Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Frederick Weller
6.6
The Shape of Things (2003)
ဒီရုပ်ရှင်က နားလည်ရခက်တဲ့ မိန်းမတွေထက် ပိုနားလည်ရခက်တဲ့ Artist တွေအကြောင်းပါ။တချို့လူတွေဟာ အချစ်မှာနစ်မြောသွားတဲ့အခါ ထိုလူပြုသမျှနုပြီး ထိုလူအကြိုက်လိုက်ကာ မိမိမဟုတ်တဲ့လူတစ်ယောက်အသွင်ကို ပြောင်းလဲနေထိုင်ရင်း ကိုယ့်ရဲ့ပင်ကိုယ်ဇာတိကိုပါပျောက်ရှရတတ်ပါတယ်။ လူတစ်ယောက်ကို အဲ့လိုလုပ်နိုင်ဖို့က အချစ်၊ ဂရုစိုက်မှုတွေနဲ့ အဲ့လူရဲ့အားနည်းချက်ကို ကောင်းကောင်းနားလည်ပြီးအသုံးချနိုင်ဖို့လိုအပ်ပါတယ်။ဒီလူဟာ ဖယောင်းလိုအပူပေးရုံနဲ့ ပြောင်းလဲလို့ရသူလား၊ ဒါမှမဟုတ် ရွံ့စေးလို ဖဲ့ထုတ်ဖြုတ်ဆက်ဖို့လိုအပ်သေးလား ဆိုတာကို ကြည့်တတ်မြငါတတ်ရပါမယ်။ ဒီဇာတ်လမ်းလေးကတော့ ချစ်သူအတွက်ဆို ဘာမဆိုပြောင်းလဲပေးနိုင်တဲ့ ကောင်လေးနဲ့ သူ့ကို အသုံးချပြီး "သက်ရှိလူသားရုပ်တု"တစ်ရုပ်လို ပြုပြင်ပြောင်းလဲဖို့ ချဉ္းကပ်လာခဲ့တဲ့ နားလည်ရခက်တဲ့ artist ကောင်မလေး တို့ရဲ့ အချစ်ဇာတ်လမ်းလေးပါ။တချို့ စကားအသုံးအနှုန်းတွေက ကြမ်းတမ်းတဲ့အတွက် ရုပ်ရှင်ကိုတော့ ၁၈+ Rating ပေးထားပါတယ်။T Hmue မှ ဘာသာပြန်အညွှန်းရေးသည်။ File size…(1.9 GB)/(960 Mb) Quality….Web-DL 1080p / 720p Format… mp4 Duration…. 01:66:00 Genre... Comedy, Drama, Romance Subtitle….Myanmar Subtitle ...
movie
The Shape of Things (2003)
6.7
Armageddon (1998)
Armageddon (1998) (Disaster Film/Thriller) နာမည်ခပ်ဆန်းဆန်းဆိုတော့ ကြည့်ဖူးပြီးသားသူတွေက မှတ်မိနေမှာဖြစ်ပေမယ့် မကြည့်ဖူးသေးတဲ့ သူတွေအတွက် တော့ အနည်းငယ် ခေါ်ရခက်နေမယ်ထင်ပါတယ်။ Armageddon ဆိုတာက သမ္မာကျမ်းစာထဲက စကားလုံးဖြစ်ပြီး End of the things အရာအားလုံးရဲ့ အဆုံးသတ်လို့ အဓိပ္ပာယ်ရပါတယ်။ Armageddon ရဲ့ အစက …. NASA လွန်းပျံယာဉ် Atlanti က အာကာသမှာ စူးစမ်းရေးလုပ်နေစဉ်မှာပဲ ဥက္ကာပျံ ထိမှန်ပြီး ပျက်စီးသွားခဲ့ပါတယ်။ NASA သူတို့ယာဉ်ပျက်စီးတဲ့အကြောင်းရင်းကို ရှာဖွေရင်း ယာဉ်ပျံကို Texas ပြည်နယ်နီးပါးကြီးမားတဲ့ ဥက္ကာပျံ က ဝင်တိုက်မိပြီး ပျက်ဆီးသွားခြင်းဖြစ်တယ်ဆိုတာကို သိရှိခဲ့ပါတယ်။ ဒါပေမယ့် ဥက္ကာပျံက အာကသယာဉ်ကို ပျက်စီးသွားစေရုံပဲလားဆိုတော့ မဟုတ်ပါဘူး။ ဒီဥက္ကာပျံရဲ့ လမ်းကြောင်းက ကမ္ဘာမြေကို ဦးတည်နေပြီး လက်ရှိ အရှိန်နှုန်းနဲ့ အရွယ်အစားအရ ကမ္ဘာကို တိုက်မိမယ်ဆိုရင် ကမ္ဘာကြီးတစ်ခုလုံးပျက်စီးသွားပြီး ဒိုင်နိုဆောတွေ မျိုးတုန်းသလို လူသားတွေမျိုးတုန်းသွာမယ်လို့ တွက်ချက်ခန့်မှန်းရပါတယ်။ ...
movie
Armageddon (1998)
1998
4K HEVC
6.1
The Free World (2016)
The Free World (2016) ================= IMDb Rating - 6.1/10၁၅ နှစ်သားကတည်းက ထောင်ထဲကို ဝင်သွားရတဲ့ ကောင်လေးတစ်ယောက်ရှိသတဲ့။ ဟင့်အင်း၊ သူဘာမှမလုပ်ခဲ့ဘူး။ သူအမြဲပြောတတ်တဲ့စကားတစ်ခွန်းရှိတယ်။ ကျွန်တော် လက်ဖျားနဲ့တောင် မတို့ခဲ့ပါဘူးတဲ့။ ဒါပေမဲ့ဗျာ၊ လူ့ယဉ်ကျေးတို့ အသိုင်းအဝိုင်းက တရား ဥပဒေ ဘက်တော်သားပါဆိုတဲ့ အဖွဲ့လိုက်ကြီးက သူ့ကို သံတိုင်တွေနောက်ပို့ခဲ့တယ်။ ဒီကောင်လေးက တီဗီမင်းသားပေါ့လေ။ မသိတဲ့သူမရှိ။ ရဲတပ်ဖွဲ့ဝင်ဆိုတဲ့အကောင်တွေတိုင်း သူ့ကိုမြင်ရင် သင်္ကာမကင်းဖြစ်၊ အနိုင်သွားကျင့်ချင်တဲ့ ခွေးစိတ်တွေပေါက်လာကြရော။ သူ့ကိုစွပ်စွဲခဲ့တဲ့အမှုက ကြီးကျယ်လွန်းတော့ မှုခင်းတီဗီမှာ မသိသူမရှိတဲ့ကောင်လေး။ ဒီတော့ ကြက်သီးထလောက်စရာ ပြစ်မှုကြီးရဲ့တရားခံက တရားဥပဒေဘက်တော်သားပါဆိုတဲ့ကောင် တွေအပေါ် ငါးသလောက်ပြုံး ပြုံးနေတဲ့အချိန် ဒီလူငယ်လေးက လေးဘက်လေးတန် သံတိုင် တွေကြားမှာ။ထောင်ထဲမှာ အနိုင်ကျင့်ရမ်းကားမှုတွေကြား ဒီလူငယ်လေး ကြမ်းတမ်းလာတယ်။ လူဆိုးရင့်မာ ကြီးတွေကိုယ်တိုင် လက်ရှောင်ရတဲ့ ဖိုက်တာအကြမ်းစားကြီး။ အခန်းဖော်ကို ပြဿနာရှာလို့ မျက်လုံးတစ်ဖက် ဖောက်ထုတ်ပစ်လိုက်တာ သူ့ကို ဒဏ္ဍာရီမှာ မျက်လုံးတစ်လုံးပဲရှိတဲ့သတ္တဝါ ရဲ့ အမည်ဝိုင်းပေးလိုက်ကြတယ်။ ဆိုက်ကလော့ပ်ကြီးတဲ့။တစ်ခါကလည်း သူ့အတွက် ထောင်ထမင်းကို တမင်ညစ်ပြီး မကျွေးတဲ့ထောင်စောင့်တစ်ယောက်ကို ခေါင်းရိုက်ခွဲလိုက်တာ နှစ်လလောက် ကိုးမားဝင်သွားသတဲ့။ ...
movie
The Free World (2016)
2016
6.6
Causeway(2022)
IMDb 6.6 Rotten Tomatoes 87%မင်းသမီး ဂျနီဖာလောရန့်စ်ရဲ့ ရုပ်ရှင်အသစ်တစ်ကားကို Apple TV ကနေ တင်ဆက်လိုက်ပါပြီ။အာဖရန်နစ္စဂန်က စစ်တပ်မှာတာဝန်ထမ်းဆောင်ရင်း ပေါက်ကွဲမှုထဲကိုယ်တိုင်ပါဝင်သွားခဲ့တဲ့ လင်စီက ဆေးခွင့်နဲ့ မွေးရပ်မြေဆီပြန်ရောက်လာခဲ့ပါတယ် ဦးနှောက်သွေးယိုစီးမှုခံစားနေရတဲ့သူမ ဆေးလည်းတစ်ဖက်ကုရင်း သူမပြန်သွားချင်တဲ့အလုပ်ခွင်ထဲပြန်ရောက်ဖို့ကြိုးစားနေသူပေါ့... ဂျိမ်းကတော့ ကားပြင်ဆရာပါလင်စီ့ကားကိုပြင်ပေးရင်း သူတို့နှစ်ယောက်ရင်းနှီးသွားတော့ တစ်ယောက်အကြောင်းတစ်ယောက်ရင်ဖွင့်ရင်း ဂျိမ်းမှာလည်းသူမလိုဖြစ်ရပ်ဆိုးရှိနေမှန်းသိသွားခဲ့တယ် ဒီလိုနဲ့ ခံစားချက်တူလူနှစ်ယောက်အချင်းချင်းဖေးမရင်း သူတို့သာမန်ဘဝကိုပြန်သွားကြပုံတွေကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာပဲဖြစ်ပါတယ် File size…(1.3GB) / (668MB) / (454MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:32:00 Genre... Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Yunni
movie
Causeway(2022)
4.4
When Will I Be Loved (2004)
When Will I Be Loved (2004) - 18+ =====================(၂၀၀၄)ခုနှစ်ကထွက်ရှိခဲ့တဲ့ လူစုကြည့်ရမယ့်ဇာတ်ကားလေးလာပါပြီ။ ငွေသာလျှင် ဘုရားသခင် ငွေရဖို့ဘာမဆိုလုပ်မယ်ဆိုတဲ့ Ford၊ ဥစ္စာပေါ ရုပ်ချောလက်ညှိုးညွှန်ရေဖြစ်နေတဲ့ အချစ်ငတ်နေသူ Vera၊ ချစ်သူဖြစ်သူ Ford ရဲ့ တန်ဖိုးထားခြင်းမခံရပဲ အချစ်ငတ်နေရသူ Veraလေး အချစ်ကို လိုက်ရှာနေလိုက်တာ ကျားမမရွေးတဂျိန်းဂျိန်းလေးနဲ့ပေါ့။ ငွေရဖို့ဆိုဘာမဆို လုပ်မယ့် Ford ကလည်း ဒေါ်လာတစ်သိန်းလေးအလွယ်လေးပိုက်ဖို့အတွက် ချစ်သူ Vera လေးကို Court ဆိုတဲ့မြက်နုကြိုက်တဲ့ဘိုးတော်နဲ့တွေ့ပေးဖို့ ကြံလာတော့။ ယောကျ်ားသားတွေလည်တယ်ဆိုတာ မိန်းမတွေအိပ်သလောက်ပဲ ရှိတဲ့အကြောင်းရိုက်ပြထားတဲ့ မဂျိန်းတဂျိန်းအခန်းများနဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Chit Tee ဖြစ်ပါတယ်)File Size - (1.7 GB) / (674 MB) / (420 MB) Quality – Web-DL 1080p / 720p / 480p Duration - 1Hr 21mins Subtitle – Myanmar Hardsub Format ...
movie
When Will I Be Loved (2004)
2004
7.8
BlacKkKlansman (2018)
ဒီဇာတ်လမ်းလေးကတော့ ၁၉၇၀အစောပိုင်းက အမေရိကန်နိုင်ငံကော်လိုရာဒိုပြည်နယ်ရဲ့ ကော်လိုရာဒိုစပရင်းမြို့ရဲဌာနမှာပထမဦးဆုံး တာဝန်ထမ်းဆောင်နိုင်ခဲ့တဲ့အာဖရိကန်-အမေရိကန် နီဂရိုးစုံထောက်တစ်ယောက်ဖြစ်တဲ့ရွန် စတောလ်ဝေါ့ရဲ့ ဖြစ်ရပ်မှန်ကိုရိုက်ကူးပုံဖော်ထားတာပါ...အဲ့ခေတ်အခါက လူမည်းတွေနဲ့ တခြားမျိုးနွယ်ဝင်တွေ(ဥပမာ - ဂျူးလူမျိုးများ)ကို ခွဲခြားဆက်ဆံပြီးလူဖြူမျိုးနွယ်တွေသာမြင့်မြတ်သည်ဟု ခံယူထားကြသည့်"Ku Klux Klan" လို့အမည်ရတဲ့ လူဖြူဝါဒကြီးစိုးရေးအဖွဲ့လဲပေါ်ပေါက်လျက်ရှိပါတယ်...ဒီရုပ်ရှင်ထဲမှာတော့ နီဂရိုးလူမျိုးတစ်ယောက်ဖြစ်တဲ့ ရွန် စတောလ်ဝေါ့အနေနဲ့သူ့ရဲ့လုပ်ဖော်ကိုင်ဘက်ဖြစ်တဲ့ ဂျူးအနွယ်ဝင် ဖလစ် ဇင်မာမန်းနဲ့အတူ"KKK" အဖွဲ့ထဲ ဘယ်လို လျှို့ဝှက်အသွင်ပြောင်းဝင်ရောက်ပြီးတော့အဖွဲ့ရဲ့သတင်းအချက်အလက်တွေကို ရယူမလဲဆိုတာကို ကြည့်ရှုခံစားရမှာပါ...ထိုခေတ်အခါက အမေရိကန်နိုင်ငံမှာနေထိုင်တဲ့ လူဖြူမဟုတ်တဲ့မျိုးနွယ်ဝင်တွေဖြစ်ကြတဲ့ နီဂရိုးလူမည်းတွေနဲ့ တခြားအနွယ်ဝင်တွေဘယ်လိုဒုက္ခခံစားရတယ်ဆိုတာကိုလဲ တွေ့မြင်နိုင်ပါသေးတယ်...(အညွှန်းနဲ့ဘာသာပြန်ကတော့ MiKi ပဲဖြစ်ပါတယ်....) File Size : (1 GB) and (311 MB) Quality : WEBDL ...
movie
BlacKkKlansman (2018)
2018