Channel Myanmar

Francis X. McCarthy

Imaginaerum (2012)
Imaginaerum (2012) ဒီဇာတ်ကားကတော့ Nightwish တီး​ဝိုင်း​ရဲ့သီချင်းတွေနဲ့ ဖန်တီး​ထားတဲ့ Fantasy​/Musical ဇာတ်​ကားဖြစ်တဲ့ Imaginaerum ဆိုတဲ့​ရုပ်ရှင်​ပဲဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်​ကထွက်ရှိပြီး 6.1/10 rating ရရှိ​ထား​ပါတယ်။ ဒါရိုက်တာ​က Stobe Harju ဖြစ်​ပါတယ်။ ဇာတ်လမ်း​က တွမ် ဆိုတဲ့ တေးရေးဆရာဂီတသမားတစ်ဦးအကြောင်းဖြစ်ပါတယ်။ တွမ်က အသက်​ကြီးလာပြီဖြစ်လို့ Demantia ရောဂါ​စွဲကပ်နေပြီး တစ်နေ့မှာ ကိုမာဝင်သွားရာကနေ သူ့ရဲ့လူကြီးပိုင်းမှတ်ဥာဏ်တွေအကုန် ပျောက်​ဆုံး​သွား​ပြီး သူ့ရဲ့​အတိတ်​ဖြစ်တဲ့ ဆယ်နှစ်သားအရွယ် တွမ်နဲ့ သူ့ရဲ့​စိတ်​ကူးယဥ် ခြောက်​အိပ်မက်တွေ အတိတ်​ဖြစ်ရပ်​ဆိုးတွေပဲကျန်ပါတော့တယ်။ဒီအိပ်​မက်​တွေကနေ သူ့ကိုယ်သူရှာတွေ့အောင်ကြိုးစားပြီး အတိတ်ကိုလက်လွှတ်နိုင်ပါ့မလားဆိုတာကို တင်ဆက်​ထားတာ​ဖြစ်​ပါတယ်။ Finnish symphonic metal တီးဝိုင်းဖြစ်တဲ့ Nightwish ရဲ့ သီချင်း​တွေနဲ့ ဒီဇာတ်ကားကို​တည်ဆောက်​ထားတာဖြစ်ပြီး Night Wish က ဒီဇာတ်ကားထဲက သီချင်း​တွေကို Imaginaerum​ ဆိုတဲ့​ခေါင်း​စဥ်​နဲ့ပဲ အယ်လ်ဘမ်တစ်ခုထုတ်ခဲ့ပါသေးတယ်။ Fantasy​ အမျိုးအစား​ဖြစ်ပြီး ရှည်​လျားတဲ့လွမ်းမောဆွတ်ပျံ့ဖွယ် တေးဂီတဗီဒီယိုတစ်ပုဒ်နဲ့တူတဲ့ ဒီဇာတ်ကားကို Nightwish ...
movie

Imaginaerum (2012)

Interstellar (2014) 8.6
Interstellar (2014) Interstellar (2014) IMDb - 8.6/10_____Rotten - 72% Won 1 Oscar. Another 43 wins & 148 nominations  2014 Novemberမှာ ထွက်ရှိခဲ့ပြီး…IMDb ရဲ့ Rating အများဆုံးဇာတ်ကားများထဲမှာလည်း တစ်ကားအပါအဝင်ပါ…ဒါရိုက်တာကလည်း Christopher Nolanဆိုမှတော့ အထွေအထူးညွှန်းနေစရာတောင် လိုမယ်မထင်မိပါဘူး…Visual Effectsyပိုင်းမှာ အော်စကာရရှိခဲ့ပြီး  အခြားဆု ၄၄ဆုနဲ့ ဆန်ကာတင် ၁၄၄ဆုစာရင်းဝင်ခဲ့ပါတယ်… 2014ရဲ့အကောင်းဆုံး ၁၀ကားထဲမှာ စာရင်းဝင်ခဲ့ပါတယ်…(Background musicတွေလည်း နားထောင်လို့ကောင်းလို့ နားထဲတောင်စွဲနေပါလိမ့်မယ်…ဇာတ်လမ်းနည်းနည်း ပြောပြရမယ်ဆိုရင်တော့…21ရာစု လယ် လောက်မှာ ကမ္ဘာပျက်ကိန်း ဆိုက်လုပြီ ဖြစ်တဲ့အတွက် နာဆာ ပိုင်းလော့ဟောင်း ကူးပါး ခမျာခြံစိုက်နေရာကနေ လူတွေအတွက်နေစရာ ဂြိုဟ်အသစ် ရှာဖွေရေး စစ်ဆင်ရေးထဲ ပါဝင်လိုက်ရရှာတယ်…၁၀နှစ်အရွယ် သမီးလေး မာ့ဖ် ကို တစ်နေ့ ပြန်လာပါ့မယ် ကတိအထပ်ထပ်ပေးရင်းပေါ့…ဒီလိုနဲ့ ပေးအပ်လိုက်တဲ့တာဝန်တွေကို ထမ်းဆောင်ရင်း…အာကာသ ကြီးရဲ့ လှည့်ကွက် ...
movie

Interstellar (2014)

2014
BluRay DS4K HEVC
The Man with Two Brains (1983)
The Man with Two Brains (1983) ဇာတ်လမ်းအကျဥ်းကတော့ ဇနီးသည်ကွယ်လွန်ထားလို့ ပူပူနွေးနွေး မုဆိုးဖိုဖြစ်နေတဲ့ ဦးနှောက်ခွဲစိတ်ဆရာဝန်တစ်ဦးဟာ မိန်းမလှလေး တစ်ယောက်ကို ကားနဲ့တိုက်မိပြီး အဆိုပါမိန်းမ‌လှ‌လေးက‌ ဦးခေါင်းဒဏ်ရာရသွားလို့ သူကိုယ်တိုင်တီထွင်ထားတဲ့ ဦးခေါင်းခွဲစိတ်နည်းနဲ့ အသက်ကယ်ပေးလိုက်ပါတယ်။ ဇာတ်လိုက်ကျော် ဦးနှောက်ခွဲစိတ်ဆရာဝန်ဟာ မိန်းမလှလေး သတိရလာတဲ့နောက်မှာ သူမရဲ့ စရိုက်မှန်ကိုမသိဘဲ ချစ်မိသွားပြီး လက်ထပ်လိုက်ပါတော့တယ် ။ ပျားရည်ဆမ်းခရီးအနေနဲ့ ဩစတြီးယားနိုင်ငံကို ခရီးထွက်သွားပြီး ထူးဆန်းတဲ့ဆရာဝန်တစ်ယောက်နဲ့ စကားစပ်မိရာက‌နေ ထူးဆန်းတဲ့ လူသတ်မှုတွေအကြောင်း ၊ အသတ်ခံရတဲ့ သူ့သူငယ်ချင်းဆရာဝန်အကြောင်း‌ သိရှိခဲ့ရတဲ့အပြင် စကား‌ပြောတတ်တဲ့ ဦးနှောက်တစ်လုံးနဲ့ပါ တွေ့ဆုံခဲ့ပါ‌တော့တယ်။ ဒါ့အပြင် သူ့ဇနီးရဲ့ စရိုက်မှန်တွေကို သိသွားပြီးနောက်မှာ ဘယ်လိုတွေ ဆက်လက်ဖြေရှင်းမလဲဆိုတာကတော့ .... IMDb rating 6.4 ရရှိထားပြီး ထေ့လုံး၊ ငေါ့လုံး၊ ဟာသလေး‌တွေပါ ညှပ်ထည့်ထားလို့ ပေါ့ပေါ့ပါးပါးကြည့်ရှူရမယ့် ဇာတ်ကားလေးတစ်ကားပါပဲ။ ခန္ဓာကိုယ်ဗလာအသားပေးပြကွက်တွေနဲ့ လိင်ပိုင်းဆိုင်ရာစကားလုံးတွေ ပါဝင်တာကြောင့် အသက် 18 နှစ်အောက် ကလေးတွေ ...
movie

The Man with Two Brains (1983)