Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Franklin Dennis Jones
Catch That Kid (2004)
ဒီဇာတ်ကားလေးကတော့ Twilight Saga ထဲက နာမည်ကြီးမင်းသမီး Kristen Stewart ငယ်ဘဝတုန်းက ရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်လို့ သူလေးကို ကြည့်ရတာနဲ့တင် တန်နေပါပြီ။ဇာတ်လမ်းအကျဉ်းကတော့ မက်ဒီဟာ အဖေ့တူသမီးလို့ ပြောရလောက်အောင် တောင်တက်ရတာ အရမ်းဝါသနာပါပြီး သူ့မှာ အော်စတင်နဲ့ မက်စ်ဆိုတဲ့ အခင်ဆုံးသူငယ်ချင်းနှစ်ယောက်ရှိပါတယ်။ သူ့အဖေကတော့ တောင်တက်ဝါသနာရှင်ဖြစ်ပေမဲ့ ပေ ၂၀ အမြင့်ကနေ မတော်တဆပြုတ်ကျပြီးတဲ့နောက်မှာ ဝါသနာကို အပြီးတိုင်စွန့်လွှတ်လိုက်ပြီး သမီးဖြစ်သူ မက်ဒီကိုလည်း တောင်မတက်စေချင်ပါဘူး။ သူ့အမေကတော့ ဘဏ်တစ်ခုမှာ လုံခြုံရေးစနစ်ကို အလွတ်တန်း ဒီဇိုင်းဆွဲပေးတဲ့ပညာရှင်ပါ။တနေ့မှာတော့ သူ့အဖေက တောင်တက်တုန်းကရတဲ့ဒဏ်ရာကြောင့် အောက်ပိုင်းသေသွားခဲ့ပြီး ပြန်ကောင်းလာအောင် ခွဲစိတ်ဖို့ဆိုရင် ဒေါ်လာ ၂ သိန်းခွဲ ကုန်ကျမှာဖြစ်ကြောင်း သိလိုက်ရပါတယ်။ သာမန်မိသားစုထဲကဖြစ်တာကြောင့် ဒီလောက်ငွေပမာဏမရှိလို့ ခွဲစိတ်ဖို့ကို အမေဖြစ်သူ လက်လျှော့ဖို့ ဆုံးဖြတ်လိုက်တဲ့အခါ မက်ဒီအနေနဲ့ ကွန်ပျူတာကျွမ်းတဲ့ အော်စတင်၊ ပြိုင်ကားမောင်းကျွမ်းတဲ့ မက်စ်နဲ့ သူ့တောင်တက်အရည်အချင်းတို့ကို ...
movie
Catch That Kid (2004)
7.7
Nebraska (2013)
သင်အိုမင်းလာပြီး ဇရာထောင်းလာတဲ့အချိန်မှာ သင့်ကိုယ်သင် ဘယ်လိုဖြစ်နေမယ်လို့ထင်ပါသလဲ။ ဒီဇာတ်ကားကတော့ အမေရိကန်မြောက်ပိုင်းဒေသမှာ အသက်အရွယ်ရလာပြီး စိတ်သွားတိုင်းကိုယ်မပါတော့တဲ့ တစ်ယောက်တည်းအထီးကျန် မေတ္တာမပေးတတ်တဲ့ ဘောက်ဆတ်ဆတ်အဖိုးကြီးတစ်ယောက်နေရာကနေ စီးမြောခံစားရမှာပါ။ဝူဒီဂရန့်ဆိုတဲ့ အဖိုးကြီးဟာ နေထိုင်လာတဲ့တစ်လျှောက်မှာ သားနှစ်ယောက်နဲ့ ဇနီးအပေါ် လင်ဝတ္တရား ဖခင်ဝတ္တရား မကျေပွန်တဲ့ အရက်ဂျိုး ယစ်ထုပ်တစ်ယောက်ပါ။ တစ်နေ့မှာတော့ သူဟာ မဂ္ဂဇင်းစာအုပ်တစ်အုပ်ကနေ သင်ဟာ ဆုကြေးငွေကို ကံထူးပါတယ် ဆိုတဲ့လက်မှတ်တစ်စောင်ကို တွေ့ရှိခဲ့ပြီး အသက်ကြီးပြီး အတိတ်မေ့ချင်ချင်ဖြစ်နေတဲ့ ဝူဒီဟာ သူ့ကိုယ်သူ ဒေါ်လာတစ်သန်းပေါက်တယ်ဆိုပြီး ခံယူလိုက်ပါတော့တယ်။ သူဟာ မိသားစုက ဒေါ်လာတစ်သန်းပေါက်တာ မဟုတ်ကြောင်း ဘယ်လိုပဲရှင်းပြရှင်းပြ ဒီစာရွက်ကိုယူပြီး မွန်တားနားပြည်နယ်ကနေ နဲဗရာစကာပြည်နယ်အထိ ခြေကျင်သွားပြီး ဆုကြေးငွေသွားထုတ်ဖို့ တာဆူနေပါတော့တယ်။ တားမရတဲ့နောက်ဆုံး သားငယ်ဖြစ်သူ ဒေးဗစ်ဟာ အဖေစိတ်ချမ်းသာပါစေဆိုပြီး ကားနဲ့လိုက်ပို့ပါတော့တယ်။ဒီလိုနဲ့ နဲဗရာစကာသွားတဲ့လမ်းမှာ ဝူဒီငယ်မြို့လေးကို လမ်းကြုံနေတာနဲ့ ဝင်လည်ပါတော့တယ်။ ဒီအချိန်မှာ ဝူဒီတစ်ယောက် ငယ်တုန်းက ဘော်ဒါတစ်ယောက်ဖြစ်တဲ့ ပီဂရင်းကို ဒေါ်လာတစ်သန်း ...
movie
Nebraska (2013)