Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Fred Wood
7.2
Willow(1988)
Willow (1988)Old but Gold, ရှင်ရှင်ကားဟောင်း တစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ The Lord of the Rings တို့လို့ ရုပ်ရှင်ကားကောင်းတွေ မထွက်ခင်က ၁၉၈၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ အတော်လေးကြည့်ကောင်းတဲ့ Fantasy, Adventure ရုပ်ရှင်ကားတစ်ကားပါ။ ၁၉၈၈ ခုနှစ်က ထွက်ခဲ့တာမို့လို့ ဒီဖက်ခေတ်နဲ့ ပြန်ကြည့်ရင် အထူးပြုလုပ်ချက် လိုအပ်ချက်တွေ၊ ဇာတ်လမ်းလိုအပ်ချက်တွေ ရှိကောင်းတော့ ရှိနိုင်ပါတယ်။ ဒါပေမယ့် Fantasy, Adventure ရုပ်ရှင်ကြိုက်သူတွေအတွက်တော့ ကြည့်ရကျိုးနပ်မှာပါဇာတ်လမ်းအကျဉ်းကတော့ မှော်ပညာတွေ၊ နတ်သမီးတွေ၊ ဘီလူးတွေ၊ ကျိန်စာတွေ၊ လူပုလေးတွေ၊ ငလက်မလေးတွေ အမှန်တကယ် တည်ရှိတဲ့ စိတ်ကူးယဉ်လောကကြီးတစ်ခုထဲမှာ ဝီလို ဆိုတဲ့ လူပုလေး တစ်ယောက် နေထိုင်ပါတယ်။ သူက မှော်ဆရာအရမ်းဖြစ်ချင်နေတဲ့ သာမန်လယ်သမားလေးတစ်ယောက်ပါ။ ဒီလိုနဲ့ ဒိုင်ကီနီမျိုးနွယ်က ကလေးတစ်ယောက် မြစ်ထဲကနေ မျောလာပြီး သူ့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတယ်။ ထိုကလေးကတော့ မကောင်းတဲ့ မှော်ဆရာမ ဘုရင်မကြီး ဘက်ဗ်မော်ဒါကို ဖြုတ်ချမယ်လို့ နိမိတ်ဖတ်ခြင်းကို ခံရလို့ ဘုရင်မကြီး ...
movie
Willow(1988)
8.6
Star Wars: Episode IV – A New Hope (1977)
Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ...
movie
Star Wars: Episode IV – A New Hope (1977)
4K HEVC
7.1
Nineteen Eighty-Four (1984)
1984(1984) ======== IMDb Rating .... 7.1/101984ရုပ်ရှင်ဟာ စာအုပ်ကိုအရမ်းသစ္စာရှိတဲ့ ရုပ်ရှင်လို့ဆိုကြတော့ နိုင်တီးအိတ်တီဖိုးရဲ့ မူလစာရေးဆရာဖြစ်တဲ့ ဂျော့အော်ဝဲလ် အကြောင်းပြောတာပဲ ပိုကောင်းပါမှာပါပဲ။ ဂျော့အော်ဝဲလ်ဟာ မြန်မာပြည်မှာ နေသွားဖူးခဲ့တဲ့ ကမ္ဘာကျော်ဂန္တဝင် စာရေးဆရာ၊ မြန်မာပြည်နဲ့ပက်သက်တဲ့ Burmese Daysလို့ခေါ်တဲ့စာအုပ်ကိုလည်း ရေးခဲ့ဖူးတယ်။ ပဝေဏသီကတည်းက သခင်ဘသောင်းဘာသာပြန်ထားတဲ့ ဂျော့အော်ဝဲလ်ရဲ့ ခြေလေးချောင်းတော်လှန်ရေးခေါ် Animals Farmကို စာပေနဲ့မစိမ်းတဲ့သူတွေ ဖတ်ဖူးကြမှာပါပဲ။ ထိုစာအုပ်မှာလည်း အော်ဝဲလ်ဟာ လက်ဝဲစနစ်ထဲက လျှိုဝင်လာတဲ့ အာဏာရှင်ဝါဒကို သရော်စာဆန်ဆန် ပုံဖော်ထားခဲ့တယ်။ ဒီ1984ကတော့ သူ့ရဲ့Classicတန်းဝင်လက်ရာ မာစတာပိစ်တစ်ပုဒ်ကို ပြန်ရိုက်ထားတာပါ။၁၉၈၄ဟာ ကမ္ဘာကြီးကိုပြောင်းလဲစေခဲ့တဲ့ စာအုပ်တစ်အုပ်လို့လည်းဆိုကြတယ်။ ဒီရုပ်ရှင်ဟာလည်း စာအုပ်ကိုသစ္စာရှိစွာနဲ့ ရိုက်ထားတယ်လို့ ဝေဖန်ရေးသမားများက ဆိုပါတယ်။ ဂျော့အော်ဝဲလ်ဟာ ဆိုရှယ်လစ်တစ်ယောက်ပေမဲ့ သူ့စာတွေဟာ သူပြောသလို အနုပညာရော နိုင်ငံရေးရော ပါဝင်နေတဲ့ အကောက်အယူလွဲကြတဲ့အခါ သူ့စာတွေကို ဆိုရှယ်လစ်ကိုဖိနှိပ်ဖို့ အသုံးခံခဲ့ရတဲ့အထိဖြစ်ခဲ့တယ်။ သူ့တစ်ချို့စာတွေဟာ ခေတ်ရှေ့ပြေးလွန်းတာကြောင့် ဖော်ပြဖို့ငြင်းခဲ့တဲ့သူတွေတောင် နောက်ပိုင်းနှစ်အတော်ကြာမှာ ပြန်တောင်းပန်ခဲ့ရတယ်။ သူဟာ နိုင်ငံရေးရည်မှန်းချက်နဲ့ အနုပညာရည်မှန်းချက်ကို ပေါ်လွင်အောင်ရေးချင်ခဲ့တဲ့သူပါ။ ၁၉၃၆ခုနှစ်ကတည်းကစ သူအလေးအနက်ရေးတာမှန်သမျှဟာ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ အကြွင်းမဲ့အာဏာရှင်စနစ်ကို ဆန့်ကျင်တာနဲ့ ဒီမိုကရက်တစ်ဆိုရှယ်လစ်စနစ်ဘက်က ...
movie
Nineteen Eighty-Four (1984)
7.4
[James Bond] From Russia with Love (1963)
***Channel Myanmar အနေနဲ့ James Bond ဇာတ်ကားတွေကို BluRay 1080p 5.1 CH Quality နဲ့စာတန်းထိုးကအစ ပြန်လည်ပြုပြင်ပြီးအကောင်းဆုံးဖြစ်အောင် တင်ဆက်သွားမှာ ဖြစ်ပါတယ်….https://channelmyanmar.to/category/007/ ဒီလင့်မှာ တင်ပြီးသမျှကို ဝင်ကြည့်လို့ရပါတယ်။***+++++++++++++++++++မင်းသားကြီးရှောင်ကွန်နရီရဲ့ ၂ ကားမြောက် ဂျိမ်းစ်ဘွန်းဇာတ်ကားဖြစ်ပါတယ်။သိကြတဲ့အတိုင်း ရှောင်ကွန်နရီဆိုရင် ဂျိမ်းစ်ဘွန်းနဲ့ပဲ တွဲမြင်တဲ့အထိ သက်ဝင်အားကောင်းခဲ့ပါတယ်။သူ့ရဲ့ဘွန်းကားတွေဟာ စမတ်ကျတဲ့အပြင် ရယ်စရာ ထေ့လုံး လှောင်လုံးတွေအများဆုံးပါဝင်တာကြောင့်ဘွန်းအဆန်ဆုံးကားတွေလို့ ပြောလို့ရပါတယ်။Action သီးသန့်မဟုတ်ဘဲ ဘက်ပေါင်းစုံက တင်ဆက်ထားနိုင်ပြီးသူ့ခေတ်မှာ အတော်ကို အံ့ဩရတဲ့ ဖန်တီးမှုတချို့ပါတင်ဆက်နိုင်ခဲ့ပါတယ်။ဒီဇာတ်ကားကတော့ IMDb Rating (7.4/10) ရရှိထားပါတယ်။ File size…(2.2 GB) Quality….BluRay HEVC 1080p Format…mkv Duration….01:55:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Zuel Khant Thwin
movie
[James Bond] From Russia with Love (1963)
HEVC 1080p