Channel Myanmar

Francis Magee

Perrier’s Bounty (2009) 6.3
Perrier’s Bounty (2009)  ဒီဇာတ်ကားက နာမည်ကြီး မင်းသား Cillian Murphy ရဲ့ဇာတ်ကားကောင်းတွေထဲက တစ်ကားဖြစ်ပါတယ်။ဒီကားထဲမှာ Cillian Murphy ကို ဘဝရည်မှန်းချက်ပျောက်နေတဲ့ ငပျင်းတစ်ယောက်အဖြစ် မြင်ရမှာ ဖြစ်ပြီးသူ့ရဲ့ အဖေဖြစ်သူရယ် ..အိမ်နီးချင်း ကောင်မလေးတစ်ယောက်ရယ်နဲ့ အိုင်းရစ်လူဆိုးတွေရဲ့ အမဲလိုက်ခံရခြင်းကနေ ဘယ်လို ထွက်ပြေးကြမလဲဆိုတာကို ဟာသဆန်ဆန်နဲ့ တစ်ချိန်တည်းမှာပဲတစ်ကားလုံး စိတ်လှုပ်ရှားရင်ခုန်စွာ ကြည့်ရမှာ ဖြစ်ပါတယ်။ဘဝမှာ နောင်တရစရာ ကိစ္စတွေ ဖြစ်မလာဖိုအတွက်ရင်ဆိုင်စရာ ရှိတာကို ထိပ်တိုက်ချက်ချင်း ရင်ဆိုင်ရမယ်ဆိုတဲ့အချက်ကိုလည်း ဒီဇာတ်ကားကြည့်ရင်း ရရှိသွားမှာဖြစ်လိုမသေခင် ကြည့်သွားသင့်တဲ့ ကားတစ်ကားဖြစ်တယ်လိုပဲသေချာပေါက် ပြောလိုက်ပါရစေ။  File size…1.50GB / 651MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 28m Genre ….. Action , Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW
movie

Perrier’s Bounty (2009)

I’ll Sleep When I’m Dead (2003) 5.8
I’ll Sleep When I’m Dead (2003)  I'll Sleep When I'm Dead ကတော့ ၂၀၀၃ ခုနှစ်ကထွက်ရှိခဲ့တဲ့မှုခင်းရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ထူးဆန်းတဲ့အခြေအနေတွေနဲ့သေဆုံးသွားတဲ့ညီဖြစ်သူအကြောင်းစုံစမ်းဖို့ ဇာတိမြေကိုပြန်လည်ရောက်ရှိလာတဲ့ရာဇဝတ်ဂိုဏ်းခေါင်းဆောင်တစ်ဦးအကြောင်းရိုက်ကူးထားတာဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာတော့ လိင်ပိုင်းဆိုင်ရာအသုံးအနှုန်းတွေပါဝင်တာကြောင့် ကလေးငယ်တွေနဲ့အတူမကြည့်ရှု့သင့်ပါဘူး။ တစ်ချိန်က တစ်မြို့လုံးကဖိန့်ဖိန့်တုန်အောင်ကြောက်ခဲ့ရတဲ့ ရာဇဝတ်ဂိုဏ်းဆောင်ဟောင်းဝီလ်ဂရေဟမ်ဟာ အရာအားလုံးကိုစွန့်လွှတ်ပြီး တောအုပ်လေးတစ်ခုထဲမှာ အလုပ်သမားတစ်ယောက်အဖြစ်မထင်မရှားလာရောက်လုပ်ကိုင်နေခဲ့ပါတယ်။ တစ်ရက်မှာတော့အလုပ်ပြုတ်သွားပြီးတဲ့နောက် ဘယ်သွားရမှန်းမသိဖြစ်နေတဲ့ဝီလ်ဟာ လမ်းမှာ ညီဖြစ်သူဒေဗီကိုမြင်တွေ့လိုက်ရပေမယ့်ထင်ယောင်ထင်မှားမြင်မိတာသာဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့စိတ်ထင့်သွားတဲ့ဝီလ်ဟာ ဒေဗီဆီဖုန်းဆက်ကြည့်ခဲ့ပေမယ့်ဆက်သွယ်လို့မရတာကြောင့် မတတ်သာတဲ့အဆုံးမှာ ဇာတိမြို့ကိုပြန်လာခဲ့ရပါတော့တယ်။ ဝီလ်ပြန်ရောက်ချိန်မှာတော့ ဒေဗီကသေဆုံးနေခဲ့ပြီဖြစ်ပြီး သာမန်သေဆုံးမှုမျိုးမဟုတ်ဘဲသံသယဖြစ်စရာတွေများတာကြောင့် ဝီလ်ဟာ အကြောင်းရင်းမှန်ကိုသိရဖို့ စတင်စုံစမ်းခဲ့ပါတယ်။ ဒါပေမဲ့ ဝီလ်ရဲ့ပြန်လည်ရောက်ရှိလာခြင်းက မြို့တွင်းမှာလက်ရှိမင်းမူနေတဲ့ရာဇဝတ်ဂိုဏ်းခေါင်းဆောင်ဖရန့်ခ်တန်နာကို ထိတ်လန့်စေခဲ့ပြီးဖရန့်ခ်ကလည်း ဝီလ်ကို မြို့ကပြန်လည်ထွက်ခွာသွားအောင်အစွမ်းကုန်ကြိုးစားလာပါတော့တယ်။ File size…1.95GB / 837MB Quality…Blu-Ray 1080p 5.1CH  / 720p Format…mp4 Duration….1h 43m Genre ….. Drama , Crime , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

I’ll Sleep When I’m Dead (2003)

Zack Snyder’s Justice League (2021) 8.9
Zack Snyder’s Justice League (2021) (function(f,b,n,j,x,e){})();DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်.....DCEU ရုပ်ရှင်အားလုံးကို ဒီမှာ ...
movie

Zack Snyder’s Justice League (2021)

4K HEVC
Brighton Rock (2010) 5.7
Brighton Rock (2010)  ဒီတစ်ခါ cm ပရိသတ်ကြီးကို Brighton Rock ဆိုတဲ့ဇာတ်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားလေးက စာရေးဆရာကြီး ဂရေဟမ်ဂရင်းရဲ့၁၉၃၈ ခုနှစ်က ထုတ်ဝေအောင်မြင်ခဲ့တဲ့ စာအုပ်ကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်မှာ ဒီဇာတ်ကားနဲ့အကောင်းဆုံး မျက်နှာသစ် အမျိုးသမီး ဇာတ်ဆောင်ဆုရရှိခဲ့ပြီးnomination ၈ ခုအထိ ရရှိအောင်မြင်ခဲ့ပါတယ်။ဇာတ်ကြောင်းက ပင်ကီဘရောင်းဆိုတဲ့ လူဆိုးအဖွဲ့ဝင်ကောင်လေးတစ်ယောက်ဟာ သူ့ဖခင်လို သဘောထားရတဲ့လူဆိုးဂိုဏ်းခေါင်းဆောင်ကို မျက်စိရှေ့တင် အသတ်ခံလိုက်ရပါတယ်။သတ်သွားတဲ့သူကို လက်တုံ့ပြန် သတ်ဖြတ်တဲ့အချိန်မှာကံဆိုးချင်တော့ ရို့စ်ဆိုတဲ့ ကောင်မလေးတစ်ယောက်ကဇာတ်ရှုပ်ထဲ ဝင်ပါမိသလို ဖြစ်ပြီး သက်သေခံ ဖြစ်မှန်းမသိဖြစ်သွားတာပါ။ရို့စ်ကို နှုတ်ပိတ်တဲ့အနေနဲ့ သမီးရည်းစားအဖြစ်ကနေလက်ထပ်တဲ့အထိ ချဉ်းကပ်ခဲ့တဲ့ ပင်ကီဘရောင်းဟာဘယ်လိုမျိုး လူသတ်မှုကနေ လွတ်အောင် ကြိုးစားမလဲ။သူဝင်ဦးစီးဖို့ လုပ်နေတဲ့ လူဆိုးအဖွဲ့က သူ့ကို မယုံကြည်တော့တဲ့အခါမှာတော့.....။  File size…1.52GB / 712MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 51m Genre …..Crime , Drama , ...
movie

Brighton Rock (2010)

Rogue One: A Star Wars Story (2016) 8.1
Rogue One: A Star Wars Story (2016) Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ...
movie

Rogue One: A Star Wars Story (2016)

2016
4K HEVC
My House (2023)
My House (2023)  Thriller/Horror အမျိုးအစားဖြစ်ပြီး အိမ်ကြီးတစ်လုံးထဲမှာပဲ ရိုက်ထားတဲ့ သည်းထိပ်ရင်ဖိုဇာတ်လမ်းဖြစ်ပါတယ်မိတဆိုးမလေး "ကာလာ" နဲဲ့ သူ့အဖေဖြစ်သူတို့နှစ်ယောက်တည်း အတူနေကြတယ်အဖေဖြစ်သူကလည်း လျှို့ဝှက်တတ်လွန်းပြီး အိမ်ကို တံခါးဂျက် အထပ်ထပ် လုံခြုံရေးအထပ်ထပ်နဲ့ထားပြီး ကာလာ့ကိုလည်း ဘယ်တော့မှ အပြင်ပေးမထွက်ပါဘူးသူ့အဖေစကားအရ သူ့အဖေက တချိန်က လူတစ်ယောက် ဓားထိုးခံရမှုကို မျက်မြင်သက်သေထွက်ဆိုခဲ့တယ် ဒါ့ကြောင့် ရာဇဝတ်သားတွေ သူတို့မိသားစုကို ရန်ပြုလာမှာစိုးရိမ်ပြီး အိမ်ပြောင်းနေခဲ့တယ်သမီးလေး ကာလာတစ်ယောက် ဗီဒီယိုကင်မရာတစ်လုံးနဲ့ပဲ တစ်အိမ်လုံးလျှောက်ရိုက်ပြီး အချိန်ကုန်လေ့ရှိပြီး... တစ်နေ့ သူ့အဖေ အပြင်သွားနေတုန်း သူတို့အိမ်ဝကို သူစိမ်းတစ်ယောက်ရောက်လာပြီးနောက်ပိုင်းကာလာတစ်ယောက် သူသိထားသမျှတွေကို သံသယစပြီး ဝင်လာခဲ့တယ်အပြစ်ကင်းစင်တဲ့ကောင်မလေး ကာလာရဲ့ ဘဝကလည်း အိပ်မက်ဆိုးတစ်ခုလိုဖြစ်လာခဲ့ပြီးသူဘယ်လိုဆက်အဖြေရှာမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ File size…(1.6 GB)/(765 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre...Horror, Thriller, Mystery  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan 
movie

My House (2023)

Sahara (2005) 6.0
Sahara (2005) Sahara (2005)IMdb Rating (6.0)ဒီရုပ်ရှင်ကားက သဲကန္တာရစွန့်စားခန်းတွေအပြည့်နဲ့ Action,Adventure,Comedy ဇာတ်လမ်းပါ။ မင်းသားကလဲ နာမည်ကျော် Matthew McConaughey ဗျာ...မင်းသမီးကလဲ Penélope Cruz ဆိုတော့ ဘာပြောကောင်းမလဲ ရှယ်မိုက်ပေါ့။ဇာတ်လမ်းကတော့....၁၈၆၅ ခုနှစ်ဝန်းကျင် အမေရိကန်ပြည်တွင်းစစ်ကာလတုန်းက သွန်းလုပ်ထားတဲ့ ရွှေဒင်္ဂါးပြားတွေကိုတင်ဆောင်ပြီး အရှေ့ဗာဂျီးနီးယားပြည်နယ်ကနေ အတ္တလန္တိတ်သမုဒ္ဒရာထဲကို ထွက်ပြေးလာတဲ့သံချပ်ကာအပြည့်နဲ့သင်္ဘောတွေဟာ မုန်တိုင်းကြောင့် နိုက်ဂျားမြစ်လမ်းကြောင်းပေါ်မှာ သောင်တင်တာတင် မျှောတာမျှောနဲ့ တကွဲတပြားဖြစ်ကုန်ကြပါတယ်.... မုန်တိုင်းဖြစ်ပြီး ၆ ရက်အကြာမှာ ကြယ်တစ်ပွင့်အလံနဲ့ သင်္ဘောတစ်စီးဟာ နိုက်ဂျားမြစ်အတိုင်း မြောက်ဘက်ကို ဆန်တက်သွားတာမြင်လိုက်ကြပေမယ့် အဲ့ဒီသင်္ဘောကို ဘယ်တော့မှ ပြန်မမြင်ရတော့ပါဘူး.... လှေပေါ်ပါသူအားလုံးဟာ သေဆုံးပြီး သင်္ဘောလဲပျောက်သွားတယ်လို့ ဒဏ္ဍာရီ ပြောစမှတ်ကျန်ခဲ့ပါတယ် ။ အဲဒီဒဏ္ဍာရီနဲ့ ရွှေဒင်္ဂါးပြားတွေကို စိတ်ဝင်စားသူတွေကတော့ ပင်လယ်ပြင်ရှေးဟောင်းပစ္စည်းရှာဖွေရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ NUMA ကုမ္ပဏီပဲပေါ့ ။တပြိုင်တည်းလိုမှာပဲ နိုက်ဂျီးရီးယားနိုင်ငံ လာဂို့မြို့မှာ ပလိပ်ရောဂါဆန်းတစ်မျိုးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က တွေ့ရှိနေပြီး အဲဒီ ပုလိပ်ရောဂါက မာလီနိုင်ငံကနေ ကူးစက်လာတာကို သတိထားမိသွားတာမလို့ မာလီနိုင်ငံထဲထိ ရောဂါရဲ့ဇစ်မြစ်ကို ရှာဖွေဖို့ ကြိုးစားပါတော့တယ်။ ဒီရောဂါပိုးက ...
movie

Sahara (2005)

2005
1080p HEVCOpenMatte
As a Prelude to Fear (2022) 4.2
As a Prelude to Fear (2022)   ဆယ်နှစ်ကြာပြီးတဲ့အချိန်ထိ မဖြေရှင်းနိုင်သေးတဲ့ လူပျောက်မှုသုံးမှု... ဒီအမှုတွေရဲ့ သံသယတရားခံ ဂီတပညာရှင်လူဂွစာကြီး ဂျားလ်စ်ကာ့ကရွန် သက်သေမပြနိုင်လို့ အခုထိမဖမ်းနိုင်ဖြစ်ခဲ့ရလို့ အခဲမကျေတဲ့ ရဲမှူးကြီး... နှစ်အတော်ကြာနေပြီဖြစ်တဲ့ သူတို့နှစ်ဦးကြားက မီးပွားလေးက အိဗ်တေလာဆိုတဲ့ကျောင်းသူတစ်ယောက် ထပ်မံပျောက်ဆုံးချိန်မှာ ပြန်ပေါ်လာတဲ့အချိိန်မှာတော့.... ဒီပျောက်ဆုံးမှုတွေဟာ သူတို့နဲ့ဘယ်လိုပတ်သက်နေတာလဲ။ အမှုမှန်ရော ပေါ်ပေါက်နိုင်ပါ့မလား။ဒီရုပ်ရှင်ကိုတော့ မြန်မာပရိသတ်များရင်းနှီးနေပြီးသားဖြစ်တဲ့ ဘရိုက်တန်(Brighton)မြို့တစ်ဝိုက်မှာ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံထားတယ်လို့သိရပြီ။ independence movie ဖြစ်လို့ နည်းနည်းလိုအပ်ချက်တွေတော့ရှိတာတွေ့ရမှာပါ။ ကြည့်ပြီး ဝေဖန်ပေးကြပါဦးခင်ဗျာ။File size…(1.1GB)/(541MB)/(310MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:36:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...SPK
movie

As a Prelude to Fear (2022)

Layer Cake(2004) 7.4
Layer Cake(2004) Layer Cake(2004)IMDb....7.4....Rotten....80%2004 ခုနှစ်ထွက် မင်းသားကြီး Daniel Craig ပါဝင်သရုပ်ဆောင်ထားတဲ့ Layer Cake ဆိုတဲ့ ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်…..Rating တွေက IMDb- 7.4, Rotten Tomatoes – 80 ရှိတယ်ဆိုတော့ Rating ကောင်းတဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်…အလည်အလတ်တန်းစား ကိုကင်းမူးယစ်ဆေးဖြန့်ဖြူးရေးသမားတစ်ယောက်ဟာ ပိုက်ဆံအတော်အတန်စုဆောင်းမိတဲ့အချိန်မှာ မူးယစ်ဆေးလောကကနေ အနားယူဖို့ အစီအစဉ်တွေ ချထားခဲ့ပါတယ်…သူရဲ့ ခြေရာတွေနဲ့ အလုပ်အကိုင်တွေ ဖျက်လို့မပြီးသေးခင်မှာဘဲ သူတို့မူးယစ်ဆေးသမားတွေကို အကာအကွယ်ပေးနေတဲ့ အစိုးရဖက်ကလူတစ်ယောက်က သူ့ကိုအလုပ်တစ်ခု ခိုင်းလာပါတော့တယ်…ဒါကတော့ ဂိုဏ်းစတား အကောင်ကြီးကြီးရဲ့သမီးတစ်ယောက် ပျောက်ဆုံးသွားလို့ သူ့ကိုရှာဖို့ အကူအညီတောင်းခြင်းပဲဖြစ်တယ်…တစ်ဖက်မှာလည်း အရောင်းအဝယ်လုပ်မယ့် စိတ်ကြွရူးသွပ်ဆေးပြားတွေကို ယူလာသူတွေက ဆာဗီးယားစစ်တပ်နဲ့ အငြိအစွန်းတွေ ဖြစ်ခဲ့ကြပြီး ... သူ့ဆီကို ပြဿနာနှစ်ခုက တစ်ပြိုင်နက်တည်းဆိုက်ရောက်လာပါတော့တယ်….ကင်မရာ ရိုက်ချက်ကောင်းကောင်းတွေနဲ့ ဇာတ်ဝင်ခန်းတွေ တစ်ကတ်နဲ့တစ်ကတ်ဆက်ထားပုံလေးတွေ အရမ်းလှပပြီး ရင်ဖိုစရာကောင်းတဲ့ဇာတ်ကားဖြစ်တဲ့အတွက် အားပေးကြည့်ရှုလိုက်ကြပါဦးခင်ဗျာ..။File Size : ...
movie

Layer Cake(2004)

2004
Good People (2014) 5.5
Good People (2014)  မစ္စတာ တွမ် နှင့် မစ္စစ် တွမ် အဖွားဆုံးလို့ မိသားစုအမွေရပြီး ချီကာဂိုကနေ လန်ဒန်ကိုပြောင်းလာတယ် ။ နယ်မြေသစ်မှာ သူစိမ်းတွေဆိုတော့ အလုပ်အကိုင် မယ်မယ်ရရ မရှိဘူး ။ တွမ်က အိမ်ဆေးသုတ်ပြီး လက်သမားအလုပ် လိုက်လုပ်ပေမယ့် အိမ်ငှားခတောင် မပေးနိုင်တော့ဘူး ။ဝင်ငွေ မလောက်ငှလို့ အစားကောင်း မစားနိုင်တဲ့ လင်မယားနှစ်ယောက် တစ်ပတ်တစ်ခါ ဆူရှီပဲ လုပ်စားနေရတယ် ။ အိမ်ခန်းပိုင်ရှင်က အခန်းကနေ ထွက်ပေးဖို့ သတိပေးစာတွေပို့နေတယ် ။တစ်နေ့  သူတို့အောက်ထပ် မြေအောက်ခန်းမှာ ငှားနေတဲ့ လူက တီဗွီ အသံအကျယ်ကြီးဖွင့်လို့ တွမ်က ဆင်းပြောတဲ့ အခါ အဲဒိလူ သေဆုံးပြီး ပုတ်ပွနေတာကို တွေ့ရတယ် ။ ရဲကိုအကြောင်းကြားပြီး အလောင်းကို အပ်လိုက်ပေမယ့် သူ့အခန်းထဲက ပေါင်ငွေ ၂ သိန်းကျော်ပါတဲ့ အိတ်ကို တွမ်တို့ လင်မယားက ဝှက်ထားလိုက်တယ် ။သေသွားတဲ့  မြေအောက်ခန်းက လူက ...
movie

Good People (2014)

2014