Channel Myanmar

Gao Weiman

Black Storm ( 2024 ) 6.2
Black Storm ( 2024 ) အတိုက်အခိုက်နဲ့ ကြမ်းတာလေးမှ ကြည့်ချင်သူတွေအတွက် ငယ်ငယ်က ရှောင်လင်ကတုံးလေးက ရဲသားကြီး လေကျယ်အနေနဲ့ ပြန်လာပါပြီနော်...ဇာတ်လမ်းအကျဉ်းလေးကတော့... ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနဲ့အတူ ရွာသားတွေကို ခေါင်းပုံဖြတ်ပြီး လုပ်ငန်းစုတစ်ခုကြောင့် လူနေတဲ့မြေတင်မကဘူး သေသွားသူရဲ့အုတ်ဂူပါ အဓမ္မ ရွေ့ပြောင်းခံရတာကြောင့် လန်ကူးရွာမှာ တိုင်ကြားမှုတွေများနေခဲ့တာပေါ့...ဒီလုပ်ငန်းစု ခေါင်းဆောင်နာမည်က ဝေ့ထျန်းလန်တဲ့.. သူက တစ်ရွာလုံးမှာ အချမ်းသာဆုံးဖြစ်သလို ခေါင်းပုံအဖြတ်ဆုံး အမောက်မာဆုံးသူပေါ့... တစ်နေ့ သူမြေသိမ်းတာကို ဂူတာ့ဟဲ့အိမ်က လက်မခံဘူး.. လက်မခံတာကလည်း အိမ်ဘေးမှာရှိတဲ့ သူ့အမေ အုတ်ဂူကြောင့်ဆိုတာသိတော့...တစ်ခါတည်း စရိတ်ငြိမ်းနဲ့ အိမ်ဖျက်ရုံမက အုတ်ဂူပါ တူးဆွပြီး ပြာအိုးထုတ်ပေးခဲ့တယ်... တစ်ချိန်တည်းမှာပဲ အညိုအမည်း ဒဏ်ရာတွေပါ အဆစ်ထည့်ပေးခဲ့တာမို့ ... ဂူတာ့ဟဲ့ က ရဲတိုင်ခဲ့ပါတယ်... ထူးဆန်းတာက ရဲကို အမှုဖွင့်ပြီးတာနဲ့ ဂူတာ့ဟဲ့ ပျောက်သွားလေရဲ့... ဒီအမှုကို လေကျယ်က လိုက်ရမှာဖြစ်ပါတယ်..ဂူတာ့ဟဲ့ပျောက်တာက တကယ်ပဲ ဝေ့ထျန်းလန်ကြောင့်လား... တခြား ဘာပတ်သက်မှုတွေရှိသေးလဲ... လေကျယ် ဒီအမှုလိုက်ရင်း ဘာတွေ ထပ်ပြီး စုံစမ်းနိုင်မှာလဲ... ဇာတ်လမ်းလေးက ပြောပြသွားပါလိမ့်မယ်... Filesize : 6.15 GB / 1.55 GB / 801 MB Quality : WEB-DL 4K HEVC , ...
movie

Black Storm ( 2024 )

4K HEVC
Southern Shaolin and The Fierce Buddha Warriors ( 2021 ) 5.7
Southern Shaolin and The Fierce Buddha Warriors ( 2021 ) ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် ငယ်ဘဝတုန်းကရှောင်လင်ဇာတ်ကားလေးတွေကြည့်ခဲ့ရတဲ့ ပုံရိပ်ကိုပြန်အမှတ်ရစေမယ့်ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ တင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီဇာတ်လမ်းလေးထဲမှာတော့ တိုင်းတစ်ပါးသာားတွေစိုးမိုးခြယ်လှယ်လာကြရုံမက ပင်လယ်ဓါးပြတွေပေါများလာတဲ့အချိန်မြောက်ပိုင်းရှောင်လင် ဘုန်းကြီးကျောင်းအဖွဲ့ကနေ အစွမ်းကုန်ကြိုးစားနှင်ထုတ်ခဲ့ကြတယ်။ပင်လယ်ဓါးပြတွေက အရမ်းဆိုးသွမ်းပေမဲ့ ကျီချင်းဆိုတဲ့လူကတော့ ပင်လယ်ဓါးပြခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်တယ်။ ဆင်းရဲသူတွေ၊ကိုယ်ဝန်ဆောင် မိခင်တွေကို မတိုက်ခိုက်ပဲ တိုင်းတစ်ပါးသားတွေဆီကနေ လုယူချင်စိတ်သာရှိခဲ့တဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်တာပေါ့။ဒါကို မကျေနပ်တဲ့လက်ထောက်ခေါင်းဆောင်ကတော့ သူ့ကိုသတ်လျက် ခေါင်းဆောင်နေရာကိုဝင်ယူခဲ့တယ်။ ဒီလိုနဲ့ကျီချင်းတစ်ယောက် မသေပဲမြောက်ပိုင်း ရှောင်လင်ဘုန်းကြီးကျောင်းကိုရောက်သွားခဲ့တယ်။ ဒီဘုန်းကြီးကျောင်းကရိုးရှင်းပြီးသေးငယ်ပေမဲ့ အင်မတန်မှဆန်းကြယ်မှုတွေပြည့်ဝနေခဲ့တာကို ကျီချင်းတစ်ယောက်သတိထားမိတယ်။ဒါကိုအမြဲဖော်ထုတ်ဖို့ကြံရွယ်နေတဲ့ကျီချင်းနဲ့ အင်မတန်မှပါးနပ်တဲ့ရှောင်လင်ဘုန်းကြီးတို့ကြားက ရယ်မောစရာတွေနဲ့ အံ့အားသင့်ဖွယ်စရားတွေကို ဒီဇာတ်ကားလေးထဲမှာ အပြည့်အဝခံစားရမှာဖြစ်တာကြောင့် ဒီဇာတ်လမ်းလေးကို စောင့်မျှော်ကြည့်ရူလိုက်ရအောင် Filesize : 698 MB / 426 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action Runtime : 1h 15 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK  
movie

Southern Shaolin and The Fierce Buddha Warriors ( 2021 )

Strange Tales from a Chinese Studio: Pupil’s Language ( 2024 ) 5.7
Strange Tales from a Chinese Studio: Pupil’s Language ( 2024 ) တစ်ခါက ယုံအန်းမှာ ပန်းချီဆွဲတော်တဲ့ ဖန်းသုန်းလို့ခေါ်တဲ့ သခင်လေးတစ်ပါးရှိပါတယ် ။ သူက အိမ်ကအလုပ်တွေကိုကူညီလုပ်ပေးလေ့မရှိဘဲ အမြဲတမ်းဆောင်ကြာမြိုင်ပဲသွားသွားနေပြီး ဖခင်ဖြစ်သူဆီက အမြဲလိုလိုလိုက်အရိုက်ခံနေရတဲ့သူတစ်ယောက်ပေါ့ ။တကယ်တော့ သူဆောင်ကြာမြိုင်ကိုသွားတာကလည်း အကြောင်းအရင်းရှိပါတယ် ဆောင်ကြာမြိုင်က မိန်းကလေးလင်အာကို စောင်းတီးခိုင်းပြီး သူကပန်းချီဆွဲဖို့ပါ ။ ဒါပေမဲ့ တစ်နေ့ကျ မိန်းကလေးလင်အာက သူ့ပုံတူပန်းချီကို မျက်စံမခြယ်ဖို့တားမြစ်ခဲ့ပါတယ် ။ဒါပေမဲ့ သခင်လေးဖန်းသုန်း အိမ်ပြန်ရောက်လာတဲ့ အခါမှာ သိချင်စိတ်နဲ့ မျက်စံကိုခြယ်သလိုက်ချိန်မှာတော့ မထင်မှတ်ထားပဲ နေရာမှာတင် မေ့လဲသွားခဲ့ပါတယ် ။သခင်လေးဖန်းသုန်းမေ့လဲသွားတာက မိန်းကလေးလင်အာနဲ့သက်ဆိုင်နေမလား ? ယုံအန်းကလူပျောက်မှုတွေကတော့ ဘယ်သူနဲ့သက်ဆိုင်နေလဲ ? သခင်လေးဖန်းသုန်းရဲ့အိမ်က မွေးစားညီမလေးကရော သူ့အစ်ကိုရောဂါကုဖို့ ဘယ်လိုတွေစတေးသွားမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါအုံးရှင် ။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Mystery , Thriller Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By ...
movie

Strange Tales from a Chinese Studio: Pupil’s Language ( 2024 )

Eye For An Eye ( 2023 ) 6
Eye For An Eye ( 2023 ) လူငယ်ဒါရိုက်တာ ပုံဖော်ထားပြီး လူငယ်တက်သစ်စ သရုပ်ဆောင်တွေချည်း စုဝေးနေတဲ့ Eye For An Eye ဆိုတဲ့ ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဒီကားလေးဟာဆိုရင် အဆင့်နိမ့် ဇာတ်နိမ့်က လာသူတစ်ယောက်ဟာစစ်မြေပြင်အလယ်မှာ အဖော်ကောင်း စီးတော်မြင်းနဲ့ မိတ်ဆွေကောင်း လက်နက်တစ်ခုလက်ထဲရှိရင် မျက်မမြင်လည်း သူရဲကောင်းဖြစ်လာနိုင်တယ်ဆိုတာကို ရိုက်ကူးပုံဖော်ပြထားတဲ့ကားပေါ့...ဒီဇာတ်လမ်းလေးကို နီယန် ကောင်မလေးတစ်ယောက်က တစ်အိမ်လုံး အသက်ခံရပေမယ့် သူတစ်ယောက်တည်း လွတ်မြောက်လာပြီး သူ့အသက်ကို ကယ်တင်ပေးခဲ့တဲ့ မျက်မမြင် သူရဲကောင်းနဲ့ သူကြုံတွေ့ခဲ့ပုံလေးကို ဒိုင်ယာရီမှတ်သလို...မှတ်တမ်းရေးသလို... ပြောပြသွားဟန်နဲ့ တင်ဆက်ပြထားပုံကတော့ လူငယ်ဒါရိုက်တာတွေလက်ရာကောင်းမှန်းသိသာပါတယ်...နီယန်တို့ ဘာကြောင့် တစ်အိမ်လုံးအသတ်ခံရတယ်ဆိုတာရယ်... မျက်မမြင်သူရဲကောင်းက ဘယ်သူလဲဆိုတာရယ်... နီယန်နဲ့ မျက်မမြင်သူရဲကောင်းကြားမှာ ဘယ်လိုပတ်သက်မှုရှိပြီး... ဘယ်လိုပုံစံနဲ့ခင်မင်ခဲ့တယ်ဆိုတာကို ရိုက်ပြသွားပုံလေးလည်းစိတ်ဝင်စားဖို့ကောင်းလို့... အက်ရှင်ဖန်တွေ သိုင်းဖန်တွေသာမက ရိုက်ကူးရေးစိတ်ဝင်စားတဲ့သူတွေလည်း ကြည့်သင့်တဲ့ကားကောင်းလေးမို့ ကြည့်ဖြစ်အောင်ကြည့်ကြနော်~ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama Runtime : 1h 13min Subtitle : Myanmar Subtitle ( Hardsub ) Translated by Chu Chu ,Nu Mon , Moon Encoded by LK
movie

Eye For An Eye ( 2023 )

Spirit Puppets ( 2023 ) 5.9
Spirit Puppets ( 2023 ) CM ကနေ ဒီတစ်ခါမှာတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ စိတ္တဇဆန်ဆန်ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းလေးကို ပြောပြရမယ်ဆိုရင် သဘင်ပညာသည်လေး ရှစ်ကျားဟာ ရုပ်သေးရုပ်တွေကို စူးစမ်းရတာ ကြိုက်တဲ့ ကောင်လေးတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာတော့ သူဟာ ရုပ်သေးရုပ်လေးတစ်ရုပ်ကို အကြောင်းတိုက်ဆိုင်စွာနဲ့တွေ့ခဲ့ပါတယ် အဲ့ရုပ်သေးရုပ်လေးရဲ့ လက်ရာက အတော်ကိုမှရှားပါးတဲ့ လက်မှုပညာနဲ့ လုပ်ထားတာဖြစ်လို့ ရုပ်သေးရုပ်တွေအကြောင်း နားလည်တဲ့ သူ့အတွက် အတော်လေးကို နှစ်သက်ဖွယ်ဖြစ်နေပြီး အိမ်ကိုယူသွားခဲ့ပါတယ်အိမ်ကို ယူသွားတဲ့နေ့မှာပဲ သူဟာ သေဆုံးသွားခဲ့ပြီး ရဲတွေကတော့ ဒါကို အဆုံးစီရင်မှုနဲ့ အမှုပိတ်ဖို့လုပ်လိုက်ပါတယ် အဲ့အချိန်မှာ ရှစ်ကျားကိုအရမ်းချစ်တဲ့ သူ့ဇနီးသည်ယွိပိက လက်မခံနိုင်ဘဲ စခန်းမှူးကို အမှုမှန်ပေါ်ပေါက်အောင်လုပ်ပေးဖို့ တောင်းဆိုခဲ့ပါတယ် စခန်းမှူးကတော့ ဒီအမှု အဆုံးစီရင်မှုအနေနဲ့ပဲဆက်သွားစေချင်ခဲ့ပါတယ်ယွိပိကို သနားသွားတဲ့ ရဲအရာရှိချောင်ကတော့ ဒီအမှုကို သူလွှဲယူခဲ့ပြီး ရှစ်ကျားရဲ့ သေဆုံးမှုကို သူ့ဇနီးနဲ့အတူ လိုက်လံစူးစမ်းခဲ့ရာမှာတော့ ရုပ်သေးရုပ်လေးက လူသတ်ပါတယ်ဆိုတဲ့ လွန်ခဲ့တဲ့ ၁၀နှစ်က အရာရှိအိမ်တော်ရဲ့အဖြစ်အပျက်လေးဟာ ပြန်အသက်ဝင်လာခဲ့ပါတော့တယ်လူတွေရဲ့ကြိုးဆွဲရာကို ကရတဲ့ ရုပ်သေးရုပ်လေးက တကယ်ပဲ လူသတ်တာလား .... ဒီအမှုကရော လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းကလို ဝိညာဉ်ရုပ်သေးရုပ်‌ရဲ့ သတ်ဖြတ်မှုကိုခံခဲ့ရတာလား.... ဆိုတာကိုတော့ စိတ်ဝင်စာဖို့‌ ကောင်းတဲ့ စိတ္တဇဆန်တဲ့ဒီဇာတ်ကားလေးမှာပဲ ...
movie

Spirit Puppets ( 2023 )

The Great Dragon Plague ( 2021 ) 6.3
The Great Dragon Plague ( 2021 ) The Great Dragon Plague (2021) ကားလေးကို ဒီတစ်ခါ CM ပရိတ်သတ်တို့အတွက် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဘာသာရေးမှိုင်းတိုက်တယ်ဆိုတဲ့ ဘာသာရေးကိုတလွဲအသုံးချမှုတွေအကြောင်းကို ဒီဇာတ်ကားမှာမြင်တွေ့ရမှာပဲဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းလေးပြောရရင် တထန်မင်းဆက် ခေတ်နှောင်းပိုင်းမှာ ပူဇော်ပွဲအစဉ်အလာတစ်ခုပေါ်ထွက်လာတာချိန်ကို အခြေခံရိုက်ကူးပြထားတာပါ... chang an ကို အခြေခံထားတာဖြစ်လို့ The Promise of Chang’an (2020) ဇာတ်ကားထဲမှာကို လူမမာအရှင်မင်းကြီးက အမည်ခံအုပ်ချုပ်နေပြီး နောက်ကွယ်မှာ ကြိုးကိုင်သူက တခြားတစ်ယောက်ဖြစ်နေခဲ့တာပေါ့...ဒီဇာတ်လမ်းလေးထဲမှာ ပူဇော်ဖို့ စတေးခံတွေထဲကတစ်ယောက်လွတ်လာပြီးနောက်မှာ ဒုက္ခသည်စခန်းလိုမျိုးမှာရက်အနည်းငယ်နေလာပြီးနောက် အခုလိုဘဝလေးလည်း မဆိုးဘူး.. ချန်အန်းကနေ ထွက်သွားမယ်ဆို ဘဝသစ်နေနိုင်ပြီလို့တွေးလာပေမယ့်.. ဒီဒုက္ခသည်စခန်းကအားလုံးက ချန်အန်းကို ကယ်တင်ဖို့ကြိုးစားနေတဲ့အခါအဆုံးသတ်မှာ ခေတ္တငြိမ်းချမ်းတဲ့ ဒုက္ခသည်စခန်းမှာပဲ ဆက်နေသွားမှာလား ချန်အန်းပြန်ပြီး ရသလောက်ကို ကယ်တင်ကြမှာလား ဘယ်လမ်းကိုရွေးမလဲဆိုတာကြည့်ပြီး ကိုယ်သာ သူ့နေရာဆိုရင်ရော ဘယ်လမ်းရွေးမလဲဆိုတဲ့ အဖြေကို ကြည့်ပြီးသွားရင် မျှဝေပေးသွားပါဦးနော်  Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy , Mystery Runtime : 1h 17min Subtitle : Myanmar Subtitle ( Hardsub ) Translated by Nu Mon,Chu Chu Encoded by LK
movie

The Great Dragon Plague ( 2021 )