Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Fred Keating
The Santa Clause 2 (2002)
ဒီတစ်ခါမှာတော့ Walt Disney က ထုတ်လုပ်ရိုက်ကူးတဲ့ The Santa Clause 2ကိုတင်တက်ပေးချင်ပါတယ် The Santa Clause (1994)ရဲ့အဆက်ဖြစ်ပါတယ်ဒီဇာတ်ကားမှာတော့ ဆန်တာကလော့ဖြစ်သွားတဲ့ စကော့တစ်ယောက် ဆန်တာအဖြစ်မှအနားယူရမယ့်ပြဿနာတစ်ခုပေါ်ပေါက်လာပါတော့တယ် အဲ့ဒါကတော့ ခရစ္စမတ်အကြိုညမတိုင်မီ မိန်းမရှာပုံတော်ဖွင့်ရမှာပါ အချိန်မီမရှာနိုင်ရင် အစွမ်းတွေအားလုံးပျောက်သွားမှာဖြစ်ပြီး ဆန်တာအဖြစ်မှာရပ်စဲသွားမှာဖြစ်ပါတယ် အချိန်ကလည်းအရမ်းကပ်နေပြီဖြစ်ပြီး 28ရက်ခန့်သာလိုတော့တာပါအဲဒါကြောင့် သူ့ရဲ့လက်ထောက်နတ်သူငယ်လေးဖြစ်တဲ့ ကားတစ်ဟာ သူတီထွင်ထားတဲ့စက်ယန္တရားကြီးကိုအသုံးပြုပြီး စကော့နဲ့တစ်ထေရာတည်း ရုပ်ချင်းဆင်တဲ့ အရုပ်ဆန်တာကြီးကိုတီထွင်လိုက်ပါတယ် စကော့ဟာ အဲ့ဒီအရုပ်ဆန်တာကြီးကို သူ့အနေနဲ့ဟန်ဆောင်အဖြစ်ထားခဲ့ပြီး သူကတော့နေအိမ်ကိုပြန်လာကာ မိန်းမရှာပုံတော်ဖွင့်ပါတော့တယ်ဒါပေမဲ့ အရုပ်ဆန်တာကြီးက ထင်ထားသလိုမဟုတ်ဘဲ "ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်"ဆိုသလိုပဲ ကားတစ်ကိုယ်တိုင်မထိန်းနိုင်တော့တဲ့အထိ သောင်းကျန်းပါတော့တယ်စကော့တစ်ယောက် အချိန်မီမိန်းမရှာရမှာကတစ်ကြောင်း သူ့နေရာအစားထိုးဝင်နေတဲ့အရုပ်ဆန်တာကသောင်းကျန်းနေတာကတစ်ကြောင်းနဲ့ ဘယ်လိုတွေဖြေရှင်းရဦးမလဲဆိုတာကြည့်ရှုရမှာဖြစ်ပါတယ် Disney ရဲ့ထုံးစံအတိုင်း လှလှပပရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ် File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Drama, Comedy, Family, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie
The Santa Clause 2 (2002)
7.4
Miracle (2004)
ဒီတစ်ခေါက်မှာတော့ IMDB 7.4/10, Rt 81% ရရှိထားတဲ့ ဖြစ်ရပ်မှန် Sport/Drama ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၁၉၈၀ ဆောင်းရာသီအိုလံပစ်အားကစားပွဲက အမေရိကန် ဟော်ကီအသင်းရဲ့ နည်းပြတစ်ယောက်အကြောင်း အခြေတည်ရိုက်ကူးထားတဲ့ ဒီကားလေးထဲမှာ မင်းသားကြီး Kurt Russell က နည်းပြဟာ့ဘ်အဖြစ်နဲ့ အခြားဟော်ကီကစားသမားပေါင်းများစွာက ပါဝင်အားဖြည့်ထားကြပါတယ်။၁၉၆၀ နောက်ပိုင်းကစလို့ အိုလံပစ်အားကစားပွဲတွေမှာ အမေရိကန်က ဆိုဗီယက်ကို နှစ်တိုင်း ရှုံးနိမ့်ခဲ့ပါတယ်။ နှစ် ၂၀ လုံး ရှုံးနိမ့်ခဲ့ပြီးနောက်မှာတော့ အပြောင်းအလဲတစ်ခုအဖြစ် နည်းပြဟာ့ဘ်ကို အိုလံပစ်ဝင်ဖို့ အသင်းတစ်သင်း ဖွဲ့စည်းစေခဲ့ပါတယ်။ နောက်ခံအသီးသီးက တက္ကသိုလ်အသင်းတွေ၊ ချန်ပီယံရှစ်အသင်းတွေမှာပဲ ပြိုင်ဖူးတဲ့သူတွေနဲ့ အပျော်တမ်းကစားသမားလေးတွေကို နည်းပြ စိတ်ကြိုက်ရွေးချယ်ပြီး အမေရိကန်ကိုယ်စားပြုအသင်းအဖြစ် ဖွဲ့စည်းရာမှာ လူငယ်လေးတွေဖြစ်တာကြောင့် ကျောင်းတော်က ရန်စတွေနဲ့ အချင်းချင်းမတည့်ကြ၊ ရန်ဖြစ်ကြ၊ ထိုးကြ ကြိတ်ကြနဲ့ ပြဿနာမျိုးစုံတက်နေခဲ့ပေမဲ့ နည်းပြ ဟာ့ဘ်ကတော့ အရေးမထားခဲ့ပါဘူး။ သူ့နည်းသူ့ဟန်နဲ့ နည်းပြရင်း ...
movie
Miracle (2004)
The Core (2003)
ယခုတင်ဆက်ပေးမှာကတော့ အမေရိကန် ဟောလိဝုဒ်က ရိုက်ကူးတင်ဆက်ထားတဲ့ ကမ္ဘာပျက်ကားတစ်ခုဖြစ်ပါတယ်။ဟုတ်ပါတယ်။ ကမ္ဘာကြီးပျက်တော့မှာကို အမေရိကန်ပညာရှင်တွေကပဲ ဦးစွာသိပါတယ်။ သူတို့နဲ့ ကမ္ဘာပေါ်က ထိပ်တန်းပညာရှင်တွေပေါင်းပြီး ကမ္ဘာပျက်ကိန်းကို ဖြေရှင်းဖို့ အဖြေရှာကြပါတယ်။ အကောင်အထည်ဖော်တော့ အမေရိကန်ပညာရှင်က ပရောဂျက်ခေါင်းဆောင်ပေါ့လေ။ဒါတွေက မထူးခြားနားတဲ့ ဖန်တရာတေ မွဲပြာပုဆိုးတွေပါ။ ဒါပေမဲ့ ဖန်တရာတေဇာတ်ကားတွေကို မက်မက်မောမောကြည့်ကြတဲ့ အကြောင်းအရင်းကလည်း ရှိပါတယ်။ ဇာတ်လမ်းခိုင်မာတာ၊ ကမ္ဘာပျက်ရမယ့်အကြောင်းအရင်းက ယုတ္တိရှိပြီး စနစ်တကျ တွက်ချက်ထားတာ၊ ဇာတ်ကောင်စရိုက်ပီပြင်တာ၊ လူ့သဘော လူ့သဘာဝကို မီးမောင်းထိုးပြနိုင်တာ၊ အစရှိသဖြင့်ပေါ့လေ။ အသံစနစ်နဲ့ ရုပ်ထွက်ပိုင်း၊ ကွန်ပျူတာအထူးပြုလုပ်ချက်တွေကလည်း အစစ်လို့ မှတ်ထင်ခံစားသွားရလောက်အောင် ပြောင်မြောက်ပေတာကိုး။ကမ္ဘာကြီးက အူတိုင်မှာ လည်ပတ်နေတဲ့ သံချော်ရည်ပူကြီးကြောင့် လျှပ်စစ်သံလိုက်စက်ကွင်းဖြစ်တည်လာပြီး ကမ္ဘာကို ကာကွယ်ပေးထားပါတယ်။ သံလိုက်စက်ကွင်းက လူသားတွေ မခံနိုင်တဲ့ ပတ်ဝန်းကျင်အခြေအနေတွေ ဖြစ်မလာနိုင်အောင် တားဆီးထားနိုင်သလို ကမ္ဘာတဝှမ်းလုံးမှာရှိတဲ့ လျှပ်စစ်ပစ္စည်း၊ လမ်းကြောင်းပြစနစ်တွေကလည်း အဲဒီသံလိုက်စက်ကွင်းကို မှီခိုနေရတာပါ။အူတိုင်မှာ ချော်ရည်တွေ စက်ဝိုင်းပုံလည်ပတ်နေတာ ...
movie
The Core (2003)
7.5
North to Home (2022)
North to Home (2022) မြန်မာစာတန်းထိုး********************************** ဒီကားလေးက မိသားစုနဲ့ အတူကြည့်သင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဟန်နာ၊ ဘက်သ်နဲ့ ပိုစီဆိုတဲ့ ညီအစ်မ ၃ ယောက် အကြောင်းရိုက်ထားတဲ့ ဇာတ်ကားလေးပါ။တကယ်တော့ သူတို့ ကလေးဘဝက အင်မတန် ဆိုးရွားခဲ့ပါတယ်။ မိဘအရင်းတွေက တောင်တက်ပြီး နှင်းမုန်တိုင်းနဲ့ သေသွားခဲ့ကြတယ်။ အဲ့လိုနဲ့ သူတို့အမေအရင်းရဲ့ အချစ်ဆုံး ဆူဇန်းတို့ လင်မယားက မတော်တဆမှုက သူတို့ မပါလို့ ဖြစ်ရတာလို့ ကိုယ့်ကိုယ်ကို အပြစ်တင်ရင်း သူတို့လေး ၃ ယောက်ကို မွေးစားပြီး ပြုစုပျိုးထောင်ပေးခဲ့တယ်။ညီအစ်မ ၃ ယောက် အမေ့ရဲ့ အသက် ၆၀ ပြည့်မွေးနေ့ပွဲလေးလုပ်ဖို့ မိဘအိမ်ကို ပြန်လာကြတဲ့အခါ ဘယ်လို အခက်အခဲတွေ ဘယ်လို စိတ်ခံစားမှုတွေကို ကြုံတွေ့ရမလဲ။ဆောင်းတွင်းလေး စောင်ထဲကွေးပြီး ကြည့်ရင်း မျက်ရည်ကျရမယ့် ဇာတ်ကားလေးပါပဲ။ဒီကားလေးကို ကြည့်ရင်း “မိသားစု” တန်ဖိုးကို ...
movie
North to Home (2022)
2022
6.7
Final Destination (2000)
Final Destination(2000) IMDb......6.7/10 (Blu-Ray 1080p 5.1 CH,Blu-Ray 720p တို့ဖြင့် အရောင်အသွေးစုံလင်စွာဖြင့် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်….))Horror ကားကြိုက်နှစ်သက်သူတို့အဖို့ ကြည့်ဖူးသမျှထဲမယ် သူတို့ရဲ့ နှလုံးသည်းအူကို လှုပ်ရမ်းနိုင်တဲ့ ဇာတ်ကားများကို ပြောပါဆိုရင်Final Destination တွေကိုပြောကြမှာသေချာသလောက်ပါပဲ....ယ္ခုနောက်ပိုင်းထွက်တဲ့ horror ကားတော်တော်များများမှာ အထူးသဖြင့် Jump scare မျိုး ဝုန်းကနဲဒိုင်းခနဲ ခြောက်လှန့်တတ်တဲ့ ကားမျိုးတွေကို horror ကား ကြိုက်နှစ်သက်သူသူတို့အဖို့ ကြာလာတော့ အနည်းငယ်ရိုးအီလာသလိုပါပဲ.......Final Destination လို horror မျိုးကျတော့လည်း တကယ့်ကို သွေးပျက်ထိတ်လန့်စရာဖြစ်တဲ့အပြင်ကျောထဲစိမ့်နေအောင် ကြောက်နေရတာမျိုး....မင်း horror ဘယ်လောက် crazy ဖြစ်လဲဆိုတာကို Final Destination (1 to 5)ကို စဆုံးကြည့်ဖြစ်လားဆိုတာမျိုးနဲ့ ဆုံးဖြတ်ရလောက်အောင် သွေးပျက်ထိတ်လန့်စရာပါပဲ... ယ္ခုလည်း New Line Cinema ကFinal Destination Reboot ကိုစတင်လုပ်ဆောင်နေပြီလို့သိရပါတယ်။ဒီတော့ စဆုံးလေးကို ပြန်လည် ခံစားချင်သူများအတွက် အရည်အသွေးစုံလင်စွာဖြင့် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်..... --------------------------------------------------------- File Size : (1.6GB) and (856MB) Quality : Blu-Ray 1080p ...
movie
Final Destination (2000)
2000
7.0
Big Eyes (2014)
Big Eyes (2014) IMDb - 7.0/10_____Rotten - 72%ဒီကားရိုက်ရဲ့ ဒါရိုက်တာ Tim Burton ရိုက်ထားတဲ့ Big Fish, Alice In Wonderland, Edward scissorhands တို့ Charlie and the chocolate Factoryတို့လို ဇာတ်ကားကောင်းတွေကို ကြည့်ဖူးကြမှာပါ။ Tim Burtonရဲ့ ကားတွေဟာ ရိုက်ဟန်ထူးခြားပြီး ပစ်ရတဲ့ကားလည်း မရှိသလောက်ပါပဲ။ အခု Big Eye ကလည်း သူရိုက်ခဲ့တဲ့ Biography ကားတစ်ကားပါပဲ။အနုပညာဆိုတာ ကိုယ်ရေးကိုယ်တာ အရမ်းဆန်ပါတယ်။ ကိုယ်ပိုင်ခံစားချက်ကို စကားလုံး ရုပ်ပုံ နိမိတ်ပုံ သံစဉ် အစရှိသဖြင့်ကူးပြောင်းရတာမျိုးပါ။ နှလုံးသားထဲက ထွက်လာတယ်ဆိုလည်း မမှားဘူးပေါ့ဗျာ။Margaretဆိုတဲ့ ပန်းချီဆရာမ တစ်ယောက်ဟာ သူ့ခံစားချက်တွေကို ပန်းချီဆွဲတဲ့ အခါတိုင်း မျက်လုံးကို အရှိတရားထက် ကြီးအောင် ရေးဆွဲပြီး ခံစားချက်ပေါ်လွင်အောင် ဆွဲလေ့ရှိတယ်။ သူ့စကားအတိုင်းဆို " မျက်လုံးဆိုတာ စိတ်ဝိညာဉ်ရဲ့ ...
movie
Big Eyes (2014)
2014
6.2
Walking Tall (2004)
အက်ရှင်ကားကြိုက်တဲ့ပရိသတ်တွေအတွက် ဇာန်ကားကောင်းလေးတစ်ကားတင်ပေးလိုက်ပါတယ်Walking Tall ရုပ်ရှင်ဇာတ်ကားဟာ ၂၀၀၄ခုနှစ်ထွက် အက်ရှင်ဇာတ်ကားတစ်ကားဖြစ်ပြီး Imdb rating 6.2/10 ရရှိထားပါတယ်ပါဝင်သရုပ်ဆောင်ထားသူတွေကတော့ အက်ရှင်မင်းသားကြီးDwayne Johnson,မင်းသမီးချော Ashley Scott,မင်းသား Johnny Knoxville စတဲ့သူတွေဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ ဂုဏ်ထူးဆောင်စစ်သားဖြစ်ဖူးတဲ့ Chris Vaughn တစ်ယောက် ရာထူးကနေအနားယူပြီး မွေးရပ်မြေမြို့လေးမှာ ပြန်အခြေချနေထိုင်ခဲ့ပါတယ်။သူပြန်လာတဲ့အခါ တစ်မြို့လုံးမှာအကြီးဆုံးစီးပွားရေးက အရင်ကျောင်းနေဖက်တွေဖြစ်ခဲ့ဖူးတဲ့Jay Hamilton နဲ့ Ray Templeton တို့ဦးစီးလုပ်ကိုင်နေတဲ့ ကာစီနိုလောင်းကစားဝိုင်းကြီးဖြစ်နေခဲ့ပါတယ်။တစ်မြို့လုံးမှာ လောင်းကစား အရက် ဆေး စသည်ဖြင့်မကောင်းမှုမျိုးစုံနဲ့ပြည့်နေတာကိုမြင်နေရတဲ့အခါ Chris တစ်ယောက် ရဲတွေကိုယ်စား သူ့လက်နဲ့ဖြေရှင်းပါတော့တယ်။သူတစ်ကယ်ပဲဖြေရှင်းနိုင်ပြီး အရင်ကလိုကောင်းမွန်တဲ့မြို့လေးပြန်ဖြစ်အောင်လုပ်နိုင်မှာလား....ဘယ်လို ပြဿနာတွေကြုံတွေ့ရမှာလဲဆိုတာ စွန့်စားခန်းအပြည့်နဲ့ရိုက်ကူးထားတာမို့ အက်ရှင်ကားချစ်ပရိတ်သတ်တွေကြည့်ရှု့အားပေးလိုက်ပါဦး File Size : (750 MB) and (310 MB) Quality : Blu-Ray 720p Running Time : 1hr 26min Format : Mp4 Genre : Action, ...
movie
Walking Tall (2004)
2004