Channel Myanmar

Franco Valobra

The Name of the Rose (1986) 7.7
The Name of the Rose (1986)  ဒီကားကတော့ James Bond မင်းသားကြီး Sean Connery ရဲ့ 1986 မှာ ထွက်ခဲ့တဲ့ Mystery/thriller ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။ဒီဇာတ်ကားကို အလယ်ခေတ်က ခရစ်ယာန် ကျောင်းတိုက်တစ်ခုမှာနေရာယူထားပါတယ်။ ဒီကျောင်းတိုက်က ကိုယ်တော်တွေ ထူးထူးဆန်းဆန်း ‌သေဆုံးလာကြတဲ့အချိန်မှာ အကုန်လုံးက နတ်ဆိုးကြောင့်လို့ထင်ခဲ့ပါတယ်။အဲဒါနဲ့ပဲ ကျောင်းတိုက်ဟာ ကိုယ်တော် ဝီလီယမ်ကို ဒီလူသေမှုတွေကို စုံစမ်းဖို့အကူအညီ တောင်းလိုက်ပါတယ်။ ကိုယ်တော် ဝီလီယမ်ဟာ တခြားသူတွေလို သဘာဝလွန် စွမ်းအားတွေကြောင့်ဖြစ်နေတာလို့မယူဆပဲ လူသေမှုတွေကို အချက်အလက်ကျကျ လိုက်ပြီးစုံစမ်းပါတော့တယ်။ဒီကားထဲမှာ ခရစ်ယာန် ဘုန်းတော်ကြီးတွေရဲ့ ဘာသာရေး အစွန်းရောက်ယုံကြည်မှုတွေနဲ့ ကိုယ်တော် ဝီလီယမ်ရဲ့ ယုတ္တိကျကျ တွေးခေါ် တတ်ပုံတွေနဲ့ အားပြိုင်တာကို တွေ့ရှိရမှာပါ။ File size…(2.9 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:10:00 Genre...Drama, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alvaro
movie

The Name of the Rose (1986)

Mindwash (2024)
Mindwash (2024) ယခုတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၄ ခုနှစ်ထွက် ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကြောင်းကတော့ စိတ်ဓာတ်မြင့်တင်ရေးဟောပြောသူ ဘီလီဆဲလ်ဒန် ဆိုတဲ့လူတစ်ဦးအကြောင်းပါ။သူဟာ "ကိုယ့်အတွက်ကိုယ်တွေးပါ" ဆိုတဲ့ လက်ကိုင်စကားနဲ့အတူ နာမည်ကြီးလာခဲ့ပါတယ်။ သူရဲ့အောင်မြင်မှုဟာအထွတ်အထိပ်ကိုရောက်ရှိလာပြီး မျိုးစက်သစ်အတွက် စံပြလို့ပြောရလောက်အောင် ဖြစ်လာပါတယ်။ ဒါပေမဲ့ သူဟာ လက်ရှိအမှန်တရားနဲ့၊ မီဒီယာရဲ့လွှမ်းမိုးမှုကို ခံလာရတဲ့အခါမှာ ပျက်စီးမှုဖက်ကိုဦးတည်လာပါတော့တယ်။ တချိန်ထဲမှာပဲ သူ့ရဲ့ရည်းစားဖြစ်သူ "နာတလီ" နဲ့လည်းအဆင်မပြေဖြစ်လာပါတယ်။အဲ့ဒီနောက် ဘီလီ ဘာဆက်ဖြစ်မလဲဆိုတာကိုဆက်လက်ရှုစားကြပါခင်ဗျာ။ File size…(1.2 GB)/(531 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by AKM
movie

Mindwash (2024)