Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Frank Schorpion
5.9
Good Sam (2019)
ဒီတစ်ခါတော့ပရိသတ်ကြီးကို ၂၀၁၉ ထွက်ရုပ်ရှင်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးပါရစေဇာတ်လမ်းကတော့ ၂၀၁၉ တုန်းက netflix ကနေထွက်ရှိထားခဲ့တဲ့ good sam ဆိုတဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်Good Sam ဆိုတာကတော့ samaritan ရဲ့အတိုကောက်ဖြစ်ပြီးပရဟိတ အများကောင်းကျိုးဆောင်ရွက်နေသူတစ်ယောက်ဆိုတာအဓိပ္ပာယ်ပဲဖြစ်ပါတယ်...ဇာတ်လမ်းအကျဉ်းလေးကတော့ နယူးယောက်မှာ မီးလောင်မှုကားတိုက်မှု ဒီလိုသတင်းတွေကို ရွပ်ရွပ်ချွံချွံလိုက်စုံစမ်းလေ့ရှိတဲ့ သတင်းထောက်မလေး ကိတ် ကိုအခြေတည်ထားတာပါသူဟာဒီလိုအန္တရာယ်များတဲ့သတင်းတွေကိုလိုက်နေရင်းကနေတစ်နေ့တော့ ထူးဆန်းတဲ့သတင်းတစ်ပုဒ်ကို မမျှော်လင့်ပဲရရှိခဲပါတော့တယ် အမျိုးသမီးတစ်ယောက်သူ့အိမ်ရှေ့ကနေအိတ်တစ်အိတ်ကောက်ရခဲ့တာပါ ငွေသားကိုဒေါ်လာတစ်သိန်းပါတဲ့အိတ်တစ်အိတ်ပါ ဒီပမာဏက လူတစ်ယောက်ရဲ့ဘဝကိုတစ်ဆစ်ချိုးတင်မကပြောင်းလဲနိုင်တဲ့ပမာဏမလို့ ရရှိတဲ့သူတွေကိုရော ပေးနိုင်တဲ့သူကိုပါ ကိတ်ကစိတ်ဝင်စားလာတဲ့အခါသူကြိုးကြိုးစားစားလိုက်လံစုံစမ်းပေမဲ့လည်း အလှုုရှင်ကအမည်မသိအနေနဲ့ပဲနောက်ထပ်အိတ်တွေလည်းချထားပေးလာပါတယ် ဒီလိုနဲ့ အမှုကိုစုံစမ်းရင်း စုံစမ်းရင်းနဲ့……..Spoiler ဖြစ်သွားမှာစိုးတဲ့အတွက်ဒီလောက်နဲ့တင်ရပ်ထားလိုက်ပါဦးမယ်အားလုံးအတွက်ကြည့်ဖို့အဆင်ပြေတဲ့ comedy romance dramaကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် File size…1.59GB / 707MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 19m Genre …..Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Khant Paing
movie
Good Sam (2019)
6.0
The Wolf and the Lion (2021)
မိသားစုနဲ့ကြည့်လို့ရပြီး တိချစ်သူတွေ သဘောကျစေမယ့် ကားကောင်းပါ။ အယ်မာဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ဘ၀ထဲကို လေယာဉ်ပျက်ကျပြီး ဆပ်ကပ်ပိုင် နှင်းမြေခွေးလေးနဲ့ ခြင်္သေ့ပေါက်လေးရောက်လာပါတယ်။ နှင်းမြေခွေးလေးက မျိုးတုန်းတော့မယ့် ရှားပါးမျိုးစိတ်ဖြစ်ပြီး တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့က လိုက်ရှာနေတာဖြစ်ပါတယ်။ခြင်္သေ့ပေါက်လေးဟာလည်း ဆပ်ကပ်ပိုင်ဖြစ်ပြီး ဆပ်ကပ်အဖွဲ့က အပူတပြင်းလိုက်ရှာနေတာပါ။ သူတို့ နှစ်ယောက်ကို အယ်မာဟာ သံယောဇဉ်တွယ်သွားပြီး ဘယ်လိုကာကွယ်စောင့်ရှောက်သွားမလဲဆိုတာကိုကြည့်ရမှာပါ ။ ကနေဒါနိုင်ငံရဲ့ တောအုပ်ကြီးထဲမှာ ရိုက်ကူးထားပြီး သဘာ၀ရှုခင်းရိုက်ချက်တွေလည်း အရမ်းလှပါတယ်။ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ပါခင်ဗျာ။ (အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing က ရေးသားထားပါတယ်) File size…(2.5GB)/(1.3GB)/(800MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:39:00 Genre...Adventure/ Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...Thiha Yan Naing
movie
The Wolf and the Lion (2021)
5.3
Moonfall (2022)
Moonfall (2022) ကမ္ဘာကြီးကို ဟစ်တလာက တစ်ခါပဲ ဖျက်ဆီးခဲ့ပေမဲ့ ဟစ်တလာထက်ဆိုးပြီး ကမ္ဘာကို ခဏခဏဖျက်နေတဲ့ ဂျာမန်သားတစ်ယောက်ရှိပါတယ်။ သူကတော့ Roland Emmerich ပါ။ အမ်းမရစ်ဟာ Independence Day၊ The Day After Tomorrow နဲ့ 2012 တို့လို ကမ္ဘာပျက်ကားတွေချည်း အဓိကရိုက်ခဲ့တဲ့ ဒါရိုက်တာလို့ ဆိုရပါမယ်။ အခုလည်း လက ကမ္ဘာကို ၀င်တိုက်ပြီး ကမ္ဘာပျက်တဲ့ကားပါပဲ။လနဲ့ပတ်သက်တဲ့ သီအိုရီငစားတွေ အများကြီးကြားဖူးမှာပေါ့။ ဒီရုပ်ရှင်ကတော့ ကြားဖူးသူရှားလောက်မယ့် သီအိုရီတစ်ခု သုံးထားပါတယ်။ ဒီရုပ်ရှင်ထဲမှာ လဟာ လူကဖန်တီးထားတဲ့ မဟာယန္တရားကြီးပါပဲ။ ဇာတ်လမ်းက ဒီသီအိုရီကို ယုံကြည်တဲ့ ကောင်လေးတစ်ယောက်က လကြီးပတ်လမ်းချော်နေတာကို သတိထားမိရာက စပါတယ်။ သူဘာလို့ယုံတာလဲဆိုတော့ အပိုလို၁၁ကနေ လောင်စာကန်အလွတ်ကို လကြမ်းပေါ်ပစ်ချလိုက်တော့ တစ်နာရီလောက် ခေါင်းလောင်းလို မြည်နေခဲ့တာမို့ လက အထဲမှာ ဗလာသက်သက်ကြီးလို့ ဆိုပါတယ်။ ...
movie
Moonfall (2022)
2022
6.1
Best Sellers (2021)
Best Sellers (2021)==============IMDb Rating - 6.1/10ဖခင်ဖြစ်သူဆီကနေ စတန်းဘရစ်ပုံနှိပ်တိုက်ကိုအမွေရခဲ့ပေမဲ့ သူ့လက်ထက်ထုတ်ဝေတဲ့စာအုပ်တွေကလူတွေရဲ့ဝေဖန်မှုကိုခံရပြီး ပုံနှိပ်တိုက်ပါအခြေအနေယိုယွင်းလာခဲ့ပါတယ်။ အဲ့ဒီယိုယွင်းလာတဲ့ပုံနှိပ်ကိုကယ်ဖို့ လူစီတစ်ယောက်နောက်ဆုံးအကြံကိုထုတ်ရတော့တာပေါ့။ပုံနှိပ်တိုက်ပိုင် စာရေးဆရာကြီးကို ရရှိရေးပေါ့။ဒီလိုနဲ့ဟဲရစ်ရှောကို သူတို့စဉ်းစားမိခဲ့ကြတယ်။ ဟဲရစ်ရှောဆိုတာ “Atomic Autumn” ဆိုတဲ့စာအုပ်ကိုရေးခဲ့တဲ့စာရေးဆရာကြီး သူကအဲ့တစ်အုပ်ပဲရေးခဲ့ဖူးပေမဲ့ အဲ့တစ်အုပ်ကလည်းအဲ့အချိန်ကရောင်းအားအကောင်းဆုံးဖြစ်ခဲ့တယ်။ဒါပေမဲ့ အဲ့နောက်ပိုင်းစာမရေးတော့သလို လူတွေမြင်ကွင်းကပျောက်ကွယ်ခဲ့တာ နှစ်ပေါင်း(၅၀)ကြာသွားပြီဖြစ်တဲ့အပြင်…. သူ့အကြောင်းဇာတ်လမ်းတွေကလည်း ကောင်းတာမရှိတဲ့ အရက်သမား..လူတွေကိုမုန်းလို့တစ်ယောက်တည်းနေနေတဲ့လူ…စကားပြောရင်ရင့်သီးတဲ့လူ…သူစိတ်ထဲရှိသလိုနေထိုင်တဲ့သူ့ကို လူစီစတန်းဘရစ်တစ်ယောက် ဘယ်လိုစည်းရုံးမှာလဲ။သူတို့နှစ်ယောက်ရဲ့စာအုပ်အရောင်းမြှင့်တင်ရေးခရီးလေးကရော ဖြောင့်ဖြူးမှာရဲ့လား….လူစီတစ်ယောက် သူ့ပုံနှိပ်တိုက်ကိုကယ်တင်နိုင်မှာလား စတာတွေကို စိတ်ဝင်တစားကြည့်ရှူရမှာပါ။ဇာတ်လမ်းလေးက ဟဲရစ်ရှောရဲ့အဆဲလေးတွေနဲ့ရယ်ရသလို ဒရမ်မာလေးပါ နှောထားတော့ ရယ်လိုက်ငိုလိုက်ခံစားလိုက်နဲ့ဖြစ်သွားစေမဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Chit Tee မှရေးသားပေးပြီး။ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။) Quality – 1080p, 720p, 360p WebRipDuration - 1h 40minSubtitle – Myanmar HardsubFormat – Mp4Genre : Comedy, ...
movie
Best Sellers (2021)
2021
7.1
Pieces of a Woman (2020)
Pieces of woman (2020)************************IMDb -7.1 ရရှိခဲ့တဲ့ ကားလေးပဲ ဖြစ်ပါတယ် Pieces of woman ဇာတ်ကားလေးဟာဆိုရင် မာသာနဲ့ ရွှန်းန် တို့ရဲ့ အိမ်ထောင်ရေးအပေါ် ဇာတ်အိမ်ဖွဲ့ ရိုက်ပြထားတဲ့ အိမ်ထောင်ရေး Drama ကားလေး ဖြစ်ပါတယ် ခေါင်းမာပြီး တဇွတ်ထိုးဆန်တဲ့ မာသာက သူတို့ရဲ့ သမီးဦးလေးကို သူတို့ရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နေတဲ့ အိမ်လေးမှာပဲ ဝမ်းဆွဲသည်နဲ့ မွေးဖို့ စီစဉ်ခဲ့ပါတယ် မာသာအမေက ရွှန်းန်ကို သဘောမကျသော်လည်း လင်မယားနှစ်ယောက်က အရာအားလုံးကို ဆိုးတူကောင်းဖက် တိုင်ပင်ပြီး အချစ်တွေနဲ့ ပြည့်နေတဲ့ အိမ်ထောင်ရေးလေးကနေ ချစ်စရာကောင်းတဲ့ မိသားစုလေးကို တည်ဆောက်ဖို့ ကြိုးစားနေခဲ့ကြပါတယ် မာသာဟာ သူချစ်ရတဲ့ သမီးလေးကို ဆေးရုံမှာ မမွေးပဲ နာကျင်ခြင်း ဝေဒနာကို အံကြိတ်ခံပြီး အိမ်မှာပဲ ဝမ်းဆွဲသည်နဲ့ မွေးစေခဲ့ပါတယ် တခါတရံ စီစဉ်ထားသလို မဖြစ်ခဲ့တဲ့အခါမှာဆိုရင် လူတွေဟာ စိတ်ဝေဒနာတွေကို ကျော်ဖြတ်ဖို့ နည်းအမျိူးမျိူး သုံးကြပြီး အခက်အခဲတွေကို အဖက်ဖက်ကနေ ရိုက်ပြထားတဲ့ ကားကောင်းလေး ဖြစ်ပါတယ် ဒီဇာတ်ကားလေးမှာဆိုရင် အမျိုးသမီးတို့ရဲ့ မဖြစ်မနေ ရင်ဆိုင်ရတဲ့ ...
movie
Pieces of a Woman (2020)
2020
6.2
Target Number One
ဒီဇာတ်လမ်းကတော့ ၁၉၈၉ ခုနှစ်မှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန် ဇာတ်ကားပါ။ Most Wanted ဆိုတဲ့ အမည်ခွဲလည်း ပေးထားပါသေးတယ်။ ထိုင်းနိုင်ငံမှာ ဘိန်းမှောင်ခိုမှုနဲ့ အဖမ်းခံခဲ့ရတဲ့ ကနေဒါ နိုင်ငံသားတစ်ယောက်ကို ကယ်တင်ခဲ့တဲ့ ကနေဒါနိုင်ငံက ဂျာနယ်လစ်တစ်ယောက်ရဲ့ကြိုးပမ်းမှုကို တင်ဆက်ထားတာပါ။ အကျင့်ပျက် ခြစားတဲ့ ရဲတချို့ရဲ့ လုပ်ရပ်ကြောင့် သာမန်ပြည်သူတစ်ယောက် ဒုက္ခရောက်ခဲ့ရတဲ့အကြောင်းပါ။ မီဒီယာရဲ့အခန်းကဏ္ဍက ပြည်သူတွေအပေါ်မှာ ဘယ်လောက်အရေးပါတယ်ဆိုတာကို ရိုက်ပြထားတာပါ။ အတ္ထုပ္ပတ္တိကို တင်ပြထားတာဆိုပေမယ့် ဇာတ်လမ်းက လုံးဝကို ပျင်းစရာကောင်းမနေခဲ့ပါဘူး။ ကြည့်ရင်းကြည့်ရင်းနဲ့ ဘာဖြစ်လာမလဲဆိုပြီး စိတ်ဝင်တစားနဲ့ ကြည့်ရှုရမယ် ဇာတ်ကားကောင်းတစ်ကားပါ IMDb - 6.2/10 ရထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။ File Size - 1.3 gb Quality - web-dl 1080p Subtitle - burmese Translator - August Encoder - Thit San Khant
movie
Target Number One
2020
6.2
Pet Sematary (2019)
စတီဖန်ကင်းရဲ့ နာမည်ကျော်ဝတ္ထုတစ်ပုဒ်ကို ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။၁၉၈၉ တုန်းက တစ်ခေါက်ရိုက်ကူးဖူးခဲ့ပြီး အခုကတော့ ဇာတ်ညွှန်းအနည်းငယ်ပြောင်းပြီး ထပ်မံရိုက်ကူးထားတာမို့ အရသာအသစ်ခံစားရမှာပါပဲ။ဒီဝတ္ထုဟာ စာရေးဆရာကိုယ်တိုင်ကြောက်မိတယ်လို့ ဝန်ခံခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။စာရေးဆရာကိုယ်တိုင်က ဇာတ်လမ်းထဲက အိမ်မျိုးမှာနေမိပြီး သူ့ရဲ့ ကလေးတွေသာ ဒီလိုဖြစ်သွားရင်ဆိုတဲ့ အတွေးနဲ့ ရေးခဲ့တာမို့ တွေးကြည့်ပြီး စိမ့်ကြောက်ရမယ့် ဇာတ်လမ်းမျိုးပါပဲ။ဇာတ်လမ်းခေါင်းစဉ်ရဲ့ အဓိပ္ပါယ်ကတော့ အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ သချႋုင်း လို့ ဖြစ်ပါတယ်။စာလုံးပေါင်းအမှန်ကတော့ (Pet Cemetery) ပါ။ဒါပေမယ့် အဲဒီသချႋုင်းကို ပြုလုပ်ခဲ့တဲ့သူတွေက စာလုံးပေါင်းအမှန်ကို မပေါင်းတတ်ဘဲ အသံထွက်အတိုင်း အမှားကြီးရေးခဲ့လို့ ခေါင်းစဉ်မှာကို စာလုံးပေါင်းအမှားဖြစ်နေတာပါ။(မြန်မာလူမျိုးအများစု ပဲ နဲ့ ဘဲ၊ လဲ နဲ့ လည်း၊ ကျ နဲ့ ကြ၊ တတ် နဲ့ တက်လောက်ကို မကွဲသလို သူတို့တွေလည်း C နဲ့ S မှားတာမျိုး ရှိတတ်ပါတယ်။ ဒါပေမယ့် ...
movie
Pet Sematary (2019)
2019
6.5
The Hummingbird Project (2018)
ငှက်ပိတုန်းတစ်ကောင်ရဲ့ အတောင်ပံ တစ်ချက်ခတ်ဖို့အချိန်က ၁ စက္ကန့်ရဲ့ ၁၀၀၀ ပုံ ၁၆ ပုံဖြစ်တဲ့ ၁၆ မီလီစက္ကန့်ပဲကြာပါတယ်။ဒီအချိန်လေးက လူတစ်ယောက်ရဲ့ ဘဝဖြစ်ခဲ့တယ်လို့ ပြောရင် ခင်ဗျားတို့ယုံကြမလား။ရေပိုင်ပြင်သူ တစ်ဖြစ်လဲ စတော့ရှယ်ယာ ရောင်းဝယ်တဲ့ ကုမ္ပဏီတစ်ခုက ဝန်ထမ်းလေး Vincent Zaleski ရဲ့ ဘဝကတော့ ဒီအချိန် ၁၆ မီလီစက္ကန့်လေးပေါ်မူတည်နေပါတယ်။သူအလုပ်လုပ်နေတဲ့ကုမ္ပဏီက နာနိုစက္ကန့်စီးပွားရေးလို့ခေါ်တဲ့ အမြန်နှုန်းကို အဓိကထားပြီး စတော့တွေကို ရောင်းဝယ်နေတဲ့ ကုမ္ပဏီတစ်ခုပါ။Stock Exchange နှစ်ခုကြားက အချက်အလက်တွေကို အမြန်ဆုံးရယူပြီး Stock တွေကို အမြတ်ရအောင် ရောင်းဝယ်နေတဲ့ သူတို့လုပ်ငန်းမှာ အချက်အလက်ကူးပြောင်းနှုန်းက အရေးအကြီးဆုံးဖြစ်ပါတယ်။တစ်မီလီစက္ကန့်ဆိုရင်တောင်မှပေါ့။တစ်နေ့မှာ Vincent က အလုပ်ကထွက်ပြီး အစ်ကိုတဝမ်းကွဲဖြစ်သူ ဥာဏ်ကြီးရှင် Anton Zaleski ရဲ့အကူအညီနဲ့ အမြန်ဆုံး လိုင်းတစ်ခုဆွဲဖို့စီစဉ်ကြပါတယ်။...
movie
2018