Channel Myanmar

Ganesh Thavarajah

Spin (2021) 5.8/10
Spin (2021) အိန္ဒိယအမေရိကန်ကပြားတစ်ယောက်အဓိကဇာတ်ကောင်အနေနဲ့ပါတဲ့Disney Channel ရဲ့ပထမဆုံးဇာတ်ကားဖြစ်ပါတယ်။တစ်ကားလုံး အင်္ဂလိပ်စကားပြောတာမို့အိန္ဒိယကားမဟုတ်တဲ့အတွက် အကတွေအဆိုတွေဟာဇာတ်လမ်းအရ ယုတ္တိရှိရှိပဲ ပါတာမျိုးဖြစ်ပါတယ်။ရီယာဟာ အဖေဖြစ်သူရဲ့ဆန္ဒအရကွန်ပြူတာကုတ်ရေးပညာကိုကျောင်းမှာသင်ယူရင်းမိသားစုစားသောက်ဆိုင်အလုပ်ကိုကူညီနေရသူပါ။သူဟာ ကျောင်းပွဲတော်မှာဖျော်ဖြေမယ့်ဒီဂျေသမားကောင်လေး မက်စ်ကို သဘောကျရာကနေဒီဂျေသင်ယူဖို့ကြိုးစားရင်းBeat တွေဖန်တီးတဲ့နေရာမှာ ပါရမီပါတာသိလိုက်ရပါတယ်။မက်စ်စပ်ထားတဲ့ သီချင်းကို ကျောင်းပွဲတော်စီစဉ်သူကသဘောမကျတဲ့အခါ ရီယာဟာပညာရေးနဲ့ မိသားစုအလုပ်တွေကြားကလုံးပမ်းရင်းသူ့အတွေးအမြင်သစ်တွေ ခံစားချက်သစ်တွေနဲ့ဆန်းသစ်တဲ့တီးလုံးတွေဖန်တီးဖို့မက်စ်ကိုကူညီပေးပါတော့တယ်။အိန္ဒိယမင်းသမီးဇာတ်ကောင်နဲ့အမေရိကန်ဇာတ်ကားတစ်ကားဖြစ်ပြီးအိန္ဒိယရိုးရာနဲ့ အနောက်တိုင်း DJ ကိုရောစပ်ပြသထားတဲ့musical အမျိုးအစားမို့ဆန်းသစ်တဲ့မြူးမြူးကြွကြွကားမျိုးကြိုက်သူတွေအတွက်တင်မကပဲDJ တီးလုံးဖန်တီးမှုတွေပါ အသားပေးဖော်ပြထားတဲ့ကားမို့ သာမန်မဟုတ်ပဲစိတ်ဝင်စားစရာကောင်း ရသပေါင်းစုံရစေတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဘာသာပြန်ပေးထားသူတွေကတော့JimX , JoJoVa , Pyi T Nyein , Yoon Sandi Aung တို့ ဖြစ်ပြီးThit San Khant မှ Encode တင်ဆက်ပေးထားပါတယ် Quality - 1080P & 720P Web Dl Subtitle - Burmese Duration -  01:34:15 Format - MP4 File Size - 1.45 GB & ...
movie

Spin (2021)

2021