Channel Myanmar

Frank Welker

The Great Mouse Detective (1986)
The Great Mouse Detective (1986) IMDb-7.1/10 ~ R.T-76% 1986 တုန်းကထွက်ရှိခဲ့ပြီး ရှားလော့ ဟုမ်းစ်ကို အခြေခံပြီးဖန်တီးထားတဲ့ ကြွက်စုံထောက်ကြီး ဘက်ဆဲလ် ရဲ့ကာတွန်းကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ဗျ။ ဇာတ်လမ်းအကျဉ်းကတော့ လန်ဒန်မြို့ရဲ့နာမည်ကြီး အရုပ်လုပ်တဲ့သူတစ်ယောက်ဖြစ်တဲ့ ဖလန်ဘာရှန်ကို လင်းနို့တစ်ကောင်ကပြန်ပေးဆွဲသွားခဲ့ပါတယ်။ ဖလန်ဘာရှန်ရဲ့သမီးလေး အိုလီဗီယာကတော့ လွတ်မြောက်သွားပြီး သူ့ရဲ့အဖေကိုလိုက်ရှာဖို့အတွက် ဘေကာလမ်းက စုံထောက်ကြီးဘက်ဆဲလ်ဆီကိုသွားရင်းလမ်းပျောက်သွားခဲ့ပါတယ်။ ဒီအချိန်မှာ အာဖဂန်ကနေစစ်မှုထမ်းပြီးပြန်လာပြီး တိုက်ခန်းလိုက်ရှာနေတဲ့ ဒေါက်တာ ဒေါ်ဆင်နဲ့လမ်းမှာတွေ့ပြီး ဒေါက်တာဒေါ်ဆင်က အိုလီဗီယာကို ကူညီပြီးတော့ ဘက်ဆဲလ်ကို လိုက်ရှာပေးခဲ့ပါတယ်။ ဒီလိုနဲ့ အိုလီဗီယာရဲ့အဖေကိုဖမ်းသွားတဲ့ လူက ဘက်ဆဲလ်ရဲ့ ရန်သူတော်ကြီး ပါမောက္ခရက်တင်ဂန်ရဲ့ တပည့်ဖြစ်တဲ့ လင်းနို့ ဖစ်ဂျက်ဒ်ဖြစ်နေတဲ့အခါမှာ ပါမောက္ခ ရက်တင်ဂန် ကဘယ်လိုအကြံဆိုးမျိုးကိုကြံစည်နေတာလဲ၊ စုံထောက်ကြီး ဘက်ဆဲလ်နဲ့ ဒေါက်ဆာ ဒေါ်ဆင်တို့ကရော တားဆီးနိုင်မလားဆိုတာကို ငယ်ဘဝရဲ့အမှတ်တရအပြည့်နဲ့ ပြန်လည်ကြည့်ရှုလိုက်ကြပါဦးဗျ။ File size…(1.3 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / ...
movie

The Great Mouse Detective (1986)

Mickey, Donald, Goofy: The Three Musketeers(2004) 6.7
Mickey, Donald, Goofy: The Three Musketeers(2004) Mickey, Donald, Goofy: The Three Musketeers(2004)*************************************************မစ်ကီ၊ဒေါ်နယ်၊ဂူဖီတို့ဆိုတာ ဖုန်းတွေ၊ဂိမ်းတွေမပေါ်ခင်က ကျွန်တော်တို့ရဲ့ ငယ်ဘဝမိတ်ဆွေလေးတွေပါပဲ။ မှတ်မိပါသေးတယ် ငယ်ငယ်ကဆိုရင် အပတ်စဥ်ထုတ်ဝေတဲ့ကာတွန်းစာစောင်ရုပ်ပြတွေမှာ သူတို့အကြောင်းလိုက်ဖတ်ရတာ မမောနိုင်မပန်းနိုင်ပါပဲ။ ဒီရုပ်ရှင်လေးကတော့ နာမည်ကြီး The Three Musketeersကိုမှ မစ်ကီတို့သုံးယောက်ရဲ့versionလေးဖြစ်ပြီး စွန့်စားခန်းတွေကို ပျော်ပျော်ရွှင်ရွှင်ပြန်လည်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းလေးကတော့ မစ်ကီ၊ဒေါ်နယ်နဲ့ ဂူဖီတို့ဟာ ငယ်ငယ်လေးကတည်းကစစ်သည်တော်ဖြစ်ဖို့ အိပ်မက်မက်ခဲ့သူတွေပါ။ တစ်နေ့မှာတော့ သူတို့အိပ်မက်အမှန်တကယ်ဖြစ်လာဖို့ အကြောင်းဖန်လာပါတော့တယ်။ မစ်ကီတို့သုံးယောက်အပြင် မီနီ၊ ဒေစီ၊ နွားမလေးကလာရာဘလ်၊ ပီဒ်၊ ပလူတိုစသည်ဖြင့် လူစုံတက်စုံပါဝင်ပါပြီး အများကြီးညွှန်းစရာမလိုတဲ့ကားလေးမို့ ငယ်ဘဝကိုပြန်တမ်းတရင်းကြည့်ရှုလိုက်ပါဦး။ File Size :(1.4GB) and (716MB) Quality : Blu-Ray1080P, 720p Format…mp4 Duration…01:07:00 Genre : Animation, Comedy , Adventure Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie

Mickey, Donald, Goofy: The Three Musketeers(2004)

Species (1995) 5.8
Species (1995) Species ရုပ်ရှင်ကားတွေဟာ သိပ်ညွှန်းရမယ့်ဇာတ်ကားတွေမဟုတ်ပါဘူး။ ဂြိုလ်သား DNA ဇာတ်ကားမျိုးဆိုရင် Species ဇာတ်ကားတွေက ဟိုးအရင်ခေတ်ကတည်းက လူတိုင်းရင်ထဲရောက်ရှိပြီးသားရုပ်ရှင်တွေဖြစ်ပါတယ်။ Species နာမည်နဲ့ ရုပ်ရှင် (၄)ကားထွက်ရှိခဲ့ဖူးပြီး (၄) ကားလုံးကို https://channelmyanmar.to/?s=species မှာကြည့်လို့ရပါတယ်။ကြာခဲ့ပြီဖြစ်ပေမယ့် ယနေ့ခေတ်ထိတိုင်အောင် computer effect တွေ ကြည့်လို့ကောင်းနေဆဲရုပ်ရှင်ကားတွေဖြစ်ပြီး ဂြိုဟ်သားရုပ်ရှင်ကားတွေဖြစ်တဲ့ Splice တို့ Alien တို့လိုပဲ ထိတ်လန့်သည်းဖို သိပ္ပံအက်ရှင် Action,Horror,Sci-Fi အမျိုးအစား ဇာတ်ကားများလည်းဖြစ်ပါတယ်။Species (1995) ဇာတ်လမ်းအကျဉ်း.... ကမ္ဘာ့အပြင်က ရရှိလာတဲ့ ကမ္ဘာဂြိုဟ်က မဟုတ်တဲ့ ဒီအန်အေကို ကမ္ဘာမြေကလူသားဒီအန်အေနဲ့ပေါင်းစပ်ပြီး ထူးဆန်းတဲ့သက်ရှိတစ်မျိုးဖန်တီးရာကနေ ဇာတ်လမ်းစတာပါပဲ။ ဒီဂြိုလ်သားတစ်ပိုင်းလူသားတစ်ပိုင်း သတ္တဝါမျိုးက ဘယ်လိုအကျင့်စရိုက်တွေနဲ့ ဘာတွေဆာလောင်လဲဆိုတာနဲ့ လူသားတွေရဲ့ အလိုရမ္မက်လောဘကြီးမှုတွေကြောင့် ဘာတွေဆက်ဖြစ်လာမလဲဆိုတာ အသည်းတယားယားကြည့်ရှုရမယ့်ဇာတ်ကားဖြစ်ပါတယ်။အဖော်အချွတ်ခန်းတွေများတာကြောင့် ငယ်ငယ်တုန်းက အောက်စက်ခေတ်မှာ လူကြီးတွေမသိအောင် ခိုးကြည့်ရ မီးပျက်သွားရင် အောက်စက်ဖွင့်ပြီး အခွေပြန်ထုတ်နေကျဇာတ်ကားမလို့ အသက်မပြည့်သူ ကလေးသူငယ်များနှင့်၊ မိသားစုနှင့်အတူ မကြည့်သင့်သော ရုပ်ရှင်ကားလဲဖြစ်ပါတယ်။ File size…(4.4 GB)/(1.4 GB)/(930 ...
movie

Species (1995)

4K HEVC
Scooby-Doo! And Krypto, Too! (2023) 7
Scooby-Doo! And Krypto, Too! (2023) Scooby-Doo! and Krypto, too! (2023) Leaked Version(Official မဟုတ်ဘဲ Leak လာတာဖြစ်တဲ့အတွက် 1080p မရတာကို နားလည်စေချင်ပါတယ်။ 720p တောင်မှ ကြည့်လို့ပြေအောင် ချဲ့ကုတ်ထားရပါတယ်)မော်ဒန်ခေတ် Animation ဆိုတဲ့ ခေါင်းစဉ်အောက်မှာ Studio တွေရဲ့ ပြိုင်ဆိုင်မှုတွေ Fan တွေရဲ့ ပေါက်ကွဲအားတွေနဲ့ အတူ Animation တွေဟာ ရုပ်ရှင်ဇာတ်ခုံမြင့်ပေါ်မှာ အလုအယက် နေရာယူလာကြပါပြီ။ ခွေခေတ် VCD ခေတ်တွေကနေ Streaming Service ကို ကူးပြောင်းလာတဲ့ ကာလမှာ Writer တွေ Producer တွေဟာလည်း Animation တွေကို တစ်ခေတ်ဆန်းတဲ့နည်းနဲ့ ခေတ်နဲ့လည်း လိုက်လျောညီထွေအောင် ရိုက်ရင်း ပရိသတ်တွေဆီကို အမြင်သစ်နဲ့ ယူဆောင်လာခဲ့ကြတယ်။ သို့ပေမဲ့လို့ Streaming Service တွေ မပေါ်ခင် ကျွန်တော်တို့ Generation ...
movie

Scooby-Doo! And Krypto, Too! (2023)

2023
Scooby-Doo! and the Legend of the Vampire (2003) 6.3
Scooby-Doo! and the Legend of the Vampire (2003) Old but Gold ဆိုသလိုပဲ 2003 ခုနှစ်ကထွက်ရှိခဲ့တဲ့ classic Scooby-Dooကားလေးကို ပြန်ကြည့်လိုက်ကြရအောင်..ဇာတ်လမ်းအကျဥ်း ဒီတစ်ခါမှာတော့ စကူဘီတို့အုပ်စု သြစတေးလျကို အပန်းဖြေခရီးထွက်တာနဲ့ ဇာတ်လမ်းစထားပါတယ်.. ကမ်းခြေမှာ အေးဆေးငြိမ့်နေရင်းကနေ ထုံးစံအတိုင်းပဲ ဗယ်လ်မာတစ်ယောက် လမ်းညွှန်စာအုပ်ကြီးကိုင်ပြီး သြစတေးလျရဲ့ ရေဝေးကုန်ခေါင်ဒေသတွေကို သွားစူးစမ်းဖို့ မဲဆွယ်ပါတော့တယ်... ထူးဆန်းတာက အဲဒီလိုခေါင်တဲ့နေရာကြီးမှာ ရော့ခ်ဂီတပြိုင်ပွဲကြီး ရှိနေတာပါပဲ.. သူတို့ရောက်သွားတော့ ပဟေဠိတစ်ခုက အသင့်စောင့်နေပါပြီ.. ဒဏ္ဍာရီလာ သွေးစုပ်ဖုတ်ကောင်ကြီး ရာဝီရာဟူးနဲ့ နောက်လိုက်သွေးစုပ်ဖုတ်ကောင် ၃ကောင်က ပြိုင်ပွဲဝင်တွေကို ပြန်ပေးဆွဲနေပါတယ်.. အဲဒီနောက်လိုက်၃ကောင်ဆိုတာ မနှစ်ကပြိုင်ပွဲအပြီး ပျောက်သွားခဲ့တဲ့ လေပြင်း‌ရော့ခ်ကာအဖွဲ့ပါပဲ.. ရာဝီရာဟူးက သူတို့၃ယောက်ကိုဖမ်းပြီး သွေးစုပ်ဖုတ်ကောင်ဖြစ်အောင် ပြောင်းလိုက်တာလို့ နယ်ခံတွေက ယုံကြတာပေါ့.. ဒါပေမယ့် ပြိုင်ပွဲမတိုင်ခင်ရက်မှာပဲ စကူဘီဒူးတို့အုပ်စု ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားခဲ့တဲ့အခါ...သွေးစုပ်ဖုတ်ကောင်လို့ အသံကြားရုံနဲ့တင် တုန်တက်နေတဲ့ ရှက်ဂီနဲ့ စကူဘီဒူးတို့၂ယောက်နဲ့တင် ပြည့်စုံနေပြီမလို့ အများကြီးမညွှန်းတော့ပါဘူး.. ငယ်ဘဝကို Nostalgia ပြန်ဖြစ်ရင်း ပေါ့ပေါ့ပါးပါး ခံစားကြည့်ရှုလိုက်ကြပါဦး... File ...
movie

Scooby-Doo! and the Legend of the Vampire (2003)

Mars Attacks! (1996) 6.4
Mars Attacks! (1996)  နှစ် ၂၀ ပြည့်လာလည်း အူကြောင်ကြောင်နဲ့အရမ်းရယ်ရဆဲ ဇာတ်လမ်းတစ်ခုကို တင်ပေးလိုက်ပါတယ်။ဖွံဖြိုးပြီးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံကဆိုရင် အခွင့်ရတိုင်း ဂြိုလ်သားတွေနဲ့တွေ့ဆုံဖို့ကြိုးပမ်းတတ်ကြတဲ့လုပ်ရပ်မျိုးတွေကို 20ရာစုကတည်းကအကောင်အထည်ဖော်လျက်ရှိနေခဲ့ပါတယ်...။ ဒီအတွက်ကြောင့်ပဲ အမေရိကန်သမ္မတနဲ့ သမ္မတကြီးရဲ့အမှုထမ်းတွေက အင်္ဂါဂြိုလ်သားတွေဆီကနေ အကြိမ်ကြိမ် ဂျင်းထည့်ခံရတဲ့အကြောင်းလေးကို Ironicဆန်ဆန် ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်...။ဒီဇာတ်ကားမှာတော့ ကမ္ဘာမြေပေါ်ကို ရောက်လာကြတဲ့ အင်္ဂါဂြိုလ်သားတွေကို အထင်ကြီးစိတ်နဲ့ အကောင်းမြင်စိတ်များနေတဲ့အပေါ်မှာ US သမ္မတကြီးတို့တတွေက ဂြိုလ်သားတွေရဲ့ ကမ္ဘာမြေပေါ်ခြေဆန့်လာတဲ့ရည်ရွယ်ချက်ကို ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက်ပဲလို့ ထင်နေခဲ့ပါတယ်...။ ဒါပေမဲ့ ဂြိုလ်သားတွေရဲ့ ကမ်းလှမ်းမှုက ဂျင်းဖြစ်နေကြောင်း သိခဲ့ရတယ်။ အဲဒီအချိန်မှာတော့ အရာရာဟာ ထိန်းမနိုင်သိမ်းမရတွေ ဖြစ်ကုန်ပါပြီ။Legendary Wizard of Weirdလို့ နာမည်ကြီးတဲ့ ဒါရိုက်တာTim Burton ရိုက်ကူးထားပါတယ်။ File size…(1.88GB)  / (`1021B) / (521MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:55:00 Genre...  Drama / Crime / ...
movie

Mars Attacks! (1996)

The Ant Bully(2006) 6.7
The Ant Bully(2006) The Ant Bully(2006)******************တစ်ခါက လူးကတ်စ်ဆိုတဲ့ကောင်လေးတစ်ယောက်ရှိတယ်..သူကလူကောင်သေးသေးလေးဆိုတော့ ခဏခဏ အနိုင်ကျင့်ခံရတယ်...သူအနိုင်ကျင့်ခံရတိုင်း သူ့အိမ်က မြက်ပင်တွေနားမှာရှိတဲ့ ပုရွက်ဆိတ်အုံလေးကိုပဲသူ့ဒေါသတွေပုံချတတ်တယ် ...ပုရွက်ဆိတ်အုံ ကိုရေလောင်းလိုက် ကညှော့လိုက်နဲ့ နည်းမျိုးစုံဒုက္ခပေးတာပေါ့...ဒါကို မကျေနပ်တဲ့ပုရွက်ဆိတ်တွေဟာ တစ်ရက်မှာ လူးကတ်စ်လေးကိုပုရွက်ဆိတ်အရွယ်ဖြစ်အောင်ပြောင်းလိုက်တဲ့ အခါမှာတော့....ပုရွက်ဆိတ်တွေတွေ့ရင် အနိုင်ကျင့်တတ်တဲ့ လူးကတ်စ်နဲ့ လူတွေမြင်ရင်ကြောက်နေ လန့်နေရွံမုန်းနေတဲ့ပုရွက်ဆိတ်တွေ ဘယ်လိုဆက်ဖြစ်မလဲ ကြည့်ရမှာပါ story ကတကယ်ကို စိတ်ဝင်စားဖို့ကောင်းပါတယ်ပေးချင်တဲ့ message လည်းထိမိတယ် ကြည့်ရတာကာတွန်းကားဆိုပေမယ့်တော်တော်လေးမိုက်တဲ့ story မို့ တစ်ဖန်ပြန်တင်ဆက်ပေးလိုက်ပါတယ်...File Size : (1.5GB) and (776MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:28:00 Genre : Animation, Adventure , Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Hein That Naing Encoded by Phyo Pyae
movie

The Ant Bully(2006)

The Road to El Dorado(2000) 7.0
The Road to El Dorado(2000) The Road to El Dorado(2000)************************** စွန့်စားခန်းတွေ၊ ရတနာရှာဖွေရေးတွေ ကြိုက်တတ်တဲ့သူတွေအတွက် old but goldဇာတ်ကားကောင်းလေးတပုဒ်တင်ဆက်ပေးလိုက်ပါတယ်။ El Dorado ဆိုတာက ရှေးနတ်ဘုရားတွေ ဖန်းဆင်းထားခဲ့ပြီး ရွှေအပြည့်နဲ့ ရွှေမြိုတော်ကြီးလို့သိကြပါတယ်။ဒါပေမယ့် ဒီမြို့ကိုတော်ရုံနဲ့တော့ ရှာမတွေ့နိုင်ဘူးပေါ့ဗျာ။ မီဂယ်လ်နဲ့ တူလီယို ဟာဆိုရင် လောင်းကစားတောင်မှ လိမ်စားတဲ့ အကြံဖန်သမားတွေပါ။ကံ‌ ကောင်းလားဆိုးလားတော့မသိ el dorardoကိုသွားတဲ့မြေပုံကို လောင်းကစားလုပ်ရင်းရခဲ့ပြီးပြေးရင်းလွှားရင်းနဲ့ပဲ အဲ့မြို့တော်ကိုပဲ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားပါတယ်..ဘယ်လို ခိုးထုတ်ကြမလဲဆိုတာကိုတော့....   File Size :(2.08GB) (866 MB) and (234 MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:30:00 Genre : Animation, Adventure , Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie

The Road to El Dorado(2000)

Scooby-Doo! and the Witch’s Ghost (1999) 7.2
Scooby-Doo! and the Witch’s Ghost (1999) Scooby-Doo! and the Witch's Ghost (1999) ============================== IMDb Rating - 7.2/10Scooby Doo ကားဖြစ်လို့ အားလုံးကို ထွေထွေထူးထူး မိတ်ဆက်နေစရာတော့ မလိုတော့ဘူး ထင်ပါတယ် ။ ဒီကားမှာတော့ Scooby Doo တို့ တစ်သိုက် ဂမ္ဘီရစာရေး ဆရာ ဘန် ရေဗင်ခရော့ဆိုသူနဲ့ ဆုံမိကြပြီး .. စာရေးဆရာရဲ့ ဇာတိမြို့ကို အလည်လိုက်ဖို့ အကြောင်းဖန်လာကြပါတယ်။ဒါပေမဲ့ မြို့ကိုရောက်တော့ သိလိုက်ရတဲ့ သတင်းဆန်းက စာရေးဆရာရဲ့ ဘိုးဘေးတစ်ဦးဖြစ်သူ ဆာရာ ရေဗင်ခရော့ရဲ့ ဝိညာဉ်က တစ်မြို့လုံးကို ခြောက်လှန့်နေပါသတဲ့။ ဒီလိုနဲ့ ဒီလျှို့ ဝှက်ဆန်းကြယ် ဖြစ်ရပ်ကို အဖြေရှာဖို့ဟာ Scooby Doo တို့ အုပ်စုရဲ့ တာဝန်တစ်ရပ် ဖြစ်လာပါတော့တယ်။ ထုံးစံအတိုင်း Scooby တို့အတွဲကတော့ မွှေမြဲမွှေဆဲပေါ့လေ . . .(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Act Molemy ဖြစ်ပါတယ်)File Size..........(1.1 GB) / (634 MB) / ...
movie

Scooby-Doo! and the Witch’s Ghost (1999)

1999
The Lion King 1½(2004) 6.7
The Lion King 1½(2004) The Lion King 3================The Lion King ရဲ့ ဇာတ်ဆောင် ခြင်္သေ့လေး စင်ဘာရဲ့ အချစ်တော်သူငယ်ချင်း တီမုန်နဲ့ ပွန်ဘာကို အားလုံး သိကြပြီးဖြစ်မှာပါ။ဒီဇာတ်လမ်းလေးမှာတော့ ကန့်လန့်ကာနောက်က တီမုန်နဲ့ ပွန်ဘာတို့ကိုနည်းနည်းသွားကြည့်လိုက်ကြရအောင်…ဇာတ်လမ်းလေးက ဒီလိုစပါတယ် …မြွေပါလေးတွေဟာ သက်ရှိစက်ဝန်းကြီးရဲ့ အောက်ပိုင်းကသတ္တဝါလေးတွေပါ။ ဒီတော့ တခြားအင်အားကြီး သားရဲတွေရဲ့ ရန်ကိုအမြဲပူပန်နေကြရပါတယ်။ တီမုန်တို့ မြွေပါလေးတွေဟာ သူတို့ကို စားမယ့်ခွေးအတွေ ရန်က ကာကွယ်ဖို့ တစ်နေ့တစ်နေ့ တွင်းတွေတူးရတာနဲ့ပဲအချိန်ကုန်နေပါတယ်။ မြွေပါလေး တီမုန်ကတော့ ဒီလို တွင်းတွေတူးရပုန်းကြရတဲ့ဘဝကို သဘောမကျလှပါဘူး။ အများနဲ့မတူတဲ့ တီမုန်အုပ်စုထဲမှာ အဆင်မပြေဖြစ်လာရပါပြီပြီ။ ဒါ့အပြင် အပြင်မှာသူနဲ့အဆင်ပြေတဲ့နေရာ ရှိရမယ်လို့လည်း တစ်ထစ်ချ ယုံကြည်နေပါတယ်။ဒီလိုနဲ့ တစ်နေ့မှာတော့ သူနဲ့အဆင်ပြေရာကို ရှာဖို့ အမေနဲ့အဖော်မြွေပါတွေကို ထားခဲ့ပြီး ခရီးနှင်ပါတော့တယ်။ လမ်းမှာဘာလုပ်ရမယ် ဘယ်ကိုသွားရမယ်ဆိုတာ မသိလို့ ငိုနေတဲ့ တီမုန်ပညာရှိမျောက်ကြီးနဲ့ တည့်တည့်တိုးပါတော့တယ်။ မျောက်ကြီးကမင်းက ...
movie

The Lion King 1½(2004)

The Lion King (1994) 8.5
The Lion King (1994) The Lion King (1994) ==================  IMDb - 8.5/10______Rotten - 94%Won 2 Oscars. Another 35 wins & 34 nominationsဝေါ့ဒစ်စနေးရဲ့ မာစတာပိစ် တစ်ခုလာပါပြီဗျာ။ ကလေးတုန်းကတည်းက အသဲစွဲ ကာတွန်းလေးပါ။ IMDb 8.5 ရထားပါတယ်။ ဇာတ်လမ်းအကျဉ်းမှာတော့ တောဘုရင်ခြင်္သေကြီး မူဖာဆာ မှာ စင်ဘာဆိုတဲ့ သားလေးမွေးဖွားလာပြီး သူ့နေရာကို တစ်နေဆက်ခံခွင့်ပေးဖို့ လျာထားခဲ့ပါတယ်။ အဲဒါကို မကျေနပ်တဲ့ စင်ဘာရဲ့ ဦးလေး မူဖာဆာရဲ့ ညီက ခွေးအတွေနဲ့ ပေါင်းပြီး မူဖာဆာကို လုပ်ကြံပြီး စင်ဘာလေးကို သူ့အပြစ်လို့ထင်အောင်လုပ်ပြီးအဝေးကြီးကို ထွက်သွားစေခဲ့ပါတယ်။ အဲဒီနောက်မှာ ခွေးအတွေကို ခြင်္သေ့တွေနဲ့ပေါင်းနေစေပြီး တောအုပ်ကြီးတစ်ခုလုံး ဒုက္ခရောက်နေတဲ့အချိန်မှာ အကူညီရှာဖို့ထွက်လာတဲ့ ခြင်္သေမငယ်သူငယ်ချင်းနဲ့ အတိတ်ကနေ ထွက်ပြေးနေတဲ့ စင်ဘာတွေ့ ပြန်တွေ့ကြတဲ့အခါမှာ.......File Size      : 1.13GB / 584MB Duration     : 1 hr 28 min Quality       : ...
movie

The Lion King (1994)

Deep Blue Sea (1999) 5.9
Deep Blue Sea (1999) ဒီဇာတ်ကားကိုကြည့်နေရင်းနဲ့ အဆုံးသတ်နားနီးတော့မှ ဇာတ်လိုက်က ဒီကားနာမည် Deep Blue Seaကို ညွှန်းလိုက်တဲ့စကားတစ်ခွန်းကြောင့် ခံစားရတဲ့ ရသလည်း အသစ်ပြောင်းသွားရပါတယ်။ ပြောရရင် ရှုထောင့်ပြောင်းပြီး မြင်လာတဲ့ အမြင်သစ်တစ်ခု ရသွားတာပေါ့လေ။Alzheimer's diseaseဆိုတာ လူတွေမှာ အဖြစ်အများဆုံး ဦးနှောက်ရောဂါတစ်ခုပါ။ မှတ်ဉာဏ်တွေ မေ့ပျောက်ကုန်တဲ့ရောဂါတစ်မျိုးပါပဲ။ သူငယ်ပြန်တာမျိုးလည်း မဟုတ်ဘဲ ကြာလေလေ ဘာကိုမှ မမှတ်တော့လောက်အောင် ဦးနှောက်ဆဲလ်တွေ သေဆုံးသွားတာမျိုးပါ။အဲဒီရောဂါနဲ့သူ့မိဘတွေ ကွယ်လွန်သွားရလို့ အခဲမကျေဖြစ်နေတဲ့ ဆရာဝန်မလေးတစ်ယောက်ဟာ ဆေးကုမ္ပဏီကြီးတစ်ခုရဲ့ အထောက်အပံ့နဲ့ အယ်လ်ဇိုင်းမားရောဂါ ကုထုံးသစ်အတွက် သုတေသနလုပ်နေပါတယ်။ သူလုပ်နေတဲ့ သုတေသနဌာနက ဒုတိယကမ္ဘာစစ်လက်ကျန် ရေငုပ်သင်္ဘောတွေ ဆီဖြည့်တဲ့ စခန်းဟောင်းတစ်ခုကို ပြုပြင်ပြီး လုပ်ထားတာပါ။ ဘာလို့ အဲဒီနေရာကိုမှ သွားလုပ်ရသလဲဆိုရင် သူတို့ စမ်းသပ်နေတဲ့ဆေးကုထုံးက ငါးမန်းတွေရဲ့ ဦးနှောက်နဲ့ ပတ်သက်နေလို့ပါပဲ။ငါးမန်းတစ်ကောင်ရဲ့ဦးနှောက်ကို ပုံမှန်ထက်ငါးဆလောက်ကြီးလာအောင် အရင်လုပ်လိုက်ကြတယ်။ အဲဒီငါးမန်းရဲ့ဦးနှောက်ထဲကို အယ်လ်ဇိုင်းမားလူနာရဲ့ ပျက်စီးနေတဲ့ဦးနှောက်ဆဲလ်တွေ မြှုပ်နှံထားပြီးတော့ ရလဒ်တွေကို သုတေသနပြုနေကြတာပါ။ ...
movie

Deep Blue Sea (1999)

Frankenweenie (2012) 6.9
Frankenweenie (2012) Frankenweenie (2012)~ IMDb - 6.9/10, Rotten Tomatoes - 87% ~ဂေါ့သစ်ဆရာကြီး Tim Burton ရဲ့ နောက်ထပ် အဟောင်း‌အကောင်း ဂေါ့သစ်ကားတစ်ကားပါပဲ။ ဖရန်ကင်စတိန်းလိုမျိုးဇာတ်ပေါ့။ ဖရန်ကင်ဝီးနီပါ။ ဝီးနီဆိုတဲ့ ရှည်မျောမျောခွေးပုမျိုး ခွေးလေးတစ်ကောင်ကို ဖရန်ကင်စတိန်းလို ပြန်အသက်သွင်းလိုက်လို့ ဒီနာမည်ပေးထားတာ‌ပေါ့။ဒီရုပ်ရှင်ထဲက ခွေးပိုင်ရှင် ဗစ်တာဟာ Corpse Bride ထဲက ဗစ်တာနဲ့အတူတူပဲလို့လည်း Rumor တွေရှိပါတယ်။ မင်းသမီးကတော့ ဘာတန်အစောပိုင်းကားတွေကတည်းက တော်တော်ပါတဲ့ Winona Ryder ပါပဲ။ ဒီရုပ်ရှင်အတွက် အန်နီမေးရှင်းဆွဲ သရုပ်ဖော်ဖို့ အန်နီမိတ်တာဟာ Classic Monster တွေကိုပါ လေ့လာခဲ့ရတာမို့ ကလပ်စစ်ဆန်ဆန်အရသာလည်းရမှာပါ။ ထူးထူးခြားခြား သရီးဒီကိုမှ အဖြူအမဲနဲ့ပုံဖော်ထားတဲ့ကားလည်းဟုတ်ပါတယ်။ တင်ဘာတန်ဟာ ဒီရုပ်ရှင်ကို ၆၀ခုနှစ်က ကလပ်စစ် မွန်းစတားကားတွေကို Homage ပေးတဲ့အနေနဲ့ ရိုက်ချင်ခဲ့တာပါ။ ဒီထဲကခွေးလေးဟာလည်း တင်ဘာတန်ငယ်ငယ်က ...
movie

Frankenweenie (2012)

2012
Trick or Treat Scooby-Doo! 5.5
Trick or Treat Scooby-Doo! Trick or Treat Scooby Doo(2022) ====================== Comedy , Horrorစကူဘီဒူးရဲ့ မူလလက်ရာနဲ့ animation လေးထွက်လာပါတယ်။ ဟော်လိုးဝင်းရာသီဖြစ်တာကြောင့် စကူဘီဒူးတို့ အရင်ဖြေရှင်းခဲ့တဲ့အမှုတွေနဲ့ မတူဘဲ ပိုမိုထူးခြားစေမှာပါ... ပြီးတော့ အားလုံးဝေဖန်နေကြတဲ့ Velma Character ကိုလည်း Lesbian တစ်ယောက်အနေနဲ့ စတင်မြင်တွေ့ရမှာပါဇာတ်လမ်းအကျဉ်းကတော့ စကူဘီဒူးတို့ဟာ လူဆိုးတွေအားလုံးကို နောက်ကွယ်ကနေ ဝတ်စုံတွေလုပ်ပြီး ကြိုးကိုင်နေတဲ့ ဉာဏ်ကြီးရှင် ဒုစရိုက်သမားကြီး ကိုကိုဒီရာဘလိုကို ဖမ်းဆီးအပြီးမှာ ဖြေရှင်းစရာအမှုတွေ မရှိတော့တဲ့အတွက် စိတ်ပျက်လက်ပျက်ဖြစ်နေကြပါတယ်... ဒီလိုနဲ့ သူတို့အတွက် ဟော်လိုးဝင်းမှာ အရင် Villain တွေနဲ့မတူတဲ့ ဖြေရှင်းစရာ အမှုအသစ်ကြီးတစ်ခုပေါ်လာတဲ့အခါမှာတော့ စကူဘီနဲ့ရှက်ဂီတို့ရဲ့ အလွဲလွဲ အချော်ချော်တွေနဲ့အတူ Mystery Inc အဖွဲ့ ဘယ်လို ဖြေရှင်းသွားမလဲဆိုတာကို ကြည့်ရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်)Genre..... Adventure , Animation, Comedy Quality…. 1080p | 720p | 480p File size… ...
movie

Trick or Treat Scooby-Doo!

2022
Scooby-Doo! Camp Scare (2010) 7.2
Scooby-Doo! Camp Scare (2010) Scooby-Doo! Camp Scare (2010) ======================= IMDb Rating - 7.2/10မိုးအေးအေးမှာ ငယ်ငယ်က အသဲစွဲကြိုက်ခဲ့ရတဲ့ စကူဘီ-ဒူဘီ-ဒူးရဲ့ ဇာတ်လမ်းလေးကို ပြန်ကြည့်ရင်း memory recall ပြန်လုပ်လိုက်ရအောင်လား...ဇာတ်လိုက်ကျော်ကြီး စကူဘီဒူး၊ ရှက်ဂီ၊ ဗယ်မာ၊ ဒက်ဖနီ တို့ လေး ယောက်သားက ဖရက်ဒီရဲ့ ငယ်ငယ်တုန်းက အမြဲသွားခဲ့တဲ့ လစ်တဲမုစ်ဆိုတဲ့ စခန်းကို သွားလည်ကြမယ့်သူတွေပေါ့။ လစ်တဲမုစ် ဆိုတာ ယုံတမ်းစကားတွေ၊ ဒဏ္ဍာရီတွေ၊ သရဲပုံပြင်တွေနဲ့ ပြည့်နေတဲ့ နေရာတစ်ခုဖြစ်ပြီး မြို့ပြနဲ့ ကွဲထွက် နေတဲ့ နေရာတစ်ခုပါ။အဲဒီစခန်းငယ်လေးမှာ စခန်းချသွားကြရင်း လုခ်၊ ထရူဒီ နဲ့ ဒီကွန်ဆိုတဲ့ ကလေး သုံးယောက်နဲ့ တွေ့ပြီး စခန်းကို ခြောက်လှန့်နေတဲ့ ဝုစ်မန်း၊ ဖစ်ရှ်မန်း နဲ့ အရိပ် တောင်ကြားတစ္ဆေဆိုတဲ့ မကောင်းဆိုးဝါးသုံးကောင်နဲ့ ရင်ဖိုဖွယ် နှစ်ပါးသွား ဇာတ်လမ်းတစ်ပုဒ်ကို ကြည့်ရှူ့ရမှာပဲ ဖြစ်ပါတယ်။ အသည်းခိုက်အောင် ကြောက် တတ်တဲ့ စကူဘီဒူးနဲ့ ရှက်ဂီတို့ ဘော်ဘော်နှစ်ယောက်နဲ့တင် ဒီဇာတ်ကားကို ကြည့်ဖို့က ပြည့်စုံနေပြီမို့ အများကြီး ...
movie

Scooby-Doo! Camp Scare (2010)

2010
The Rugrats Movie (1998) 5.9
The Rugrats Movie (1998)  ဒီတစ်ခါမှာတော့ သားသားမီးမီးတွေအကြိုက်တွေ့စေမယ့် ကာတွန်းကားကောင်းလေးကိုတင်ဆက်ပေးချင်ပါတယ်၂၄မီလီယံအကုန်ကျခံရိုက်ကူးထားပြီး ၁၄၁မီလီယံထိပြန်ရခဲ့တဲ့ ဒီဇာတ်ကားဟာဘာတွေကောင်းမလဲကြည့်လိုက်ကြရအောင်ကလေးတွေရဲ့သ‌ဘာဝအတိုင်းအချစ်ခံချင်ဆိုးချင်ကြတာချည်းပါပဲ ဒီအတိုင်းပဲ တွန်မီဆိုတဲ့ကလေးဟာလည်းအငယ်ဆုံးပီပီ ဆိုးချင် ရစ်ချင်သူလေးပေါ့ ဒါပေမယ့် တစ်နေ့သူ့ရဲ့ညီလေး ဒေးလ်ဖြစ်သူလောကကြီးထဲရောက်လာတော့အစကပျော်ဖို့ကောင်းမယ်တွေးခဲ့တာတွေက ထင်သလိုဖြစ်မလာဘဲသူပိုင်တဲ့အရုပ်တွေပစ္စည်းတွေကိုလုကြရင်း သူဒီကလေးကို မုန်းမိလာပါတော့တယ်ဒါကိုသိတဲ့တွန်မီ့သူငယ်ချင်းတွေက ကလေးကို ဆေးရုံကဝယ်လာခဲ့တယ်လို့ထင်ပြီးဆေးရုံကိုသွားပြန်ပေးဖို့လုပ်ကြရင်း အလွဲလွဲအမှားမှားတွေနဲ့ တောနက်ထဲရောက်သွားကြတဲ့အခါမှာတော့....ဘာတွေဆက်ဖြစ်သွားမလဲ လမ်းလျှောက်တတ်စအရွယ်ကလေးတစ်သိုက် လူသူမနီးတဲ့တောနက်ကြီးထဲဘယ်လိုရှင်သန်သွားကြမလဲ ၅၂၈မေတ္တာကိုပုံပေါ်လာအောင်ရိုက်ကူးထားတဲ့အတွက် ကလေးတွေကိုပြသဖို့ အသင့်တော်ဆုံးဇာတ်ကားပဲဖြစ်ပါတယ်ရှင်  File size…3.7GB / 1.13Gb Quality…1080p BluRay AAC5.1CH / 720p Format…mp4 Duration….1h 19m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Yunni   
movie

The Rugrats Movie (1998)

1998
The Informant! (2009) 6.5
The Informant! (2009) The Informant! (2009) အာချာဒယ်နီယယ်မဒ်လန်း (ADM) ဆိုတဲ့ ကုမ္ပဏီကြီးဟာ နာမည်ကြီး လိုင်စင်းထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီးတော့ စီးပွားရေးလောကရဲ့ တစ်စိတ်တစ်ပိုင်းကို ချုပ်ကိုင်ထားနိုင်တဲ့ ကုမ္ပဏီကြီးတစ်ခုလည်းဖြစ်ပါတယ်။သူ့ရဲ့အောင်မြင်မှုတွေဟာ အပြင်ပန်းမှာတော့ ဦးမော့နိုင်နေပေမဲ့ အတွင်းမှာတော့ မသမာမှုတွေနဲ့ ရှုပ်ထွေးပွေလီပြီး သပွတ်အူလိုက်နေပေါ့။ဒီလိုမသာမာတဲ့နည်းလမ်းနဲ့ စျေးကွက်ကို လုပ်ချင်သလိုလုပ်နေကြတာကို FBI ကရိပ်စားမိနေတော့ အမှုပတ်မှာစိုးတဲ့ မာ့ခ်ဝှဒ်အေကဟာ ဒီလုပ်ရပ်တွေကိုဖော်ဖို့ FBI နဲ့ပူးပေါင်းလိုက်ပါတော့တယ်။ဒီလိုနဲ့ မာ့ခ်ဝှဒ်အေကဟာ သတင်းပေးအဖြစ် ကုမ္ပဏီရဲ့လုပ်ရပ်တွေကိုဖော်ရင်းက မသာမာမှုတွေဟာ တစ်စပြီးတစ်စပေါ်လာခဲ့ပါတယ်။အစကတည်းက မသမာခဲ့တဲ့ မာ့ခ်ဝှဒ်အေကဟာ သူ့လုပ်ရပ်တွေပါ ပေါ်လာတဲ့အခါ ရှေ့ဆက်တိုးဖို့အလွန်စိုးရိမ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ဆုပ်လည်းစူး စားလည်းရူးအခြေအနေဖြစ်လာတဲ့အခါ သူဘယ်လိုရုန်းထွက်မလဲ၊ ဒီမသမာမှုတွေကိုရော အမြစ်လှန်ဖော်ထုတ်သွားနိုင်မှာလား ဆိုတာကိုတော့ စိတ်ဝင်စားစရာကောင်းအောင် ဇာတ်လမ်းထဲမှာဆက်ပြီးရှုစားရမှာပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Thar Htet ပါ။) File Size          :  1.8GB, 660MB, 330MB Quality  ...
movie

The Informant! (2009)

2009
How the Grinch Stole Christmas (2000) 6.2
How the Grinch Stole Christmas (2000) How the Grinch Stole Christmas (2000) ငယ်ငယ်ကတော့ ခရစ္စမတ်နားနီးတဲ့ အပတ်မှာ ပုတက်တို့ Kidzone တို့လို ကာတွန်းစာစောင်တွေမှာ ခရစ္စမတ်ဇာတ်လမ်းလေးတွေ ထည့်တာကို ဖတ်ရင်း၊ Casper, Mickey Mouse, Winnie the Pooh တို့ရဲ့ ခရစ္စမတ်ကာလကားလေးတွေ၊ A Christmas Carol တို့ Home Alone တို့ Grinch တို့လို ခရစ္စမတ်ကားလေးတွေကြည့်ရင်း ဖြတ်သန်းဖူးခဲ့ကြတယ်မို့လား။ ခရစ္စမတ်ဟာ ကျွန်တော်တို့နဲ့ မဆိုင်ပေမဲ့ မစိမ်းလှပါဘူး။ဒီဇာတ်လမ်းကတော့ ငယ်ဘ၀ကခရစ္စမတ်ကိုရော ငယ်ဘ၀ကိုရော Nostalgia ဖြစ်စေမယ့် ဇာတ်လမ်းပါ။၂၀၀၀ခုနှစ်မှာထွက်ခဲ့တာဆိုတော့ ကျွန်တော်တို့ငယ်ငယ်က ခရစ္စမတ်ကားတွေရဲ့ အရသာအတိုင်းပါပဲ။ ခရစ္စမတ်ကားလေးပေမဲ့ မင်းသားက ဂျင်ကာရေး ဖြစ်တဲ့အပြင် ဆာအန်သိုနီဟော့ကင်းကလည်း Narrator အဖြစ် နောက်ခံစကား‌ပြောပေးထားတယ်။ ဒါရိုက်တာကတော့ ၂၀၀၂မှာ A Beautiful Mind ရုပ်ရှင်နဲ့ ...
movie

How the Grinch Stole Christmas (2000)

2000
101 Dalmatians 1996 5.7
101 Dalmatians 1996 ကျွန်တော်တို့ ငယ်ငယ်က အရမ်းသဘောကျတဲ့ ခွေးလေး ၁၀၁ ကောင် ကာတွန်းကားကို ရုပ်ရှင်ပြန်ရိုက်ထားတဲ့ 101 Dalmatians 1996 ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီကားရဲ့ထားခြားချက်ကို ပြောရမယ်ဆိုရင်တော့ ခွေးလေးတွေကိုယ်တိုင်ပါပဲ ကျွန်တော်ကတော့ ရုပ်ရှင်ထဲမှာ တိရစ္ဆာလေးတွေ ထည့်ရိုက်ရင် အရမ်းသဘောကျပါတယ် ဘာလို့ဆိုတော့ သူတို့ကို သရုပ်ဆောင်ဖို့ သင်ပေးရတာ မလွယ်ဘူးလေ ဒါပေမယ့် အခုနောက်ပိုင်းမှာ CGI ဆိုတဲ့ ကွန်ပျူတာနဲ့ ဖန်တီးထားတဲ့ ရုပ်အတုတွေပဲ ထည့်ရိုက်ကြပါတော့တယ် ဒီတော့ အရင်ခေတ်ကလို တိရစ္ဆာန်လေးတွေရဲ့ သရုပ်ဆောင်ချက်တွေ မြင်ရဖို့အခွင့်အရေးရှားသွားပါတယ် ဒါပေမယ့် ၁၉၉၆ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ ဒီကားမှာတော့ ခွေးလေးတွေရဲ့ ချစ်စရာကောင်းတဲ့ သရုပ်ဆောင်ချက်တွေကို တစ်ဝကြီးမြင်ကြရမှာပါ အခုလို စိတ်ဖိစီးစရာများတဲ့ ကာလမှာ Old but Gold ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါရစေ File size…(1.5 GB) and (1 Gb) Quality….BluRay 1080p and 720p Format…mp4 Duration….01:43:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Mr.Anderson Translated by Htet Wai Lwin  
movie

101 Dalmatians 1996

Scooby-Doo! The Sword and the Scoob (2021) 6.3
Scooby-Doo! The Sword and the Scoob (2021) Scooby-Doo! The Sword and the Scoob (2021)=================================IMDb Rating - 6.3/102021 ရဲ့ Scooby Doo ဇာတ်လမ်းလေးလာပါပြီ။အားလုံးသိကြတဲ့အတိုင်း Scooby Doo ဇာတ်လမ်းတွေဆိုတာ animation ဆိုပေမယ့်လည်းAction တွေ Adventure တွေနဲ့ ခေလှတဲ့ ဇာတ်လမ်းတော့မဟုတ်ပါ။အခုထွက်ရှိလာတဲ့ ဇာတ်လမ်းမှာတော့ Scooby တို့ အဖွဲ့ဟာ အင်္ဂလန်က နော်ဗယ်လ် အောမော်ဂါးနီးယားဆိုတဲ့ ဒေသကို သွားရင်း လျှို့ဝှက်ဆန်းကြယ်တဲ့ အဖြစ်တွေနဲ့ ကြုံခဲ့ရပါတယ်။မှော်ပညာတွေနဲ့ ပြည့်နက်နေတဲ့မြို့ကို ရောက်သွားတဲ့ Scooby တို့ အုပ်စု မော်ဂန်ဆိုတဲ့ စုန်းမလက်ချက်နဲ့ အာသာဘုရင်အုပ်စိုးခဲ့တဲ့ ခေတ်ကိုရောက်သွားပြီး ပြဿနာတွေ ဖြေရှင်းကြတော့မှာပါ .....မာလင်တို့ခေတ်က အကြောင်းတွေပါတော့ မာလင်ကြိုက်သူကာတွန်းဖန်တို့အတွက်လည်း အဆင်ပြေပါလိမ့်မယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Yoon Sandi Aung မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူကတော့ Yoon Sandi Aung, ...
movie

Scooby-Doo! The Sword and the Scoob (2021)

2021