Channel Myanmar

Garazi Urkola

Coven (2020) 6.4
Coven (2020)  Coven(2020) ဇာတ်ကားဟာ ၁၆ ရာစုက ဘာသာရေးတွေကိုအခြေခံထားတဲ့ history ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။Basque ဆိုတဲ့နိုင်ငံမှာ မိန်းကလေးတစ်စုက ညဘက်ကခုန်ပျော်ပါးနေတုန်း မနက်မှာ ဘာသာရေးခေါင်းဆောင်တွေနဲ့အုပ်ချုပ်သူတွေက စုန်းပွဲလုပ်နေတယ်လို့ စွပ်စွဲပြီး ဖမ်းခေါ်သွားကြပါတယ်။အဲဒီ ကောင်မလေးတစ်စုက သူတို့စွပ်စွဲမှုတွေကို ဘယ်လိုရင်ဆိုင်မလဲ လွတ်မြောက်နိုင်မှာလား မီးရှို့သတ်ခံရမှာစတာတွေကို ပညာသားပါပါ ရိုက်ကူးထားတာ တွေ့ရမှာပဲဖြစ်ပါတယ်။မင်းသမီးချောလေး‌တွေလည်း ပါတာမို့ ကြည့်ရင်းသဘောကျမိသွားမဲ့ မင်းသမီးအသစ်လေးတွေပါ။စပိန်စကားပြော ဇာတ်ကားလေး ဖြစ်ပါတယ်  File size…1.90GB / 0.97GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 32m Genre ….. Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung
movie

Coven (2020)

In the Company of Women (2023) 6.5
In the Company of Women (2023)  ယခုတင်ဆက်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့ စပိန်-ပြင်သစ် ဒရာမာအမျိုးအစားဇာတ်ကားဖြစ်ပြီး အင်္ဂလိပ်လိုဆိုရင်တော့ In the company of women လို့ခေါ်ပါတယ်။ဖြစ်ရပ်မှန်ပေါ်အခြေခံရိုက်ကူးထားပြီး ၁၉၇၀ ခုနှစ်ကာလကစပိန်နိုင်ငံမှအမျိုးသမီးတစ်စုကကိုယ်ဝန်သည်အမျိုးသမီးတို့အားကိုယ်ဝန်ဖျက်ချဖို့ကူညီပေးကြပုံ၊ လွတ်လပ်စွာကိုယ်ဝန်ဖျက်ချခွင့်ရဖို့ဆန္ဒထုတ်ဖော်ကြပုံများအကြောင်းရိုက်ကူးထားပါတယ်။ အဓမ္မပြုကျင့်ခံရတဲ့အမျိုးသမီးတွေ၊မလိုလားတဲ့ကိုယ်ဝန်ရလာခဲ့တဲ့အမျိုးသမီးတွေရဲ့ခံစားရပုံတွေလည်းရိုက်ကူးဖော်ပြထားပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်းယခုအချိန်ထိလွတ်လပ်စွာကိုယ်ဝန်ဖျက်ချခွင့်မရရှိသေးတဲ့အတွက် မလိုလားအပ်တဲ့ကိုယ်ဝန်ကိုရလာခဲ့တဲ့အမျိုးသမီးများဟာအတော်လေးကိုဒုက္ခရောက်ရပါတယ်။ အဓမ္မပြုကျင်ခံရလို့မယူချင်တဲ့လူနဲ့ယူလိုက်ရတာမျိုးတွေဟာကျွန်တော်တို့ရဲ့မျက်ကွယ်မှာရှိနေပါသေးတယ်။ ဒီလိုအကြောင်းအရာတွေအကြောင်းကိုခံစားနားလည်သိရှိနိုင်ဖို့အတွက် ပညာပေးအနေနဲ့ဒီဇာတ်ကားကိုကြည့်ရှုသင့်ပါတယ်။ဇာတ်လမ်းအကျဉ်းပြောရရင် ဘီရာဆိုတဲ့အမျိုးသမီးငယ်လေးဟာအမေဖြစ်သူအိမ်ဖော်အနေနဲ့အလုပ်လုပ်တဲ့အိမ်မှာလိုက်ကူလုပ်ပေးပါတယ်။သူမဟာအားတဲ့အချိန်မှာလည်း မိတ်ဆွေတွေနဲ့အတူ အမျိုးသမီးအခွင့်အရေးအတွက် ဆန္ဒပြတာ‌တွေလုပ်ဆောင်လေ့ရှိပါတယ်။ထိုခေတ်ကစပိန်နိုင်ငံဟာတရားဝင်ကိုယ်ဝန်ဖျက်ချခွင့်မရသေးတဲ့အတွက် အမျိုးသမီးများဟာခိုးကြောင်ခိုးဝှက်ကိုယ်ဝန်ဖျက်ရပါတယ်။မိသွားခဲ့ရင်စစ်ဆေးခံရပါတယ်။ဘီရာနဲ့အပေါင်းအပါများဟာကိုယ်ဝန်ဖျက်ချချင်တဲ့အမျိုးသမီးများကိုပြင်သစ်နိုင်ငံသို့ပို့ပေးပြီးကိုယ်ဝန်ဖျက်ချဖို့ကူညီပေးပါတယ်။တရက်မှာသူမအလုပ်လုပ်တဲ့အိမ်ကအမျိုးသမီးငယ်လေးတစ်ယောက်နဲ့ရင်းနှီးသွားပါတယ်။အဲဒီနောက်ချစ်ကြိုက်သွားခဲ့ကြပါတယ်။ထိုအမျိုးသမီးလေးမှာလည်းမလိုလားအပ်တဲ့ကိုယ်ဝန်ရှိနေတဲ့အခါမှာ ဘီရာတစ်ယောက်ဘာဆက်လုပ်မလဲဆိုတာကိုခံစားကြည့်ရှုကြပါခင်ဗျာ။ File size…(1.5 GB)/(840 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Akm
movie

In the Company of Women (2023)