Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Frederick Worlock
Spartacus (1960)
ဒါကတော့ ကျွန်တော်တို့ ကိုးဆယ်ဖွားတွေ လူပျိုဘ၀မှာစွဲလန်းခဲ့ရတဲ့ ဇာတ်ကောင်ကြီး စပါတာကတ်စ်ရဲ့ ပထမဆုံးရုပ်ရှင်လို့ဆိုရမှာပေါ့။ မင်းသားကြီး Kirk Douglas စပါတာကတ်စ်နေရာကပါဝင်ထားပြီး သူ့ခေတ်သူ့အခါမှာ အတော်လေးအောင်မြင်ခဲ့တဲ့ရုပ်ရှင်တစ်ကားပါပဲ။စပါတာကတ်စ်ဇာတ်ကောင်အကြောင်းကတော့ အတော်များများသိပြီးတဲ့အတိုင်းပဲ ရောမခေတ်မှာ ကျွန်စနစ်ကိုတွန်းလှန်ခဲ့တဲ့ ခေါင်းဆောင်တွေထဲကတစ်ယောက်။ အထက်တန်းစားတော်ဝင်မျိုးနွယ်တွေ ငွေကြေးနဲ့ဝယ်ပြီး ဂလက်ဒီရေတာသတ်ကွင်းမှာ အသက်သေတဲ့ထိ တိုက်ပွဲဝင်ခိုင်းကြတဲ့ ဂလက်ဒီရေတာတွေထဲကတစ်ယောက်။သုံးနာရီကျော်ကြာတဲ့ ဒီရုပ်ရှင်ထဲမှာတော့ စပါတာကတ်စ်ဇာတ်ကောင်ကို ခပ်သွက်သွက်လေး ပုံဖော်ရိုက်ကူးပြထားပါတယ်။ခေါင်းဆောင်စိတ်ဓာတ်ရှိတဲ့ စပါတာကတ်စ်၊ အမျိုးသမီးတွေကို လေးစားကြင်နာစွာ ဆက်ဆံတတ်တဲ့စပါတာကတ်စ်၊ သွေးသောက်ညီကိုစိတ်ဓာတ်နဲ့ အသက်ပေးဖို့ဝင်မလေးတဲ့ စပါတာကတ်စ်ကို ရှုမြင်ခံစားကြရမှာပါ။ စပါတာကတ်စ်လို့ဆိုလိုက်တာနဲ့ ခေါင်းကြီးတို့မျှော်လင့်တဲ့အခန်းတွေတော့ ပါဝင်မှာမဟုတ်ကြောင်း အသိပေးပါရစေ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(3.4 GB)/(1.7 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... War, Drama, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo
movie
Spartacus (1960)
7.3
One Hundred and One Dalmatians (1961)
One Hundred and One Dalmatians (1961)~ IMDb - 7.3/10, Rotten Tomatoes - 98% ~ပထမဆုံးပြောချင်တာကတော့ Animated Movies တွေကို ရှေးခေတ်က ဖန်တီးတဲ့နေရာမှာ အသုံးပြုခဲ့တဲ့ နည်းလမ်းတွေပေါ့ဗျာ။ ဓာတုဆေးရည်တွေသုံးပြီး အရောင်ခြယ်ပုံတွေ မိတ္တူဆွဲခဲ့ကြတုန်းက အရောင်စိုစိုပြောင်ပြောင်တွေ ရခဲ့တဲ့ခေတ်အပြီးမှာတော့ မင်ခြောက်ကိုသုံးပြီး မိတ္တူဆွဲ Cell ထဲထည့်တဲ့ခေတ်ကို ရောက်လာပါတယ်။ မနှင်းဖြူနဲ့ လူပုလေးတွေ၊ အခုတင်ဆက်မယ့် ဒယ်မေးရှင်း တစ်ရာ့တစ်ကောင် တို့ကစလို့ နှောင်းပိုင်း Animated Movies တွေအထိ ဆင့်ကဲတိုးတက်သုံးစွဲလာတဲ့ နည်းလမ်းတစ်ခုပါ။မင်ခြောက်ဖြစ်တဲ့အတွက် အရောင်တွေက သဘာဝနဲ့နီးစပ်ပြီး မိတ္တူဆွဲပြီးတာနဲ့ Cell တွေထဲ တစ်ခါတည်းထည့်လို့ Computerized Animation လုပ်လို့လည်း ရသပေါ့လေ။ ဒါပေမဲ့ 101 Dalmatians မှာတော့ Computer ရဲ့ Artificial ...
movie
One Hundred and One Dalmatians (1961)