Channel Myanmar

Gaby Hoffmann

Field of Dreams (1989) 7.5
Field of Dreams (1989)  Field of dreams ဟာ 1989 ခုနှစ်က ထွက်ရှိခဲ့တဲ့ အမေရိကန် Sport/ Fantasy drama film ဖြစ်ပြီး IMDB rating 7.5၊ Rotten tomatoes 88% ထိရရှိထားပါတယ်။ ဒါရိုက်တာ Phil Alden Robinson ရဲ့ လက်ရာဖြစ်ပြီး Kevin Costner က ရေးလ်ကင်ဆယ်လာအဖြစ် အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်ရေးလ်ဟာ အမျိုးသမီးဖြစ်သူအန်နီနဲ့ အိမ်ထောင်ကျပြီးတဲ့နောက် အိုင်အိုဝါကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ် အန်နီရဲ့ အကြံအရ သူတို့နှစ်ဦးဟာ ပြောင်းဖူးခင်းတစ်ခင်း ဝယ်ခဲ့ပါတယ် ညနေခင်းတစ်ခုမှာ ရေးလ်ဟာ ထိုပြောင်းခင်းထဲမှ "မင်းအဲဒါကိုဆောက်ရင် သူလာလိမ့်မယ်"ဆိုတဲ့ ထူးဆန်းတဲ့အသံကို ကြားခဲ့ပါတယ်ရေးလ်က ဒီအသံဟာ သူ့ကို ဘေ့‌စ်ဘောကွင်းဆောက်ဖို့ ပြောတာလို့ အခိုင်အမာ ယုံကြည်ခဲ့ပြီး လက်တွေ့အကောင်အထည် ဖော်ပါတော့တယ် ၁၉၁၉ခုနှစ် ကမ္ဘာအဆင့် ဘေ့စ်ဘောပြိုင်ပွဲမှာ တမင်အရှုံးပေးခဲ့တယ်လို့ ...
movie

Field of Dreams (1989)

Sleepless in Seattle(1993) 7.0
Sleepless in Seattle(1993) Sleepless in Seattle(1993) အညွှန်း****************************မင်းသားကြီး Tom Hanks အဓိကပါဝင်ထားတဲ့ဇာတ်ကားဆိုတော့ အညွှန်းတောင်ဖတ်စရာမလိုဘဲ ကြည့်သင့်ပါတယ်..ပြီးတော့ဒီကားက အော်စကာ ဆု(၂)အတွက်ဆန်ကာတင်စာရင်းဝင်ခဲ့သလိုအခြားဆုများစွာလည်းရရှိခဲ့ပါတယ်..အချစ်ဆိုတာကို လူတွေဘယ်လိုခံယူကြသလဲဗျ။တကယ်တမ်းဖြစ်စဉ်ကတော့ Samဟာ ချစ်ရတဲ့ဇနီးဆုံးသွားလို့ သားလေးတစ်ယောက်နဲ့အတူဝမ်းနည်းစွာ ကျန်ရစ်ခဲ့ရှာပါတယ်။ နေထိုင်ရာချီကာဂိုတစ်မြို့လုံးဟာ သွားလေသူချစ်သူရဲ့ပုံရိပ်တွေပြည့်နှက်နေတာကြောင့် သူ့အကြောင်းမတွေးမိအောင်ဆီယာတယ်ဆိုတဲ့ မြို့အသစ်ကို ပြောင်းရွှေ့သွားပါတယ်။ ဒါပေမဲ့ Samရဲ့သားလေး Jonahကတော့ မြို့အသစ်ကိုပြောင်းလာပေမယ့်အဖေဖြစ်သူဟာ ပူဆွေးမြဲပူဆွေးနေတာကြောင့် စိတ်ပညာအကြံပေးဖုန်းဖြေကြားလေ့ရှိတဲ့ရေဒီယိုအစီအစဉ်ကို ဖုန်းဆက်ပြီး သူ့အဖေကို မိန်းမအသစ်ရှာပေးဖို့ အကူအညီတောင်းပါတော့တယ်။ဒီတော့ရေဒီယိုအစီအစဉ်က ဖြေကြားသူဆရာဝန်ဟာ သူ့အဖေကို ဖုန်းပေးခိုင်းပြီး ဆွေးနွေးပါတယ်။အဲ့ဒီနောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကို့တော့..ဇာတ်လမ်းလေးကလည်း ဆွဲဆောင်မှုရှိတဲ့အပြင်သီချင်းလေးတွေကလည်း အရမ်းကောင်းလို့ နောင်တမရအောင် ကြည့်ဖြစ်အောင်ကြည့်ပါလို့ တိုက်တွန်းပါရစေ။File Size :(2.7GB) (730MB) and (313 MB) Quality : Blu-Ray1080P5.1ch, 720p Format…mp4 Duration…01:45:00 Genre : Romance , Drama, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie

Sleepless in Seattle(1993)

C’mon C’mon (2021) 7.8
C’mon C’mon (2021) C'mon C'mon (2021) ~ IMDb - 7.8/10, RT - 94% , Meta - 81% ~နာမည်ကျော် A24 က ထွက်ရှိလာတဲ့ ဒါရိုက်တာမိုက်မေးလ်နဲ့ ဝါကင်းဖီးနစ်တို့ရဲ့ ရုပ်ရှင်ပါ။ တစ်ချို့ A24 ပရိတ်သတ်တွေက C'mon ကို what a masterpiece ဆိုပြီး ဩဘာပေးကြသလို တစ်ချို့ကတော့ ဒီနှစ်ရဲ့အကြိုက်ဆုံးရုပ်ရှင်လို့ပြောကြပြီး A24 ရဲ့ နောက်ထပ်မာစတာပိစ်တစ်ကားလို့လည်း ပြောကြပါတယ်။ဇာတ်လမ်းကတော့ တိုင်းပြည်အနှံ့ပတ်သွားပြီး ကလေးတွေကို အင်တာဗျူးလုပ်ရတဲ့ ရေဒီယိုဂျာနယ်လစ်နဲ့ သူ့တူလေးနဲ့ကြားက Chemistry သက်သက်ပါပဲ။ သို့ပေမဲ့ ရယ်စရာကောင်းတဲ့ဇာတ်၀င်ခန်းတွေနဲ့ တစ်ချိန်တည်းမှာပဲ ကြည့်ရှုသူရဲ့ ခံစားချက်ကို ခလုတ်တိုက်စေမယ့် ရုပ်ရှင်တစ်ကားပါ။ C'monမှာ အဓိကအနေနဲ့ လူ၃ယောက်ပဲပါပေမဲ့ အဲဒီလူ၃ယောက်ရဲ့ သရုပ်ဆောင်စွမ်းရည်က လက်ဖျားခါလောက်စရာပါပဲ။ ဝါကင်းဖီးနစ်တို့ ဂါဘီဟော့ဖ်မန်းတို့က‌တော့ သိပြီးသားဆိုတော့ ...
movie

C’mon C’mon (2021)

2021
Wild (2014) 7.1
Wild (2014) (Unicode)2014 ကတည်းကထွက်ခဲ့တဲ့ Wild ဆိုတဲ့ဇာတ်ကားလေးဟာ American Biographical Adventure Drama ဇာတ်ကားအမျိုးအစားဖြစ်ပြီး၂၀၁၂တုန်းက Cheryl Strayed ရေးသားခဲ့တဲ့ Wild: From Lost to Found on the Pacific Crest Trail(PCT) ဆိုတဲ့ကိုယ်တိုင်ဖြစ်ရပ်မှန်ကိုရေးသားထားတဲ့စာအုပ်ကိုအခြေခံရိုက်ကူးထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်ကားထဲမှာ Cheryl နဲ့ Bobbi အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Reese Witherspoon နဲ့ Laura Dern တို့ နှစ်ယောက်လုံးဟာလည်းအော်စကာဆုအတွက် Best Actress နဲ့ Best Supporting Actress အဖြစ်စကာတင်အရွေးခံခဲ့ရပြီး အခြားသောဆုတွေမှာလည်း စကာတင်အရွေးခံရတာတွေရှိခဲ့ပါတယ်။Rating တွေအနေနဲ့လည်း Rotten Tomatos မှာ 89%....IMDb rating 7.1/10 အထိရရှိထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ဘဝမှာအချစ်ရဆုံးအတွယ်တာရဆုံး မိခင်ဖြစ်သူသေဆုံးသွားပြီးနောက်ပူဆွေးသောကတွေရောက်ပြီး ကိုယ့်ကိုကိုယ်မထိန်းနိုင်မသိမ်းနိုင်အောင်ပျက်ဆီးသွားပြီကိုယ့်အိမ်ထောင်ရေးကိုပါဖျက်ဆီးမိခဲ့တဲ့ Cheryl Strayed ဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ....ကိုယ်လမ်းမှားရောက်နေတာကိုသတိထားမိပြီးနောက် ကိုယ့်ကိုကိုယ်ပြန်ထူထောင်ဖို့နဲ့ စိတ်ဓာတ်တွေပြန်စုစည်းဖို့အတွက်ဆိုပြီးအမေရိကန်နိုင်ငံမှာအရှည်လျားဆုံးခရီးကြမ်းရှည် ...
movie

Wild (2014)

2014
The Man without a Face(1993) 6.7
The Man without a Face(1993) The Man without a Face(1993)IMDb.....6.7,,,,,Rotten....64%လူတိုင်းမှာ အတုယူစရာ တစ်ခု သို့မဟုတ် အမြင့်တစ်နေရာကိုတက်လှမ်းနိုင်ဖို့ရာ လေးစားအားကိုးထိုက်သူ တစ်ယောက်ယောက်တော့ ရှိနေတတ်စမြဲပင်...သို့ပေမယ့်လည်း တစ်ချို့သော ကလေးငယ်တွေအဖို့တော့...... မုဆိုးမ အမျိုးသမီးတစ်ယောက်မှာ သားသမီး (၃)ယောက်ရှိတယ်...သမီး(၂)ယောက် သားတစ်ယောက်ပေါ့....မိခင်ရဲ့သားသမီးတွေအပေါ် ထားတဲ့အချစ်က စနစ်တကျမရှိခဲ့... ချက်ဆိုတဲ့ ၁၃နှစ်အရွယ်ကောင်လေးက ဒီအမျိုးသမီးရဲ့သားပေါ့....ဒီကောင်လေးရဲ့ မွေးချင်းတွေကလည်း အမေတူအဖေကွဲတွေ...မည်သို့ပင်ဆိုစေကာမူ ဒီမောင်နှမ(၃) ယောက်ရဲ့ သံယောက်ဇဉ်တွေကို အလှပဆုံးအသိုက်အမြုံဖြစ်အောင် မိခင်က စွမ်းဆောင်နိုင် စွမ်းမရှိသလောက်ပင်...သို့သော်ချက်အတွက် ဂုဏ်ယူစရာတစ်ခုရှိတယ်...ဘာလဲဆိုတော့ ဆုံးသွားတဲ့သူ့ဖခင်က စစ်က္ကသိုလ်က...ကိုးရီးယားမှာလေယာဉ်မောင်းရင်းဆုံးသွားတယ်... ဖခင်ကိုအားကျတယ်..မခင်က သူ့အတွက် ဟီးရိုးပဲ.သူ့ဖခင်လို ဖြစ်ချင်သည်....ရိုးရိုးကျောင်းကပဲအောင်ရင် သူ့ဖခင်တက်တဲ့ ကျောင်းကို တက်ခွင့်ရဖို့လမ်းမမြင်....ချက်အတွက် လေ့လာသင်ယူ လိုစိတ်ရှိပေမယ့် သူ့အတွက် လမ်းကောင်းကောင်းပြပေးမယ့်သူမရှိဘူး.... ဒီလိုနဲ့ ကျောင်းဆရာတစ်ယောက်ကိုသူတွေ့သွားတယ်...အဲ့ဒီဆရာက မျက်နှာတစ်ခြမ်း မီးလောင်ဒဏ်ရာတွေနဲ့...ဒီဆရာက ခင်မင်သူမရှိ ...ချက်တို့နယ်မြို့လေးမှာ (၇)နှစ်နေခဲ့တယ် ဆိုပေမယ့် သူ့ကိုမြင်ဖူးတဲ့သူခပ်ရှားရှားပင်...စစ်တက္ကသိုလ်ဝင်ခွင့်ရဖို့အရေး အများသူငါ ကြောက်ရွံတဲ့သူမှာ တပည့်ခံဖို့ သူဆုံးဖြတ်ခဲ့သည်..... ဒီကားကတော့ မဲလ်ဂစ်ဆင် ကိုယ်တိုင်ရိုက်ကူးပြီး သူကိုယ်တိုင်သရုပ်ဆောင်ခဲ့သည်... ဒီကားက မေတ္တာ သံယော်ဇဉ် ယုံကြည်အားကိုးမှုကို ရိုးစင်းစွာရိုက်ပြထားပါတယ်... ခံစားမှုစည်းစိမ်တွေ မြောက်များစွာ ခင်ဗျားရရှိသွားလိမ့်မယ်လို့ထင်တယ်...အဲ့ဒီခံစားမှု စည်းစိမ်တွေထဲမှာ ပျော်ရွှင်ကြည်နူးမှုတွေ၊ဒေါသတွေ၊ဝမ်းနည်းမှုတွေ၊မြောက်များစွာပါပဲ... ခင်ဗျားဟာ ဒီကားကိုကြည့်နေရင်းခင်ဗျားတို့လိုချင်တဲ့ဇတ်သိမ်းခန်းကိုရောက်လို့ နှုှုတ်ခမ်း ကပြုံးနေပါလိမ့်မယ်.သို့ပေမယ့် အဲ့ဒီအချိန်မှာ ခင်ဗျားမျက်လုံးကိုမတော်တဆထိကြည့်လိုက်ပါ... မျက်ရည်လေးတွေဝေ့နေပါလိမ့်မယ်...ဘာ့ကြောင့်လဲဆိုတာတော့ ခံစားသာကြည့်လိုက်ပါ....File ...
movie

The Man without a Face(1993)

1993