Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Gajraj Rao
7.2
Blackmail (2018)
IMDb Rating (7.2)မင်းသားကြီး Irrfan Khan ရဲ့ ဒီဇာတ်ကားလေးကတော့ Comedy/Thriller အမျိုးအစားဖြစ်ပြီးတွေ့ရခဲတဲ့ပေါင်းစပ်မှုတချို့နဲ့ စိတ်ဝင်စားစရာရုပ်ရှင်ကားမျိုးဖြစ်ပါတယ်။ဇာတ်လမ်းကတော့...သာမန်ရုံးတစ်ခုမှာ သာမန်အလုပ်တွေလောက်ပဲလုပ်ကိုင်နေရပြီး အကြွေးတွေပတ်ချာလည်နေတဲ့ လင်ယောကျာ်းတစ်ယောက်မိသားစုအတွက် ရုန်းကန်ကြိုးစားနေတဲ့ အိမ်ထောင်ဦးစီးယောကျာ်းတစ်ယောက်၊စီးပွားရေးမပြေလည်သလို အိမ်ထောင်ရေးလဲမသာယာတဲ့ လင်ယောကျာ်းတစ်ယောက်၊သူများမစားတဲ့အသီးကို ထိုးကျွေးခံလိုက်ရပြီး ကိုယ့်အတွက်လည်းဘာမှအကျိုးမရှိဘဲ ဝဋ်ခံနေရတဲ့လင်ယောကျာ်းတစ်ယောက်အဖြစ် Dav...အိမ်ထောင်ရေးမသာယာတာကြောင့် အိမ်ကိုစောစောမပြန်ဖြစ်ပဲ ရုံးမှာအနေများတဲ့ Dav တစ်ယောက်ကိုယ့်မိန်းမနောက်မီးလင်းနေမှန်းသိရတော့ တော်တော်စိတ်ထိခိုက်သွားပါတယ်။အရာအားလုံးမအောင်မြင်နေရတဲ့ကြားထဲ မိန်းမဖြစ်သူကပါ စည်းမစောင့်တော့တာသိရှိသွားချိန်မှာတော့ Dav တစ်ယောက် ဘယ်လိုတွေလက်စားပြန်ချေဖို့ကြိုးစားမလဲဆိုတာ...။ဟာသလေးတွေနှောပြီး ရိုက်ကူးထားတဲ့အတွက် ရယ်လည်းရယ်ရပါတယ်။Irrfan Khan ရဲ့ ထိမိတဲ့ ထုံပေပေမျက်နှာပေးနဲ့ သက်ဝင်ထားတဲ့Dav တစ်ယောက် ဘယ်လိုတွေအကွက်ချမလဲဆိုတာ ကြည့်လိုက်ကြပါဦး။ File size…(7.8 GB)/(2.2 GB )/(1.5 GB) Quality….BluRay 4K HEVC/ 1080p HEVC/ 720p Format…mkv/mp4 Duration….02:18:15 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Thura Zarni Aung
movie
Blackmail (2018)
2018
4K HEVC
8.4
Maidaan (2023)
Maidaan (2024) "ပြိုင်ပွဲ" IMDb - 8.4/10တို့တစ်ရွာလုံးကတော့ အဂျေးဆိုတဲ့ ကျွန်တော့်လိုလူတွေအတွက် သိပ်မကြာသေးခင်ကမှ Shaitaan (2024)ရုံတင်ကားကြီးကို တင်ဆက်ပေးပြီးတဲ့နောက် အဂျေးရဲ့ ရှားရှားပါးပါး အားကစားရုပ်ရှင်ကားကြီး ရုတ်တရက်ထွက်ရှိလာတဲ့အတွက် အမြန်ဆုံးတင်ဆက်ပေးလိုက်ပါတယ်။အားကစားရုပ်ရှင်ဖြစ်တဲ့အလျောက် ရုပ်ရှင်ကားကြီးတိုင်း ရုံတင်ငွေအများကြီးမရခဲ့ပေမဲ့ အားကစားရုပ်ရှင်တို့ထုံးစံအတိုင်း ရသတမျိုးမျိုးကတော့ ခံစားစေရမှာ အမှန်ဖြစ်ပြီး ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးထောပနာပြုမှုကို ရရှိခဲ့ပါတယ်။၁၉၅၀ခုနှစ်ကနေ သေဆုံးချိန်အထိ အိန္ဒိယနိုင်ငံ့လက်ရွေးစင်ဘောလုံးအသင်းရဲ့ နည်းပြနဲ့မန်နေဂျာဖြစ်တဲ့ Rahim Saabအကြောင်းကို အခြေခံရိုက်ကူးထားပါတယ်။ခေတ်ကာလအလျောက် နိုင်ငံတော်ကနေ နိုင်ငံ့လက်ရွေးစင်ဘောလုံးအသင်းအပေါ် ထောက်ပံ့မှုအားနည်းပုံတွေ၊ နိုင်ငံ့လက်ရွေးစင်အသင်းတစ်သင်းရှုံးနိမ့်ပြီဆို ဘောလုံးအသင်းချုပ်ဘုတ်အဖွဲ့ဝင်တွေရဲ့ နည်းပြအပေါ် လွှဲချမှုတွေ၊ လူမျိုးရေးပဋိပက္ခတွေ၊နောက်ပြီး အဓိကဇာတ်လိုက်ဖြစ်တဲ့ နည်းပြတစ်ယောက်ရဲ့ အသင်းပေါ်ထားတဲ့စိတ်ဓာတ်နဲ့ ရင်ဆိုင်ရတဲ့ အမျိုးမျိုးသောဖြစ်ရပ်တွေအပြင် ကွင်းတွင်းကွင်းပြင်ဖြစ်ရပ်တွေကို သေချာရိုက်ကူးတင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…3.4GB / 1.7GB Quality…WEB DL 1080p / 720p Format…mp4 Duration….3h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Maidaan (2023)
2024
7.0
Satyaprem Ki Katha (2023)
Satyaprem Ki Katha (2023) IMDb-7/10Freddy(2022)ထဲမှာ သွားဆရာဝန်အဖြစ်နာမည်ကြီးခဲ့တဲ့မင်းသား ကာတစ်အာရန်းရယ် ဖြူဖွေးဝင်းဥနုဖတ်နေတဲ့အလှတရားတို့ရဲ့ပိုင်ရှင် မင်းသမီးချောလေးကီရာရာတို့ရဲ့ အချစ်ဇာတ်လမ်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအညွှန်းဂူဂျာရတ်ကမြို့ငယ်လေးတမြို့မှာ မိဘတွေနဲ့အတူနေပြီး ဘာအလုပ်အကိုင်မှမရှိတဲ့ ဆပ်တူ။ အလုပ်အကိုင်မရှိပေမဲ့ မိန်းမလိုချင်နေလို့ မိဘတွေကို နားဂျီပူဆာလုပ်နေတဲ့ သဘောကောင်းမနောကောင်း မေမေ့သားလေး ဆပ်တူ။သူတမ်းတမ်းစွဲချစ်မိနေတာက ချမ်းသာတဲ့အသိုင်းအဝိုင်းက အကမယ်လေး ကာသာ။ကာသာမှာ ရည်းစားရှိမှန်းသိသွားပေမယ့် ယောက်ျားကြိုက်တော့ ဆိုက်ဆိုက်လာဆိုတဲ့အတိုင်း မလွန်ဆန်နိုင်တဲ့နှလုံးသားနဲ့ ရစ်နှောင်တွယ်နှင့်ခဲ့ပြီလေ။တစ်ရက် အက်စီးဒန့်တခုမှာ ကာသာရဲ့အသက်ကို ကယ်တယ်ခဲ့ရပြီးတဲ့နောက်မှာတော့ အရာရာပြောင်းလဲသွားခဲ့ပေမယ့် အလုပ်အကိုင်မရှိတာကို မနှစ်မြို့တဲ့ယောက္ခမလောင်းကြီး သဘောကျဖြစ်ဖို့ အလုပ်တွေကြိုးစားနေပြီဗျို့ဆိုပြီး ကြိုးစားလိုက်တာ တစ်ရာ့ကိုးတစ်ရာ့တစ်ဆယ်ကနေ မန်နေဂျာဘ၀ရောက်သွားပါလေရော။သို့ပေမယ့်လည်း ကံတရားရဲ့စီမံမှုတွေက ဘယ်လိုတွေလွဲချော်ပြီး ဘယ်အချိန်မှာသူတို့တွေကို ဆုံစည်းစေမလဲဆိုတာတော့ မိတ်ဆွေတို့စိတ်ကြိုက်ဖန်သားပြင်ပေါ်မှာ ကြည့်ရှုလိုက်ကြပါဦး။ ကြည်နူးဖို့ကောင်းတဲ့ ဇာတ်ကားတစ်ကားရှာနေတယ်ဆို Satyaprem Ki Kathaက မိတ်ဆွေအတွက်ဆိုတာ သေချာပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~BpL~Zwe~Saii~Yunniတို့ဖြစ်ပါတယ်) File size…7GB /2.29GB / 1.15GB Quality…4k AMZ WEB DL/ 1080p WEB DL / 720p Format…mp4 Duration….2h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~BpL~Zwe~Saii~Yunni
movie
Satyaprem Ki Katha (2023)
2023
4K HEVC
7.1
Trial Period (2023)
Trial Period(2023) ------------------ IMDb-7.2/10အစမ်းသုံးကာလ...။ပစ္စည်းတစ်ခုအရည်အသွေးကောင်းမကောင်း အသုံးကျမကျဆိုတာမျိုးက အစမ်းသုံးကြည့်ခွင့်ရတဲ့အခါ အတိုင်းအထက်အလွန်ပေါ့။ကိုယ်နဲ့ကိုက်ညီမယ့် အသုံးအဆောင်ပစ္စည်းဆိုရင် အပိုင်ဝယ်လိုက်ဖို့ရာ စိတ်ချရတယ်လေ။Relationshipတစ်ခုမှာလဲ လက်မထပ်ဘဲအတူနေတယ်ဆိုတာ အစမ်းသုံးကာလသဘောမျိုးလို့ထင်တာပဲ။အဆင်ပြေမှ နားလည်မှုတွေပြည့်၀ကြမှ ရှေ့ဆက်လက်တွဲဖို့ ဆက်စဉ်းစားကြတာမျိုးပေါ့။ကျွန်တော်တို့ဆီမှာလည်း ရှိတော့ရှိမှာ ရှားမှာပေါ့လေ။လူတစ်ကိုယ် စိတ်ရယ်အဖုံဖုံဆိုတော့လည်း ကောင်းတယ်ထင်မယ့်လူရှိသလို မကောင်းဘူးဆိုပြီးတူးတူးခါးခါးငြင်းဆန်ကြမယ့်သူတွေလည်းရှိတာပေါ့။ဒီဇာတ်လမ်းလေးထဲမှာတော့ အဖေမရှိပဲ မိခင်ဖြစ်သူနဲ့ကြီးပြင်းလာတဲ့ ကလေးလေးတယောက်။ ကျောင်းမှာ ငါ့အဖေကဘယ်လိုကွဆိုပြီး ကြွယ်တဲ့ဘော်ဒါကြောင့် အဖေဆိုတာကိုတမ်းတမိသွားတယ်။ အဖေများနေ့မှာ ရှေ့ထွက်ပြီး အဖေအကြောင်းသီချင်းဆိုခိုင်းတော့ ရှာရွတ်နဲ့ကာဂျိုးကားထဲက အန်ဂျလီလေးကိုတောင် သတိရမိသွားတယ်။အဲဒီလိုအခြေအနေတွေနဲ့ ကြုံလာတဲ့အချိန်မှာတော့ မိခင်ဖြစ်သူကို ပူဆာပါလေရော။အစမ်းသုံးကြည့်ဖို အဖေတယောက်ခေါ်ပေးတဲ့။တစ်လစမ်းသုံးကြည့်မယ်အဆင်မပြေရင် ပြန်ပို့လို့ရတာပဲတဲ့။ ဒီလောက်ဆို ဇာတ်လမ်းလေးရဲ့ ဆွတ်ပျံ့ကြည်နူးဖို့ကောင်းမယ့်အခန်းတွေရယ် မျက်ရည်လေးကလယ်ကလယ်နဲ့ ကြေကွဲရမယ့်အခန်းတွေရယ်ပါလာမယ်ဆိုတာ သိလောက်ပါပြီ။အမေနေရာသရုပ်ဆောင်တဲ့ မင်းသမီးကလည်း Force 1,2ထဲက မင်းသမီးချောလေး ဂနယ်လီယာဆိုတော့ ပေါကားမဟုတ်တဲ့ ကားကောင်းလေးတစ်ကားဖြစ်ကြောင်း အာမခံရင်း တင်ဆင်ပေးလိုက်ရပါတယ်ခင်ဗျ။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Aditi~Zwe~Cherryတို့ပဲဖြစ်ပါတယ်) File size…2.05GB / 878MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 6mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Aditi~Zwe~Cherry
movie
Trial Period (2023)
7.4
Gunehgaar (2022)
Gunehgaar 2023 IMDb - 7.5ယခုတင်ဆက်ပေးမယ့် ဇာတ်ကားကတော့ အိန္ဒိယမှုခင်းဒရာမာကားဖြစ်ပါတယ်။ အဓိကဇာတ်ကောင်မှာ ဘန်ဆယ်လ်၊ မရီနာလီ နဲ့ အုမ်တို့လူသုံးယောက်နဲ့ နေရာတစ်ခုတည်းမှာတင်ပြီးသွားပေမဲ့ ဇာတ်လမ်းကတော့ ထင်ထားသလောက် မရိုးရှင်းနေပါဘူး။ဇာတ်လမ်းအကျဉ်း တစ်ညမှာ ဘန်ဆယ်လ်က ဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့ မရီနာလီကို အရေးကြီးသတင်းပြောစရာရှိတယ်ဆိုပြီး သူ့အိမ်ကိုဖိတ်လိုက်တယ်။ မရီနာလီဟာ ငါးအကြီးကြီးမိပြီအထင်နဲ့ ဘန်ဆယ်လ်အိမ်ရောက်လာတဲ့အချိန်မှာ သူထင်မှတ်မထားတဲ့ လူတစ်ယောက်နဲ့တွေ့လိုက်ရတယ်။ သတင်းယူဖို့လာတဲ့ မရီနာလီတစ်ယောက် သူက သတင်းရဲ့တစ်စိတ်တစ်ပိုင်းထဲပါနေပြီဆိုတာမသိဘဲ ဝင်ပါလိုက်ရာကနေ လူသတ်မှုအကြောင်းတွေပါ ပါလာတဲ့အချိန်မှာ ဒီလူသုံးယောက်ရဲ့ ဘယ်လိုပတ်သက်နေတယ်ဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။မိုးအေးအေးမှာ ဇာတ်လမ်းငြိမ့်ငြိမ့်လေးနဲ့ ဘယ်လိုလောင်ရဦးမလဲဆိုတာ ပြဇာတ်ကြည့်နေရသလို လူသတ်မှုတွေကိုဘယ်လိုအဖြေရှာကြမယ်ဆိုတာ ရင်တထိတ်ထိတ်နဲ့ကြည့်ရမှာဖြစ်ပါတယ်။(အညွှန်းရေးသားသူကတော့ Moon ဖြစ်ပြီး ဘာသာပြန်သူတွေကတော့ Moon ~ BpL ~ Yunni ~ Thaik San ~ chiclon3 တို့ပဲဖြစ်ပါတယ်) File size…600MB / 400MB Quality…1080p / 720p Format…mp4 Duration….1h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moon ~ BpL ~ Yunni ~ Thaik San ...
movie
Gunehgaar (2022)
2023
7.7
Bholaa(2023)
Bholaa (2023) IMDb 7.7Drishyam ထဲမှာ အပြိုင်ကြဲခဲ့တဲ့ အဂျေးနဲ့ ရဲမေတာဘူး တို့က ဒီကားထဲမှာ အတိုင်အဖောက်ညီညီ ရှယ်ကြမ်းကြဦးမဲ့ ရုံတင်ကားပဲဖြစ်ပါတယ် Box Office အနေနဲ့လည်း 111 ကုဋေကျော်အထိ ပြန်ရှာနိုင်ခဲ့ပါတယ် မင်းသားမင်းသမီးတင် နာမည်ကြီးရုံမက ဇာတ်လမ်းကလည်း ပြီးမှန်းမသိဆွဲဆောင်သွားနိုင်တာမို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းပါပဲဇာတ်လမ်းအညွှန်း... ရန်သူတွေက စုန်းမလို့ခေါ်ရလောက်တဲ့အထိ တစ်ခါအာရုံကျပြီးရင် လက်မလွှတ်တတ်တဲ့ ရဲမေဒိုင်ယာနာ (တာဘူး)... သန်းတစ်ထောင်တန်ကြေးရှိတဲ့ ကိုကင်းတွေဖမ်းမိတော့ ပိုင်ရှင်က ကြားဖူးသမျှထဲမှာ အကြီးဆုံးဂိုဏ်းဖြစ်နေခဲ့တယ် အလုပ်လုပ်သမျှ ပိရိလွန်းတာကြောင့် တစ်ခါမှကို ဖမ်းဆီးခြင်းမခံခဲ့ရတဲ့ဂိုဏ်း ဒီဂိုဏ်းက သန်းတစ်ထောင်ကျော် အထိနာသွားတော့ ဒိုင်ယာနာ့ကို ကမ္ဘာမြေအဆုံးထိ လိုက်ရှာပါတော့တယ်ဘိုလာ(အဂျေး)က အမှုတစ်ခုကြောင့် ထောင်၁၀နှစ်ကျခဲ့ရတယ် ထောင်သားအချင်းချင်းတောင် ဘိုလာက ဘယ်သူလဲ ဘယ်ကလာလဲ မသိကြဘူး သိတဲ့လူကလည်း အသက်ရှင်ဖို့လမ်းမရှိတာကိုး ဘိုလာ့ကို သမုဒ္ဒရာနဲ့တင်စားကြတယ် အပြင်ဘက်မှာ ငြိမ်သက်ပြီး အတွင်းမှာတော့ မုန်တိုင်းထန်တဲ့လူတဲ့ ဒီလိုနဲ့သူထောင်ကထွက်တော့ ကိုကင်းပိုင်ရှင်ကို စုံစမ်းနေတဲ့ဒိုင်ယာနာ့နဲ့ တွေ့ဖို့အကြောင်းဖန်လာပါတယ် ဂိုဏ်းဘက်ကလည်း ဒိုင်ယာနာ့ကို အသေရရ အရှင်ရရဖြစ်နေတော့ သူတို့၂ယောက်ပေါင်းပြီး ဘယ်လိုတွေဖြေရှင်းသွားမလဲဆိုတာ Plot Twist ပေါင်းများစွာနဲ့ ဆက်လက်ကြည့်ရှုလိုက်ပါရှင် (အညွှန်းကိုတော့ ...
movie
Bholaa(2023)
2023
4K HEVC
6.3
Thai Massage (2022)
Thai Massage (2023) ***************************** IMDb-6.8/10 ဟာသမင်းသားကြီး ဂရားဂ်ျရောဝ် နဲ့ Freddy နဲ့ Ram Settu ထဲက ဘရာဇီးသူအချောလေး ဂျနီဖာပစ်ချီနာတိုတို့ပါ၀င်ထားတဲ့ ဟာသကားလေးပါ။ဇာတ်လမ်းအညွှန်း မစ္စတာဒူဘေဆိုတာ အသက် ၇၀ ပြည့်တော့မယ့် မုဆိုးဖိုတစ်ဦးပါ။ သားသမီးမြေးချွေးမတစ်တွေနဲ့ နောက်အိမ်ထောင်မပြုပဲနေတဲ့ ပတ်၀န်းကျင်ကလေးစားရတဲ့သူတစ်ဦးပေါ့။ တစ်နေ့မှာ သူအမြတ်တနိုးတန်ဖိုးထားတဲ့ပုံမတော်တဆကျကွဲရာက လွန်ခဲ့တဲ့သုံးနှစ်ကဖုံးကွယ်ထားတာကြီးတစ်ခုပေါ်လာပါတယ် ထိုင်းမှာ သွားပျော်ပါးခဲ့ဖူးတာပါ....ဒီမြို့လေးကနေ ဝေးဝေးလံလံမသွားဖူးတဲ့ သားမြေးတစ်သိုက်နဲ့ ဂုဏ်သိက္ခာရှိရှိနေတဲ့ အငြိမ်းစားလူကြီးလူကောင်းတစ်ယောက်က ဘယ်လိုတွေဖြစ်ပြီး ထိုင်းမာဆတ်ခန်းကိုရောက်သွားရသလဲ... ကြီးမှ၀က်သက်ပေါက်တဲ့အဘိုးကြီးတစ်ယောက်အဖြစ် သရုပ်ဆောင်ထားတဲ့ နာမည်ကျော်ဟာသမင်းသားကြီးရဲ့စွမ်းရည်တွေနဲ့ ရယ်ပွဲဖွဲ့နိုင်မလားဆိုတာတော့ ခံစားကြည့်ပါဦးလို့... မိဘမောင်ဘွားတွေနဲ့အတူကြည့်ဖို့တော့ အဆင်မပြေတာမို့ တစ်ယောက်တည်းကျိတ်ခွီးဖို့အကြံပေးရင်း ... တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။ File size…1.94GB / 962MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 4m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thaik San ~ BpL~Yunni
movie
Thai Massage (2022)
2022
6.2
Maja Ma (2022)
Maja Ma 2022 6.4/10 IMDb ဒီတစ်ခါပရိတ်သတ်ကြီးကို မိသားစုဒရမ်မာ ဇာတ်ကားကောင်းလေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ ဒီနေ့ခေတ်မှာ LGBT တွေဟာလူမှုပတ်ဝန်းကျင်မှာ လူနည်းစုသာထောက်ခံသူရှိတဲ့ အသိုင်းအဝိုင်းတစ်ခုဆိုတာ လူတိုင်းသိပြီးဖြစ်မှာပါ...လူပတ်ဝန်းကျင်မှာ သူတို့ရင်ဆိုင်နေရတဲ့အခက်အခဲတွေ မိမိနေချင်သလိုလွတ်လပ်စွာနေလို့မရတဲ့ဘဝမှာ ချိုးနှိမ်ထားရတဲ့စိတ်ဆန္ဒတွေ မိသားစုအတွက်သူတို့ရဲ့တကယ့်စွန့်လွှတ်အနစ်နာခံမှုတွေကို ပေါ်လွင်အောင်ရိုက်ကူးထားတဲ့ မိသားစုဒရမ်မာဇာတ်ကားကောင်းလေးတစ်ခုပါဇာတ်လမ်းအမြည်းလေးကတော့ ပါလာဗီဟာသူမရဲ့အတိတ်ကအမှန်တရားကို ဖုံးကွယ်ထားတဲ့ မိသားစုကိုတုန်နေအောင်ချစ်တဲ့အိမ်ထောင်ရှင်မတစ်ယောက်ပါ သူ့ရဲ့သားတေဂျာက USမှာအလုပ်လုပ်နေပြီး ချမ်းသာကြွယ်ဝတဲ့မိသားစုက အီရှာဆိုတဲ့မိန်းကလေးနဲ့ချစ်မိသွားတဲ့အခါ အီရှာရဲ့မိဘတွေက တေဂျာရဲ့မိသားစုနဲ့တွေ့ဖို့အကြောင်းဖန်လာပါတော့တယ် ဒါပေမယ့်ပါလာဗီ့ရဲ့အကြောင်းတွေကောလဟာသပြန့်နှံ့သွားတဲ့အခါ သူတို့ဘယ်လိုအခက်အခဲတွေကိုရင်ဆိုင်ကြရမလဲ.... ဘဝအလှည့်အပြောင်းတွေဘယ်လိုဘယ်ပုံတွေ့ကြုံရမလဲဆိုတာ ရသမျိုးစုံဖန်တီးရိုက်ကူးထားလို့ လိုက်ပါခံစားကြည့်ရှုပေးကြပါဦး File size…1.936B / 955MB Quality…1080p / 720p Format…mp4 Duration…. Subtitle….Mynamr Subtitle (Hard Sub) Encoder….YK Translated by Thet Ko & BpL & Lwin Htoo & Kevin
movie
Maja Ma (2022)
2022
7.6
Dil Se.. (1998)
Dil Se (1998) =========IMDb Rating (7.6)တစ်ခါတလေ ကျွန်တော် တို့ နှလုံးသားမှာ မသိစိတ်နဲ့ စွဲမြဲစွာ ကပ်ငြိမိတဲ့သူ တစ်ဦးဦး ရှိနေတတ်ကြပါတယ်။ သိစိတ်နဲ့လည်း တမ်းတဖြစ်တတ်ကြပါတယ်သူနဲ့သာဆို သေအတူ ရှင်မကွာ လက်တွဲရင်း ဘ၀လမ်းကို လျှောက်လှမ်းနေချင်ခဲ့တယ်။ ဒါဟာ နှလုံးသားရဲ့ တောင့်တမှုဖြစ်ပြီး စိတ်ရဲ့ လိုအင်လည်း ဖြစ်ပါတယ်ဒါဟာ တစ်ဖက်သတ်ဖြစ်နေခဲ့လည်း ဆုပ်ကိုင်ထားတဲ့ သစ်ရွက်နု စိတ်ကူးလေးလည်း ဖြစ်ပါတယ်။ ဒါမှမဟုတ် ကိုယ်တိုင် တရားစီရင်ခဲ့တဲ့ ဥပဒေတစ်ရပ်ဆိုလည်း မမှားဝံ့ပါဘူးဤမျှထိ အစပြုလာသော အချစ်သည် ဘယ်အရပ် မှ စပါသနည်း။ Amar အတွက်တော့ နယ်စပ်ရထားဘူတာရုံငယ်လေး မှ စခဲ့ဟန်တူသည်ရေဒီယို အသံလွှင်ခြင်းကိစ္စနဲ့ပတ်သက်လို့ ခရီးထွက်ရင်း သူမကို Amar စတွေ့ခဲ့သည်။ လေကထန် မိုးကသည်း ရင်း ချမ်းအေးသော ဤချိန်၀ယ် သူမ သည် သဘက်လေးကို ဦးခေါင်းထက်ပေါ် ...
movie
Dil Se.. (1998)
6.5
Made In China(2019)
Made In China(2019)အညွှန်း************************* ရာဂူးဟာသာမန်စီးပွားရေးသမားတစ်ယောက်....ပြောရရင်သူ့ပေါက်ကရအိုင်ဒီယာတွေကြောင့် စီးပွားရေးမှာမအောင်မြင်ဘူး .....ကြာတော့သူ့အဖေကသူ့ကို တိုးတက်ပါစေတော့ အောင်မြင်ကြီးပွားပါစေတော့ဆိုပြီး တရုတ်ကိုလွှတ်ကာစီးပွားရေးအမြင်ရအောင်လုပ်ခိုင်းတယ်.. ရာဂူးဟာတရုတ်ကအောင်မြင်တဲ့ စီးပွားရေးသမားတစ်ယောက်ဆီက အတွေးအခေါ်အိုင်ဒီယာတွေကိုယူကာ အဲ့ကနေစပြီး သူ့အဖေမျှော်မှန်းထားတဲ့နည်းနဲ့တော့မဟုတ်ဘဲ ဘဝတစ်ဆစ်ချိုးအလှည့်အပြောင်းဖြစ်လာခဲ့တော့တယ်... အခက်အခဲမျိုးစုံကြားကနေ ရာဂူးတစ်ယောက်ဘယ်လိုဆက်ပြီးလုပ်ဆောင်သွားမလဲဆိုတာကိုတော့...Indiaကားကောင်းကြိုက်သူတို့လက်မလွှတ်သင့်ပါကြောင်း..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zwe Zan Aungပဲဖြစ်ပါတယ်... File Size : (2.2GB) and (1.1GB) Quality : Web-DL 1080P, 720p Format…mp4 Duration…01:30:00 Genre :Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Zwe Zan Aung Encoded by Phyo Pyae
movie
Made In China(2019)
8.0
Lootcase(2020)
Lootcase(2020)ဇာတ်လမ်းအကျဉ်း.....အခြေခံလူတန်းစား တစ်ယောက်ဖြစ်သူ နန်ဒန်းကူးမားတစ်ယောက်ရဲ့လက်ထဲကို တစ်နေ့မှာ မမျှော်လင့်ဘဲ သန်း၁၀၀တန်အိတ်ကြီးတစ်လုံးသူ့လက်ထဲကိုရောက်လာခဲ့တယ်..ဒီလူက မလည်ရှုတ် ကို့ရို့ကားယားလူ....သန်း(၁၀၀)ကြီးလက်ထဲရောက်လာတော့လောဘက မသတ်နိုင်ရှာဘူး.....အိမ်မှာသိမ်းထားမယ်....ပြီးရင် အိမ်က စက်သေနတ်ပစ်သလို ပွစိပွစိ လုပ်တဲ့မိန်းမကိုပါးစပ်လေးတွေထုတ်သုံးဖြည့်ဆည်းပေးရင် မိန်းမနိုင်ဆေးခပ်တည်တည်ဖော်မယ်ပေါ့....မိန်းမဘက်ကလည်း အပ်တိုတစ်ချောင်းတဲမယူတတ်တဲ့အမျိုးဆိုတော့ သူ့မိန်းမကိုပေးမသိဘဲအိမ်မှာဉထားမဲ့အစီအစဉ်ပေါ့..နန်ဒန်းကူးမားက လောဘရမ္မက်တွေကြောင့် သာမတွေးမိတာ...နောက်ကွယ်မှာ ဘယ်လိုအရှုတ်အထွေးတွေရှိနေတယ်ဆိုတာ သူမသိဘူး...ကိုင်း ဒီသန်း(၁၀၀)ရဲ့နောက်ကွယ်ကပိုင်ဆိုင်သူတွေက ဘယ်သူတွေလဲ...တခြား ဒီပိုက်ဆံကိုလုပ်ဖို့ လုပ်နေတဲ့အဖွဲ့အစည်းတွေက ဘယ််လောင်တောင်များလဲ...ငပွေးတွေကြားမှာ ဘယ်ငပွေးပိုဆရာကျနေမလဲဆိုတာကိုတော့...ခံစားကြည့်ကြပါဉီး...ဒီကားက IMDb...8.0ရထားသလို ဇာတ်လမ်းလည်းကောင်းသလို နင်းကန်ပြီးလည်း ရယ်ရပါတယ်...အတင်းကြီးကလိထိုးရယ်ခိုင်းတဲ့အကွက်တွေမဟုတ်ဘဲ အလွဲတွေအချော်တွေနဲ့ သရုပ်ဆောင်ကောင်းများစွာနဲ့ရိုက်ကူးထားတာမို့ လက်မလွှတ်သင့်ပါကြောင်း...File Size : (1.02 GB) and (377MB) Quality : WEB-DL 720p Format…mp4 Duration…02:12:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Zwe Zan Aung Encoded by Phyo Pyae
movie
Lootcase(2020)
6.1
Shubh Mangal Zyada Saavdhan (2020)
မင်းသားချောကြီး အရွက်ရှ်မန်းရဲ့ အားလုံးစောင့်မျှော်နေကြတဲ့ ကားသစ်စစ်စစ်ကြီးကို တင်ဆက်ပေးလိုက်ပါပြီ။တစ်ကားနဲ့တစ်ကား မထပ်ရအောင် ကာရိုက်တာမျိုးစုံနဲ့ ရိုက်ပြီး အောင်မြင်မှုတွေ ယူတတ်တဲ့ မင်းသားချောဟာ ဒီတစ်ခါမှာ ဂေးဇာတ်ရုပ်နဲ့ မြင်ရမှာပါ။ဂေးဆိုလို့ မြင်နေကျ ခပ်နွဲ့နွဲ့ ဟာသခြောက် မဟုတ်ပါဘူး။ ဒေါသကြီးကြီး စီးပွားရေးခြောက်လည်း မဟုတ်ပါဘူး။သာမန်ယောကျ်ားတွေလိုပဲ နေပြီး ယောကျ်ားချင်းပဲ ကြိုက်တတ်တာပါ။(အခြောက်လို့ ခေါ်လားမခေါ်လားတော့ မသိဘူး၊ ဂေးဆိုတာကတော့ သေချာတယ်)ကာသစ်နဲ့ အာမန်ဆိုတဲ့ ချစ်သူနှစ်ယောက်ရှိတယ်။ ဒေလီမှာ အလုပ်အတူလုပ်ရင်း ချစ်ကြိုက်နေကြတာပေါ့။မိဘတွေ သိရင်တော့ ဘယ်လို နေမလဲ။ တစ်နေ့တော့ အာမန်ရဲ့ မိသားစုမှာ အစ်မတော်ရဲ့ မင်္ဂလာဆောင် ရှိလာတော့ အာမန်ကို မင်္ဂလာဆောင်လာခဲ့ဖို့ ခေါ်တယ်။အာမန်မသွားချင်ပေမဲ့ မိသားစုကို တောင့်တနေသူ ကာသစ်ကတော့ သွားချင်တာပေါ့။အာမန်ကို အတင်းတောင်းဆိုပြီး အာမန်ရဲ့ မိသားစုရှိရာ အလာဟာဘတ်ကို သူတို့ ချစ်သူနှစ်ဦး လိုက်သွားတဲ့အခါမှာတော့...သူတို့ချစ်ခြင်းကို မထောက်မခံတဲ့ မိသားစု ပတ်ဝန်းကျင်ကို သူတို့ ...
movie
Shubh Mangal Zyada Saavdhan (2020)
2020
8.2
Badhaai Ho (2018)
IMDb 8.2/10 Rotten Tomatoes 86%Badhaai Ho (ဂုဏ်ယူဝမ်းမြောက်ပါတယ်) ဒီစကားလုံးကို ကြောက်လွန်းလို့ ပတ်ဝန်းကျင်ကနေထွက်ပြေးနေရသူ တစ်ယောက်ရှိပါတယ်သူ့နာမည်က နာခူ(လ်)ပါအသက်အရွယ်ရ ၂၀ ကျော်၊ ၁၅ နှစ်သာသာညီတစ်ယောက်ရှိတယ်ချစ်စရာကောင်းတဲ့ ရည်းစားတစ်ယောက်ရယ်၊ တည်တည်တံ့တံ့ အလုပ်အကိုင်လည်း ရှိတယ်ဒါဖြင့် ဘာကြောင့်များ ပတ်ဝန်းကျင်က ဂုဏ်ပြုစကားကို ကြောက်နေရတာလဲဂုဏ်ပြုပါတယ်ဆိုတာက သူ့အနေအထားကိုလားဘာကို ဂုဏ်ပြုတာလည်းအဖြစ်ကတော့ ဒီလိုပါဗျာ ...တနေ့ ၅၀ ကျော်၊ ၆၀ အရွယ်မိခင်ကြီး နေထိုင်မကောင်းဖြစ်လို့ ဆေးခန်းသွားပြရပါတယ်ဆေးခန်းမှ အိမ်ပြန်ရောက်တော့နာခူလ် - အမေ့ကျန်းမာရေးနဲ့ပတ်သတ်ပြီး ဆရာဝန် ဘာပြောလိုက်လဲ အဖေအဖေ - ဆရာဝန်ပြောတာက၊ ဆရာဝန်ပြောတာကလေအိမ်ကို ဧည့်သည်တစ်ယောက် ရောက်လာမယ်တဲ့အငယ်ကောင် - ဧည့်သည်လာရင် သားအခန်းတော့ ပြောင်းမပေးနိုင်ဘူးနော် အဖေ၊ ကြိုပြောထားတာအဖေ - ဧည့်သည်သေးသေးလေးပါကိုယ်က ၂၀ ကျော်အရွယ်ရောက်နေမှ အသက် ၅၀ ကျော် အမေက ကိုယ်ဝန်ရှိနေတယ်ဆို ခင်ဗျားဘာလုပ်မလဲ ...
movie
Badhaai Ho (2018)
2018
7.5
Love Per Square Foot (2018)
မြို့ပြတစ်ခုမှာ နေရပြီဆိုရင် လူတိုင်း ကြောက်တဲ့၊ ဒါမှမဟုတ် ကြောက်ရတဲ့ အရာတစ်ခု ရှိပါတယ်။ အဲဒါကတော့ နေစရာ အိမ်တစ်ဆောင်ပါ။ ဘာကြောင့် မြို့ပြမှာ နေချင်ရတာလဲ ဆိုတာတော့ အကြောင်းပြချက် အများကြီး ရှိပါတယ်၊ အဲဒီ အကြောင်းပြချက်တွေထဲမှာ အရေးကြီးဆုံး တစ်ချက်ကတော့ အမိုးအကာရှိတဲ့ အိမ်တစ်ဆောင်မှာ လုံလုံခြုံခြုံ ဇိမ်ကျကျနဲ့ နေရဖို့ပါပဲ။နေစရာ အိမ်အတွက် ပိုက်ဆံကလည်း မရှိမဖြစ် လိုတာပေါ့လေ။ ရေချိုးခန်း၊ အိမ်သာ၊ အိပ်ခန်းပါတဲ့ အိမ်ကို ငှားပြီးနေမယ်ဆိုရင် သာမန်လက်လုပ်လက်စားတွေအတွက် ရှာသမျှ အိမ်ရှင်ကိုပဲ ပေးရလို့ သမင်မွေးရင်း ကျားစားရင်း ဆိုသလို ဖြစ်နေတော့မှာလေ။ ဒီတော့ အဆောင်တွေမှာ စုတ်စုတ်ကပ်ကပ်နေရင်နေ၊ မနေရင် လူတွေအများကြီးပေါင်းနေမှ ပိုက်ဆံရှာတာ အဆင်ပြေပါတယ်။ ဝန်ထမ်းဆိုလည်း အစိုးရက ပေးထားတဲ့ အိမ်လေးမှာ ဖြစ်သလိုနေပြီး အလုပ်လုပ်ရတာပေါ့။ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ သာမန်လူတန်းစားတွေအဖို့ ...
movie
Love Per Square Foot (2018)
2018
Talvar
A hardened cop deals with three conflicting perspectives involving a brutal double murder. The case is complicated as the prime suspects are the parents who supposedly killed their teenage daughter.
movie
Talvar