Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Frank Girardeau
6.0
Deception (2008)
နာမည်ကြီးမင်းသားတွေဖြစ်တဲ့ X-Men မင်းသားHugh Jackman နဲ့ Ewan McGregor တို့အပြိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ Deception ကတော့ MysteryThriller နဲ့ Drama အမျိုးအစားဖြစ်ပါတယ်။နယူးယောက်ရဲ့ကော်ပိုရေးရှင်းလုပ်ငန်းကြီးတွေမှာစာရင်းစစ်အနေနဲ့လှည့်လည်လုပ်ကိုင်နေတဲ့ဂျိုနသန်ဟာတစ်ရက်မှာ ရှေ့နေဝှိုက်ဆိုသူနဲ့သိကျွမ်းပြီး သူငယ်ချင်းတွေဖြစ်သွားခဲ့ပါတယ်။ဝှိုက်ကတစ်ဆင့် တရားမဝင်လိင်အပန်းဖြေကလပ်တစ်ခုထဲရောက်သွားပြီး အက်စ်လို့သာသိရတဲ့ကောင်မလေးတစ်ယောက်ကိုတကယ်ချစ်မိသွားခဲ့ပါတယ်။တစ်ရက်မှာတော့ ဂျိုနသန်နဲ့အက်စ်တို့ရဲ့ဟိုတယ်ဒိတ်တစ်ခုမှာအက်စ်ကိုပြန်ပေးဆွဲသွားတဲ့အခါမှ ဝှိုက်ဆိုသူဟာ လူလိမ်၊လူသတ်သမားတစ်ဦးဖြစ်နေမှန်းသိလိုက်ရပါတယ်။ကုမ္ပဏီကြီးတစ်ခုရဲ့တရားမဝင်ရန်ပုံငွေသန်း ၂၀ ကိုလွှဲပြောင်းမပေးဘူးဆိုရင် အက်စ်ကိုသတ်မယ်လို့ခြိမ်းခြောက်လာတဲ့အခါမှာတော့ သူချစ်တဲ့အက်စ်ကိုပြန်ရဖို့ ကိန်းဂဏန်းတွေကိုကျွမ်းကျင်ပိုင်နိုင်တဲ့စာရင်းစစ်ဂျိုနသန်တစ်ယောက် လည်လွန်းတဲ့လူလိမ်ဝှိုက်နဲ့ ဥာဏ်ရည်ပြိုင်ဆိုင်ရပါတော့တယ်။ File size…1.67GB / 756MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 47m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
Deception (2008)
7.2
State of Grace(1990)
IMDb 7.2I am Sam (2001) ရုပ်ရှင်မှာ အော်တစ်ဇင် ဖြစ်နေတဲ့ ဖခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကိုကြည့်ရှုသူ ရင်ထဲရောက်အောင် အကောင်းဆုံး ပုံဖော်သွားနိုင်ခဲ့တဲ့ မင်းသားကြီး Sean Penn ရဲ့မှုခင်းဇာတ်ကားကောင်းလေး တစ်ကားကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်မွေးရပ်မြေမှ ထွက်သွားပြီး ဆယ်နှစ်ကြာမှ ပြန်လည်ရောက်ရှိလာတဲ့ ရဲအရာရှိ ထယ်ရီနူနန်တစ်ယောက်ငယ်စဥ်က ဆိုးတူပေါင်းဖက် ပေါင်းသင်းလာခဲ့တဲ့ သူငယ်ချင်းနဲ့ ငယ်ချစ်ဦးရဲ့ အစ်ကိုဖြစ်သူ ဦးဆောင်းတဲ့လူဆိုးဂိုဏ်းကို ထောက်လှမ်းဖို့ သူလျှိုအဖြစ် ရောက်ရှိသွားတဲ့အခါ ကိုယ့်မျက်စိရှေ့မှာ သူငယ်ချင်းအရင်းကြီးတွေ လုပ်ကြံသတ်ဖြတ်ခံလိုက်ရပြီး တရားခံတွေကို သိနေတာတောင်မိမိဟာ တရားဥပဒေဘက်တော်သားဖြစ်နေတဲ့အတွက် တရားဥပဒေအရ လက်ပိုက်ကြည့်နေရတဲ့အခါဥပဒေအထက်မှာ ပုဂ္ဂိုလ်ပေါင်းများစွာရှိနေတဲ့ သူတို့မြို့လေးမှာထယ်ရီနူနန်တစ်ယောက် သူငယ်ချင်းတွေအတွက် တရားမျှတမှု ဘယ်လိုပြန်ယူမလဲဆိုတာစိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် Action / Crime / Drama ရုပ်ရှင်ကားကောင်းလေးပဲ ဖြစ်ပါတယ် File size…2.81GB / 941.9MB Quality…Blu-Ray 1080p / ...
movie
State of Grace(1990)
7.2
Born on the Fourth of July(1989)
Born on the Fourth of July(1989)*******************************ဒီရုပ်ရှင်ဟာ အမေရိကန်ရဲ့လွတ်လပ်ရေးနေ့ဖြစ်တဲ့၊ ဂျူလိုင် ၄ရက်နေ့မှာမွေးဖွားခဲ့တဲ့ စစ်ဆန့်ကျင်ရေးလှုပ်ရှားသူ အမေရိကန်-ဗီယက်နမ် စစ်ပြန်ကြီး Ron Kovicအကြောင်းဇာတ်အိမ်တည်ရိုက်ကူးထားတဲ့စစ်ဆန့်ကျင်ရေး အတ္ထုပတ္တိကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ Ronရဲ့ငယ်စဥ်ကလေးဘဝဟာ ထိုခေတ်ထိုကာလကထုံးစံအတိုင်း စစ်ပွဲအောင်နိုင်မှုတွေအကြောင်း၊တိုင်းပြည်တာဝန်ထမ်းပြီး စစ်တိုက်ရတာမှဂုဏ်ရှိတယ်၊ ကွန်မြူနစ်ဝါဒကို တိုက်ဖျက်ရမယ်ဆိုတဲ့ ပတ်ဝန်းကျင်မှာကြီးပြင်းခဲ့ရပါတယ်။ ဒါ့ကြောင့်လည်း အမေရိကန်-ဗီယက်နမ်စစ်ပွဲဖြစ်တော့ သူကိုယ်တိုင်ရောသူငယ်ချင်းတွေပါစိတ်လိုလက်ရ မရိန်းတပ်ထဲဝင်ပြီး တိုက်ပွဲဝင်ပါတော့တယ်။ ဒီစစ်ပွဲအတွင်းမှာပဲ စစ်ပွဲရဲ့ခါးသီးမှုတွေကြုံခဲ့ရပြီး စိတ်ဝေဒနာလည်းရ အကြောပါသေ၊ မြုံတဲ့ဘဝ ဒုက္ခိတဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း အဲ့အချိန်ထိ သူ့ရဲ့ စစ်ပွဲအပေါ်အယူအဆတွေက ပြောင်းလဲမသွားသေးပါဘူး။ စစ်ဆေးရုံကဆင်း မွေးရပ်ကိုပြန်ရောက်တော့မှ အဲ့ကာလမှာ စစ်ဆန့်ကျင်ရေးလှုပ်ရှားသူတွေ၊နိုင်ငံရဲ့လက်ရှိအခြေအနေတွေကိုမြင်ရကြားရပြီး မျက်စိပွင့်နားပွင့်ဖြစ်လာကာ၊ ကိုယ်ကိုယ်တိုင်ကလည်း စစ်ပွဲနဲ့ပတ်သက်ပြီး စိတ်မလုံခဲ့သူမို့... Ron Kovidတစ်ယောက် စစ်တိုက်ရတာဂုဏ်ယူတဲ့လူငယ်လေးဘဝကနေစစ်ဆန့်ကျင်ရေးသမားကြီးဘဝကို ဘယ်လိုကံကြမ္မာတွေ၊ အဖြစ်အပျက်တွေကြောင့် ရောက်လာလဲဆိုတာ ရိုက်ကူးပြသထားတဲ့ anti-war movieလေးပါပဲ။File Size :(3.3GB)(1.3GB) and (714MB) Quality : BLU-RAY 1080P5.1Ch,720p Format…mp4 Duration…02:25:00 Genre : War, Biography , Drama Subtitle : Myanmar Subtitle ...
movie
Born on the Fourth of July(1989)
We Own the Night(2007)
ဘဝကို ပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းလာတဲ့ နယူးယောက်မှ နာမည်ကြီး အဒ်ကာဘီဘားကိုကြီးကြပ်ရသူ ဘော်ဘီဂရင်း။ကောင်မလေးဖြစ်သူ အမန်ဒါနဲ့ နေ့ရက်တိုင်းအချိန်းဖြုန်း၊ လည်ပင်းဖက်ပေါင်းတဲ့ဘော်ဒါဖြစ်တဲ့ ဂျန်ဘိုတို့နဲ့ ပါတီလုပ်လိုက်ပျောက်လိုက်ပါးလိုက်နဲ့နေလာခဲ့သည်။ထို့အပြင် ဘားပိုင်ရှင်ဖြစ်သူ ရုရှားလူမျိုးမစ္စတာဘူရှိုင်းရာ့ဗ်နဲ့လည်း မိသားစုလိုမျိုး ဆက်ဆံရေးကောင်းမွန်ပြီး သူကလည်း ဘော်ဘီရဲ့လုပ်ရည်ကိုင်ရည်ကိုသဘောကျသည်။လုပ်ငန်းတိုးချဲဖို့ကြံစည်နေသော ဘူရှိုင်းရာ့ဗ်နှင့် နဂိုကတည်းက ဘားကို မန်ဟတ်တန်ဘက်အထိထိုးဖောက်ချင်နေသော ဘော်ဘီ။ အရာရာအဆင်ပြေသလိုလိုရှိနေစဉ်မှာပင် ဘော်ဘီ့ဆီမမျှော်လင့်တာတွေဖြစ်လာသည်။တကယ်တော့သူ့နာမည်အရင်းက ဘော်ဘီဂရင်းမဟုတ်ဘဲ အရင်မျိုးရိုးနာမည်မှာ အဖေဖြစ်သူမြို့တော်ရဲ့ရဲချုပ်ညွှန်ကြားရေးမှူးနဲ့ အစ်ကိုဖြစ်သူ ရဲအရာရှိတို့အတိုင်း ရူဇင်စကီဖြစ်လေသည်။သူ့အစ်ကိုမှာ မူးယစ်ဆေးဝါးနှိပ်နင်းရေးမှာတာဝန်ယူရစဉ် ရုရှားမူးယစ်ရာဇာတစ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့တော့သည်။ ထိုအဖွဲ့က သူ့အစ်ကိုဖြစ်သူကိုလုပ်ကြံခဲ့ပြီး သူ့အဖေကိုပါကြံစည်နေတာကို သူ သိသွားတဲ့အခါ ရဲဌာနနဲ့ပူးပေါင်းပြီး မူးယစ်ဆေးဝါးမှုကို သူကိုယ်တိုင် ဘယ်လိုပေါ်အောင်လုပ်မလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။File size…(1.9GB) / (`981GB) / (741.04MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:57:00 Genre... Drama / Crime / ...
movie
We Own the Night(2007)