Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Gabe Gabriel
My Spy the Eternal City (2024)
IMDb 5.7/10 ရရှိထားတဲ့ အသစ်ထွက် Comedy/Action ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၂၀၂၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ My Spy ကားရဲ့ sequel ဖြစ်ပြီး ပထမကားထဲမှာလိုပဲ Dave Bautista၊ Ken Jeong နဲ့ Chloe Coleman တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ဂျေဂျေက စီအိုင်အေအေးဂျင့်တစ်ယောက်ဖြစ်ပြီး မယားပါသမီးဖြစ်သူ ဆိုဖီ့အတွက် ဖခင်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေသူပါ။ ၁၄ နှစ်အရွယ် သမီးနားမှာ အနီးကပ်စောင့်ရှောက်ပေးနိုင်ဖို့ အသက်အန္တရာယ်များတဲ့ ကွင်းဆင်းအလုပ်တွေကို ရှောင်ပြီး သတင်းပေးအဖြစ်နဲ့ပဲ ရုံးထိုင်အလုပ်လုပ်ကာ သမီးဖြစ်သူကို ထိန်းကျောင်းဖို့ တာဝန်ယူထားတာပါ။ဒီလိုနဲ့ သမီးဖြစ်သူက ကျောင်းက ဓမ္မတေးအဖွဲ့နဲ့အတူ အီတလီကို ခရီးထွက်ဖို့ အကြောင်းဖန်လာရာမှာတော့ စိတ်မချနိုင်စွာနဲ့ အထိန်းတော်အဖြစ် ကျောင်းအဖွဲ့နဲ့အတူ လိုက်ပါသွားခဲ့ပါတော့တယ်။ ဂျေဂျေရဲ့ အကြံကတော့ ဒီခရီးစဉ်မှာ ဆိုဖီနဲ့ ရင်းနှီးနိုင်ဖို့ ရည်ရွယ်ခဲ့ပေမဲ့ တကယ်တမ်း ခရီးထွက်ရတဲ့အခါမှာမှ ...
movie
My Spy the Eternal City (2024)
6.4
Runs in the Family (2023)
ဒီမိသားစု ဒရာမာရုပ်ရှင်လေးက IMDb 6.4 အထိရရှိထားပါတယ်။ဗာရွန်ဆိုတဲ့ အိန္ဒိယအမျိုးသားကြီးတစ်ယောက်မှာ ရေးဗားလို့ခေါ်တဲ့ Transgender သားတစ်ယောက်ရှိပါတယ်။ ရေးဗားက ၊အမျိုးသမီးအဖြစ်ကနေ အမျိုးသားအဖြစ်ကို ပြောင်းလဲထားတာပါ။ရေးဗားရဲ့အမေဟာ ရေးဗားကိုမွေးမွေးပြီးချင်း တစ်နှစ်အတွင်းမှာပဲ ဗာရွန်နဲ့ ရေးဗားတို့ သားအဖနှစ်ဦးကို ပစ်ပယ်သွားခဲ့သူပါ။ တစ်ရက်မှာတော့ ဒီအမျိုးသမီးဟာ ဗာရွန်ဆီကိုဆက်သွယ်လာပြီး သူမကို eSwatini လို့ခေါ်တဲ့ တောင်အာဖရိကက မြို့ငယ်လေးတစ်ခုက ပြန်လည်ထူထောင်ရေးဆေးခန်းမှာ လက်ရောက်ခေါ်ဆောင်ပေးဖို့ အကူအညီတောင်းလာပါတော့တယ်။ ဒီလိုနဲ့ ရည်းစားဟောင်းဖြစ်သူ ရေးဗားရဲ့အမေကို မမေ့နိုင်တဲ့ဗာရွန်ဟာ သားဖြစ်သူကိုရအောင်စည်းရုံးပြီး မိုင်ပေါင်းရာချီဝေးတဲ့ eSwatini မြို့ကို ဗန်ကားလေးနဲ့ သားအဖနှစ်ယောက် ခရီးထွက်ကြပါတော့တယ်။ဒီရုပ်ရှင်လေးထဲမှာတော့ Transgender အဖြစ်ခံယူခဲ့တဲ့ သားဖြစ်သူ ရေးဗားအပေါ်ထားတဲ့ အိန္ဒိယလူမျိုးကြီး ဗာရွန်ရဲ့ နားလည်မှု၊ ဖေးမကူညီမှု၊ မိဘနဲ့သားသမီးအကြားက သံယောဇဉ် ချစ်ခြင်းတွေကိုရိုက်ပြထားတာဖြစ်လို့ ပေါ့ပေါ့ပါးပါးကြည့်ရှုသင့်တဲ့ရုပ်ရှင်လေးဖြစ်ပါတယ်။(ရိုင်းစိုင်းတဲ့အသုံးအနှုန်းတချို့ပါ၀င်တာကိုသတိပြုပေးပါ) File size…(2.5 GB)/(1.4 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre...Adventure, Comedy Subtitle….Myanmar ...
movie
Runs in the Family (2023)