Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Frank Brennan
5.8
No Good Deed (2014)
ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိတ်သတ်ကြီးကို ၂၀၁၄ ခုနှစ်ကထွက်ရှိထားတဲ့ No Good Deed ဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားကို ဒါရိုက်တာ Sam Millerကရိုက်ကူးပုံဖော်ထားပြီး rating 5.6/10 အထိရရှိထားပါတယ်ဒီဇာတ်ကားမှာ ကော်လင်းအဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသားIdris Elba ကအကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆုကိုရရှိထားပြီး မင်းသမီး Taraji Henson ကအကောင်းဆုံးအမျိုးသမီး သရုပ်ဆောင်ဆုကိုဆွတ်ခူးရရှိထားပါတယ်...ဇာတ်လမ်းအစမှာလူသတ်မှုနဲ့ ထောင်ငါးနှစ်ကျနေတဲ့ကော်လင်းဆိုတဲ့လူသတ်သမားတစ်ယောက် အယူခံဝင်ဖို့တရားရုံးကို သွားနေပုံနဲ့စတင်ထားပါတယ် ဒီဇာတ်ကားကလူ့လောကမှာအိမ်ထောင်ရေးဖောက်ပြန်သူတွေဟာ နောက်ဆုံးမှာဘယ်လို အဆုံးသတ် သွားမလဲဆိုတာကို ထောက်ပြထားပါတယ်ဒီလိုနဲ့ကော်လင်းတစ်ယောက် အယူခံဝင်တာမအောင်မြင်တဲ့အဆုံးထောင်ကိုပြန်တဲ့လမ်းမှာ ကားပေါ်ကနေထွက်ပြေးလွတ်မြောက်သွားပါတယ် အဲ့ဒီနောက် လက်ထပ်ဖို့အထိရည်ရွယ်ထားတဲ့ချစ်သူကောင်မလေးဆီကို အရောက်ပြန်ပါတော့တယ်အချစ်ကြီးတဲ့ကောလင်းတစ်ယောက် မိမိချစ်လှပါတယ်ဆိုတဲ့ကောင်မလေးက မိမိထောင်ကျနေတဲ့အချိန်မှာ အခြားတစ်ယောက်နဲ့ဖောက်ပြန်နေတာကို သိလိုက်တဲ့အချိန်မှာ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ....ကော်လင်းတစ်ယောက် ဒီအဖြစ်မှန်ကိုရင်ဆိုင်နိုင်ပါ့မလားကောလင်းတစ်ယောက်ဘယ်လိုမျိုးတွေဂလဲ့စားချေဖို့ ကြိုးစားမလဲ..တစ်ဖက်မှာလည်း တယ်ရီဆိုတဲ့ ကလေးနှစ်ယောက်နဲ့နပန်းလုံးနေရတဲ့ အိမ်ထောင်ရှင်မ အမျိုးသမီးတစ်ယောက်ကမိမိယောကျ်ားရဲ့အရေးမထားမှုတွေ ဂရုမစိုက်မှုတွေကိုခါးစီးခံနေရပါတယ် ဒီလိုနဲ့ တစ်နေ့မှာတယ်ရီရဲ့အမျိုးသားဂျက်ဖ်ရီက သူ့အဖေမွေးနေ့မလို့ ဂေါက်ရိုက်သွားမယ်ဆိုပြီးပြောကာ အထုပ်အပိုးတွေနဲ့ မိုးထဲရေထဲကိုထွက်သွားပါတယ်တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီအချိန်မှာပဲ ကော်လင်းတစ်ယောက်ကားပျက်ပြီး တယ်ရီတို့အိမ်ကိုရောက်လာခဲ့ပါတယ်အဲ့ဒီနောက်တော့ ဘာတွေဆက်ဖြစ်ကြမလဲ...ကော်လင်းကရော ...
movie
No Good Deed (2014)
7.4
Looper (2012)
IMDb Rating (7.4) / Rotten Tomatoes (93%)မင်းသားကြီး Bruce Willis , Joseph Gordon-Levitt နဲ့ မင်းသမီး Emily Blunt တို့ ဦးဆောင်ပါဝင်တဲ့ ရုပ်ရှင်ကားကြီးပါ။Time Travel နဲ့ပတ်သက်တဲ့ကားတစ်ကားဖြစ်ပါတယ်။ 2044 မှာ အခြေတည်တယ်။ ဇာတ်လမ်းကတော့ အဲဒီအချိန်မှာ Time machine ဆိုတာ မပေါ်သေးပေမဲ့ နောက်နှစ် (၃၀) ကြာတဲ့အခါ ပေါ်ပြီတဲ့။Future (2070) တွေမှာ Time machine ပေါ်လာပေမဲ့ ချက်ချင်းပဲ တရားမဝင်ဆိုပြီး ပိတ်ပင်ကြတယ်။အဲဒီ့အတွက် လူဆိုးဂိုဏ်းအကြီးကြီးတွေက လျှို့ဝှက်သုံးတယ်။အဲဒီ့ခေတ်မှာ လူတစ်ယောက်ကို သတ်ပြီး အစဖျောက်ဖို့ မလွယ်တဲ့အတွက် သူတို့တွေ သတ်ချင်တဲ့လူတွေကို ဖမ်း၊ ကြိုးတုပ်ပြီးဒီနေ့ခေတ် (၂၀၄၄) က သတ်မှတ်နေရာတစ်ခု (ဥပမာ ပြောင်းခင်းဘေး) ကို ပို့လိုက်တယ်။အဲဒါကိုမှ Looper ဆိုတဲ့ကောင်တွေက ...
movie
Looper (2012)
2012
4K HEVC
6.4
Solace (2015)
Solace (2015)~ IMDb rating - 6.4/10 ~ဘရက်ဒ်ပစ်နဲ့ မော်ဂန်ဖရီးမန်းတို့ရဲ့ Se7en အဆက်အနေနဲ့ရိုက်ကူးမယ်လို့ စီစဥ်ခဲ့ပေမဲ့ ဒေးဗစ်ဖင်ချာက ဇာတ်ညွှန်းသိပ်သဘောမကျတာကြောင့် အစီအစဥ်ပျက်သွားပြီး Se7en နဲ့ အချိတ်အဆက်မလုပ်တော့ဘဲ သူ့ဘာသာ သီးခြားထွက်ရှိလာတဲ့ မှုခင်း ဒရာမာကားတစ်ကားဖြစ်ပါတယ်။ Anthony Hopkins လို ထိပ်တန်းမင်းသားကြီးနဲ့ Colin Farrell လို A-List မင်းသားအပါအဝင် Jeffrey Dean Morgan အပြင် Abbie Cornish လည်းပါထားတာမို့ Se7en လောက်နီးနီး Cast ရော ဇာတ်ရော ကြမ်းနေတဲ့ စိတ်နယ်လွန်မှုခင်းကားမို့ အားလုံးသဘောကျလောက်မယ့် ရုပ်ရှင်ပါပဲ။~ ဇာတ်လမ်းအညွှန်း ~သဘာဝလွန် စိတ်နယ်လွန် ပဟေဠိဆန်ဆန်စွမ်းအားတွေရော၊ FBI က ကွင်းဆက်လူသတ်မှုအတွက် အမှုလိုက်တာရော ပေါင်းစပ်ထားတဲ့ ရုပ်ရှင်မို့ သဘာဝလွန်စုံထောက်ကားအဖြစ်နဲ့ ဇာတ်အိမ်ဆန်းဆန်းပြားပြား တည်ထားတဲ့ရုပ်ရှင်ပါ။ဂျွန်ကလန်စီဆိုတဲ့လူရှိတယ်။ သူက ...
movie
Solace (2015)
2015
5.9
Abraham Lincoln: Vampire Hunter(2012)
Abraham-Lincoln-Vampire-Hunter(2012)==================================အမေရိကကို ပြင်ပကနေ ဘယ်တော့မှ ဖျက်ဆီးနိုင်မှာမဟုတ်ဘူး။ကျုုုပ်တို့အင်အားချိနဲ့ပြီး လွတ်လပ်မှုတွေဆုံးရှူံးရပြီဆိုရင် ဒါဟာကျုပ်တို့ကိုယ်တိုင် ဖျက်ဆီးပစ်တာကြောင့်ပဲ ဖြစ်လိမ့်မယ်။(အေဘရာဟမ်လင်ကွန်း)သမ္မတလင်ကွန်း ဆိုခဲ့သလို စစ်ရေး၊ စီးပွားရေးမဟာအင်အားကြီးစူပါပါဝါအမေရိကကို ပြင်ပကမ္ဘာကဖျက်ဆီးနိုင်ဖို့၊ ရန်သတ္တရုပြုဖို့ဆိုတာ မလွယ်လှသလို၊ဆိုးရွားပြင်းထန်တဲ့ အကျိုးဆက်တွေနဲ့ကြုံတွေ့ရမှာမြေကြီးလက်ခတ်မလွဲပါပဲ။ 'သွေးထွက်သံယိုမှုမရှိဘဲနိုင်ငံတစ်ခုကို မတည်ဆောက်နိုင်' ဆိုတဲ့အတိုင်းလင်ကွန်းကိုယ်တိုင်ထိတ်လန့်ခြောက်ခြားဖွယ်ရာသွေးသံရဲရဲ အနိဌာရုံတွေ၊ တိုက်ခိုက်သတ်ဖြတ်မှုတွေကိုရှောင်လွှဲမရစွာ လုပ်ဆောင်ခဲ့ရတာလည်း ရှိလေရဲ့။လင်ကွန်းရဲ့ ကျော်ကြားလှတဲ့ အထက်ပါစကားရပ်လိုအမေရိကကိုအပြီးတိုင် ဖျက်ဆီးပစ်မယ့် ရန်သူဟာနိုင်ငံအတွင်းမှာ တကယ်ကိုရှိနေခဲ့ပါပြီ။အေဘရာဟမ်လင်ကွန်း လို့ဆိုလိုက်တာနဲ့အမေရိကရဲ့၁၆ ယောက်မြောက်သမ္မတ၊ ငွေဝယ်ကျွန်စနစ်ပပျောက်ရေး ကြိုးပမ်းသူစတဲ့ သမိုင်းအချက်အလက်တွေကိုသာ သတိရကြစမြဲပါ။ လင်ကွန်းနဲ့ပတ်သက်ပြီးအလွန်အရေးကြီးလှသည့်တိုင် သမိုင်းမတွင်တဲ့အကြောင်းခြင်းရာတစ်ခုကတော့ အင်မတန် လူသိနည်းလှပါတယ်။ အဲဒါကတော့လင်ကွန်းဟာ နေ့ဘက်မှာတိုင်းပြည်ကို သမ္မတအဖြစ် စီမံအုပ်ချုပ်ပြီး၊အကာလညအခါမှာ သွေးစုပ်ဖုတ်ကောင်တွေကို လိုက်လံသုတ်သင်ချေမှုန်းသူတစ်ဦး ဆိုတာပါပဲ။ ဒီသမိုင်းဖြစ်ရပ်တွေကိုဆက်သ်ဂရေဟမ်စမစ်သ် က လေ့လာဖော်ထုတ်ဇာတ်ညွှန်းခွဲပြီး၊ ဒါရိုက်တာ ဘက်ခ်မမ်ဘီတော့ဗ် ကရိုက်ကူးတင်ပြလိုက်တဲ့အခါ-Abraham Lincoln: Vampire Hunter ဆိုပြီး ဖြစ်လာပါတယ်။ခေါင်းဆောင်မင်းသား ဘင်ဂျမင်ဝေါ်ကာရဲ့အထူးပီပြင်လှတဲ့ အင်ပြည့်အားပြည့် သရုပ်ဆောင်ချက်တွေ၊သွေးပျက်ခြောက်ခြားစရာ တိုက်ခိုက်ခန်းတွေ၊အန်ထော်နီမက်ကီ၊ ဒေါမနစ်ကူးပါး ...
movie
Abraham Lincoln: Vampire Hunter(2012)