွပ်မျက်ခဲ့ပြီးပါပြီ၊ ဒါဆိုရင်အခုထပ်ဖြစ်လာတဲ့လူသတ်မှုတွေကရော ပုံတူကူးလူသတ်သမားနောက်တစ်ယောက်လား? ဖမ်းဆီးကွပ်မျက်ခံလိုက်ရတဲ့သူဟာ တရားခံအစစ်ဖြစ်နိုင်ပါ့မလား? အဲ့ဒီလူသတ်မှုတွေဟာ အယ်လင်နဲ့ ဘယ်လိုပတ်သက်လာမလဲ ဆက်လက်ရှုစားကြပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(2.1GB)/(1.1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:35:00 Genre_Crime, Horror , Mystery Subtitle_Myanmar Subtitle ...
movie
The Lodger (2009)
Cursed (2005)
Now You See me , Social Nwtwork တို့နဲ့နာမည်ကြီးခဲ့တဲ့ Jesse Eisenberg ရဲ့ ၂၀၀၅ ခုနှစ်ကထွက်ခဲ့တဲ့ သမန်းဝံပုလွေဇာတ်ကားလေးဖြစ်ပါတယ်အယ်လီနဲ့ ဂျင်မီတို့ မောင်နှစ်မ ၂ ယောက်ဟာ အိမ်ပြန်လမ်းမှာ အမျိုးသမီးတစ်ယောက်ကို ကားနဲ့ဝင်တိုက်မိလို့ ထွက်ကြည့်ရာကနေ သတ္တဝါကြီးတစ်ကောင် ကိုက်တာခံလိုက်ရပါတယ် နောက်တော့ သူတို့ကိုကိုက်လိုက်တာ သမန်းဝံပုလွေတစ်ကောင်မှန်းသိလာပါတယ် သူတို့ မောင်နှစ်မ ၂ ယောက်လည်း လပြည့်နေ့ သန်းခေါင်ယံညမှာ...ဝံပုလွေအဖြစ် ပြောင်းလဲသွားမဲ့ ကျိန်စာကို ဖြေဖျက်ဖို့ ကြိုးစားရင်း သူတို့ကို တိုက်ခိုက်ခဲ့တဲ့ မူရင်းဝံပုလွေကောင်ကြီးနဲ့ ရင်ဆိုင်ရပါတော့တယ်...Cursed ဆိုတဲ့အတိုင်း ဒီဝံပုလွေကျိန်စာကို ဘယ်လိုကြိုးစား ပယ်ဖျက်သွားမလဲဆိုတာ ကြည့်ရမဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်( အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ် ) File size…(1.7 GB)/(899 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Horror, ...
movie
Cursed (2005)
5.8
Jaws 2 (1978)
တစ်မှာ ဝက်ဝက်ကွဲ အောင်မြင်ခဲ့တဲ့ Jawsကို ၂မှာတော့ စတီဗင်စပီးဘာ့ခ်က ဆက်မကိုင်တော့ပါဘူး။ ကိုင်စရာလည်း မလိုတော့ဘူးကိုး။ ဆက်ရိုက်ပြစရာတော့ ရှိမနေတော့ဘူးလို့ ဆိုရမှာပဲ။ ပသို့ပဲဆိုဆို ရိုက်ပြချင်တဲ့ ရေရှာချင်တဲ့သူတွေကတော့ ရိုက်ပြဦးမှာပါပဲ။ ဆက်လည်း ရိုက်ခဲ့ကြပါတယ်။ ဒီလိုနဲ့ Jaws ဟာ လေးကားပါရှိတဲ့ Frachiseဖြစ်လာခဲ့တယ်။ ကျန်တဲ့ကားတွေလည်း ရှိတော့ရှိပေမဲ့ ဒီစာရင်းထဲတော့မ ဝင်ခဲ့ပါဘူး။ Jaws 2 ဟာ Jaws 1 လောက်တော့ ရင်ဖိုစရာမကောင်းလှပေမဲ့ သူ့နည်းသူ့ဟန်နဲ့တော့ မဆိုးတဲ့ကားဖြစ်နေပါသေးတယ်။ ပထမကားက သရုပ်ဆောင်တော်တော်များများကိုလည်း ပြန်သုံးထားသေးသလို ပထမကားက အဓိကမင်းသားကပဲ သရုပ်ဆောင်ထားပါတယ်။ သူလည်း ၃ရိုက်ဖို့ ထပ်ခေါ်တဲ့အချိန် ထပ်ရိုက်ဖို့မလိုတော့ဘူးထင်လို့ မရိုက်ခဲ့ပြန်ပါဘူး။ဘာပြောပြော Jaws 2 ဟာ jawsရဲ့ အငွေ့အသက်တွေ ကျန်နေသေးတာမို့ အင်တာတိန်းဖြစ်တဲ့ ရုပ်ရှင်တစ်ကားအဖြစ် ရှိနေပါသေးတယ်။ ပရိုဂျူဆာတွေကတော့ jawsက ပရိုဂျူဆာတွေဖြစ်တဲ့ Richard ...
movie
Jaws 2 (1978)
7.1
The AristoCats (1970)
The AristoCats (1970)~ IMDb - 7.1/10, Rotten Tomatoes - 63% ~Disney ရဲ့ တွဲဖက်တည်ထောင်သူ Roy O. Disney မသေဆုံးခင် နောက်ဆုံးထုတ်လုပ်ခဲ့တဲ့ Animated Movie လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Disney ရဲ့ ကား 20 မြောက်ပေါ့။ကာတွန်းကားတစ်ခုကို ပေးတဲ့ Rating ကတော့ ဒီဇာတ်ကားမှာ တအံ့တဩဖြစ်ရတယ်ဗျို့။ ဇာတ်လမ်းသွားကတော့ အဟုတ်ကြီး မဖြစ်လှပေမဲ့ Animation လက်ရာကတော့ တော်တော်လက်ရာမြောက်တယ်ဗျ။ဇာတ်ကားနာမည်လိုပဲ ဇာတ်ကောင်ကြောင်လေးတွေရဲ့ အမူအရာဟာ သိပ်အထက်တန်းဆန်တာပဲ။ သိမ်မွေ့လှသလို မာန်ကြီးတဲ့၊ အတင်းလုပ်ယူထားရတဲ့ ယဉ်ကျေးတဲ့ဟန်အမူအရာ စကားလုံး၊ အထက်တန်းစားဖြစ်ဖို့ အထက်တန်းလွှာဟန်တွေနဲ့ အထက်တန်းစကားလုံးတွေနဲ့ အထက်တန်းစားကြောင်တွေပေါ့ဗျာ။လမ်းဘေးကြောင်ကြီးကိုလည်း တိတိပပ ဖန်တီးထားပြန်ရောဗျို့။ ဒီဘက်ခေတ် Animated Movie တွေလို အရောင်စိုစို ပန်းချီလှလှတွေနဲ့ အဓိကဖမ်းစားတာမျိုးမဟုတ်ဘူး။ သပ်ရပ် ...
movie
The AristoCats (1970)
1970