Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ganindra Bimo
6.7
13 Bombs (2023)
13 Bombs or 13 Bom Di Jakarta [2023] (IMDb 6.8/10)ဇာတ်လမ်းအစမှာ အင်ဒိုနီးရှားအစိုးရရဲ့ ငွေသယ်ကား တိုက်ခိုက်ခံရပါတယ်.. ဒါပေမယ့် အစောင့်တွေသာ သေသွားတယ် ငွေတွေကို ယူမသွားခဲ့ပါဘူး... ပိုက်ဆံတွေကို အနီးအနားက ပြည်သူတွေကသာ ယူသွားကြပါတယ်... ဒီအမှုဟာ အကြမ်းဖက်တိုက်ဖျက်ရေးဗျူရိုရဲ့ ခေါင်းပေါ်ကို ကျရောက်လာပါတော့တယ်... အစကတည်းက စီးပွားရေးအကြပ်အတည်း ရင်ဆိုင်နေရချိန်မှာ အခုလိုဖြစ်ရပ်မျိုး ပေါ်ပေါက်လာတာဟာ အစိုးရအတွက် ခေါင်းခဲစရာဖြစ်လာပါတယ်... ဒီနောက်မှာတော့ ဗျူရိုရဲ့ ဆာဗာထဲထိ ဖောက်ထွင်းဝင်ရောက်လာပြီးတော့ အကြမ်းဖက်သမားတွေက သတိပေးဗီဒီယိုထုတ်လွှင့်ခဲ့ပါတယ် … အဲ့ဒါကတော့ ဂျာကာတာမြို့တခွင် ဗုံး၁၂လုံးထောင်ထားပြီးတော့ ၈နာရီခြားတစ်ခါ ဗုံးခွဲမှာဖြစ်ကြောင်းနဲ့ Indodax ဆိုတဲ့ ငွေလွှဲအပ်ပလီကေးရှင်းကနေတဆင့် Bitcoin ၁၀၀ကို ပို့ပေးခဲ့ရင် ဗုံးခွဲမှုကို ရပ်တန့်ထားမယ်လို့ ပြောကြားခဲ့ပါတယ်... ဒီလိုနဲ့ Indodax ရဲ့ ပိုင်ရှင်နှစ်ယောက်ဖြစ်တဲ့ ဝီလ်နဲ့ အော့စ်ကို ထောက်လှမ်းရေးက ဖမ်းဆီးထိန်းသိမ်းထားလိုက်ပါတော့တယ်... အကြောင်းပြချက်ကတော့ အကြမ်းဖက်မှုမှာ ပါဝင်ပက်နေလို့ဆိုတာပါပဲ... ဒီလိုနဲ့ သူတို့ကိုဖမ်းဆီးလိုက်သည့်တိုင် အကြမ်းဖက်အဖွဲ့ကို ဖော်ထုတ်ဖမ်းဆီးမရဖြစ်နေပါတယ်... ဒီလိုနဲ့ ခြေရာခံကြည့်ရင်းက အကြမ်းဖက်အဖွဲ့ဟာ ...
movie
13 Bombs (2023)
2023
Headshot (2016)
Headshot (2016)အကြမ်းအရမ်းမှာ နာမည်ကြီးတဲ့ အက်ရှင်မင်းသား Iko ရဲ့ ကားဟောင်းထဲက ကားကောင်းလေး ပြန်ကြည့်ကြမယ်နော်။၆နှစ်ကနေ ၁၀နှစ်အောက် ကလေးငယ်တွေကိုပဲ ရွေးဖမ်းပြီးတော့ လက်ရွေးစင်ခိုးဆိုးလုနှိုက်တွေဖြစ်အောင် ပျိုးထောင်နေတဲ့ အကြမ်းဖက်ဖခင်ကြီးလို တင်စားခေါ်ကြတဲ့လူ၊ အဲဒီလူတည်ထောင်ထားတဲ့ဂိုဏ်းကတော့ ကြမ်းပါတယ်ဆိုတဲ့ကောင်တွေကြားမှာတောင် အကြမ်းဆုံး အကြောက်ရဆုံးဂိုဏ်းတစ်ခုပေါ့။ ပင်လယ်ကမ်းခြေမှာ ဒဏ်ရာတွေနဲ့လဲကျနေတာကိုမြင်ပြီး ကယ်တင်ခံခဲ့ရာကနေ အိုင်လင်လို့ခေါ်တဲ့ ဆရာဝန်လေးနဲ့တွေ့ဆုံခဲ့ရတဲ့ ကောင်လေး၊ သူ့ရဲ့ဒဏ်ရာတွေကြောင့် အတိတ်ကိုပြန်သတိမရဘဲ သူ့ကိုယ်သူ အစ်ရှ်မိုင်ယာလို့ နာမည်ပေးလိုက်ပြီးနောက် ဆရာဝန်မလေးအိုင်လင်နဲ့ ရင်းနှီးလာကြပြီး ဆရာဝန်မလေးက သူ့ခေါင်းထဲက ကျည်စတွေကို ထုတ်နိုင်ဖို့ ဂျကာတာကိုသူနဲ့အတူလိုက်ဖို့ ခေါ်ခဲ့ပေမဲ့ သူ့ကိုယ်သူပြန်လည်ရှာဖွေမယ်ဆိုပြီးတော့ ရှာဖွေခဲ့ရာကနေ .... ဘယ်လိုတွေကြုံတွေ့ရမလဲ ..... အဲဒီဂိုဏ်းနဲ့ရော သူကဘယ်လိုတွေ ပတ်သတ်နေလဲ ..... ဒီကောင်လေးနဲ့ ဆရာဝန်မလေးအိုင်လင်တို့ရဲ့ ဆက်ဆံရေးကရော ဘယ်လိုဆက်ဖြစ်သွားမလဲ .... ဆိုတာတွေကို ကြမ်းကြမ်းတမ်းတမ်းဇာတ်ဝင်ခန်းတွေနဲ့အတူ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Char Ou ပဲ ဖြစ်ပါတယ်။Genre..... Action, Drama, Thriller Quality…. 1080p | 720p File size… 1.8GB ...
movie
Headshot (2016)
2016
6.8
Zodiac: What’s Your Sign? (2023)
အားလုံးပဲ ကိုယ်ရဲ့ Zodiac signနဲ့ ကိုယ့်ဖူးစာဖက် ရေစက်ပါမပါစစ်ကြည့်ဖူးကြတယ်မလား...။လိုက်ဖက်ညီတဲ့အတွဲဆို တစ်မျိုး တစ်ဖုံရင်ခုန်ရသလို၊ မလိုက်ဖက်ဘူးဆိုရင်လည်း အတွေးကြပ်ရပြန်ရောလေ...။ဒီဇာတ်ကားလေးထဲမှာတော့ Zodiac signလေးတွေနဲ့အညီ ဖူးစာဖက်ရှာမယ့်ကောင်မလေးတစ်ယောက်အကြောင်းရိုက်ကူးထားတာပါ...။Zodiacရာသီခွင်က ၁၂ ခုရှိတာဆိုတော့ ကောင်လေးကလည်း ၁၂ ယောက်နဲ့သူတို့ရဲ့ အမူအကျင့် ၁၂မျိုးကို မြင်တွေ့ရမှာပါ...။ ဇာတ်လမ်းအကျဥ်းကတော့ အေရီရယ်ဟာ ခြေအိတ်ဆိုင်ပိုင်ရှင်လေးဖြစ်ပြီးအကြွေးဝိုင်းဝိုင်းလည်နေတာကြောင့် ဆိုင်ကို အကြွေးနဲ့သိမ်းခံရမယ့်အခြေအနေရောက်နေပါပြီ...။ဒီတော့ ပိုက်ဆံရှာဖို့အတွက် ယုံတမ်းစကားပြိုင်ပွဲလေးတစ်ခုကိုဝင်ပြိုင်ပါလေရော...။ပြိုင်ပွဲအကြောင်းအရာက ပတ်ဝန်းကျင်မှာ ပြောနေကျ ယုံတမ်းစကားတစ်ခုခုကိုဟုတ်လားမဟုတ်လား ဘလော့လေးရိုက်ပေးရမှာပါ...။အေရီရယ်ဟာ ဒီပြိုင်ပွဲအတွက် zodiacအရ မလိုက်ဖက်လည်း ဖူးစာဖက်ဖြစ်နိုင်ကြောင်းသက်သေပြတဲ့ ဘလော့လေးရိုက်ဖို့ zodiac sign 12မျိုး၊ ကောင်လေး ၁၂ယောက်နဲ့ချိန်းတွေ့ပါတော့တယ်...။အေရီရယ်တစ်ယောက် ဖူးစာဖက်ဆိုတာ zodiac signပေါ်ပဲ မမူတည်ကြောင်းသက်သေပြသွားနိုင်မလား၊ သူရဲ့ဖူးစာဖက်ဖြစ်လာမယ့်ကောင်လေးကရောဘယ်signလေးဖြစ်မလဲဆိုတာ ဟော့ဒီ Indonesian Comdey Romancemovie လေးထဲမှာ ကိုယ်တိုင်လိုက်ပါကြည့်ရှုလို့ရပါပြီ...။ File size…1.42GB / 685MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 37m Genre ….. ...
movie
Zodiac: What’s Your Sign? (2023)
5.2
Kamu Tidak Sendiri (2022)
Kamu Tidek Sendiri (2022)-အင်ဒိုနီးရှားဇာတ်ကားထဲမှာ ဒီကားသဘောအကျဆုံးပဲ ။ အင်ဒိုနီးရှားနိုင်ငံမှာ သဘာဝဘေးအန္တရာယ်ကြောင့် အထူးသဖြင့် ငလျင်၊ ဒါတွေကြောင့် လူတွေထိခိုက်သေဆုံးရတာတွေ ၊ အပျက်အစီးအောက်မှာ ပိတ်မိနေတဲ့သူတွေ ခံစားရတာတွေ ၊ ကိုယ်ချစ်တဲ့သူ တန်ဖိုးထားရတဲ့သူတွေကို မေ့လျော့ပစ်ပယ်မထားသင့်ဘူးဆိုတာတွေ၊ စတာစတာတွေကို အရိုးရှင်းဆုံး ဘာလှည့်ကွက် ဘာဝှက်ကွက်မှမပါပဲ ရိုက်ပြထားတာပါ။ဇာတ်လမ်းက ဓာတ်လှေကားမှာ စပြီးတော့ ဓာတ်လှေကားမှာပဲ ဆုံးသွားတာပါ။ မင်းသားကြီး Ryan Reynolds ရဲ့ Burn ကိုတောင် သွားသတိရမိတယ် အဲ့လောက်တော့ မမွန်းကျပ်ဘူးပေါ့လေ။-ဇာတ်အိမ်ကတော့ မင်းသမီးက ကုမ္ပဏီမှာ အထက်လူကြီးတစ်ယောက်၊မသိတဲ့သူကိုစကားပြောဖို့ဝန်လေးသူ ။ အပေါက်ဆိုးတယ် ဆက်ဆံရေးမကောင်းဘူးလို့ သတ်မှတ်ခံထားရတဲ့သူ။ တစ်နေ့ မနက်ဖြန်အမှီအလုပ်အပြီးသတ်ရမှာဆိုတော့ ညနက်မှအလုပ်ကဆင်းမယ့်အချိန် ဓာတ်လှေကားကနေအဆင်း တစ်လွှာတည်းအလုပ်လုပ်ကြတဲ့ကောင်လေးနဲ့ကြုံ ဓာတ်လှေကားစီးနေတုန်း ငလျင်လှုပ်ရာ ကြုံရဆုံရ လူ့ဘဝကို ဘယ်လိုတွေ ဖြတ်သန်းခဲ့ကြလဲဆိုတာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။Genre..... Drama, Thrillee Quality…. 1080p | 720p | ...
movie
Kamu Tidak Sendiri (2022)
2022
7.5
Stealing Raden Saleh (2022)
Stealing Raden Saleh (2022)(1080p ရပါပြီ)ဇာတ်လမ်းအစမှာတော့ နိုင်ငံကျော်ပန်းချီဆရာတွေရဲ့ ပန်းချီကားတွေကိုပုံတူပွားဆွဲတဲ့ပီကိုနဲ့ စထားပါတယ်။ လေလံပွဲမှာ ပီကိုဆွဲထားတဲ့ ကောပီအပွားက သန်းကိုးရာနဲ့ရောင်းထွက်သွားခဲ့ပါတယ်။ပီကို့ရဲ့အဖေကလည်း လုရက်မှု တစ်ခုနဲ့ထောင်ကျနေခဲ့ပြီး အဖေကို ထောင်မကျအောင် အမှုကို ပြန်လည်စစ်ဆေးပေးဖို့အတွက် ၂ ဘီလီယံလိုလာခဲ့ပါတော့တယ်။ အဲ့ဒါနဲ့ သူငယ်ချင်း အူးကျွတ်နဲ့ တိုင်ပင်ရင်း ဇာတ်ကားနာမည်ထဲက ပန်းချီ အကျော်အမော် ရာဒင် ဆာလက်ရဲ့ ပန်းချီကား တစ်ခုကို ပုံတူကူးဆွဲပြီး ရောင်းဖို့ အကြောင်းဖန်လာပါတော့တယ်။ပီကိုကရော ပန်းချီအကျော်အမော် ရာဒင်ဆာလက်ရဲ့ ပန်းချီကားကို ပုံတူဆွဲပြီး အောင်အောင်မြင်မြင်နဲ့ရောင်းချနိုင်ပါ့မလား? သူ့အဖေကိုကော အယူခံဝင်နိုင်အောင် လုပ်ပေးနိုင်ပါ့မလား? ဆိုတာ ဇာတ်ကားလေးထဲမှာပဲ ဆက်လက်ကြည့်ရှုကြပါခင်ဗျာ။စကားချပ်အနေနဲ့ကော့ အင်ဒိုနီးရှားဆိုတာ ကျွန်တော်တို့ရဲ့ ဒေသတွင်းအိမ်နီးချင်းနိုင်ငံဖြစ်ပေမဲ့ ရုပ်ရှင်အရည်အသွေးပိုင်းမှာတော့ အများကြီးတိုးတတ်လာပါတယ်။ အဲ့ဒီအပြင် IMDB မှာ rating 7.5 ရရှိထားပြီး အစကနေအဆုံးထိ ရိုးအီမသွားအောင်ဆွဲဆောင်နိုင်တဲ့ ဇာတ်ကားလေးဖြစ်လို့ ကြည့်ရှု့ခံစားလိုက်ကြပါဦး။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ ...
movie
Stealing Raden Saleh (2022)
2022