Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Franz Drameh
5.8
100 Streets (2016)
မိသားစုတိုင်း ၊ လူတိုင်းမှာ ဖြေရှင်းစရာပြဿနာကိုယ်စီရှိကြပါတယ်။ တစ်ချို့ကျတော့လည်းဒီပြဿနာတွေ အရှုပ်ထုတ်တွေကြားထဲ နှစ်မွန်းရင်းတဝဲလည်လည်နဲ့ပဲ ဘဝကြီးကိုပြီးဆုံးသွားကြရတယ်။တစ်ချို့ကြတော့ ပြဿနာဖြေရှင်းပြီး လမ်းမှန်ပေါ်ကိုပြန်တက်လာနိုင်ကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ်သူတို့ကတော့ဘဝမှာကောင်းတာရော ဆိုးတာရောနှစ်ခုလုံးခံစားလိုက်ရတာဆိုတော့ တန်တယ်ပဲဆိုရမှာပေါ့။ဒီဇာတ်လမ်းမှာ မိသားစုသုံးစုရဲ့ အိမ်တွင်းရေးပြဿနာတွေကိုရိုက်ပြထားတာပါ။ အင်္ဂလန် ရပ်ဂ်ဘီဘောလုံးကပ္ပတိန်ဟောင်းဖြစ်တဲ့ မက်စ်မိုးက အရင်ကအရမ်းတော်ခဲ့သလောက်အခုချိန်မှာ မိန်းမ နဲ့လည်းအဆင်မပြေ၊စီးပွားရေးဆိုတာကလည်း လက်ကျန်ဂုဏ်ရှိန်လေးနဲ့လုပ်စားနေရတယ်၊ ဒီကြားထဲ မိန်းမဖြစ်သူနဲ့ရောသားသမီးတွေနဲ့ပါ ခဏတာခွဲနေရတယ်။ နောက်မိသားစုတစ်ခုကျောင်းတွင်း ရပ်ဂ်ဘီဘောလုံးအသင်းရဲ့ လေ့ကျင့်ရေးဆရာလည်းဖြစ် အငှားကားမောင်းသူလည်းဖြစ်တဲ့ ဂျော့၊သူတို့မိသားစုကတော့ ကလေးအရမ်းလိုချင်ကြတယ်၊နောက်တစ်ယောက်တော့ မူးယစ်ဆေးရောင်းတဲ့ဘဝကြီးကိုစိတ်ကုန်နေတဲ့ ကင်းစ်လေ၊ မူးယစ်ဆေးလောကဆိုတာကဝင်ပြီးရင်ပြန်ထွက်ဖို့ခက်တယ်ေလ၊ တစ်ခါထောင်ကျဖူးတဲ့အပြင် မိခင်ဖြစ်သူ လည်းစိတ်မဆင်းရဲစေချင်တဲ့အတွက်ဒီလောကကနေထွက်ဖို့နည်းလမ်းရှာနေတယ်၊ သူတို့တွေအကုန်လုံး ဒီပြဿနာဆီကနေဘယ်လိုဖြေရှင်းပြီးရုန်းထွက်နိုင်မလားဆိုကတော့ဆက်လက်ကြည့်ရှုပေးပါဦး။ File size…1.40GB / 686MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 33m Genre ….. Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie
100 Streets (2016)
6.5
Hereafter (2010)
Hereafter (2010)ဒီကားလေးကတော့ Fantasy Romance အမျိုးအစား ဒရာမာကားကောင်းလေးပါ။ Director ကလည်း စွယ်စုံရ အကျော်အမော်တစ်ပါးဖြစ်တဲ့ Clint Eastwood ဖြစ်ပါတယ်။ အဓိက သရုပ်ဆောင်ကလည်း Matt Damon ဖြစ်တဲ့အပြင်ကို အော်စကာမှာလည်း CGI ဆု ဆန်ခါတင်ဝင်ခဲ့သေးတာမို့ အရွေးမမှားစေမယ့်ကားကောင်းတစ်ကားပါပဲ။ဇာတ်လမ်းလေးက တမလွန်အကြောင်းကိုအခြေခံရိုက်ကူးထားတာပါ။ တမလွန်ဆိုတဲ့အရာကို လူတိုင်းပြောဖို့ကြောက်လန့်ကြတယ် ဆန့်ကျင်ကြတယ်တဲ့။ ဒီကားထဲမှာတော့ တမလွန်ကို ဆိတ်ငြိမ်အေးချမ်းတဲ့ ဗလာနယ်လို တင်ဆက်ထားပါတယ်။ဇာတ်လမ်းကိုတော့ တစ်နိုင်ငံစီမှာနေနေကြတဲ့ တမလွန်ကိုဆက်သွယ်နိုင်တဲ့အမေရိကန်တစ်ယောက်ရယ်၊ လတ်တလောမှ သေရွာကနေပြန်လာနိုင်ခဲ့တဲ့ ပြင်သစ်သတင်းကြေညာသူရယ်၊ အမြွာအစ်ကိုကိုဆုံးရှုံးထားခါစ လန်ဒန်ကကောင်လေးတစ်ယောက်ရယ် သူတို့သုံးယောက်ကိုအခြေတည်ထားပြီး မျဥ်းပြိုင်လိုဖြစ်နေတဲ့ သူတို့တွေရဲ့ဘ၀တွေက ဘယ်နေရာမှာဆုံစည်းကြမလဲ... ဘာအကြောင်းကြောင့်လဲ... ဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.55GB, 1.2GB Quality - 1080p, 720p IMDb Rating - ...
movie
Hereafter (2010)
2010
6.7
Attack the Block (2011)
ပရိသတ်ကြီးကို 2011 ကထွက်ရှိခဲ့တဲ့ Attack The Blockဆိုတဲ့ရုပ်ရှင်ကားလေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ဒီကားကတော့လူငယ်တွေပေါင်းပြီးအကောင်တွေကိုဆော်တာ ၊အမျိုးအမည်မသိသတ္တဝါတွေ ကမ္ဘာပေါ်ကျရောက်လာတာ ဂြိုဟ်သားကျူးကျော်တဲ့ကားတွေကြည့်ချင်သူတွေအတွက်တော့ အရွေးမမှားသင့်တဲ့ကားတစ်ခုပါ။ ဇာတ်လမ်းကတော့ ဒီလိုစပါတယ်။လန်ဒန်တောင်ပိုင်းက ဘရစ်စတွန်လို့ခေါ်တဲ့ မြို့ငယ်တစ်ခုမှာ တိုက်ခန်းတွဲကြီးတစ်ခုရှိပါတယ်။အဲ့ပတ်ဝန်းကျင်တစ်ဝိုက်မှာတော့ မိုးဇက် ၊ ပက်ဇ် ၊ ဂျရုန်း ၊ ဘစ်ဇ် ၊ ဒန်းနစ်လို့ခေါ်တဲ့ကလေးတစ်အုပ်ပါဝင်တဲ့ BLOCK အမည်ရအဖွဲ့က ဉာဉ့်နက်သန်းခေါင်တွေကျ ရပ်ကွက်ထဲကျင်လည်ရင်း ကြုံရင်ကြုံသလို ခိုးဆိုးလုနှိုက်နေတတ်ကြတဲ့ ကလေးတွေပါ။တစ်ရက်မှာ အလုပ်ကပြန်လာတဲ့ဆမ်ဆိုတဲ့ သူနာပြုမလေးကို ဓားပြတိုက်နေကြတုန်း သူတို့နားကကားတစ်စီးဆီ ကောင်းကင်ပေါ်ကမီးလုံးကြီးတစ်ခုကျလာပါတယ်။ပစ္စည်းတစ်စုံတစ်ရာ ရလိုရငှားသွားကြည့်တော့ မျောက်ဝံသဏ္ဍာန်ကိုယ်ထည်နက်မှောင်နေတဲ့ အမျိုးအမည်မသိသတ္တဝါတစ်ကောင်က သူတို့ကိုရန်ပြုတိုက်ခိုက်ခဲ့ပါတယ်။မိုးဇက်တို့အဖွဲ့လည်း အခဲမကျေထိုသတ္တဝါကိုလိုက်လံနှိမ်နင်းပြီး ပိုက်ဆံရမယ်အထင်နဲ့ အကောင်သေကိုပြန်သယ်လာခဲ့ပါတယ်။ အကောင်ကိုတိုက်ခိုက်နိုင်ခဲ့လို့ပျော်ရွှင်မြူးထူးနေကြပေမဲ့ ပြဿနာက ဒီမှာတင်မဆုံးသေးပါဘူး။နောက်ထပ်အကောင်ပေါင်းမြောက်မြားစွာက သူတို့မြို့ကိုထပ်မံရောက်လာခဲ့ပါတယ်။ဒါပေမဲ့ ပွဲတော်ညဖြစ်ပြီးမီးရှူးမီးပန်းတွေ ဖောက်နေကြလို့ တခြားသူတွေအပြင် ရဲတွေတောင်ဒါကိုသတိမထားမိပါဘူး။တစ်ဖက်ကလည်း ဓားပြမှုကြောင့်ရဲလက်ကပြေးရင်းနဲ့ အကောင်တွေနဲ့ထပ်မံရင်ဆိုင်ရပါတော့တယ်။ ဒီလိုလူမသိ သူမသိကြားက အကောင်တွေကိုရင်ဆိုင်တိုက်ခိုက်နေရရင်း ထိုညအဖို့ အသက်ဘေးကနေဘယ်လိုလွတ်မြောက်အောင် ကြိုးစားကြမလဲ။ အကောင်တွေကိုအပြတ်ရှင်းပြီး သူတို့နေရာကို ...
movie
Attack the Block (2011)
6.0
Max Cloud(2020)
Max Cloud(2020)အက်ရှင်မင်းသားကြီး Scott Adkins ရဲ့ ကားသစ်ထွက်ရှိလို့လာပါပြီ...၁၉၉၀ခုနှစ်က ဗီဒီယိုဂိမ်းတွေခေတ်စားတဲ့အချိန်ပေါ့...Brooklynမြို့က ဆယ်ရာဆိုတဲ့ကောင်မလေးကလည်း လူငယ်ပီပီ ဂိမ်းစွဲတဲ့သူပါ....တစ်နေ့တော့ သူနှိပ်နေကျဂိမ်းထဲက “အာကာသစုန်းမ”ရဲ့လက်ချက်ကြောင့် ဆယ်ရာတစ်ယောက် ဂိမ်းထဲကိုဝင်သွားပါတယ်....အပြင်လည်းထွက်လို့မရ၊ သူဝင်သွားတဲ့ဇာတ်ကောင်နေရာကအသက်တစ်ချောင်းပဲကျန်တော့တဲ့အတွက် ဆယ်ရာဒုက္ခအကြီးအကျယ်ရောက်ပါတယ်...ဆယ်ရာရဲ့သူငယ်ချင်းကောင်းဘွိုင်က ဆယ်ရာ့ရဲ့ဂိမ်းဇာတ်ကောင်ကို ဆော့ပေးပြီးဆယ်ရာအပြင်ပြန်ထွက်ဖို့ “အာကာသစုန်းမ”ကိုရှာဖို့ ကြိုးစားကြပါတယ်....ဒီလိုကြိုးစားတဲ့အချိန်လူစွမ်းကောင်း ကပ္ပတိန် မက်စ်ကလောက်နဲ့တွေတဲ့အခါမှာတော့....ဘယ်လိုအန္တရယ်တွေက ကြိုဆိုနေမလဲ...တော်လှပါတယ်ဆိုတဲ့ ကပ္ပတိန်ကြီးကရောက်အကြမ်းစား ရန်သူတွေကိုနှိမ်နှင်းနိုင်ပါ့မလားဆိုတာကိုတော့....File Size :(1.55GB) and (830MB) Quality : Web-DL 1080P, 720p Format…mp4 Duration…01:28:00 Genre : Action, Comedy, Sci-F Subtitle : Myanmar Subtitle (Hard Sub) Translated by Khine Khine Wai & Ei Phyu Khin Encoded by Phyo Pyae
movie
Max Cloud(2020)
7.9
Edge of Tomorrow(2014)
Edge of Tomorrow(2014) ((Link အသစ်ပြန်ချိတ်ပေးရင်း 1080p BluRay 5.1 DTS နဲ့720p နှစ်မျိုးနဲ့ ပြန်လည်တင်ဆက်လိုက်သည်…))ဒီတစ်ခါတော့ Tom Cruise ရဲ့ Sci-Fi Action ဇာတ်ကားကောင်း တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၂၀၁၄ ရဲ့ ဇာတ်ကားကောင်း တွေထဲမှာ တစ်ကားအပါအဝင်ဖြစ်ပြီး ပရိတ်သတ် ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။ဇာတ်လမ်းကတော့ ဥရောပမှာ အမှတ်မထင်ပဲ အာကာသ ထဲက နေ ဂြိုလ်သားတွေရောက်လာတာက စတင်ပါတယ်။ ပြင်သစ်၊ ဂျာမဏီ၊ ချက်၊ အီတလီ၊ပိုလန် စတဲ့ နိုင်ငံတွေ ကျသွားပြီးနောက် အနောက်ဖက်မှာ အင်္ဂလန်နဲ့ အရှေ့ဖက်မှာ ရုရှားတို့ လောက်ပဲ ကျန်တော့ပါတယ်။ ငါးနှစ်အတွင်းမှာ စစ်ပွဲအချို့ ပြန်နိုင်လာသလို၊ ဂြိုလ်သားတွေကို နှိမ်နင်းဖို့ Armor တွေလည်း တီထွင်ခဲ့ပါတယ်။ ဒီလိုနဲ့ East ဖက်က ရုရှား နဲ့ တရုတ်၊ West ဖက်က အမေရိကန်နဲ့ ကျန် Allied တွေက ထိုးစစ်စင်ခဲ့ပြီး၊ နောက်ဆုံး စစ်ပွဲကို ရောက်လာပါတယ်။ဒီအချိန်မှာ Tom Cruise ...
movie
Edge of Tomorrow(2014)
2014