Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Fredrik Dahl
Forever (2023)
ဘောလုံးအားကစားအကြောင်းရိုက်ကူးထားတဲ့ Sport/Drama ရုပ်ရှင်ကားကောင်းလေးပါ။မီလာနဲ့ကီယာတို့က လင်ဒန်လို့ခေါ်တဲ့မြို့လေးမှာ ကျောင်းတက်နေကြပြီး အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ပါ။ မီလာနဲ့ကီယာက အမြဲ စားအတူ သွားအတူဖြစ်ပြီး မိဘတွေအချင်းချင်းလည်းသိကျွမ်းကြပါတယ်။ အမျိုးသမီးကျောင်းဘောလုံးအသင်းမှာလည်း မီလာနဲ့ကီယာက ရှေ့တန်းကစားကြတာပါ။မီလာရဲ့အိပ်မက်က ဂိုသီယာမြို့မှာကျင်းပတဲ့ ဂိုသီယာဖလားမှာ ၀င်ရောက်ယှဉ်ပြိုင်နိုင်ပြီး ပရိုပလေယာတစ်ယောက်ဖြစ်လာဖို့ပါ။ ဒီလိုနဲ့ မီလာတို့ရဲ့အမျိုးသမီးကျောင်းဘောလုံးအသင်းလေးဆီကို ဆွီဒင်နိုင်ငံကိုယ်စားပြုပရိုပလေယာတစ်ဦးဖြစ်တဲ့ လိုလိုလို့အမည်ရတဲ့အမျိုးသမီးတစ်ယောက်က နည်းပြလုပ်ပေးဖို့ရောက်ရှိလာတဲ့အချိန်မှာတော့ သူတို့အတွက်အနာဂတ်တက်လမ်းတစ်ခုပေါ်လာခဲ့ပါတယ်။ဒါပေမဲ့ မီလာရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ ကီယာကတော့ နောက်ပိုင်းမှာ သူမ လျှောက်ချင်တဲ့လမ်းက မီလာနဲ့မတူတော့တဲ့အခါမှာ သူငယ်ချင်းနှစ်ယောက်အကြားမှာ အဖုအထစ်လေးတွေဖြစ်လာခဲ့ပြီး တစ်ဖက်မှာလည်း မီလာဟာ သူမဘ၀ရဲ့အိပ်မက်တစ်ခုဖြစ်တဲ့ ပရိုပလေယာတစ်ယောက်ဖြစ်လာဖို့လမ်းကို ဆက်လျှောက်လှမ်းရင်း သူတို့နှစ်ယောက်ရဲ့ခင်မင်မှုကိုလည်း ဆက်ထိန်းထားဖို့ရာကြိုးစားရပါတော့တယ်။ဒီရုပ်ရှင်လေးကအတော်ကြည့်လို့ကောင်းပါတယ်။ အထူးသဖြင့် ဘောလုံးအားကစားမှာ အမျိုးသမီးအသင်းတွေဟာလည်း အမျိုးသားအသင်းတွေနည်းတူ ရင်ဘောင်တန်းနိုင်ကြကြောင်း ခေသူတွေမဟုတ်ကြကြောင်းကိုမီးမောင်းထိုးရိုက်ကူးပြထားပြီး တခြားပေးချင်တဲ့မက်ဆေ့ခ်ျလေးတွေလည်းပါတာကြောင့် ပေါ့ပေါ့ပါးပါးနဲ့ အချိန်ပေးကြည့်ရှုဖို့ရာတန်တဲ့ လူငယ်ဒရာမာရုပ်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…(2.3 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:57:00 Genre... Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie
Forever (2023)
6.4
Forever (2023)
ဒီဇာတ်လမ်းလေးကတော့ Sport Dramaအမျိုးအစား လေးဖြစ်ပြီးတက်သစ်စလူငယ်ဘဝရဲ့ အိပ်မက်တွေ၊ ခင်မင်မှုတွေ၊ရင်းနှီးပေးဆပ်မှုတွေကိုဖော်ညွှန်းပြထားတဲ့ Swedish movieလေးဖြစ်ပါတယ်.....။အရင်းနီးဆုံးသူငယ်ချင်းတွေဖြစ်တဲ့ မီလာ နဲ့ ကီယာဟာ ငယ်ကတည်းကဘောလုံးကန်ရတာကို ဝါသနာထုံခဲ့ကြပြီး အိပ်မက်တွေကိုယ်စီရှိကြသူတွေပါ....။ဒီထဲမှာမှ မီလာလေးဟာ ဘောလုံးကစားနည်းကို ပိုရူးသွပ်ပြီးဝုန်းဝုန်းဒိုင်းဒိုင်းလုပ်တတ်တဲ့ အကျင့်လည်းရှိတာမို့ ကီယာလေးကဘေးမှာအမြဲလိုက်ထိန်းပေးနေကျပေါ့....။တစ်နေ့မှာတော့ သူတို့ရဲ့ဘောလုံးအသင်းလေးကို ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ယောက်ဖြစ်ခဲ့ဖူးုတဲ့ လိုလိုဟာ နည်းပြအဖြစ်ရောက်လာခဲ့ပါတယ်....။နည်းပြအသစ်ကို အားကျစိတ်နဲ့အတူ သူတို့ရဲ့အိပ်မက်တွေဆိုတာလည်းလက်တစ်ကမ်းအလိုမှာရောက်နေပြီဆိုတာသိလိုက်ရတော့မီလာနဲ့ကီယာလေးဟာ အစွမ်းကုန်ကြိုးစားကြတာပါတော့တယ်....။ပြင်းထန်လှတဲ့ လေ့ကျင့်မှုတွေ၊စည်းမျဉ်းတွေအောက်မှာ ကိုယ်စီအိပ်မက်တွေဆီရောက်ဖို့ ကြိုးစားရုန်းကန်ခဲ့ကြတဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ ခင်မင်ပေးဆပ်မှုတွေ၊ဂရုဏာဒေါသလေးတွေ၊ လူငယ်သဘာဝစိတ်ခံစားချက်လေးတွေကို မြင်တွေ့ရမယ်ဇာတ်ကားလေးဖြစ်ပါတယ်....။ File size…2.16GB / 1.05GB Quality…WEB-Rip 1080p 5.1 CH / 720p Format…mp4 Duration….1h 43m Genre ….. Drama , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
Forever (2023)
6.2
Nelly Rapp – Monster Agent (2021)
မိခင်မရှိတော့ဘဲ ဖခင်ဖြစ်သူနဲ့နေနေရတဲ့ နယ်လီရာ့ပ်...မိခင်ဖြစ်သူနဲ့ဦးလေးဖြစ်သူလို Monster agent ကြီးဖြစ်ချင်နေတဲ့သူ နွေရာသီကျောင်းပိတ်ရက်မှာ ဦးလေးဖြစ်သူဆီမှာနေရဖို့ အကြောင်းဖန်လာခဲ့ပါတယ်Monster agentဆိုတာကတော့ လူတွေကိုမွန်းစတားတွေရန်ကနေကာကွယ်ဖို့ဖွဲ့ထားတဲ့အဖွဲ့ပါနဂိုကတည်းက monster agent ဖြစ်ချင်နေသူ နယ်လီက ဦးလေးနဲ့အတူနေရတဲ့အခါမှာတော့ သူဟာအေးဂျင့်တစ်ယောက်လုပိဖို့အသင့်ဖြစ်ပြီဆိုတာကို ဦးလေးဖြစ်သူကိုသက်သေပြဖို့လုပ်လာပါတယ်နယ်လီတစ်ယောက် အမျိုးမျိုးအဖုံဖုံသောမွန်းစတားတွေအကြောင်းလေ့လာရင်း လက်တွေ့လုပ်ချင်လာတဲ့အခါမှာတော့... ဇာတ်လမ်းလေးက နယ်လီလေးရဲ့စွန့်စားခန်းလေးတွေနဲ့အတူ ပေါ့ပေါ့ပါးပါးဟာသလေးနှောကာရိုက်ကူးထားပြီး ဆုနှစ်ဆုအပြင်ဇကာတင်စာရင်းလေးခုထဲဝင်ထားတဲ့ကားလေးဖြစ်တာကြောင့် စိတ်အပန်းဖြေချင်သူတွေအတွက် သင့်လျော်တဲ့ကားလေးတစ်ကားပါလို့ညွှန်းပါရစေ။( အညွှန်းရေးသားထားသူကတော့ Chit Tee ပါ )File Size__1.6 GB, 900 MB Quality__1080p, 720p IMDb Rating__6.2/10 Format__mp4 Duration__01:30:00 Type__Adventure, Comedy, Family Subtitle__Myanmar Subtitle (Hardsub) Translated by Chit Tee & Oleander Encoded by Naing Aung Latt
movie
Nelly Rapp – Monster Agent (2021)