Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Frankie Faison
5.4
Maximum Overdrive (1986)
Maximum Overdrive (1982) Genre – Action, Comedy, HorrorIT တို့ The Shining တို့ Carrie တို့အပြင် တခြားနာမည်ကြီး စိတ်ဝင်စားစရာ ထိတ်လန့်ခြောက်ခြားဖွယ်အကြောင်းအရာတွေကို ရေးသားခဲ့ပြီး King of Horror လို့ ဂုဏ်ဘွဲ့ရထားတဲ့စာရေးဆရာ Stephen King ဆို မသိသူ မရှိလောက်ပါဘူး။ ဒီရုပ်ရှင်ကိုတော့ Stephen King ကိုယ်တိုင်သူ့ဝတ္ထုတို ဖြစ်တဲ့ Truck ဆိုတာကို အခြေခံပြီး ကိုယ်တိုင်ဒါရိုက်တာလုပ် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်(သူ့ဘဝမှာ ဒီကားတစ်ကားပဲ ဒါရိုက်တာ လုပ်ခဲ့တာပါ) ဒါ့အပြင် လာလာချင်းခန်းမှာတောင်Cameo အနေနဲ့ ဝင်ပါထားပါသေးတယ်။ နောက်ထပ် ထူးခြားတဲ့အချက်ကတော့ဇာတ်ကားရဲ့ ဇာတ်ဝင်တေးတစ်ခုလုံးကို နာမည်ကျော် ရော့ခ်အဖွဲ့ဖြစ်တဲ့ AC/DC ကတီးခတ်ပြီး သူတို့သီချင်းတွေချည်းပဲ ရွေး အသုံးပြုထားတာပါ။ ဇာတ်လမ်းအကြောင်းပြောရမယ်ဆိုရင်တော့ သူ့ခေတ်သူ့ဟာနဲ့သူ ခပ်ဆန်းဆန်း ပြောရပါမယ်။ကမ္ဘာဂြိုလ်ဟာ သင်းကွဲကြယ်တံခွန်တစ်ခုရဲ့ အမြီးနားကို ...
movie
Maximum Overdrive (1986)
In Good Company (2004)
မိသားစုနဲ့ အတူကြည့်ပြီး အပန်းဖြေလို့ရမယ့် ရုပ်ရှင်ကားလေးပါ။ ဒီရုပ်ရှင်က ၂၀၀၀ခုနှစ် အစောပိုင်းတုန်းက ထွက်ထားတာဖြစ်ပြီး Rom/Com အမျိုးအစားဖြစ်ပါတယ်။ Rotten Tomatoes လည်း 82% ရထားပြီး မင်းသားကြီး Dennis Quaid, Topher Grace နဲ့ မင်းသမီး Scarlett Johansson တို့ ဦးဆောင်ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ Dan က Sports America ဆိုတဲ့ အားကစားမဂ္ဂဇင်းက ကြော်ငြာစာမျက်နှာတွေရဲ့ အရောင်းပိုင်းကို ဦးစီးနေတဲ့ မန်နေဂျာ တစ်ယောက်ပါ။ သူ့မှာ သမီးလေး၂ယောက်နဲ့အတူ ချစ်ဖို့ကောင်းတဲ့ မိသားစုလေးရှိပါတယ်။ မိန်းမကိုလည်း အရမ်း ချစ်သလို သမီးနှစ်ယောက်ကိုလည်း အစိုးရိမ်ကြီးပြီး နေရာတကာ လိုက်စောင့်ရှောက်ချင်သူပါ။ တစ်နေ့တော့ သူမမျှော် လင့်ထားတာ ဖြစ်လာပါတယ်။ သူတို့ ကုမ္ပဏီကို Globecom ဆိုတဲ့ ကုမ္ပဏီကြီးတစ်ခုက ဝယ်ယူသွားပြီး အလုပ်သမား အမြောက်အများကို ...
movie
In Good Company (2004)
8.0
Do the Right Thing (1989)
IMDb 8/10, RT 92% ရရှိထားတဲ့ Comedy/Drama ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Cannes ရုပ်ရှင်ပွဲတော်က ဆုအပါအဝင် ဆုပေါင်း ၂၁ ဆုနဲ့ အော်စကာမှာလည်း nomination ဝင်ခဲ့တဲ့ ဒီ ဇာတ်ကားထဲမှာ ဒါရိုက်တာဖြစ်သူ Spike Lee က မူကီအဖြစ် ကိုယ်တိုင်ပါဝင်ထားတဲ့အပြင် ဆုံးပါးသွားပြီဖြစ်တဲ့ မင်းသားကြီး Danny Aiello ကလည်း ပါဝင်သရုပ်ဆောင်ထားတာပါ။ဘရွတ်ကလင်းက လူမည်းအများစု နေထိုင်တဲ့ ရပ်ကွက်လေးတစ်ခုမှာ အမေရိကန်-အီတလီ လူဖြူဖြစ်သူ ဆယ်လ်က သားနှစ်ယောက်နဲ့အတူ ပီဇာဆိုင်လေးဖွင့်ထားပါတယ်။ သူတို့လူမျိုးတူတွေရှိတဲ့ရပ်ကွက်မှာ သွားဖွင့်လို့ရပေမဲ့ တခြားပီဇာဆိုင်တွေ ရှိနှင့်နေပြီးတာမို့ လူမည်းတွေရှိတဲ့ ရပ်ကွက်ထဲ ဖွင့်ထားခဲ့တာဖြစ်ပြီး ခေတ်အဆက်ဆက်က လူမည်းတွေကပဲ သူ့ဆိုင်ကို အားပေးလာခဲ့ကြတာပါ။ သူ့ဆိုင်မှာ သူ့သားနှစ်ယောက်အပြင် မူကီဆိုတဲ့ လူမည်းကောင်လေးကိုလည်း ပီဇာတွေ လိုက်ပို့ဖို့ ခန့်ထားပါသေးတယ်။ မူက ကတော့ သူ့သားအကြီးကောင်နဲ့ ...
movie
Do the Right Thing (1989)
5.6
Highwaymen (2004)
မော်လီဟာ သူငယ်ချင်းဖြစ်သူ အဲလတ်စ်နဲ့ကားမောင်းပြီး အိမ်ပြန်နေချိန်မှာ ကားတစ်စီးက သူတို့ကိုအချက်ပြပြီးကျော်သွားလိုက်တယ်။ ခဏအကြာ လှိုဏ်ခေါင်းထဲ အဝင်မှာ ကားမတော်တဆဖြစ်မှုတစ်ခုကိုတွေ့လိုက်ရတယ်။ ဒဏ်ရာရသူတွေကူညီဖို့အတွက် သူငယ်ချင်းနှစ်ယောက် အပြင်ထွက်လိုက်ကြတယ်။ မော်လီကို ဒဏ်ရာရသူတွေကိုကြည့်ခိုင်းထားပြီး အဲလတ်စ်ကတော့ လမ်းပေါ်တက်ပြီး အကူအညီတောင်းတဲ့အခါကားတစ်စီးက အဲလတ်စ်ကို တမင်ဝင်တိုက်ပြီးသတ်လိုက်တယ်။ ဖြစ်ရပ်အစအဆုံးကို မြင်သွားတဲ့ မော်လီကိုထပ်တိုက်မယ်အလုပ်မှာ လူတစ်ယောက်ရောက်လာတဲ့ အတွက် ထွက်ပြေးသွားတယ်။ နောက်တော့ရဲတွေရောက်လာပြီးမော်လီကိုကယ်ဆယ်ပေးလိုက်ကြတယ်။စိတ်ဒဏ်ရာရသွားတဲ့မော်လီဟာ ကားတိုက်ခံရပြီးကိုယ်လက်အင်္ဂါဆုံးရှုံးသွားတဲ့သူတွေကိုစိတ်သက်သာရာရအောင် ကုစားပေးတဲ့သင်တန်းကိုတက်နေချိန်မှာခရေးဆိုတဲ့လူတစ်ယောက်ကမော်လီနဲ့စကားလာပြောတယ်။ကားတိုက်ပြီးထွက်ပြေးတဲ့သူကို သူသိကြောင်း ၊နောက်တစ်ခါထပ်လာလိမ့်ဖြစ်ကြောင်း ၊တရားခံကိုရဲတွေမဖမ်းပေးနိုင်ပေမယ့် သူကူညီနိုင်ကြောင်းပြောပြတဲ့အခါ မော်လီလည်းခရေးနဲ့ အတူလက်တွဲပြီး အလုပ်လုပ်ဖို့လက်ခံလိုက်တယ်။ ဒီလိုနဲ့မော်လီနဲ့ ခရေးတို့ တရားခံကိုဘယ်လိုအခက်အခဲတွေနဲ့ဖမ်းမလဲဆိုတာဆက်လက်ကြည့်ရှုပေးပါဦး။ File size…1.57GB / 562MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 20m Genre ….. Action , Crime , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie
Highwaymen (2004)
5.9
Cirque du Freak: The Vampire’s Assistant (2009)
Cirque du Freak: The Vampire's Assistant (2009)========================================ဒီတစ်ခေါက်မှာတော့ ၂၀၀၉ခုနှစ်ကထွက်ရှိထားတဲ့ ဗန်ပိုင်းယားဇာတ်ကားလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။vampire diary လို twilight light တို့လိုဇာတ်ကားတွေ မပေါ်သေးခင်တစ်ချိန်က သူ့ခောတ်သူအခါက နာမည်ကြီးခဲ့တဲ့ဇာတ်ကားတစ်ကား ဖြစ်ပါတယ်ကြည့်ဖူးတဲ့သူတွေ ရှိကြမှာကျိန်းသေသလို မကြည့်ရသေးသူတွေအတွက်လည်းလက်မလွတ်သင့်တဲ့ ဇာတ်ကားတစ်ကားလို့ထင်ပါတယ် ဇာတ်ကားကမိသားစုနဲ့ကြည့်လို့သင့်တော်တဲ့ ဇာတ်ကားတစ်ကာပါ...ဇာတ်လမ်းအကျဉ်းလေးကတော့ဒီဇာတ်ကားမှာ ဒယ်ရန်နဲ့စတိဗ်တို့ဟာ ငယ်သူငယ်ချင်းတွေဖြစ်ကြပါတယ်။ဒယ်ရန်ဟာ မိဘစကားနားထောင်တဲ့သူတစ်ယောက်ဖြစ်ပြီးကျောင်းစာမှာလည်း ထူးချွန်တဲ့သူပါ။ စတိဗ်ကတော့ မိဘမေတ္တာငတ်နေတဲ့ ကောင်လေးဖြစ်ပြီး ခပ်ဆိုးဆိုးနေတတ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒယ်ရန်ဟာ ပင့်ကူတွေကို စွဲလမ်းနေတဲ့သူတစ်ယောက်ဖြစ်ပြီးစတိဗ်ကတော့ ဗန်ပိုင်းယားတွေကို အင်မတန်စိတ်၀င်စားတဲ့သူတစ်ယောက်ပါ။တစ်နေ့မှာ သူတို့မြို့ကို နှစ် ၅၀၀ သက်တမ်းရှိတဲ့ လူထူးဆန်းတွေရဲ့ ဆပ်ကပ်အဖွဲ့ ရောက်လာတဲ့အခါ သူတို့နှစ်ယောက်လည်း စိတ်၀င်တစားသွားကြည့်ကြပါတယ်။ ဒါပေမယ့် အဲဒီအဖွဲ့မှာ ဗန်ပါးယားတစ်ယောက်ပါနေပြီး ဗန်ပါးယားရဲ့ပင့်ကူလေးကို ဒယ်ရန်တစ်ယောက် မျက်စိကျသွားတဲ့အချိန်မှာ ဘာတွေများ ဆက်ဖြစ်မလဲဆိုတာကိုတော့..... ( ကြည့်ဖူးတဲ့သူတွေအတွက်တော့ ကွာလတီကောင်းကောင်းလေးနဲ့ပြန်လည် ခံစားနိုင်သလို မကြည့်ရသေးသူတွေလည်းဒေါင်းရတာတန်စေရမယ်လို့ အာမခံလိုက်ပါတယ်..) File size…1.19GB / ...
movie
Cirque du Freak: The Vampire’s Assistant (2009)
2009
7.4
Till (2022)
Till (2022)၂၀၂၂ ခုနှစ်မှာအသစ် ထွက်ရှိလာတဲ့ Rotten Tomatoes 98%, IMDb Rating 7.6 အထိ ရရှိထားတဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ သမိုင်းနောက်ခံပြု ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။(Warning:ယခုဇာတ်ကားတွင် လူမျိုးရေးခွဲခြားတဲ့ အသုံးနှုန်းတွေ အများအပြားပါဝင်ပါတယ်။)အမေရိကန်နိုင်ငံ မစ္စစ္စပီပြည်နယ်ဟာ လူမျိုးရေးခွဲခြားမှုတွေ၊ လူဖြူ ကြီးစိုးရေး အစွန်းရောက်များပြားခဲ့တဲ့ ပြည်နယ်တစ်ခုဖြစ်ပါတယ်။ လူဖြူတွေဟာ လူမည်းတွေကို အလွန်အမင်း ခွဲခြားဆက်ဆံခဲ့ကြပါတယ်။ လူမည်းတွေဟာ လူဖြူတွေကို မလွန်ဆန်နိုင်သလို ပြုသမျှ နုနေရတဲ့ ဘဝနဲ့နေထိုင်နေခဲ့ရပါတယ်။ လူမည်းတစ်ယောက် အသတ်ခံရရင်တောင် ဘယ်သူကမှ အဖက်လည်းမလုပ်ကြသလို ရဲတွေကပါ လျစ်လျှူရှု့ကြပါတယ်။ လူမည်းတွေအနေနဲ့ မဲပေးခွင့်ရဖို့၊ တရားရေးရာတွင် ပါဝင်ဖို့ အစရှိတဲ့ နိုင်ငံသားအခွင့်အရေးတွေ ရရှိဖို့ တိုက်ပွဲဝင်ခဲ့ကြပါတယ်။ National Association for the Advancement of Coloured People (NAACP) အသင်းဟာဆိုရင်လည်း တက်ကြွလှုပ်ရှားခဲ့တဲ့ အဖွဲ့တွေထဲမှာ နာမည်ကြီးတဲ့အသင်းတစ်ခုဖြစ်ခဲ့ပါတယ်။ မစ္စစ္စပီပြည်နယ်မှာ ထိုသို့ လှုပ်ရှားမှုတွေမှာပါဝင်တဲ့ နာမည်ကြီးသူလည်း မကြာခဏ လုပ်ကြံသတ်ဖြတ်ခံရသလို အသတ်ခံရတိုင်းမှာလည်း ...
movie
Till (2022)
2022
6.1
Redemption in Cherry Springs (2022)
ဒီတစ်ခါတော့ ပရိသတ်ကြီးကို လိုက်တွေးကြည့်လို့ကောင်းမဲ့ စုံထောက်ကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ် သိဖို့လည်း ခက်ခဲသလို လိုက်စဉ်းစားဖို့လည်း ကောင်းမဲ့ ကားကောင်းလေးတစ်ကာပါပဲ ချယ်ရီစပရင်းဆိုတဲ့ မြို့လေးကို မဲလ်ဆိုတဲ့ မှုခင်းစုံစမ်းရေးသတင်းထောက်လေးက ပြန်လာနေတာနဲ့ ဇာတ်လမ်းလေးကို အစပြုထားခဲ့တာပါ မွေးရပ်မြေဖြစ်တာနဲ့အညီ တွေ့တွေ့သမျှလူတွေကလည်းသူ့ရဲ့ မိတ်ဆွေ သူငယ်ချင်းတွေချည်းပါပဲ သူကတော့ သူရေးလိုက်တဲ့ ဆောင်းပါးတစ်ခုကြောင့် စက်ရုံကြီးတစ်ရုံပိတ်သွားပြီး အလုပ်သမားတွေအလုပ်လက်မဲ့ဖြစ်သွားတာကြောင့် ဘော့စတွန်ကိုပြောသွားခဲ့တဲ့သူလေးပါ အဲဒီလိုနဲ့ သူပြန်ရောက်ပြီး မကြာခင်မှာပဲ သူ့ရဲ့ ကလေးဘဝထဲကသူငယ်ချင်း တိုနီဆိုတဲ့တစ်ယောက်က သူ့မိန်းမ ရေချယ်နဲ့ ရန်ဖြစ်ပြီး ပျောက်သွားခဲ့တာပါ အဲဒီ ချယ်ရီစပရင်းမြို့လေးကိုပဲ နယူးယောက်က ဂျိတ်ဆိုတဲ့ စုံထောက်ကြီးကလည်း ပြောင်းလာခဲ့တာမကြာသေးပါဘူး အဲဒီလိုနဲ့ တိုနီပျောက်သွားတဲ့အမှုကို စုံထောက်ကြီးရော သူ့ရဲ့သူငယ်ချင်းက မဲလ်ကရော လိုက်စုံစမ်းပါတယ် ဂျိတ်ကတော့ မဲလ် အမှုလိုက်စုံစမ်းတာကိုမကြိုက်ပေမဲ့လည်း သူ့ထက်တော်နေတော့ အောင့်သက်သက်နဲ့ ကြည့်နေရတာပါ လိုက်ရင်းနဲ့မှာ အမှုကို တစ တစ ဆွဲထုတ်မှုရင်း ...
movie
Redemption in Cherry Springs (2022)
The Money Pit (1986)
ပေါ့ပေါ့ပါးပါး စခွီထစရာ ရုပ်ရှင်ကားဟောင်းလေးတစ်ကားကြည့်ပြီးတော့ အချိန်ကောင်းလေးတွေ ပိုင်ဆိုင်လိုက်ပါ..။ ဟိုးရှေးရှေးတုန်းကပေါ့ဗျာ..။ အခု ဒီဇာတ်ကားကို ဒေါင်းလုဒ်လုပ်ပြီး ကြည့်မယ့်သူတချို့ မွေးချင်မှတောင် မွေးဦးမယ့်အချိန်တုန်းက..။ ခပ်ငယ်ငယ် မင်းသားဘဝနဲ့ Tom Hanks က 'ငွေယိုပေါက်' လို့ မြန်မာလို အလွယ်တကူ ဘာသာပြန်လိုက်လို့ရမယ့် ရုပ်ရှင်တစ်ကားရိုက်ခဲ့သေးတာပေါ့..။ ဇာတ်လမ်းအကျဉ်းကတော့ ချစ်သူကောင်မလေးရဲ့ အိမ်မှာ ကပ်နေနေရာကနေ အိမ်ပိုင်ရှင်ဖြစ်သူ ကောင်မလေးရဲ့ ခင်ပွန်းဟောင်း ဥရောပကနေ ပြန်ရောက်ချလာတဲ့အခါ Tom Hanks တစ်ဖြစ်လည်း ဝေါ်လ်တာတစ်ယောက် နေစရာ ရှာရတော့တာပေါ့..။ အဖြစ်ကဆိုးတယ်..။ တိုက်ခန်းလေး တစ်ခန်းရှာရာကနေ အချိုအချောင်ဈေးနဲ့ အိမ်တစ်လုံးရလိုက်တဲ့ ဝေါ်လ်တာနဲ့ သူ့မဟေသီတစ်ယောက် ဘယ်လို စခန်းသွားကြမလဲ..? ဒီအိမ်ကိုရော ဘာလို့များ ငွေယိုပေါက် လို့ ခေါ်ရသလဲဆိုတာ ဟာသနှောပြီး ကြည့်ရှုနိုင်တော့မှာပါ..။ ဖြစ်ပျက်သမျှ တလွဲအဖြစ်အပျက်တွေမှာ Tom Hanks ရဲ့ သရုပ်ဆောင် ...
movie
The Money Pit (1986)
6.8
Hannibal (2001)
Hannibal (2001)Cannibal ဆိုတဲ့အင်္ဂလိပ်စကားလုံးရဲ့အဓိပ္ပာယ်က လူသားစားတဲ့သူပေါ့။ ဒီလူသားစားတဲ့အရာကဘယ်လောက်ထိခရီးပေါက်နေလဲဆိုရင် cannibal တို့ cannibalism တို့ဆိုတဲ့စကားလုံးတွေကိုပါသုံးနေရတဲ့အထိပေါ့။ ဒီထဲကလူသတ်သမားက လူသားလည်းစားတဲ့ဇာတ်ကောင်မျိုး။ လူသတ်သမားဖြစ်တဲ့အတွက် သွေးအေးအေးနဲ့သတ်ပြီးတော့ကို ပယ်ပယ်နှယ်နှယ်စားတာမျိုးပေါ့။၊ ဇာတ်ကားတစ်လျှောက်လုံး စားပြမနေ၊သတ်ပြမနေပေမဲ့ ဇာတ်အိမ်ခိုင်ခိုင် ဇာတ်ကောင်ကောင်းကောင်းတွေနဲ့ ဇာတ်ကားတစ်လျှောက်လုံး ကြည့်ရှူသူပရိသတ်ကို မျောနေအောင်ဆွဲခေါ်သွားတာမျိုး။Triller/Crime လို့ genre သတ်မှတ်ထားပေမဲ့ Horror/Action ဆိုလည်းမမှားဘူးဗျ။ Triller/Crime ဆိုတဲ့အတိုင်း ရဲမှုခင်းဇာတ်ကားမျိုးပေါ့၊ လူသတ်သမားနဲ့စုံထောက်ကြားဇာတ်အိမ်ကောင်းကောင်းကိုဘယ်လိုတည်ဆောက်ထားလဲ တစိမ့်စိမ့် အရသာခံရင်းကြည့်ရမယ့်ကားမျိုး။ 1991 ကထွက်ခဲ့တဲ့ The Silence of the Lambs ဆိုတဲ့ IMDb 8.6/10 ရသွားပြီး 1991 ခုနှစ်အတွင်း တစ်ကမ္ဘာလုံးရဲ့ငါးကားမြောက်စာရင်းဝင်သွားတဲ့ Triller/Horror ကားတစ်ကားကိုတော့မှတ်မိကြမယ်ထင်ပါတယ်။ Triller/Horror ကြည့်သူတိုင်း ကြည့်ကိုကြည့်ထားသင့်တဲ့ကားကောင်းတစ်ကားပေါ့။ ဒီကားက အဲကားရဲ့ Sequel လို့ပြောလည်းရမယ့် ကားတစ်ကားပါပဲ။သုံးထားတဲ့ဘက်ဂျက်နဲ့ရုံတင်ဝင်ငွေပြန်ရခဲ့တဲ့ကားကောင်းတစ်ကားဖြစ်တာနဲ့အညီ အတော်လေး ကြည့်လို့ကောင်းတာမျိုးကိုသွားတွေ့ရပါတယ်။ ဒီ Hannibal ...
movie
Hannibal (2001)
2001
6.6
My Blueberry Nights (2007)
My Blueberry Nights ================ IMDb - 6.6 but A Wong Kar Wai's Filmပွတ်ချွန်းလိပ်သောက်ရတာကြိုက်တဲ့ လူငယ်လေးတစ်ယောက်မှာ အိပ်မက်တွေအများကြီးရှိခဲ့တယ်။ အများအားဖြင့်တော့ သံတူစာတူကြောင်းကွဲဖြစ်တဲ့ အိပ်မက်နဲ့ အိပ်မက်ဟာ တကယ်တမ်းမထူးလှပါဘူး။ တစ်ခုကရောက်အောင်သွားရပြီး တစ်ခုက ရောက်လာတာ စောင့်ဆိုင်းရပေမဲ့ ဒီစကားလုံးနှစ်လုံးစလုံးဟာ အခိုးအငွေ့ဆန်တယ်။ ဦးဆုံးကတော့ သူဟာ အောင်မြင်မှုဆိုတဲ့ အိပ်မက်နောက်လိုက်ခဲ့တာပဲ။ အဆုံးသတ်မှာ ချစ်ခြင်းဆိုတဲ့ အိပ်မက်ကလေးကို သူစောင့်စားခဲ့တယ်။ ချစ်ခြင်း နောက်ကို လိုက်လို့မရဘူးလားဆိုတဲ့ အမေးတော့ ရှိမှာပဲ။ လိုက်ကြည့်ပါလေ။ စောင့်ဆိုင်းရတဲ့အရာမှန်း မသိခင် တစ်ကြိမ်တစ်ခါတော့ ချစ်ခြင်းနောက်ကို အားလုံး လိုက်ခဲ့ကြဖူးမှာပဲ။ အိပ်မက်ကလေး ပြန်အလာကို လူငယ်ကလေးဟာ စားသောက်ဆိုင် ကလေးဖွင့်ပြီး စောင့်စားခဲ့တယ်ပေါ့။ လမ်းပျောက် လူချင်းကွဲသွားကြတဲ့အခါ သူပြန်လာရှာတဲ့အခါကို ရပ်စောင့်နေခြင်းဟာ အကောင်းဆုံးအရာလို့ သူမှတ်ယူခဲ့တယ်။ ဆိုင်ကလေးရဲ့ ညတွေအဆုံးမှာ ချိစ်ကိတ်တွေ ပန်းသီးပိုင့်မုန့်တွေဟာအမြဲ အကုန် ကုန်သွားတယ်။ချောကလက်ကိတ်ဆို ကုန်လုနီးပါးပဲ။ ဒါပေမဲ့ ဘလူးဘယ်ရီပိုင့်မုန့်တွေက အရာမယွင်းပဲ အမြဲကျန် နေတတ်တယ်။ ဒီတော့ ဘလူးဘယ်ရီ ...
movie
My Blueberry Nights (2007)
6.1
I’m Your Woman 2020
ပဟေဠိလေးတွေနဲ့ crime drama တစ်ခုလောက် ကြည့်ရအောင်။ အက်ဒီ နဲ့ ဂျင်းတို့က ကလေးမရနိုင်တဲ့ စုံတွဲ တစ်တွဲပေါ့။ တစ်ရက်မှာ ကလေးတစ်ယောက်ကို အက်ဒီက ခေါ်လာခဲ့တယ်။ မကြာခင်မှာပဲ အက်ဒီ အိမ်ပြန်မလာနိုင်တော့ဘဲ ဂျင်း နဲ့ ကလေးလေးတို့ ထွက်ပြေးရမယ့်အကြောင်းတွေ ပေါ်လာပါတော့တယ်။ သူတို့ ဘာလို့ထွက်ပြေးရတာလဲ။ အက်ဒီက ဘယ်မှာလဲ။ မိခင်စိတ်ရဲ့ စွမ်းအား၊ မိတ်ဆွေစစ်ဆိုတာဘာလဲ ဆိုတာကို ၁၉၇၀ အမေရိကန် နိုင်ငံ အခင်းအကျဉ်းနဲ့ ဒုစရိုက်မှုတွေကြားမှာ အဖြေရှာရင်း ကြည့်လိုက်ရအောင်။ File size…(1.4 GB) and (700 Mb) Quality…. webrip 1080p / 720p Format…mkv Duration….01:40:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Littleneo Translated by Yoon Sandi Aung
movie
I’m Your Woman 2020
7.2
Red Dragon (2002)
Red Dragon (2002)================IMDb Rating - 7.2/10#Unicodeခေါင်းစားပြီး စိတ်ပညာမှုခင်းဇာတ်ကားတွေကြိုက်တဲ့လူတွေအတွက်တော့ အကြိုက်ဖြစ်စေမယ့်ဇာတ်ကားတစ်ခုပါ အဓိက ဇာတ်ကောင်နှစ်ယောက်ဖြစ်တဲ့ Anthony Hopkin & Edward Nortonတို့နှစ်ယောက်ရဲ့ Chemistry မိမိနဲ့ သရုပ်ဆောင်မှုတွေကို တဝကြီးကြည့်ရမှာပါ။ဇာတ်လမ်းအညွှန်း ******** ဝယ် ဂရေဟမ်ဟာ FBI Agent တစ်ယောက်ဖြစ်ပြီး မှုခင်းတွေစုံစမ်းတဲ့နေရာမှာ သူမတူတဲ့ ဖြတ်ထိုးဉာဏ်တွေးခေါ်မှုတွေအမှုပေါင်းများစွာကို ဖော်ထုတ်ခဲဲ့တဲ့လူတစ်ယောက်ပါ။ မှုခင်းစုံစမ်းရေးတွေမှာသူ့ကိုကူညီနေတဲ့ စိတ်ပညာရှင် ဟန်နဘယ် လက်တာဆိုတာ FBI ကိုအိပ်ကပ်ထဲထည့်ထားပြီး တစ်ဖက်မှာလူပေါင်းများစွာကို သွေးအေးအေးနဲ့သတ်ပြီး ခန္တာဗေဒကိုလေ့လာနေတဲ့ ကြောင်သူတော်တစ်ယောက်လို့ပြောရမယ် ။ အကြောင်းစုံကိုသိသွားတဲ့ ဂရေဟမ်က ဟန်နဘယ်လက်တာကို ဖမ်းဆီးဖော်ထုတ်နိုင်ခဲ့ပြီးသူ့ရဲ့ FBI Agent ဘဝကိုလည်း ပြည်ဖုံးကားချလိုက်ပါတော့တယ် ။ နှစ်ပေါင်းများစွာကြာတဲ့အခါ ကိစ္စတွေကမပြီးသွားပဲ လက်တာလိုမျိုး အရမ်းထူးခြားတဲ့ စိတ္တဇလူသတ်သမားတစ်ယောက်ပေါ်လာခဲ့တာကြောင့်ဂရေဟမ် , လက်တာ နှစ်ယောက်ပေါင်းကာ အဲ့ဒီလူသတ်ကောင်ကို ထပ်မံဖမ်းဆီးရပါတော့တယ်။ အခန်းတိုင်းမှာ လျှိ့ကွက်လေးတွေရှိနေပြီး Genius ...
movie
Red Dragon (2002)
2002
4.1
The Grudge (2020)
ရုံတင်ထားတဲ့ သရဲကားတစ်ခုကို တင်ပေးထားပါတယ်။Jump scare အများစုကို သုံးထားတာမို့အသည်းငယ်ရင်တော့ မကြည့်သင့်ပါဘူး။ဇာတ်လမ်းအကျဉ်းကတော့ ခင်ပွန်းသေဆုံးသွားလို့သားတစ်ယောက်နဲ့ အိမ်ပြောင်းလာတဲ့ စုံထောက်မူဒွန်ဟာ ထူးဆန်းတဲ့ လူသေမှုတစ်ခုကို စုံစမ်းရင်းကြောက်စရာအိမ်ကြီးတစ်လုံးထဲက ရောက်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ အဲဒီအိမ်ကြီးထဲမှာ အစဉ်အဆက်သေဆုံးခဲ့ကြတဲ့သူတွေအကြောင်းကိုသိလာပြီးမူဒွန်ဆီကိုပါဒီအန္တရာယ်တွေရောက်လာတဲ့အခါဒီကိစ္စတွေရဲ့ ဇစ်မြစ်ကိုရှာပြီး အန္တရာယ်တွေကိုကျော်လွှားဖို့ကြိုးစားရပါတော့တယ် File Size : (877 MB , 322 MB ) Quality : WEB-DL 720p Running Time : 1 hr 34 min Format : Mp4 Genre : Horror , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie
The Grudge (2020)
6.2
Sommersby(1993)
Sommersby(1993)အညွှန်း********************(zawgyi)ဂျက်သည် ၆ နှစ်ကြာမျှ ကွယ်ပျောက်ပြီးမှ ရွာသို့ပြန်ရောက်လာသည်....ထောင်ကျနေသသဖြင့် ပျောက်ကွယ်နေရခြင်းဖြစ်သည်ဟု သူကပြောပြသည်....သူ့ဇနီးနှင့် ကလေးဖြစ်သူက ဂျက်ကို အံအားသင့်စွာဖြင့်ကြိုဆိုကြသည်....ဂျက်ကိုသဘောကျသည်ဖြစ်စေ သဘောမကျသည်ဖြစ်စေ တစ်ရွာလုံးကတော့ ၀ိုင်းဝန်းကြိုဆိုကြသည်.... ဒီနေရာမှာ ဘာထူးထူးဆန်းလာလဲဆိုတော့ ဂျက်ရှိစဉ်ကထဲက မွေးထားတဲ့ခွေးက စိမ်းစိမ်းကားကား ထိုးဟောင်ခဲ့တယ်...ပြီးတော့ ဖိနပ်ဆိုင်မှာ ဖိနပ်ချုပ်တော့လည်း ဖိနပ်အတိုင်းကို မှတ်မိနေတဲ့ဆိုင်ရှင်က ဆိုက်သေးသွားတယ်နော်လို့မှတ်ချက်ချပြန်တယ်.... ဂျက်ရှိစဉ်ကထဲက သေဆုံးတဲ့သူတစ်ယောက်ရှိတယ်..ဒါကိုလည်းစကားမှားပြီးပြောမိပြန်တယ်....သူဟာ ဂျက်နဲ့တထေရောထဲတူတဲ့သူဖြစ်ပေမယ့် ဂျက်အတုလား အစစ်လား တကယ့်ကို ဝေခွဲရခက်ပါတယ်... ဒီကားနဲ့ပတ်သက်ပြီးဇာတ်ကြောင်းက ဒီလောက်ပဲပြောပါရစေ...အတွေးပေါင်းများစွာနဲ့ လှပသောရုပ်ရှင်ကြောင့် ခံစားမှုသီးခြားကမ္ဘာထဲကို ပို့ဆောင်ပေးတဲ့ကားမျိုးမို့ပါ... ဒီကားဟာ ရစ်ချက်ဂီယာနဲ့ မင်းသမီးကြီး ဂျိုဒီဖော့်စ်စတာတို့ အဓိကသရုပ်ဆောင်ထားပါတယ်.. ရစ်ချက်ဂီယာလို့ မသိကြပေမယ့် Pretty Woman ဇာတ်ကားနဲ့ ကျွန်တော်တို့မြန်မာပရိတ်သတ်တွေရင်းနှီးကြမှာပါ...ဒီကားကိုကြည့်ရင် ဂျက်ရဲ့အပြုအမူ လုပ်ကိုင်ဆောင်ရွက်ပုံတွေ စကားပြောပုံတွေကို အသေးစိတ်ဂရုစိုက်ကြည့်စေချင်တယ်... ဂျက်ဘာကြောင့်ဒီလိုလုပ်တာလဲ..ဘာဖြစ်လို့ ဒီလိုလမ်းတွေကိုရွေးချယ်ခဲ့တာလဲ... ဇာတ်ကားကြည့်ပြီးတဲ့အချိန်မှာ ခင်ဗျားတို့ကို အတွေးပေါင်းများစွာ ချန်ပေးခဲ့လိမ့်မယ်... ဂျက်လုပ်တာမှန်ရဲ့လား....ငါသာဆိုရင် ဒီလမ်းကိုရွေးချယ်နိုင်ပါ့မလား.... တခြားရွေးချယ်စရာတစ်ခုဆိုရင်ရော အဆင်ပြေနိုင်ပါ့မလား...ဆိုတာမျိုးတွေပေါ့... ခံစားကြည့်ကြပါ....ခင်ဗျားတို့ နှလုံးသားကို မဖမ်းစားနိုင်ဘူးဆိုရင် သေချာတယ် ခင်ဗျားတို့နှလုံးသားဟာ ကျောက်သားတွေနဲ့ဖွဲ့စည်းထားလို့ပါပဲ....(unicode)ဂျက်သည် ၆ နှစ်ကြာမျှ ကွယ်ပျောက်ပြီးမှ ရွာသို့ပြန်ရောက်လာသည်....ထောင်ကျနေသသဖြင့် ပျောက်ကွယ်နေရခြင်းဖြစ်သည်ဟု သူကပြောပြသည်....သူ့ဇနီးနှင့် ...
movie
Sommersby(1993)
1993
5.6
White Chicks(2004)
White Chicks(2004)White Chick ဆိုတဲ့ ၂၀၀၄ ထွက် Crime, Comedy ဇာတ်ကားလေးနဲ့ ရယ်ကြရအောင်။ FBI အေးဂျင့် ညီအကို ၂ ယောက်ရှိတယ်...သူတို့ညီအကို ၂ ယောက်ဟာ ဒီအလုပ်ကိုတကယ်လည်း ၀ါသနာပါသလို အတတ်နိုင်ဆုံးအောင်မြင်အောင် ကြိုးစားလေ့ရှိတယ်... သို့ပေမယ့် အလွဲကြီးဆိုတဲ့စကားလုံးက သူတို့အလုပ်မှာ အမြဲကပ်ရက်ပါလေ့ရှိတယ်... ရှင်းလေရှုတ်လေဆိုတဲ့ညီအကို ၂ ယောက်ဆိုပါတော့... ဒါကြောင့်အလုပ်ကထွက်ရဖို့အကြောင်းဖန်လာတယ်... ကံကောင်းတာက သူတို့ ၂ယောက်ရဲ့ သိက္ခာကိုပြန်အဖတ်ဆယ်နိုင်မယ့် အခွင့်အရေးတစ်ခုရလာတယ်... ပြသနာတောထဲရောက်နေတဲ့ လူဖြူအမျိုးသမီးတစ်ယောက်ကို လေဆိပ်ကနေ Hamtonဆိုတဲ့နေရာကို ဘေးမသီရန်မခဘဲရောက်အောင်ပို့ပေးဖို့တာဝန်ပေးခြင်းခံရတယ်... ကဲ သူတို့ ညီအကို ၂ယောက် အောင်မြင်မလား...ဘယ်လိုအလွဲတွေဖြစ်မလဲ.... ပြန်ပေးသမားတွေရန်ကရော လွတ်အောင်ရုန်းနိုင်ပါ့မလား... ကိုင်းခံစားကြည့်လိုက်ပါဦးဗျို့.... File Size : (859MB) and (375 MB) Quality : Blu-Ray 720p Format…mp4 Duration…01:49:00 Genre : Comedy.Crime Subtitle : Myanmar Subtitle (Hard Sub) Translated by d3mon Encoded by Phyo Pyae
movie
White Chicks(2004)
8.6
The Silence of the Lambs (1991) IMDb - 8.6/10_____Rotten - 96% Won 5 Oscars. Another 63 wins & 51 nominations The Silence of the Lambs (1991) ဟာ Horror & Thriller အမျိုးအစားဖြစ်ပြီး ၁၉၉၂ ခုနှစ် အော်စကာဆုပေးပွဲမှာ အမျိုးသားဇာတ်ဆောင်ဆု၊ အမျိုးသမီးဇာတ်ဆောင်ဆု၊ ဒါရိုက်တာဆု အပါအဝင် စုစုပေါင်း ဆု (၅)ခု ဆွတ်ခူးခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ The Exorcist(1973) နဲ့ Jaw (1975) တို့နောက်ပိုင်း Horror Movie တွေထဲမှာ ရှားရှားပါးပါး အော်စကာဆုရခဲ့တဲ့ တတိယမြောက်ဇာတ်ကားဖြစ်ပါတယ်။ သောမတ်စ်ဟာရစ်ရဲ့ ကျော်ကြားခဲ့တဲ့ ဝတ္ထုတွေထဲက လူသားစား မှုခင်းဆိုင်ရာ စိတ်ရောဂါကုဆရာဝန် စိတ္တဇလူသတ်သမားဖြစ်တဲ့ ဒေါက်တာ ...
movie
The Silence of the Lambs (1991)
1991