Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Gael García Bernal
5.6
The Loneliest Planet (2011)
The Loneliest Planet (2023) Genre – Drama, Thrillerစေ့စပ်ထားကြတဲ့ စုံတွဲနှစ်ဦးဟာ ကမ္ဘာပတ်ပြီး ကျောပိုးအိတ်တစ်လုံးနဲ့ တောင်တက်ပြီး လျှောက်သွားနေကြသူတွေ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ သူတို့နှစ်ဦးက ဂျော်ဂျီယာနိုင်ငံကို လာရောက်ပြီးတော့ တောင်တက်ခရီးကို စွန့်စွန့်စားစား သွားကြမှာပဲ ဖြစ်ပါတယ်။ အဲဒီမှာ ဒေသခံလမ်းပြ လူကြီးတစ်ယောက်ကို သွားပြီး ၃ ယောက်သား လှပတဲ့ ဂျော်ဂျီယန်းတောင်တန်းတွေဆီ ခရီးထွက်ကြပါတော့တယ်။ဒါပေမဲ့ ဇာတ်ကားနာမည်အတိုင်းပဲ လူသူမရှိကြတဲ့ ဒီလို အထီးအကျန်ဆုံးနေရာကြီးမှာ လူသား ၃ ဦး သွားလာကြရင်း ဘယ်လိုမျိုး အမှတ်တမဲ့လေးတွေကစပြီး ကြီးမားတဲ့အထိ ဖြစ်လာနိုင်တာလေးတွေကို ရိုက်ပြထားတာဖြစ်လို့ ဘာတွေဆက်ဖြစ်ကြမလဲ ကြည့်ရမှာပါ။ မင်းသားနေရာကိုတော့ Marvel Werewolf by Night တီဗီရုပ်ရှင်ထဲက သမန်းဝံပုလွေဇာတ်ကောင်ဖြစ်တဲ့ Gael García Bernal သရုပ်ဆောင်ပေးထားတာပါ။ ရိုက်ထားတဲ့ရှုခင်းတွေ လှပတယ်ဆိုပေမဲ့လည်း Slow Burn ...
movie
The Loneliest Planet (2011)
5.3
Vamps (2012)
Vamps (2012) IMDb: 5.3/10 Genre: Comdey, Horror, Romanceဒီတစ်ခါ CM ကနေ တင်ဆက်ပေးမှာကတော့ 2012 က ထွက်ခဲ့တဲ့ Vamps ဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီကားလေးက အချစ်ဟာသကားလေးဖြစ်ပြီးတော့ အကုန်လုံး ပေါ့ပေါ့ပါးပါး ခံစားနိုင်မှာပါ။၁၈၄၁ ခုနှစ်ထဲက သွေးစုပ်ဖုတ်ကောင် အပြောင်းခံရခဲ့ရတဲ့ ဂွတ်ဒီတစ်ယောက် လူသွေးကို မသောက်ဘဲ အသက်ရှင်လာခဲ့တာကြာပြီး နောက်မှ အပြောင်းခံရတဲ့ စတေစီနဲ့ သူငယ်ချင်းဖြစ်ကြတဲ့အခါ၊ စတေစီနဲ့ အတူ ညတွေကို ဖြတ်သန်းရင် အချိန်အကြာကြီး အသက်ရှင်နေတာကို ငြီးငွေ့လာတဲ့ ဂွတ်ဒီတစ်ယောက်နဲ့ လူသားတစ်ယောက်ကို ချစ်မိသွားတဲ့ စတေစီတို့ရဲ့ အကြောင်းကို ဟာသအဖြစ် ပေါ့ပေါ့ပါးပါး ကြည်ရှုခံစားနိုင်မှာပါ File size… 1.9 GB / 973 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h ...
movie
Vamps (2012)
8.1
Amores Perros (2000)
ဒီဇာတ်ကားရဲ့အမည်ဖြစ်တဲ့Amores Perrosဆိုတာကို ဘာသာပြန်ရရင် အဓိပ္ပါယ်က နှစ်မျိုးသုံးမျိုးကွဲနေပေမယ့် တိုက်ရိုက်ပြောရရင်တော့ ခွေးချစ်တတ်သောသူများပေါ့။ဒီဇာတ်ကားက The Revenant တို့ Birdmanတို့ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Alejandro González Iñárritu ကပဲရိုက်ကူးထားတာဖြစ်ပြီး IMDbမှာလဲ 8.1ရခဲ့သလို Rotten Tomatoesမှာလဲ 93%အထိရခဲ့တာမို့လို့ ဇာတ်ကားကောင်းတစ်ကားဆိုတာတော့ ပြောစရာတောင် မလိုပါဘူး။ ဒီဇာတ်ကားထဲမှာတော့ ကားအက်စီးဒန့်တစ်ခုကြောင့် ခွေးချစ်တတ်တဲ့လူသုံးယောက်ရဲ့ဘဝတွေဟာ သူတို့ရည်ရွယ်ထားတဲ့အတိုင်းမဟုတ်ဘဲ ကောင်းတာရော ဆိုးတာရောဒွန်တွဲပြီး တဆစ်တချိုး ပြောင်းလဲသွားတဲ့အကြောင်းကို တစ်ယောက်တစ်ပိုင်းနှုန်းနဲ့ခွဲပြီး ရိုက်ပြပေးထားပါတယ်။ထိုအက်စီးဒန့်ဖြစ်တဲ့အထဲမှာ ပါခဲ့တာကတော့ အစ်ကိုဖြစ်သူရဲ့ဇနီးကို တိတ်တခိုးချစ်နေပြီး အလုပ်အကိုင်မရှိ ပိုက်ဆံလဲမရှိနဲ့ ဘာလုပ်လို့လုပ်ရမှန်းမသိတာကြောင့် သူ့ရဲ့ခွေးနဲ့ ခွေးတိုက်ပွဲတွေမှာ ပါဝင်ဆင်နွှဲနေတဲ့ အိုတာဗီယို...လှပတဲ့အတွက် အရမ်းနာမည်ကြီးပြီး လူတကာကချစ်ခင်တဲ့မော်ဒယ်တစ်ယောက်ဖြစ်ပေမဲ့ အိမ်ထောင်ရှိအမျိုးသားတစ်ယောက်ကို အိမ်ထောင်ကွဲစေခဲ့ပြီး ထိုအမျိုးသားနဲ့ တိတ်တခိုးပေါင်းနေခဲ့တဲ့ ဗာလဲရီယာ...ဇနီးနဲ့သမီးကို ထားခဲ့ပြီး နိုင်ငံရေးထဲမှာဝင်ပါပြီးနောက် အနှစ်၂၀ထောင်ကျပြီးပြန်ထွက်အလာမှာ မိသားစုကလက်မခံတော့လို့ ခြေသလုံးအိမ်တိုင်လျှောက်သွားပြီး သူ့ဘဝကိုလမ်းဘေးခွေးတွေနဲ့ပဲဖြတ်သန်းနေတဲ့ ချီဗို...တို့ပဲဖြစ်ပါတယ်ထိုသုံးယောက်ရဲ့ဘဝတွေဟာ ကားအက်စီးဒန့်ဖြစ်ပြီးနောက်မှာတော့ ဘာတွေဘယ်လိုပြောင်းလဲသွားကုန်ကြမလဲဆိုတာကိုတော့ ...
movie
Amores Perros (2000)
7.7
The Motorcycle Diaries (2004)
ဒီဇာတ်ကားက အော်စကာဆု ၁ဆု နဲ့ တခြားဆုပေါင်းများစွာသိမ်းပိုက်ထားတဲ့ ဇာတ်ကားတစ်ခု။ ဆုတွေအများကြီးသိမ်းပိုက်ရအောင်လည်း ထိုက်ထိုက်တန်တန်ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်တယ်။ ဇာတ်လမ်းဆိုတာထက် ဖြစ်ရပ်မှန် Documentaryနဲ့ ပိုတူတယ်လို့ပြောရမယ်။မြန်မာပြည်မှာလည်း ရဲဘော်ချေဆိုပြီး လူသိများကြတဲ့ ကျူးဘားတော်လှန်ရေးမှာ လူသိများတဲ့တော်လှန်ရေးခေါင်းဆောင် ချေဂွေဗားရားရဲ့ တော်လှန်ရေးစိတ်ကို သန္ဓေတည်ပေးလိုက်တဲ့ ခရီးစဉ်အကြောင်းရိုက်ထားတာလို့ ပြောမယ်ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့အဲနက်စ်ဒိုဂွေဗားရားက နောက်ဆုံးနှစ်ဆေးကျောင်းတက်နေတဲ့ အသက်နှစ်ဆယ်ကျော်ကောင်လေးတစ်ယောက် ရင်ကြပ်ရောဂါအခံလည်းရှိသူ မိဘများကလည်းအလိုလိုက် ဂရုစိုက်ခံထားရတဲ့ လောကကြီးအကြောင်း ဘာမှမသိသေးတဲ့ လူငယ်လေးတစ်ယာက်။ အဲဒီလူငယ်လေးက အဲဘက်တိုလို့ခေါ်တဲ့ သူ့မိတ်ဆွေနဲ့ တိုက်ကြီးအနှံ့ခရီးထွက်ပြီးမိတ်ဆွေဖြစ်သူရဲ့ အသက်သုံးဆယ်ပြည့်နှစ်ကို ဗင်နီဇွဲလားမှာ ကုန်ဆုံးကြမယ်ဆိုပြီး စိတ်ကူးနဲ့ ဆိုင်ကယ်တစ်စီးနဲ့ခရီးနှင်လာကြပါတယ်။ခရီးစဉ်မှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေ ကိုယ့်မြေကိုယ့်ရေမှာ နေစရာပျောက်ကြရတဲ့တိုင်းရင်းသားတွေကို မျက်ဝါးထင်ထင်မြင်ပြီးနောက်မှာ ထိုလူငယ်လေးရဲ့အတွေးအမြင်တွေ တဖြည်းဖြည်းပြောင်းလာပါတယ်။ခရီးတစ်လျောက်လုံးမှာလည်း ဘယ်လိုအခက်အခဲနဲ့ကြုံကြုံ သူတစ်ပါးဒုက္ခရောက်အောင် မလုပ်တတတ်ပဲ အမှန်ကိုပဲပြောတတ်တဲ့သူ အနာကြီးရောဂါသည်တွေကိုလည်း မခွဲခြားပဲဂရုဏာနဲ့ဆက်ဆံတဲ့ အဲနက်စ်ဒိုဂွေဗားရားကိုတွေ့ရမှာပဲ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံပြီး တစ်နိုင်ငံကူးရင်းနဲ့ ရာသီဥတုရေမြေကွာခြားပုံတွေကိုလည်း လှလှပပရိုက်ကူးထားပြီး ဇာတ်လမ်းတစ်ပုဒ်လုံးကို ...
movie
The Motorcycle Diaries (2004)
The Limits of Control (2009)
ဒီဇာတ်လမ်းကတော့ ကြည့်ရှူသူပရိတ်သတ်တစ်ယောက်ချင်းစီရဲ့ ရှူထောင့်ကိုယ်စီပေါ်မူတည်ပြီး ဇာတ်အိမ်ကပြောင်းလဲသွားမှာပါ။ နက်နက်နဲနဲနဲ့တွေးတောရမယ့် ဇာတ်ကွက်တွေ ဇာတ်ညွှန်းတွေနဲ့ အကြောင်းအရာတစ်ခုချင်းစီကို ပုံဖော်ထားတဲ့ဇာတ်အိမ်မျိုးကို ကြိုက်နှစ်သက်တဲ့သူတွေကို ဒီဇာတ်လမ်းကိုကြည့်ရှူဖို့တိုက်တွန်းချင်ပါတယ်။ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့...သွေးအေးအေးနဲ့ မျက်နှာထားတည်တဲ့သူတစ်ယောက်က အမည်မရှိတဲ့သူလို့ သူ့ကိုခေါ်ပါလို့ ပြောတဲ့သူတစ်ယောက်ကို "တခြားသူတွေထက် ကိုယ့်ကိုယ်ကိုယ် သာလွန်နေတဲ့လို့ထင်နေတဲ့ သူတွေက သင်္ချိုင်းကုန်းကို သွားသင့်တာအဲဒီလိုမှ သူတို့ကဘဝရဲ့အဓိပ္ပာယ်အစစ်ကို သိနိုင်မှာ" စတဲ့နက်နဲတဲ့စကားတွေပြောနေပါတယ်။ အမည်မရှိတဲ့သူကတော့ တည်တည်ငြိမ်ငြိမ်နဲ့ပဲ သူ့ခရီးကိုစထွက်လာတာပေါ့ ဒီလိုနဲ့ခရီးလမ်းတစ်လျှောက်မှာ သူတွေ့ကြုံရတဲ့လူတွေကနေတစ်ဆင့် ဇာတ်လမ်းအမျိုးမျိုးကို နက်နက်နဲနဲရိုက်ကူးပြရင်း ဇာတ်သိမ်းမှာတော့ ဇာတ်ကွက်တစ်ခုလုံးကို အပြောင်းအလဲဖြစ်အောင် ခေါ်ဆောင်သွားပါတော့တယ်။ အားလုံးပဲကြည့်ရှူခံစားပေးကြပါဦး။ File size…(939 MB) Quality…. 720p Format…mp4 Duration….01:32:00 Genre...Crime, Drama, Thriller, Mystery, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Swe Yee
movie
The Limits of Control (2009)
6.5
Blindness (2008)
IMDB - 6.5ဒီဇာတ်လမ်းကတော့ တစ်မူထူးခြားပါတယ်။ဘာကြောင့်လဲဆိုတော့ဒီဇာတ်လမ်းထဲက ဇာတ်ကောင်အကုန်လုံးကိုအမည်နာမသတ်မှတ်မထားသလိုဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ နောက်ကြောင်းရာဇဝင်ကိုဖော်ပြထားခြင်းမရှိပါဘူး။ကျွန်တော့်အမြင်တော့ဒါရိုက်တာက ဒီဇာတ်လမ်းရဲ့ဇာတ်ကောင်တစ်နေရာကခံစားကြည့်ရှုစေချင်တာဖြစ်မယ်။ဇာတ်လမ်းအကျဉ်းလေးပြောပြပါမယ်အစမှာ ဂျပန်အမျိုးသားတစ်ယောက်ဟာ လမ်းပေါ်မှာကားမောင်းနေရင်းနဲ့ အမြင်အာရုံရုတ်တရက်ပျောက်ဆုံးသွားပါတယ်။ အမြင်အာရုံပျောက်ဆုံးတယ်ဆိုပေမယ့် မျက်စိကန်းနေတဲ့သူလိုအမည်းရောင်ပဲမြင်ရတာမဟုတ်ဘဲ အဖြူပြင်ကြီးပဲမြင်နေရတာပါ။လမ်းပေါ်ကလူညစ်တစ်ယောက်ရဲ့အကူအညီနဲ့ ဂျပန်အမျိုးသား ဟာအိမ်ကိုပြန်ရောက်ခဲ့တယ်ဆိုပေမယ့် သူ့ကားတော့အခိုးခံလိုက်ရတယ်။ သူ့မိန်းမအိမ်ပြန်လာကိုစောင့်ပြီးလင်မယားနှစ်ယောက်မျက်စိအထူးကုဆရာဝန်ဆီကိုသွားပြကြပါတယ်။ဆရာဝန်စစ်ဆေးကြည့်တဲ့အခါမျက်လုံးမှာ ထူးထူးခြားခြားဘာမှမဖြစ်တဲ့အတွက်မစိုးရိမ်ဖို့ပြောပြီး ကျန်တာစစ်ဆေးဖို့အတွက်ဆေးရုံကိုလွှတ်လိုက်ပါတယ်။ကြည့်စရာလူနာတွေကုန်သွားတော့ မျက်စိဆရာဝန်ဟာ အိမ်ကိုပြန်လာပြီးကြုံတွေ့ခဲ့တာတွေကိုမိန်းမဖြစ်သူကိုပြောပြတယ်။နောက်နေ့မှာ အဲ့ဆရာဝန်လည်းမျက်စိမမြင်ရတော့ပါဘူး။ ဒါဟာကူးစက်ရောဂါတစ်မျိုးပဲသိသွားတယ်။ အခြားတစ်ဖက်မှာလည်းမြို့အတွင်းမှာ တစ်ယောက်စ နှစ်ယောက်စ စဖြစ်လာတဲ့အတွက်အစိုးရကရောဂါကူးစက်သူတွေကို စိတ်ကျန်းမာရေးဆေးရုံးဟောင်းဆီမှာစုနေဖို့ဆုံးဖြတ်ချက်ချလိုက်တယ်။ ဆရာဝန်ရဲ့မိန်းမက သူ့ယောက်ျားကိုစိတ်မချတဲ့အတွက်သူ့ကိုယ်သူရောဂါကူးစက်နေပါတယ်လို့လိမ်ပြီးတော့လိုက်သွားတယ်။ဆေးရုံတစ်ခုလုံးမှာ ဆရာဝန်ရဲ့မိန်းမတစ်ယောက်သာ မျက်လုံးမြင်တဲ့အတွက်အစအစအရာရာ ဦးဆောင်ပြီးလုပ်ပေးတယ်။အစပိုင်းမှာ အဆင်ပြေပေမယ့်နောက်ပိုင်းလူတွေတစ်စတစ်စများလာတော့သူ့အတွက်ဝန်ပိလာပါတယ်။ စရိုက်ပေါင်းစုံလူပေါင်းစုံရှိလာတဲ့ဒီဆေးရုံဟာ ကမ္ဘာသစ်တစ်ခုလိုဖြစ်လာတယ်။ ကြီးနိုင်ငယ်ညှင်းစိတ်သဘောရှိတဲ့ လူတစ်ချို့ရဲ့ကြီးစိုးမှုကြောင့် အခက်အခဲတွေကြုံလာတဲ့အခါမှာတော့.... File size…2.29GB / 1.13GB Quality…WEB-Rip 1080p / 720p Format…mp4 Duration….2h 1m Genre ….. Drama , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie
Blindness (2008)
6.1
Desierto (2015)
ကိုယ်နေထိုင်တဲ့ နေရာမှာမလုံခြုံတဲ့ အတွက် တခြားနိုင်ငံကိုခိုးဝင်ကြတာတွေကိုသိကြမှာပါ။ဒီကားထဲမှာလဲ အဲ့လိုမျိုးမက္ကဆီကိုကနေအမေရိကန်ကိုခိုးဝင်တဲ့လူတွေအကြောင်းရိုက်ကူးထားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ဒီဇာတ်ကားကိုကြည့်ခြင်းအားဖြင့် ဒုက္ခခံပြီး အန္တရာယ်တွေကြားကတခြားတစ်နိုင်ငံကို ခိုးဝင်ရတဲ့ လူတွေရဲ့ဘဝကိုတွေ့ရမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းအစမှာ မက္ကဆီကိုကနေ အမေရိကန်ကိုခိုးဝင်ဖို့အတွက်ကားတစ်စီးနောက်မှာ လူတွေကိုတင်လာခဲ့ပါတယ်။ဒါပေမယ့် နယ်စပ်အရောက်မှာ ကားပျက်သွားပြီးတော့ ကန္တာရကြီးထဲကနေ တစ်ဆင့်လမ်းလျှောက်ပြီး ဖြတ်ကူးရပါတော့တယ်။ဖြစ်ချင်တော့ တခြားတစ်ဖက်မှာမျိုးချစ်လိုလို စိတ္တဇလိုလိုအမေရိကန် လူတစ်ယောက်က အဲ့ဒီသတင်းကိုကြားမိပြီး ခိုးဝင်လာတဲ့လူတွေကို လိုက်ရှာနေပါတော့တယ်။သူတို့ကိုတွေ့တဲ့အခါမှာတော့ တစ်ယောက်ချင်းစီသေနတ်နဲ့ စိမ်ပြေနပြေထိုင်ပစ်ပါတော့တယ်။ဒီလိုနဲ့ လူတွေတစ်ယောက်ပြီးတစ်ယောက် သေဆုံးကုန်ပြီး ထွက်ပြေးတဲ့လူတွေကလဲ ထွက်ပြေးကြပါတယ်။ဒီလိုနဲ့နောက်ဆုံးမှာတော့ ခိုးဝင်လာတဲ့လူတွေအကုန်သေသွားမလား သူတို့ကိုအမဲလိုက်နေတဲ့ မုဆိုးကရောဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…2.04GB / 797MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 28m Genre ….. Action . Adventure , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Desierto (2015)
7.4
The Mother (2023)
The Mother (2023)နက်ဖလစ်နဲ့ ဖန်စီကားလေးတွေမှန်မှန်ရိုက်နေတဲ့ ဂျေလိုတစ်ယောက် ဒီတစ်ခါတော့ အက်ရှင်ကားကိုအတည်ရိုက်လိုက်ပါပြီ။ ဟာသမပါပါဘူး။ အတော်လည်းကောင်းပါတယ်။ ဒါရိုက်တာကတော့ Mulan တို့ Anna with an E တို့ရဲ့ ဒါရိုက်တာ မမကြီး Niki Caro ပါပဲ။ဇာတ်လမ်းအကျဉ်းဇာတ်လမ်းနာမည် The mother ဆိုတဲ့အတိုင်း ဂျေလိုက ကလေးအမေပါ။ ဇာတ်ကားတစ်ကားလုံးမှာ သူ့နာမည်ကို မပြောသွားပါဘူး။ သူဟာ အာဖဂန်နဲ့အီရန်မှာ စနိုက်ပါအဖြစ် စစ်ဆင်ရေးတွေလုပ်ခဲ့သူဖြစ်ပြီး စစ်တပ်ကထွက်ပြီးနောက်ပိုင်းမှာ ကျူးဘားနဲ့မက္ကဆီကို လူဆိုးဂိုဏ်းတွေနဲ့ ပတ်သတ်ခဲ့ပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ရလာပြီးမှာ သူတို့တွေကို ရဲဆီသတင်းပေးပြီး ဒီလောကထဲကနေ အလွတ်ရုန်းဖို့ ကြိုးစားခဲ့ပေမဲ့ အတိတ်ရဲ့ရန်သူတော်တွေက လျို့ဝှက်ထားတဲ့ သူ့သမီးကို ရန်ပြုလာတဲ့အခါ အမေကလည်း ပုန်းနေရာကနေထွက်လာပြီးတော့ ရန်သူဟောင်းအားလုံးကို ရင်ဆိုင်ရပါတော့တယ်....အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Action, Thriller Quality…. 1080p | 720p | 480p File size… 1.4GB | ...
movie
The Mother (2023)
2023
A Little Bit of Heaven (2011)
တကယ်လို့များ ဘုရားသခင်နဲ့တွေ့ပြီး လိုချင်တဲ့ ဆု ၃ခု ဆုတောင်းခွင့်ရခဲ့မယ်ဆိုရင်....IMDB 6.2/10 ရရှိထားတဲ့ A little bit of Heaven (2011)ဆိုတဲ့ ဒီ Romance/Dramaကားလေးမှာ မင်းသမီး Kate Garry Hudson (How to lose a guy in 10 days/Almost Famous)နဲ့ မင်းသား Gael García Bernal (Bad Education)တို့က အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ထားကြတာပါ။ဇာတ်လမ်းအကျဉ်း မာလေက ဘဝကို ပျော်ပျော်နေတတ်ပြီး စိတ်ရှုပ်စရာတွေကို ရယ်စရာလုပ် တောက်ထုတ်တတ်တဲ့၊ ချိန်းတွေ့တာမျိုးလုပ်ပေမယ့် အချစ်ကိုဘဝထဲအဝင်မခံတတ်တဲ့၊ အလုပ်အကိုင်ရှိတဲ့ အမျိုးသမီးတစ်ယောက်ပါ.. သူငယ်ချင်းကောင်းတွေ ဝန်းရံထားပြီး ပြီးပြည့်စုံတဲ့ဘဝကို ပိုင်ဆိုင်ထားပေမယ့် လျစ်လျူရှုတတ်တဲ့အဖေနဲ့ ပွစိပွစိပြောတတ်တဲ့အမေကြား အလိုက်အထိုက်ဆက်ဆံရင်း နေနေရသူပေါ့.. အေးချမ်းနေတဲ့ မာလေ့ရဲ့ဘဝထဲကို မထင်မှတ်ဘဲ ကင်ဆာဆိုတဲ့ မုန်တိုင်းကြီးက ရုတ်တရက်ရောက်ရှိလာခဲ့ချိန်မှာတော့.. မာလေက ဘုရားသခင်ဆိုသူနဲ့ စကားပြောခွင့်ရခဲ့ပါတော့တယ်.. သူ့ကိုယ်သူ ဘုရားသခင်လို့ဆိုသူက လိုချင်တဲ့ ဆု ၃ခု ...
movie
A Little Bit of Heaven (2011)
7.4
Babel (2006)
[Unicode] Babel (2006)IMDB - 7.4 Rotten Tomatoes - 69/100ဘာသာစကားတွေဟာ လူတွေရဲ့ စိတ်အခြေအနေ ခံစားချက်တွေကို ဖော်ပြဖို့ တည်ရှိနေတာပါ။ ဒါပေမယ့် တစ်ရံတစ်ခါ အနုပညာမှာဖြစ်ဖြစ် တကယ့်ဘဝမှာဖြစ်ဖြစ် ကျယ်ပြန့်လှတဲ့ ဘာသာစကားတွေတောင် သူ့ထက်ပိုကျယ်ပြောတဲ့ ခံစားချက်တွေကို စီးကူးသယ်ဆောင်ဖော်ပြဖို့ရာ မစွမ်းသာတော့ပါဘူး။ ရုပ်ရှင်တစ်ကားကို ညွှန်းဆိုခြင်းမှာ ဇာတ်လမ်းအကြောင်းအရာထက် ရရှိတဲ့ခံစားမှုက ပိုပဓာနကျပါတယ်။တစ်ခါတလေ ဘာသာစကားက ခံစားမှုကို မသယ်ဆောင်နိုင်တဲ့အခါမှာတော့ ရုပ်ရှင်ကရတဲ့ခံစားမှုကို ဖော်ညွှန်းဖို့ မတတ်နိုင်တော့ပါဘူး။ ဆိုတော့ကာ အကြောင်းအရာသက်သက်ကိုပဲ ညွှန်းဆိုပါမယ်။ဘာဘယ်ဆိုတဲ့ နာမည်ဟာ စာသမားတွေနဲ့ မစိမ်းလှတဲ့ နာမည်ပါပဲ။ သမ္မာကျမ်းစာထဲက ရေလွှမ်းမိုးမှုပြီးတော့ နောဧနောက်ပိုင်းလူတွေဟာ မိုးကောင်းကင်ကို မှီနိုင်မယ့် မျှော်စင်ကို ဆောက်ဖို့ကြိုးစားခဲ့ကြတယ်။ အဲ့ဒီမျှော်စင်ဟာ ဘာဘယ်ပါပဲ။ နာမည်ကျော် ဖရန့်ကာဖ်ကာရဲ့ မြို့တော်ရဲ့တံဆိပ်ထဲက လူတွေဆောက်လို့မပြီးကြတဲ့ မျှော်စင်ကြီးဟာ ဘာဘယ်ပါပဲ။ အဲ့ဒီမျှော်စင်ဟာ နာမည်ကျော် ဘေဘီလုံမှာရှိတယ်။ ဒီရုပ်ရှင်ရဲ့ နာမည်ဖြစ်နေရုံကလွဲပြီး အစအဆုံးမှာ လေသံစိုးစဉ်းမျှ မကြားရတဲ့ ဒီဘာဘယ်ဆိုတဲ့ မျှော်စင်ကြီးက ဘာပက်သက်သတုန်းလို့တော့ တွေးမိကြမှာပဲ။ကမ္ဘာဦးကျမ်းမှာ မြို့တစ်မြို့နဲ့ ဘာဘယ်ဆိုတဲ့ မျှော်စင်ကြီးကို လူတွေ ဆောက်ကြတော့ ဘုရားသခင်က လူတွေ စည်းလုံးမှုပျက်ပြားပြီး မအောင်မြင်အောင် သူတို့လျှာကထွက်တဲ့ ဘာသာစကားတွေကို ကွဲအောင်လုပ်ပြီး နေရာအရပ်ရပ်ကိုပါ ...
movie
Babel (2006)
7.7
[18+] Y Tu Mamá También (2001)
Y Tu Mamá También (2001)~ IMDb - 7.7/10, Rotten Tomatoes - 92% ~(လိင်ဆက်ဆံခန်းများနှင့် ကြမ်းတမ်းသောစကားများပါဝင်သောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါ)သူငယ်ချင်းတွေကြားမှာ အမှန်တရားတွေ ဝင်လာရင် ဘယ်လိုလုပ်ရမလဲ။ ဘယ်လောက်အတိုင်းအတာထိများ စည်းကျော်မိရင်ရော သူငယ်ချင်းသံယောဇဉ်တွေ ပြတ်တောက်သွားနိုင်သလဲ။Tenoch နဲ့ ဂျုလီယိုတို့ဟာ အတွဲညီညီနဲ့ သိပ်ကို ခင်မင်ရင်းနှီးခဲ့ကြတဲ့ သူငယ်ချင်းကောင်းတွေပါ။ ဒါ့အပြင် သူတို့ရဲ့ရည်းစားတွေဖြစ်တဲ့ကောင်မလေးနှစ်ယောက်ဟာလည်း အကောင်းဆုံးသူငယ်ချင်းတွေ ဖြစ်နေပါသေးတယ်။ သူတို့တွေရဲ့ရည်းစားဖြစ်သူ ကောင်မလေးနှစ်ယောက် ဥရောပတစ်ခွင်ကို ခရီးထွက်သွားလို့ ကျန်ခဲ့ရတဲ့ကောင်လေးနှစ်ယောက်ရဲ့ အထက်တန်းကျောင်းပြီးကာစ အားလပ်ရက်အတွင်းမှာဖြစ်ပျက်ခဲ့တဲ့ဇာတ်လမ်းကြောင်းတစ်ခု... ဆေးခြောက်လေးသောက်လိုက်၊ ရေကူးပြိုင်လိုက်နဲ့ သာယာနေတဲ့ကောင်လေးနှစ်ယောက်ဟာ မတော်တဆ မမတစ်ယောက်နဲ့ တွေ့မိတဲ့အခါ...မမဝေဒနာကြောင့် ဖြစ်လာကြမယ့် နောက်ဆက်တွဲတွေ၊ ခိုက်ရန်ဖြစ်ပွားရခြင်းတွေကို ပေါ့ပေါ့ပါးပါး သို့မဟုတ် ခါးသီးတဲ့အမှန်တရားတွေကြောင့် အံ့သြတကြီးကြည့်ရှုနေရမှာ အသေအချာ...မမတစ်ယောက်နဲ့ Road-trip တစ်ခု။ Road-trip တစ်ခုနဲ့ မမတစ်ယောက်ကြားမှာ အဝေမတည့်ဖြစ်နေကြတဲ့ကောင်လေးနှစ်ယောက်ရဲ့ ကလေးဆန်မှု၊ ...
movie
[18+] Y Tu Mamá También (2001)
2001
5.9
Old (2021)
ဒီဇာတ်ကားလေးကတော့ Thriller Mystery ကြိုက်တဲ့ CM ပရိတ်သတ်တို့အတွက် ဇာတ်ကားကောင်းတစ်ကားဖြစ်မှာပါဇာတ်လမ်းအကျဥ်းကတော့ဂိုင်းနဲ့ပရစ်စကာတို့၂ယောက် အပူပိုင်း အပန်းဖြေစခန်းတစ်ခုကိုသူတို့ရဲ့ နောက်ဆုံးမိသားစုခရီးစဥ်အဖြစ်ထွက်ခဲ့ကြပါတယ်မန်နေဂျာရဲ့ အကြံပေးချက်နဲ့ လူသူအရောက်နည်းပြီးအရမ်းလှပတဲ့ ကမ်းခြေကို သွားရောက်လည်ပတ်ကြပါတယ်မိသားစုအပျော်လေးဟာ ရက်ပါတစ်ယောက်ရဲ့ အဖော်သေဆုံးနေတဲ့ အလောင်းကို စတင်တွေ့ရှိတဲ့အချိန်ကစပြီး ပျက်စီးသွားပါတယ်ထူးဆန်းတဲ့ အဖြစ်အပျက်တွေ ဆက်တိုက်ဆိုသလိုဖြစ်ပြီးကမ်းခြေက ထွက်ခွာဖို့ ကြိုးစားတဲ့ အခါမှာတော့...အရမ်းကိုစိတ်၀င်စားစရာကောင်းတဲ့ ဇာတ်ကားမို့ ဆက်လက်ကြည့်ရှုပေးကြပါလို့။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mugiwara Ya နဲ့ Nadi Myint Naing တို့မှ တင်ဆက်ထားတာပါ။) File size…(1.5 GB)/ (800 MB) Quality…WEB-DL 1080p /720p Format…mp4 Duration….01:48:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Mugiwara Ya & Nadi Myint Naing
movie
Old (2021)
7.3
Ema (2019)
IMDb 6.8/10, Rotten tomatoes 91% ရရှိထားတဲ့ စပိန်ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဇာတ်ကားနာမည် အန်မာကတော့ ဇာတ်လိုက်မင်းသမီးရဲ့နာမည်ပါ ငယ်ရွယ်တဲ့အကမယ်လေးအန်မာဟာ သူ့ထက်အသက်၁၂နှစ်ကြီးတဲ့ သူတို့အကကုမ္ပဏီဒါရိုက်တာ ဂတ်စတွန်နဲ့လက်ထပ်ထားတာပါ ဖြစ်ချင်တော့ ဂတ်စတွန်ဟာ ကလေးမရနိုင်တဲ့သူတစ်ဦးဖြစ်နေတော့ သူတို့မောင်နှံဟာ ပိုလိုဆိုတဲ့ကလေးတစ်ယောက်ကိုမွေးစားခဲ့ကြပါတယ် ဇာတ်လမ်းကတော့ ဒီ"ပိုလို"ဆိုတဲ့ကလေးကနေစတာပါ။ ပိုလိုဟာ pyromania လို့ခေါ်တဲ့မီးရှို့ရတာကို နှစ်သက်တဲ့ကလေးဖြစ်နေပြီး အဒေါ်ဖြစ်သူမျက်နှာကိုမီးကျွမ်းအောင်လုပ်ပြီးတဲ့နောက်မှာ... အန်မာတို့အိမ်ထောင်ရေးလည်း တစ်ကွဲတစ်ပြားစီဖြစ်ခဲ့ရပါတော့တယ် ဒီပြဿနာတွေကို အန်မာတစ်ယောက်ဘယ်လိုဖြေရှင်းမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာကြည့်ရှုပေးကြပါဦး (အိမ်ထောင်ရေးကားဆိုပြီးမိသားစုနဲ့ကြည့်ရင်တော့ သတိထားပါနော် R-ratedအခန်းများပါဝင်လို့ပါ)File Size - 1.1 gb Quality - web-dl 1080p Subtitle - burmese Translator - MTA Encoder - Thit San Khant
movie
Ema (2019)
2019
5.8
Wasp Network 2019
ဒီကားကတော့ လူတော်တော်များများမကြည့်မဖြစ်ကြည့်သင့်တဲ့ ဇာတ်ကားမျိုးပါ။အထူးသဖြင့် နိုင်ငံရေးနဲ့ သမိုင်းကြောင်းတွေကို စိတ်၀င်စားတဲ့သူတွေအတွက်ပေါ့။ 1.ဘာလို့ ကြည့်သင့်လဲ ဒီဇာတ်လမ်းဟာ ကျူးဘားနိုင်ငံရဲ့ ထောက်လှမ်းရေးစစ်ဆင်ရေးတစ်ခုအကြောင်းကို အခြေခံပြီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ။ ကျူးဘား ထောက်လှမ်းရေးအဖွဲ့တွေဘယ်လိုတော်တယ်၊ဘယ်လိုစွမ်းဆောင်နိုင်ခဲ့တယ်ဆိုတာတွေနဲ့ အမေရိကန်တွေရဲ့ ဇာတိအချို့ကိုလည်းတွေ့မြင်ရမှာမို့ပါ။ 2.ဇာတ်လမ်းအကျဉ်း ကျူးဘားနိုင်ငံရှိစစ်အစိုးရကို မုန်းတီးသော ပြည်ပရောက်ကျူးဘားလူမျိုးများ၊အကြမ်းဖက်အဖွဲ့များ နှင့်ကြေးစားစစ်သားတို့သည် ထိုစစ်အစိုးရကို ဖြုတ်ချဖို့အတွက် ကျူးဘားနိုင်ငံ၏အဓိကစီးပွားရေးလုပ်ငန်းဖြစ်သော ခရီးသွားလုပ်ငန်းကို ဖျက်လိုဖျက်စီးလုပ်ဖို့အတွက် ကြံစည်ခဲ့ကြပါတယ်။ ထိုအခါတွင် စစ်အစိုးရအဖွဲ့မှ ထိုအဖွဲ့များအားပြန်လည်ချေမှုန်းတဲ့အနေနဲ့ ထိုအဖွဲ့များ၏အဓိက ရုံးစိုက်ရာဖြစ်သော အမေရိကန်သို့ သူလျှိုများကို တိတ်တဆိတ်စေလွှတ်ခဲ့ပါတယ်။ ထိုအရေအတွက်နည်းလှသော သူလျှိုအစုက အမေရိကန်နိုင်ငံရှိ အကြမ်းဖက်အဖွဲ့များကို မည်မျှအထိဖျက်စီးနိုင်ခဲ့ကြောင်း၊အဘယ်သို့ဆောင်ရွက်ခဲ့ကြကြောင်းနှင့် ထောက်လှမ်းရေးအဖွဲ့များနှင့် သူလျှိုအဖွဲ့များသည် နိုင်ငံတစ်နိုင်ငံအတွက်မည်မျှအထိအရေးပါသည်ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်လိုက်ပါ။ File Size : 900 Mb / 450 Mb Quality :WEB-DL 720p Format…mp4 Duration…02:07:00 Genre : Comedy, Thriller Subtitle : Myanmar ...
movie
Wasp Network 2019
8.8
Coco (2017)
ဂီတကို ရူးသွပ်တဲ့ မစ်ဂဲလ်ရစ်ဗာရာဆိုတဲ့(၁၂)နှစ်အရွယ်ကောင်လေးတစ်ယောက် ဂီတနဲ့ပတ်သက်လို့မိသားစုရဲ့ တားမြစ်ချက်ကို ဆန့်ကျင်ပြီး ဝါသနာပါရာ ဂီတအတွက်စွန့်စားတဲ့အကြောင်း ဇာတ်အိမ်ဖွဲ့ထားတာပါ။အင်မယ်ဒါရစ်ဗာရာဟာ ဂီတပညာရှင်တစ်ယောက်ရဲ့ဇနီးဖြစ်ပြီး ခင်ပွန်းဖြစ်သူက မိသားစုထက် ဂီတကို ရွေးချယ်ခဲ့ တာကြောင့် အင်မယ်ဒါဟာ ဂီတကိုစိတ်နာခဲ့ပြီးသမီးဖြစ်သူ ကိုကိုကိုလည်း ဂီတနှင့်ခပ်ကင်းကင်းနေဖို့တားမြစ်ခဲ့ပါတယ်။ အဲဒီနောက် အင်မယ်ဒါဟာ မိသားစုစီးပွားရေးအဖြစ်ဖိနပ် ချုပ်လုပ်ငန်းလုပ်ပြီး နေထိုင်ပါတယ်။အင်မယ်ဒါတစ်ယောက် မျိုးရိုးစဉ်ဆက်တစ်လျှောက် ဂီတကို ဘယ်လိုပဲတားမြစ်ထားပါစေ ဂီတပိုးကသူ့ရဲ့မြစ်ဖြစ်တဲ့ မစ်ဂဲလ်ရစ်ဗာရာဆီမှာ ပေါ်လာခဲ့ပါတယ်။မစ်ဂဲလ်ဟာ ဟိုးတုန်းက နာမည်ကျော်ဂီတပညာရှင် အာနက်စ်တိုဒီလာခရုဇ်ကို လေးစား အားကျပြီးသူ့လိုမျိုးဖြစ်ဖို့ စိတ် ကူးအိပ်မက်တွေနဲ့ပါ။ဒီလိုနဲ့ ဂီတပိုးရှိနေတဲ့ မစ်ဂဲလ်လေးဟာသူ့အဘွားရဲ့ မိသားစုဓာတ်ပုံကို ရှာတွေ့ပြီးနောက်မှာတော့ ဂီတနဲ့ သူ့မိသားစုကြားမှာ ကြီးမားတဲ့ဆက်စပ်မှုတစ်ခုရှိတယ်ဆိုတာသိသွားခဲ့ပါတော့တယ်။တစ်ရက်မှာတော့ မက္ကဆီ ကန်အထိမ်းအမှတ်ပွဲတစ်ခုဖြစ် တဲ့ သေသူအတွက် မိသားစုဝင် တွေ ရည်မှန်းဆုတောင်းတဲ့ပွဲမှာမစ်ဂဲလ်ဟာ ဂီတာစွမ်းရည်ပြသ ဖို့ လုပ်ထားပေမယ့်သူ့အဘွားက ဂီတာကို ဖျက်ဆီးပြီး တားဆီးပါ တယ်။ အဲဒီနောက်မှာတော့ မစ် ဂဲလ်ဟာ အာနက်စ်တိုရဲ့မျိုးဆက်ဆိုတာ သိသွားပြီးနောက်မှာတော့ သူ့အဘိုးဖြစ်တဲ့ အာနက်စ်တိုရဲ့ ဂီတာနဲ့ ပြိုင်ပွဲဝင်ဖို့ဆုံးဖြတ်ပြီး အာနက်စ်တိုရဲ့ဂူမှာ ဂီတာသွား ...
movie
Coco (2017)
2017
7.3
Museo (2018)
လတ်တလောထွက်ရှိလာတဲ့ကားကောင်းလေးတွေထဲကမှမက္ကဆီကိုကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းလေးနာမည်ကတော့Museo(2018)ပါ။၆၈ကြိမ်မြောက်ဘာလင်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာSilver Bear for Best Screenplay ဆုကိုဆွတ်ခူးရရှိထားတဲ့ကားလေးပါ။Ratingတွေ အနေနဲ့ကလဲImbd Rating 7.3/10 နဲ့ Rotten Tomatoes 89% တောင်ရရှိထားတာမလို့ကားကောင်းလေးတစ်ကားဆိုတာကိုအထွေအထူးညွှန်းနေစရာမလိုလောက်ပါဘူး။ကားကောင်းလေးတစ်ကားဆိုတာသိပေမယ့်ကိုယ့်အကြိုက်နဲ့တူမတူဆိုတာကိုသိရှိနိုင်ဖို့ဇာတ်လမ်းအကျဉ်းလေးကိုလဲ တင်ဆက်ပေးချင်ပါသေးတယ်။ဒီဇာတ်လမ်းလေးကို Narratorတစ်ဦးကပြန်ပြောပြနေတဲ့ပုံစံနဲ့စတင်ထားပါတယ်။ဂျူအန်ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာအများနည်းတူအသက်ရှင်နေထိုင်ရမှာကို စိတ်ပျက်နေသူတစ်ဦးပါ။တစ်ခုခုထူးခြားသွားအောင်လုပ်ပြလိုက်ချင်ပေမယ့်ဘာလုပ်ရမှန်းမသိတဲ့သူလိုကိုယ်လိုကောင်လေးတစ်ယောက်ပေါ့။တစ်နေ့မှာတော့သူငယ်ချင်းဖြစ်သူနဲ့ အပြောင်းအလဲတစ်ခုခုကိုစတင်ကြမယ်ဆိုပြီးပြတိုက်ကိုဝင်ခိုးပါတော့တယ်။ခိုးရာပါအနုပညာလက်ရာတွေကို ထုခွဲရောင်းချပြီးသူ့ကိုလှောင်ပြောင်အထင်သေးတဲ့မိသားစုနဲ့ဝေးရာထွက်သွားတော့မယ်လို့ကြံရွယ်ပေမယ့်သူထင်တဲ့အတိုင်းဖြစ်လာပါ့မလား?ဒီပစ္စည်းတွေနဲ့ သူဘာဆက်လုပ်မလဲ?သရဲကားမဟုတ်သလိုစွန့်စားခန်းဖွင့်တဲ့ကားမျိုးလဲ မဟုတ်ပေမယ့်သိပ်ကောင်းတဲ့ Drama ကားကောင်းပါ။ရိုးရှင်းတဲ့ဇာတ်အိမ်ကိုမှ ရင်ခုန်လှုပ်ရှားပြီးစောင့်ကြည့်ရတဲ့ကားကောင်းလေးလို့ပဲညွှန်းပါရစေ။ File Size : (1 GB) and (295MB)Quality : Web DL720pRunning Time :2hr 08 minFormat : Mp4Genre : Crime , DramaSubtitle : Myanmar Subtitle (Hard Sub)Translated by Aye Mon Kyaw Encoded by Moe Myint Lwin
movie
Museo (2018)
2018
6.5
Letters to Juliet (2010)
Letters to Juliet (2010) IMDb - 6.5/10_____Rotten - 41% ကျွန်တော်တို့သူငယ်ချင်းတွေနဲ့ဆုံတွေကြတဲ့ အခါ အတော်များများမေးလေ့ရှိကြတယ် ..ဟဲ့ နင်တို့ (၂)ယောက်ဘယ်လိုကနေဘယ်လိုချစ်သွားကြတုန်းတဲ့... ချစ်ခဲ့ကြဖို့အတွက် အခက်အခဲပေါင်းများစွာကြုံခဲ့ရသလို ကြည်နူးစရာပေါင်းများစွာကြုံခဲ့ရပေမယ့် ပြန်ပြောပြဖို့ကြတော့ ဝါကျ(၃)ကြောင်းလောက်နဲ့ပြီးသွားတတ်တယ်.. ကြိုးစားပြီးပြောပေမယ့် ကိုယ်ကြုံခဲ့ရတာတွေကများသလောက် ဖွဲ့နွဲ့ပြဖို့ခက်တော့ မြန်မြန်နိဂုံးချုပ်လိုက်ရတယ်.. ဒါတွေကို FAတွေတော့ သိပ်နားလည်မယ် မထင်ဘူး... တစ်ချို့ပြောတတ်ဆိုတတ်တဲ့သူတွေအတွက်တော့ ဇာတ်လမ်းတစ်ပုဒ်နီးပါး နားထောင်ကောင်းနေတတ်မျိုးတော့ရှိတာပေါ့လေ... ဒီလိုပဲ အချစ်စာအုပ်ကောင်းတစ်အုပ် အချစ်ဇာတ်လမ်းကောင်းတစ်ကားကို ညွှန်းဆိုဖို့ကြတော့လည်း အတော်ခက်ပါတယ်.. ကြည့်နူးစရာတွေ ကြုံရမြင်ရ ခံစားရတာတွေများပေမယ့် ညွှန်းဆိုဖို့ကြတော့ခက်ပါတယ်..ပြီးတော့ တခြားသူညွှန်းပြီးသား အချစ်ကားတွေပြန်ကြည့်ရင် ခံစားရတာ ပေါ့နေသလိုဖြစ်နေတတ်တယ်...ဒါကြောင့် ထွေထွေထူးတော့ပြောမနေတော့ပါဘူး.... ဒီအချစ်ကားနဲ့ပတ်သက်ပြီးပြောလို့ရတာက ဇာတ်လမ်းလေးက တခြားအချစ်ဇာတ်လမ်းတွေထက်ကို ပိုစိတ်ဝင်စားဖို့လည်းကောင်း၊ကြည်နူးဖို့လည်းကောင်း၊ မြင်ရတဲ့အရာတွေကလည်း သိပ်ကိုလှ ၊ဗဟုသုတတွေလည်းရတယ်လို့ပြောပါရစေ... ကိုင်းခံစားကြည့်လိုက်ပါဦးဗျို့... File Size : (850 MB) Quality : Blu-Ray 720p Format…mp4 Duration…01:45:00 Genre : Adventure, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Amy Khine Encoded by Phyo Pyae
movie
Letters to Juliet (2010)
2010
6.8
The Kindergarten Teacher (2018)
လီဆာ က အရွယ်ရောက်နေကြပြီ ဖြစ်တဲ့ ကလေး ၂ ယောက် အမေ ဖြစ်ပြီး သာယာတဲ့ အိမ်ထောင်ရေး တစ်ခု ရှိပါတယ်.... ပြီးတော့ သူမ က ၅ နှစ်အရွယ် ကလေးတွေ ရဲ့ အငယ်တန်းပြ ဆရာမ တစ်ဦးလဲဖြစ်တယ် လီဆာ ဟာ ဘ၀ မှာ အဓိပါယ် တစ်ခုခု ရှိချင်တဲ့အတွက် ကဗျာသင်တန်းလေး တစ်ခုကို တက်ဖြစ်တယ် နေ့တိုင်း အိမ်စာအဖြစ် ကဗျာတွေ ပြန်ရွတ်ပြရတယ်... ဒါပေမဲ့ သူမ ကဗျာတွေက တစ်ခုခု လိုနေသလိုဖြစ်ပြီး အဆင်မပြေကြောင်းပဲ ဝေဖန်ခံနေရပါတယ်... အိမ်မှာလဲ သားသမီးတွေက သူမ စကားကို နားမထောင်ကြပါ ခင်ပွန်းဖြစ်သူကလဲ သူမ ကို နားလည်ချင်ယောင် ဆောင်နေပေမဲ့ တကယ်တမ်း သူမ ရဲ့ စိတ်ကို နားမလည်ပါဘူး... တစ်ရက်မှာတော့ ကျောင်းက ကလေးတစ်ယောက်ဟာ လက်တန်း ကဗျာ တစ်ပုဒ်ကို ရွတ်ပါတယ် ကလေးဟာ အရွယ်နဲ့ မလိုက်အောင် နေရာအထားအသိုနဲ့ အင်မတန် နက်နဲတဲ့ ကဗျာတစ်ပုဒ်ကို ရွတ်လိုက်တာပါ သူမ အဲ့ဒီ ကဗျာလေးကို ကူးယူထားပြီး သင်တန်းမှာ ပြန်ရွတ်ပြတဲ့ အခါ အခြားသူများ ရဲ့ ချီးကျူးမှု ကို ရလိုက်ပါတယ် ဒီလိုနဲ့ ...
movie
2018