Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Gabriel Bateman
6.3
Lights Out (2016)
၂၀၁၆ မှာ နာမည်ကြီးနေတဲ့ Lights Out ကို တင်ပေးထားပါတယ်။ IMDb 6.3 ရထားတဲ့ သရဲကားပါ။ ဇာတ်လမ်းကတော့ ရိုးရှင်းပါတယ်။ ကြာချိန်က ၈၀ မိနစ်ကျော်လေးပါပဲ။ ဒါပေမယ့် Horror ကြိုက်သူတွေအတွက် ကျေနပ်မှုပေးပါလိမ့်မယ်။ အသံ၊ ညမြင်ကွင်း၊ ရိုက်ကွက်တွေက အတော်ကို ကောင်းမွန်ပါတယ်။ Conjuring အပြီးနောက်ပိုင်း ဘာနဲ့ထပ်ကြောက်ရမလဲ ရှာနေတဲ့သူတွေ အကြိုက်တွေ့စေမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ ဖအေတူ မအေကွဲ မောင်နှမ နှစ်ယောက်မှာ စိတ်ကျရောဂါခံစားနေရတဲ့ မိခင်ရှိနေပါတယ်။ သူဟာ အမြဲလိုလို ဘာမှန်းမသိတဲ့ တစ်စုံတစ်ယောက်နဲ့ စကားပြောနေတတ်တာပါပဲ။ အဲဒီတစ်စုံတစ်ယောက်ကို စုံစမ်းဖော်ထုတ်ဖို့ သူ့ဆီကနေဖယ်ရှားဖို့ ကြိုးစားသူတိုင်းအတွက် အန္တရာယ်အကြီးအကျယ် ကျရောက်လာတဲ့အခါ....... Horror ကြိုက်တတ်တယ်၊ မကြောက်တတ်ဘူး သို့မဟုတ် ကြောက်ချင်တယ်ဆို ညဖက်မှာ တစ်ကိုယ်တည်း မီးလေးပိတ်ပြီးကြည့်ကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ File size…(1.3 GB)/(600 Mb) Quality….Blu-Ray 1080p / ...
movie
Lights Out (2016)
5.4
Annabelle (2014)
2013 တုန်းက ထွက်ရှိထားခဲ့တဲ့ The Conjuring နောက်ကနေ2014 မှာဒီဇာတ်ကားထွက်လာပါတယ်..သရဲကားမို့လို့ထူးထူးခြားခြားအညွှန်းတွေပေးမနေတော့ပါဘူးCM ပရိတ်သတ်လည်းဒီ အရုပ်နဲ့ပတ်သတ်တဲ့ဇာတ်ကားကိုမစိမ်းဘူးလို့ထင်ပါတယ်..မကြည့်ဖူးဘူးဆိုရင်လည်းသေချာကြည့်လိုက်ပါ.အတော်ကြောက်ဖို့ကောင်းတဲ့သရဲဇာတ်လမ်းဖြစ်ပြီးသရဲကားကောင်းကောင်းတွေကိုမှကြည့်ချင်တဲ့သူတွေအတွက်တော့အထူးအကြိုက်တွေ့စေမယ့်ဇာတ်ကားမျိုးပါ...ကြောက်တတ်သူများ..နှလုံးရောဂါရှိသူများ နှင့် ကလေးသူငယ်များ..တစ်ဦးတစ်ယောက်တည်းကြည့်ချင်းလုံးဝမသင့်တော်ပါ File size… 2.41 GB / 1.06 GB / 534 MB Quality… Web-DL 4K / 1080p / 720p Format… mp4 Duration…. 1h 39m Genre ..... Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Hein Thet Naing
movie
Annabelle (2014)
2014
4K HEVC
The Fabelmans (2022)
The Fabelmans (2022)The Fablemans ကိုအညွှန်းအရှည်ကြီးရေးမယ့်အစား ဒါရိုက်တာ "Steven Spielberg" ရဲ့ ဘဝဖြစ်ရပ်မှန်ပေါ် အခြေခံပြီး Steven Spielberg ကိုယ်တိုင်ရိုက်ကူးထားတဲ့ကားလို့ ပြောလိုက်တာနဲ့ ရုပ်ရှင်ချစ်သူတွေအားလုံးက ဒါကမဖြစ်မနေကြည့်ရမယ့်ကားလို့ သတ်မှတ်ကြမှာသေချာပါတယ်။West Side Stories, Jaws, ET, Schindler's List, Catch me if You Can စသဖြင့် Steven Spielberg ရဲ့လက်ရာမွန်တွေက ရေးလို့မကုန်နိုင်အောင်များပြီးရုပ်ရှင်ချစ်သူအားလုံးနဲ့ ရင်းနှီးပြီးသားပါ။ဒီပါရမီရှင်ဒါရိုက်တာကြီးရဲ့ ငယ်ဘဝက ဘယ်လိုရှိခဲ့လဲ။ သူ့ဖန်တီးမှုတွေကဘယ်ကလာပြီး ဘယ်သူတွေလွှမ်းမိုးခဲ့လဲ။ Steven Spielberg က ဒီဇာတ်လမ်းကို ၁၉၉၉ ခုနှစ်ထဲက "I'll be Home" ဆိုတဲ့နာမည်နဲ့ရေးခဲ့ပြီး ပရိသတ်တွေကိုသူ့ဘဝနဲ့မိတ်ဆက်ပေးချင်ခဲ့ပါတယ်။ဒါပေမဲ့ သူ့ဇာတ်လမ်းကိုပြောမယ်ဆိုရင် သူ့ဘဝထဲကအရင်းနှီးသူတွေအချစ်ရဆုံးသူတွေကိုချန်ထားရစ်လို့မရပါဘူး။ အထူးသဖြင့်သူ့အမေနဲ့အဖေပေါ့။ ဖြစ်ရပ်မှန်ပေါ်အခြေတည်ထားတဲ့ဒီဇာတ်လမ်းက သူ့အမေနဲ့အဖေကိုထိခိုက်နာကျင်ရစေနိုင်တာကြောင့် သူက ဒါကို အချိန်အကြာကြီးဆိုင်းငံ့ထားခဲ့တာဖြစ်ပါတယ်။ဒီဇာတ်လမ်းမှာ Steven နေရာကသရုပ်ဆောင်တဲ့ Sammy ဆိုတဲ့ဇာတ်ကောင်လေးက သူ့မိသားစုပြသနာတွေကြားမှာ နားလည်ခွင့်လွှတ်ခြင်းများစွာနဲ့ သူ့ပါရမီကိုလဲဆက်လက်ပျိုးထောင်သွားပုံကိုတွေ့ရမှာပါ။Steven ကလက်တွေ့ဘဝမှာ Sammy လောက် ရင့်ကျက်ခဲ့ရဲ့လားမသေချာပေမယ့် ဒီရုပ်ရှင်ကတော့ Steven တစ်ယောက် ...
movie
The Fabelmans (2022)
Unhinged 2020
Gladiators နဲ့ လူသိများကြီးတဲ့ မင်းသားကြီး Russell Crowe ရဲ့ ကားအသစ်ထွက်ပါတယ်။ အက်ရှင် သရေလာ လို့ ပြောပေမယ့်. ဆိုက်ကို ဟော်ရာ ကားလိုပဲ ခံစားရပါတယ်။ ဇာတ်လမ်းကတော့ ကားလမ်းမ ပေါ်က ရန်ပွဲတစ်ခုကနေ စတာပဲ။ လမ်းပေါ်မှာ ကားသမားချင်း ကတော်ကဆ ဖြစ်ကြတာကို ခဏခဏ ကြုံဖူးကြမယ်ထင်ပါတယ်။ စကားများရုံရှိတယ်၊ ရိုက်ကြတာ ရှိမယ်၊ သေကြေကုန်တဲ့အထိ ရှိဖူးပါတယ်။ ဒါပေမယ့် ဒီတစ်ခါ ဖြစ်တာကတော့ အဲဒါထက်အများကြီးဆိုးပါတယ်။ အများကြီး မပြောတော့ပါဘူး။ ကြည့်ကြည့်လိုက်ပါ။ သည်းထိပ်ရင်ဖို့ကြိုက်တဲ့သူတွေ ကြိုက်မှာပါ။ File size… 1Gb / 600 Mb Quality… Bluray 720p / 480p Format…mp4 Duration….01:29:00 Genre ... Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Translated by Littleneo Encoded by Littleneo
movie
Unhinged 2020
4.6
Playmobil: The Movie (2019)
ကာတွန်းကားလေးတွေကိုကြိုက်နှစ်သက်သူများအတွက်ပေါ့ပေါ့ပါးပါးကာတွန်းကားလေးပါ။Anya Taylor-Joyအပြင် အသံသရုပ်ဆောင်တွေအနေနဲ့Daniel Radcliffe, Adam Lambert နဲ့ Meghan Trainorတို့ကပါဝင်အားဖြည့်ထားပါတယ်။ဇာတ်လမ်းလေးကတော့ မာလာဆိုတဲ့ကောင်မလေးကငယ်စဉ်ကသူ့မောင်လေးနဲ့အတူ ခရီးတွေထွက်ပြီးစွန့်စားခန်းတွေဖွင့်ချင်ခဲ့ပေမယ့်မိဘတွေသေဆုံးသွားတဲ့အတွက်ကြောင့်လက်တွေ့ဘဝထဲမှာပဲကျင်လည်နေရပါတယ်။တစ်နေ့မှာတော့ အပြင်ထွက်သွားတဲ့သူ့မောင်လေးနောက်လိုက်ရင်းနဲ့သူတို့မောင်နှမ Playmobilကမ္ဘာထဲရောက်သွားပြီးရုပ်လေးတွေဖြစ်သွားပါတယ်။Vikingဖြစ်သွားတဲ့သူ့မောင်လေးဖမ်းဆီးခံလိုက်ရတဲ့နောက်မှာတော့မာလာတစ်ယောက်စွန့်စားခန်းတွေဖွင့်ရင်းလိုက်လံကယ်ဆယ်ရပါတော့တယ်။ဇာတ်လမ်းကခမ်းခမ်းနားနားကြီးမဟုတ်ပေမယ့်ပေါ့ပေါ့ပါးပါးနဲ့ချစ်စရာကောင်းတဲ့ ကာတွန်းကားလေးပါ။ File Size : ( 928 MB , 347 MB )Quality : Web-DL 720pRunning Time : 1 hr 39 minFormat : Mp4Genre : Animation , Adventure , ComedySubtitle : Myanmar Subtitle (Hard Sub) ...
movie
Playmobil: The Movie (2019)
2019
6.2
Child’s Play (2019)
(Unicode) ကျွန်တော်တို့ ငယ်ငယ်တုန်းက အိပ်မက်ဆိုးမက်လောက်အောင် ကြောက်ရတဲ့ ရုပ်ရှင်စာရင်းထဲမှာ ချက်ကီဟာ အမြဲပါပါတယ်။ဒီတစ်ခါ ချက်ကီကတော့ ခေတ်မီတယ်လို့ ပြောရမှာပါပဲ။ချက်ကီအရုပ်ကို ကက်စ်လန် ကုမ္ပဏီက အိမ်တွင်း လျှပ်စစ်ပစ္စည်းတွေနဲ့ ချိတ်ဆက်ပြီး အိမ်ကိစ္စတွေ ကူညီဖို့ရယ် ကလေးတွေကို အဖော်ပြုပေးဖို့ရယ် တီထွင်လိုက်တာပါ။ပြီးတော့ ချက်ကီအရုပ်တွေက အလိုအလျောက် ကိုယ်တိုင်သင်ယူနိုင်စွမ်းရှိအောင် တီထွင်ထားတာမို့ ရိုင်းစိုင်းတဲ့စကားလုံးတွေ အပြုအမှုတွေကို အတုမခိုးအောင် ပရိုဂရမ်နဲ့ ပိတ်ပ်ငထားပါတယ်။ချက်ကီတစ်ကောင်ကတော့ အဲဒီ အကြမ်းပတမ်းပရိုဂရမ်တွေကို ပိတ်ဆို့မခံရဘဲ မိသားစု တစ်စုလက်ထဲကို ရောက်သွားချိန်မှာ အိပ်မက်ဆိုး အသစ်တွေ ဖြစ်လာပါတော့တယ်။အရင်လကပဲ ရုံတင်သွားတဲ့ ရုပ်ရှင်အသစ်ပါပဲ။ဟော်ရာကြိုက်သူတွေ ကြည့်နိုင်ပါပြီ။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Little Neo ပဲဖြစ်ပါတယ်……File Size :(750 MB) and (360 MB) Quality : WEB-DL 720p Running ...
movie
Child’s Play (2019)
2019
6.3
Benji(2018)
NetFlix ရုပ်သံလိုင်းကရိုက်ကူးထားပြီး Director - Brandon Camp ရိုက်ကူးထားတဲ့ Benji ဆိုတဲ့ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်Benji ဆိုတာ ဟိုး 1980s ကာလလောက်ကထဲက ထွက်ထားတဲ့ကားလေးဖြစ်ပြီးဇာတ်လမ်းကောင်းလွန်းတော့ ဒါရိုက်တာ အမျိုးမျိုးက ပြန်လည်ရိုက်ကူးကြပါတယ် ထူးခြားတာတစ်ခုက ဒီကားထဲမှာ တော့ Benji ဟာ ခွေးအစစ်ကို သေချာသင်ပြီး လိုခြင်တဲ့အမူအရာ သရုပ်ဆောင်တဲ့ပုံစံရအောင် ထပ်ခါတလဲလဲအချိန်ပေးရိုက်ကူးထားတယ်လို့သိရပါတယ်IMDb မှာတော့ 6.4 ရထားပြီးတော့ ခွေးချစ်တတ်တဲ့ ပရိတ်သတ်ကြီး အတွက်တင်ဆက်ပေးလိုက်ပါတယ်ဘန်ဂျီဆိုတာပေစုတ်စုတ်နဲ့ပိုင်ရှင်မဲ့ခွေးလေးတစ်ကောင်ဖြစ်ပါတယ်ဘယ်သွားလို့ဘယ်လာရမှန်းမသိဘဲ လမ်းဘေးမှာနေတဲ့ ဘန်ဂျီလေးကို ကာတာဆိုတဲ့ ကလေးလေးတစ်ယောက်ကအိမ်ကိုခိုးခေါ်လာခဲ့ပြီး သူ့ညီမ ဖရန်ကီနဲ့အတူ သူ့အမေမသိအောင် ဖွက်ထားဖို့ကြိုးစားခဲ့ပါတယ်တရက်မှာတော့ ကာတာနဲ့ဖရန်ကီတို့မောင်နှမကို ဓားပြတွေက ရောင်းစားဖို့ဖမ်းသွားတဲ့အခါ ဘန်ဂျီလေးကအစွမ်းကုန်ကြိုးစားပြီး ကလေး၂ယောက်ကို ဘယ်လိုကယ်တင်မလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်တကယ့်ခွေးအစစ်တွေကို သင်ပေးပြီး လိုချင်တဲ့အိုက်တင်မရမချင်း အပင်ပန်းခံရိုက်ကူးထားတာဖြစ်လို့ ကြည့်ရတာအချိန်ကုန်တန်စေမှာပါ Qty - 720p Web DLDuration - 1hr 45minSubtitle ...
movie
Benji(2018)
2018