Channel Myanmar

Frank Cannon

The Delinquent Season (2018) 6.4
The Delinquent Season (2018)  ဒရာမာမှဒရာမာဆိုသူများအတွက် Peaky Blinders မင်းသားကြီးCillian Murphy ပါဝင်သရုပ်ဆောင်ခဲ့တဲ့ရှုပ်ထွေးလှတဲ့ဒရာမာမျိုးစုံကိုခံစားရမဲ့ 2018 တုန်းကဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ The Delinquent Season ဖြစ်ပြီးIMDb Rating 6.4 အထိရရှိထားပါတယ်။ဒီဇာတ်ကားထဲမှာတော့မိသားစုနှစ်ခုကြားကမိဘတွေရဲ့ကြားမှာအရင်းနှီးလွန်သွားရင်းနဲ့မိသားစုနှစ်ခုလုံးပြိုကွဲဖို့အကြောင်းဖန်လာရာကနေဖြစ်တည်လာခဲ့တဲ့ဒရာမာပေါင်းသောင်းခြောက်ထောင်ကိုမြင်တွေ့ရမှာဖြစ်တဲ့အတွက်ပညာပေးအနေနဲ့ရော Entertainment အနေနဲ့ပါကြည့်ဖို့အဆင်ပြေပါတယ်။အထက်မှာပြောခဲ့တဲ့ မိသားစုနှစ်ခုကတော့ ဂျင်မ်နဲ့ဒန်နီရယ်တို့ရဲ့မိသားစုနဲ့ခရစ်နဲ့အီဗွန်တို့ရဲ့မိသားစုပဲဖြစ်ပါတယ်။မိသားစုနှစ်ခုလုံးမှာကလေးနှစ်ယောက်စီရှိကြပြီး ဇနီးနှစ်ယောက်ဖြစ်တဲ့ဒန်နီရယ်နဲ့အီဗွန်တို့ကတော့သူငယ်ချင်းအရင်းတွေပဲဖြစ်ပါတယ်။နိုင်ငံခြားမိသားစုတွေရဲ့ထုံးစံအတိုင်းသူတို့တွေက မိသားစုနှစ်ခုအတူတူညစာစားကြပြီး ပေါင်းသင်းဆက်ဆံရေးတွေလုပ်ကြတဲ့အတွက် ဂျင်မ်နဲ့ခရစ်တို့ကလည်းအထိုက်အသင့်တော့ရင်းနှီးပါတယ်။ခရစ်နဲ့အီဗွန်တို့ရဲ့ မိသားစုဘ၀လေးကသာယာအဆင်ပြေနေပေမဲ့ ခရစ်ကအကြောင်းပြချက်မရှိ ကြမ်းတမ်းရိုင်းစိုင်းလာတဲ့အခါမှာတော့ အီဗွန်လည်းအရမ်းတွေစိတ်ညစ်ပြီး ကြံရာမရဖြစ်နေပါတော့တယ်။အဲ့ဒီလိုပျော့ညံ့နေတဲ့အချိန်မှာ အီဗွန်နဲ့ဂျင်မ်တို့ဖောက်ပြန်ဖို့ အကြောင်းဖန်လာခဲ့ပြီး မိသားစုနှစ်ခုကြားမှာဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့အရှုပ်အထွေးတွေဆက်ဖြစ်လာမလဲ အီဗွန်နဲ့ဂျင်မ်တို့ရဲ့အချစ်ကရောစစ်မှန်ရဲ့လား ဘယ်လိုဇာတ်သိမ်းမျိုးကိုရောကြည့်ရှုခံစားရမလဲအစရှိသဖြင့်ပရိသတ်တွေရဲ့စိတ်ကို ဖမ်းစားညှို့ယူသွားမဲ့ဒရာမာဇာတ်လမ်းကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…1.17GB / 515MB Quality…WEB-Rip 1080p  / 720p Format…mp4 Duration….1h 43m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

The Delinquent Season (2018)

Dracula Untold (2014) 6.3
Dracula Untold (2014) Dracula Untold (2014) ========== Dracula Untold 2 အဆက်ထွက်ဖို့ ပြောနေကြလို့ ပထမဇာတ်ကားကို 4K Quality နဲ့ တင်ဆက်လိုက်ပါတယ်။ဘဝမှာမလွဲမသာတဲ့အခြေနေတစ်ခုကိုရောက်လာတိုင်းလုပ်သင့်လုပ်ထိုက်တဲ့အရာကို ချက်ချင်းဆုံးဖြတ်ချက်ချပြီးလုပ်နိုင်တဲ့သူဟာ လူတော်ပါပဲ.... တကယ်လို့အဲဒီလုပ်သင့်လုပ်ထိုက်တဲ့အရာက အကောင်းဆုံးမဟုတ်ရင်တောင်မှ အဆုံးဝါးဆုံးအရာဖြစ်နေရင်ကော သင်ဘာကိုရွေးချယ်မလဲ... အရေးကြီးတဲ့အရာကိုလုပ်ဖို့ အဆုံးဝါးဆုံးအရာကိုရွေးချယ်မလား.... ဒါမှမဟုတ် ပုံမှန်သဘာဝအတိုင်းပဲရင်ဆိုင်ဖို့ ကြိုးစားမလား...ဒီဇာတ်လမ်းကိုကြည့်ရအောင်ပါ....ဒီဇာတ်လမ်းလေးဟာ ၁၉၈၇ ခုနှစ်က ထွက်ရှိထားတဲ့ Dracula ဆိုတဲ့ဝတ္တုကိုအခြေခံပြီးတော့ ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်...တိုင်းပြည်တစ်ပြည်ရဲ့ မင်းသားဘလက်ဟာ တူရကီနိုင်ငံရဲ့လက်အောက်ခံကျွန်ဘဝကနေလွတ်မြောက်လာခဲ့ပြီး တိုင်းပြည်ရဲ့ဘုရင်တစ်ပါးဖြစ်လာခဲ့ပါတယ်... စစ်ဆင်ရေးတစ်ခုမှာ မင်းသားဘလက်နဲ့သူ့ရဲ့စစ်သားတွေဟာ တူရကီတွေကိုလိုက်လံခြေမှုန်းရာကနေ ဂူတစ်ခုမှာ သွေးစုပ်ဖုတ်ကောင်တစ်ကောင်ရဲ့ တိုက်ခိုက်ခြင်းခံခဲ့ရပါတယ်... သူ့ရဲ့စစ်သားအားလုံးသေပြီးတော့ သူတစ်ယောက်တည်းသာလွတ်မြောက်လာခဲ့ပါတယ်...တစ်နေ့ ဘလက်ဟာ သူ့ရဲ့သားနဲ့ဇနီးနဲ့အတူ Dracula နန်းတော်မှာ စားသောက်ပွဲကျင်းပနေတဲ့အချိန် တူရကီစစ်တပ်များရောက်လာပြီးတော့ ယောကျ်ားလေးအယောက် ၁၀၀၀ ကိုသူတို့စစ်တပ်အတွက်တောင်းဆိုခဲ့ပါတယ်..ငယ်သားတွေကိုကြင်နာတဲ့ ဘလက်ဟာ လူတွေအစားငွေတွေကိုပေးဖို့ကမ်းလှမ်းခဲ့ပေမယ့်လည်းမအောင်မြင်ခဲ့ပါဘူး...ဒါကြောင့် တူရကီတွေဟာသူတို့တိုင်းပြည်ကို စစ်တိုက်ဖို့ပြင်လာပါတော့တယ်...တကယ်တမ်း စစ်တိုက်ဖို့အတွက် တူရကီတွေနဲ့ယှဉ်လာရင် သူတို့ဟာအင်အားမမျှခဲ့ပါဘူး...ဒါကြောင့်ကျူးကျော်လာတဲ့ အင်အားကြီးတဲ့တူရကီတွေကိုပြန်လည်တုန့်ပြန်ဖို့ အင်အားတွေကိုလိုလာခဲ့ပါတယ်...မင်းသားဘလက်ဟာ သူ့တိုင်းပြည်အတွက်ဆုံးဖြတ်ပြီး သူတို့ကိုတိုက်ခိုက်ခဲ့တဲ့ သွေးစုပ်ဖုတ်ကောင်ဆီကနေ အကူညီတောင်းခံခဲ့ပါတယ်...ဒါကြောင့် သွေးစုပ်ဖုတ်ကောင်ဟာ သူ့ကိုအင်အားကြီးမားတဲ့ Dracula အဖြစ် ၃ ရက်ရှင်သန်စေခဲ့ပါတယ်...ထို ၃ ရက်အတွင်းမှာ ...
movie

Dracula Untold (2014)

2014
4K HEVC
The Cured (2017) 5.4
The Cured (2017) ဒီဇာတ်လမ်းကတော့ Drama/Science Ficiton အမျိုးအစားဖြစ်ပြီးတော့ IMDB 5.4 ၊ Rotten Tomatoes 64% ရထားတဲ့ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းကတော့ Zombie ပုံစံလို ဇာတ်လမ်းမျိုးဖြစ်ပေမယ့် တစ်ယောက်နဲ့ တစ်ယောက် ပြေးလွှားကိုက်ဖြတ်ပြီး ပြီးသွားတာမဟုတ်ပဲ ကိုယ့်ကို အတွေးတစ်ခုနဲ့ကျန်ခဲ့စေနိုင်တဲ့ ဇာတ်လမ်းမျိုးဖြစ်ပါတယ်။ဇာတ်လမ်းကိုတော့ The Maze Virus ဆိုတဲ့ ရောဂါပိုးဟာ ပြန့်နှံ့လာခဲ့ပြီး ကူးစက်ခံရတဲ့ လူတွေဟာ Zombie ပုံစံဖြစ်သွားပြီး လူတွေကို လိုက်တိုက်ခိုက်တာနဲ့ အစပြုထားပါတယ်။ဆရာဝန်တွေဟာ အဲ့ဒီ Virus ကို ပျောက်အောင်ကုနိုင်တဲ့ ဆေးကုထုံးကို တွေ့ခဲ့ပြီး ကူးစက်ခံရသူ ၇၅% ကို ကုသနိုင်ခဲ့ပေမယ့် အဲ့ဆေးရဲ့ အကျိုးရလဒ်ကတော့ ရောဂါပျောက်ကင်းသွားတဲ့သူတွေဟာ သူတို့ ကူးစက်ခံခဲ့ရတဲ့ အချိန်တုန်းက လုပ်ခဲ့သမျှတွေကိုပြန်မှတ်မိနေတာပဲဖြစ်ပါတယ်။အဲ့တော့ ကျန်နေတဲ့ ၂၅%ကို ဆက်လက်မကုသတော့ပဲ အစိုးရက သုတ်သင်ရှင်းလင်းဖို့အမိန့်ပေးခဲ့တာပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းထဲမှာ အစိုးရတွေကို ဆေးကုသမှုခံယူပြီး ပျောက်ကင်းသွားတဲ့သူတွေက အရင် ...
movie

The Cured (2017)

2017
Zoo (2017) 7.1
Zoo (2017) MDB - 7.1 Rotten tomatoes - 82%ဒီတစ်ခါမှာဆိုရင်တော့ CM က ပရိတ်သတ်တွေကိုဒါရိုက်တာ Colin McIvorရဲ့ true story ဇာတ်ကားတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်ဒီကားလေးကတော့ ၁၉၄၁တုန်းက ဒုတိယကမ႓ာစစ်ကအဖြစ်အပျက်တစ်ခုကို ရိုက်ထားတာပါ၁၂အရွယ်ကောင်လေးတစ်ယောက်ဖြစ်တဲ့ တွမ်ရဲ့အဖေဟာဆိုရင်Belfast တိရစ္ဆာန်ရုံက ဆရာဝန်တစ်ယောက်ပေါ့တစ်နေ့ကျတော့ အဲ့တိရစ္ဆာန်ရုံကိုဆင်အသစ်လေးတစ်ကောင်ရောက်လာခဲ့ပါတယ်စစ်ဖြစ်ပြီးဗုံးကြဲခံရတဲ့အချိန်ရောက်တော့အစိုးရက တိရစ္ဆာန်ရုံထဲက အကောင်ကြီးတစ်ချို့ကိုသတ်ဖို့ ညွှန်ကြားချက်တွေပေးပါလေရောသူ့အဖေဆိုတဲ့သူကလည်း စစ်တိုက်ဖို့ထွက်သွားရတော့ ကူကယ်ရာမဲ့နေပြီပေါ့အဲ့အခြေအနေတွေကြားမှာ တိရစ္ဆာန်တွေကိုချစ်တဲ့တွမ်ဆိုတဲ့ကောင်လေးက ဆင်လေးကိုကယ်ဖို့သူ့သူငယ်ချင်းတွေနဲ့အတူ ကြိုးပမ်းပါတော့တယ်သူဆင်လေးကို အဆုံးထိကယ်နိုင်သွားမလား...စစ်ပွဲကရော ဘယ်လိုတွေဆက်ဖြစ်မလဲ...(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Phyu Khin  ပါ)File Size : (850 MB) and (350 MB) Quality : WEB-DL 720p Running Time : 1hr 37min Format : Mp4 Genre : Family, History, War Subtitle : Myanmar Subtitle (Hard Sub) Source ...
movie

Zoo (2017)

2017