Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Frances Conroy
Maid in Manhattan (2002)
ဒီဇာတ်ကားလေးကတော့ 2002 ခုနှစ်ကထွက်ရှိထားတဲ့ Romance Drama အချစ်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Jennifer Lopez, Ralph Fiennes စတဲ့ နာမည်ကျော်သရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းလေးကတော့ ဟိုတယ်အကူအမျိုးသမီးလေးတစ်ယောက်ကို လွှတ်တော်အမတ်လောင်းတစ်ယောက်က ချစ်ကြိုက်မိသွားတဲ့ ခေတ်သစ်စင်ဒရဲလားကားလို့ပြောရပါလိမ့်မယ်။မာရီဆာဗန်တျူရာဆိုတဲ့ Single Mom တစ်ယောက်ဟာ နယူးရော့ခ်မြို့ရဲ့ဆင်ခြေဖုံးရပ်ကွက်မှာနေထိုင်ပြီး အဆင့်မြင့်ဟိုတယ်တစ်ခုမှာ အကူလုပ်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ခရစ်မာရှယ်လို့ခေါ်တဲ့ ဆွေကြီးမျိုးကြီး နိုင်ငံရေးသမားတစ်ယောက်ဟာ ဟိုတယ်မှာအလုပ်လုပ်နေတဲ့မာရီဆာကို ဧည့်သည်အမှတ်နဲ့ သဘောကျနှစ်သက်သွားပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ သူတို့နှစ်ယောက်ရဲ့ ရင်ခုံစရာအချစ်ဇာတ်လမ်းကို ကြည်နူးဆွတ်ပျံ့ဖွယ် တင်ဆက်ပြသထားပါတယ်။ Romance ချစ်သူတို့အနေနဲ့ ကြည့်သင့်တဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.7 GB)/(919 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Moon
movie
Maid in Manhattan (2002)
6.8
All Star Superman (2011)
All Star Superman (2011) IMDB: 6.8/10 Rotten Tomatoes: 80% Genre: Action/Sci-fiဒီဇာတ်လမ်းလေးကနည်းနည်းရင်ထဲမှာခံစားရလိမ့်မယ်လို့ကျွန်တော်ကြိုပြောပါရစေ။Animation ထက်ကိုပိုတဲ့ ဇာတ်လမ်းလေးတစ်ခုဖြစ်ပါတယ်။ဒီဇာတ်လမ်းလေးကလူဆိုးတွေကိုချနေတဲ့ဇာတ်လမ်းဆိုတာထက် စူပါမန်းရဲ့ စိတ်နေစိတ်ထားကိုရိုက်ပြသွားတာဖြစ်ပါတယ်။ဒေးလီးပလန်းနက်က လယ်သမားသားကလာ့ခ်ကန့်တ်၊ ခရစ်ပတွန်သား ကဲလ်အဲလ်၊ကမ္ဘာကြီးကိုကယ်တင်နေတဲ့သံမဏိလူသား တစ်ယောက်ရဲ့ စိတ်ထားကဘယ်လောက်ထိမြင့်မြတ်ကြောင်းပြသွားတာဖြစ်ပါတယ်။ ဇာတ်ညွှန်း ဒေါက်တာ လီယိုကွင်တမ်နဲ့သူ့အဖွဲ့တွေနေကို သွားရောက်လေ့လာနေတုန်းမှာ လက်စ်လူသာကြောင့်အဆင်မပြေထဖြစ်ပါတော့တယ်။ လက်စ်လူသာဟာ အဖမ်းခံထားရတဲ့အချိန်ဖြစ်လည်းဖြစ်ပါတယ်။ဒါပေမယ့် လက်စ်လူသာဟာ ဉာဏ်ကြီးရှင်တစ်ယောက်လည်းဖြစ်တာကြောင့်လူသားမျိုးနွယ်စုကောင်းကျိုးအတွက် တီထွင်ခိုင်းပါတော့တယ်။စောင့်ကြည့်ရေးကာလမှာ သူဟာ နေလောက်ထိအကွာအဝေးကိုကမ္ဘာကနေလှမ်းထိန်းပြီးဒေါက်တာ ကွင်တနမ်တို့ရဲ့ယာဉ်ကို တိုက်ခိုက်ပါတော့တယ်။ ဒါပေမယ့်လည်း ဒေါက်တာကွင်တမ်တို့ကိုစူပါမန်းကလာကယ်ခဲ့ပါတယ်။အကျိုးဆက်အနေနဲ့ နေကြောင့် စူပါမန်းရဲ့ဆဲလ်တွေဟာမြန်မြန်ကြီးပြိုကွဲလာပါတယ်။တစ်နည်းပြောရရင်တော့ စူပါမန်းဟာသေတော့မှာဖြစ်ပါတယ်။ဒါပေမယ့်လည်း စူပါမန်းကြီးဟာဘယ်လိုမှသူသေတော့မယ်ဆိုတာကို ထုတ်မပြောခဲ့ပါဘူး။သူပြောခဲ့တာတစ်ယောက်ပဲရှိပါတယ်။ အဲဒါကတော့...သူမသေခင်မှာ သူဘယ်လိုတွေလုပ်သွားလဲ၊ ကမ္ဘာကြီးအတွက်ဘာတွေလုပ်သွားလဲဆိုတာကိုမြင်ရမှာဖြစ်ပါတယ်။ File size… 1.3 GB / 571 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 16m Genre ..... Animation/Action/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated ...
movie
All Star Superman (2011)
6.5
Superman: Unbound (2013)
Superman Unbound (2013)IMDb: 6.5/10 Rotten Tomatoes: 100%Superman Unbound ဟာ ၂၀၁၃ ခုနှစ်ထွက် DC Animation ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ဇာတ်ညွှန်းကာရာ(စူပါဂဲလ်) ဟာကမ္ဘာမြေက်ိုရောက်ကာစအချိန်ဖြစ်ပါတယ်။ လိုးဝစ်စ်ကို လူဆိုးတွေဖမ်းသွားလို့ ကယ်လ်(စူပါမန်း) နဲ့ ကာရာလို့လိုက်ကယ်ကြပါတယ်။ကာရာဟာ ကမ္ဘာကိုရောက်လာတာအကြောင်းရှိပါတယ်။ဘရိန်းနီးရာ့ခ် လို့ခေါ်တဲ့ အရာဟာ ဂြိုလ်တိုင်းမှာရှိတဲ့ အဓိကမြို့တွေကိုဖမ်းယူပြီး အသိပညာဉာဏ်ရည်တွေကို စုပ်ယူထားတဲ့ ဉာဏ်ရည်မြင့်သတ္တဝါဖြစ်ပါတယ်။ကာရာ ကမ္ဘာကိုရောက်လာတာကလည်း ကန်ဒေါလို့ခေါ်တဲ့ ခရစ်ပတွန်က မြို့တော် ဘရိန်းနီးရာ့ခ်လက်အောက်ကို ရောက်သွားတာကြောင့် ကာရာရဲ့မိဘ ကယ်လ်ရဲ့ဦးလေးတွေက စိတ်ပူပြီး ကမ္ဘာကိုလွှတ်လိုက်တာဖြစ်ပါတယ်။အကြောင်းဖန်လာတော့ ဘရိန်းနီးရာခ့်ဟာ ကမ္ဘာကိုဦးတည်လာခဲ့ပါတယ်။ကာရာနဲ့ကယ်လ် တို့နှစ်ယောက်ဘယ်လိုမျိုး ဉာဏ်ကြီးရှင် ဘရိန်းနီးရာခ့်ရန်ကနေ ကမ္ဘာကိုကာကွယ်ပေးမှာလဲ။File size… 1 GB / 515 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 15m Genre ..... Animation ...
movie
Superman: Unbound (2013)
3.4
Catwoman (2004)
Catwoman (2004) Genre - Action,Crime,Fantasyဒီတစ်ခါမှာတော့ အားလုံးနဲ့မစိမ်းတဲ့ မင်းသမီးကြီး Halle Berry ပါဝင်သရုပ်ဆောင်ထားတဲ့ Catwoman နဲ့မိတ်ဆက်ပေးပါမယ်။ Patience ဟာ Hadre အလှကုန်ကုမ္ပဏီမှာ ဒီဇိုင်းဆွဲတဲ့အလုပ်လုပ်နေတဲ့ကောင်မလေးပါ။ တစ်နေ့မှာတော့ သူ့တိုက်ခန်းမှာဒီဇိုင်းဆွဲနေတုန်း ကြောင်လေးတစ်ကောင်ခေါင်မိုးပေါ်ရောက်နေတာတွေ့တာနဲ့ ပြတင်းပေါက်ကထွက်ပြီးကယ်ဖို့လုပ်ပါတော့တယ်။အဲဒီလိုကယ်နေတဲ့အချိန်မှာပဲ လမ်းကဖြတ်သွားတဲ့ စုံထောက်ကြီးတစ်ယောက်က ခုန်ချမယ်ထင်ပြီး လာကယ်ရင်းနဲ့ပဲ Patience နဲ့ စုံထောက်ကြီးတို့ခင်မင်သွားပါတော့တယ်။ တစ်နေ့ Patience တစ်ယောက် ကုမ္ပဏီကခိုင်းထားတဲ့ဒီဇိုင်းကိုစက်ရုံအထိသွားပေးရပါတယ်။ စက်ရုံကလျှို့ဝှက်ချက်တစ်ခုကိုမထင်မှတ်ပဲ သိသွားတာကြောင့် ကံဆိုးမိုးမှောင်ကျပြီး အသတ်ခံလိုက်ရပါတယ်။Patience တစ်ယောက်သေသွားတယ်ဆိုပေမဲ့ သူကယ်ခဲ့တဲအီဂျစ်နတ်ဘုရားမရဲ့တမန်တော်ကြောင်လေးရဲ့ အစွမ်းနဲ့ အသက်ပြန်ရှင်သန်လာခဲ့ပါတယ်။ ပြန်ရှင်သန်လာတဲ့အခါမှာ Patience တစ်ယောက် အရင်လိုမဟုတ်တော့ပါဘူး။ အထိအတွေ့၊ အနံ့ အာရုံခံမှုတွေဟာ လူသားတစ်ယောက်နဲ့မတူတော့ဘဲ ထူးခြားနေပါတယ်။ အဲဒီညကကိစ္စကိုလည်း မမှတ်မိပါဘူး။ ဒီလိုနဲ့ ကြောင်အစွမ်းတွေရပြီး ကြောင်လူသားဖြစ်သွားတဲ့ Patience ဟာ သူ့စိတ်ထင်ရာလျှောက်သွားလိုက်၊ လူဆိုးတွေကိုဝင်ဖမ်းလိုက်နဲ့ သတင်းတွေမှာနာမည်ကြီးလာပါတယ်။ နောက်ပိုင်းမှာ သူအသတ်ခံခဲ့ရတဲ့အဖြစ်မှန်ကိုသိပြီး သတ်ခဲ့တဲ့လူနဲ့ သတ်ခဲ့တဲ့အကြောင်းအရင်းကိုရှာပုံတော်ဖွင့်ပါတော့တယ်။ Catwoman တစ်ယောက် ကုမ္ပဏီရဲ့လျှို့ဝှက်ချက်ကိုဖော်ထုတ်နိုင်ပြီး တရားမျှတမှုကိုရှာဖွေနိုင်မလားဆိုတာကို မမရဲ့ အမိုက်စားတိုက်ခိုက်မှုပြကွက်တွေနဲ့တင်ဆက်ပေးထားတာကြောင့်ကြည့်ရှုခံစားလိုက်ပါဦး။File size… 2.1 GB / 971 ...
movie
Catwoman (2004)
Shopgirl (2005)
ဘဝကို ခက်ခဲစွာရုန်းကန်နေရတဲ့ အရောင်းဝန်ထမ်းမိန်းကလေး စီးပွားရေးသမားတစ်ဦးနဲ့ ရည်မှန်းချက်မရှိတဲ့ လူငယ်...သူတို့သုံးယောက်ကြားက ရှုပ်ထွေးတဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကို ပုံဖော်ထားတာပါ။မစ်ရာဘယ်က လက်အိတ်ဆိုင်မှာ အရောင်းဝန်ထမ်းလုပ်ပြီး တစ်ခါတလေ ပန်းချီကားလေးတွေ ဆွဲရောင်းပါတယ်။ သူ့ကျောင်းသားချေးငွေတွေကိုလည်း ခက်ခက်ခဲခဲ ပြန်ဆပ်နေရပြီး ကြပ်တည်းနေပါတယ်။ အထီးကျန်ပြီး အချစ်ခံချင်တဲ့ မစ်ရာဘယ်က ဂျယ်ရမီဆိုတဲ့ ကောင်လေးနဲ့ ဆုံမိပြီး တွဲဖြစ်သွားပါတယ်။ ဒါမဲ့ ဂျယ်ရမီကလည်း ချို့တဲ့ပြီး မစ်ရာဘယ်လိုချင်တာတွေ မဖြည့်ဆည်းနိုင်တဲ့အခါ နှစ်ယောက်သားဆက်ဆံရေးက သွေးအေးသွားပါတယ်။အဲဒီမှာပဲ ရေးပေါ်တာဆိုတဲ့ 50 ကျော်အရွယ်စီးပွားရေးသမား ပေါ်လာပါတယ်။ ရေးက မစ်ရာဘယ်အလိုရှိတာတွေ အကြိုက်ဆောင် လုပ်ပေးနိုင်ပေမယ့် သူမလိုချင်တဲ့အချစ်ကိုတော့ မပေးနိုင်ဘဲ စည်းခြားထားပါတယ်။ ပြည့်စုံလာတဲ့ဘဝမှာ အချစ်စစ်ကိုတောင့်တလာတဲ့ မစ်ရာဘယ်နဲ့ ရေရှည်ပတ်သက်မှုမျိုးမလိုချင်တဲ့ ရေး...မစ်ရာဘယ်ကြောင့် ဘဝရည်မှန်းချက်တွေ့သွားတဲ့ ဂျယရမီတို့ သုံးဦးကြားက အချစ်ဇာတ်လမ်းက ဘယ်လိုဇာတ်သိမ်းမလဲဆိုတာ ခံစားကြည့်ရှုလို့ရပါပြီ။ File size…(1.8 GB)/(939 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre...Drama, ...
movie
Shopgirl (2005)
8.5
Joker (2019)
Joker (2019) IMDb - (8.5/10) RT - 68% Won 2 Oscars. Another 92 wins & 199 nominations DC comic တွေထဲက ဇာတ်ကောင်တစ်ကောင်ကို အခြေခံထားတဲ့ ရုပ်ရှင်ပါ။ဂျိုကာကိုဆို စူပါဟီးရိုး ဖန်တိုင်း သိကြမှာပါ။ခေတ်အဆက်ဆက် လင်းနို့လူသား ရုပ်ရှင်တွေမှာအကောင်းဆုံးဗီလိန်တွေထဲက တစ်ယောက်အဖြစ် ပါနေကျပါပဲ။ဒီကားကတော့ အရင်ဂျိုကာတွေ လင်းနို့လူသားတွေရဲ့ ဇာတ်လမ်းနဲ့ မဆက်စပ်ပါဘူး။အာသာဖလက်ဆိုတဲ့ သာမန်လူတစ်ယောက်ကနေ ဂျိုကာဆိုပြီးဘယ်လိုဖြစ်လာလဲ ဆိုတာကို ဇာတ်ညွှန်းအသစ်နဲ့ ပြသထားတာပါ။လက်ရှိ အအောင်မြင်ဆုံးနဲ့ ဝင်ငွေအကြမ်းဆုံး R rated ရုပ်ရှင်ပါ။သရုပ်ဆောင်၊ ဒါရိုက်တာ အကုန်ကောင်းမွန်တဲ့အရှိန်ရယ်၊ ခေတ်အဆက်ဆက် ရှိလာခဲ့တဲ့ ပရိသတ်တွေရဲ့ အရှိန် ၂ ခုလုံးပေါင်းမိသွားတာပါပဲ။စူပါဟီးရိုးဖန်တွေရော ရုပ်ရှင်ကောင်းကြိုက်တတ်တဲ့ သူတွေရော သဘောကျကြမှာပါ။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်....File Size : (6.7 GB) /(2.0 GB) /(950 MB) Quality : BluRay 4K ...
movie
Joker (2019)
2019
4K HEVC
7.7
Nimona (2023)
Nimona (2023) =========== Genre – Animation, Adventure, Comedy, Drama IMDb Rating – 7.7/10Netflix ကနေ အသစ်ဆက်ဆက် ထွက်ရှိထားတာ မကြာ သေးတဲ့ Animation ကားကောင်းလေး ဖြစ်ပါတယ်။ တ ကယ်ဆို ဒီကားလေးဟာ ၂၀၂၁ ခုနှစ်ကတည်းက Ice Age တို့ Rio တို့ကို ဖန်တီးခဲ့တဲ့ Blue Sky Studio ကနေ ဖန်တီး နေတဲ့ လက်ရာဖြစ်ပါတယ်။ ၇၀ ရာခိုင်နှုန်းတောင် ပြီးစီးနေ ခဲ့ပါပြီ ဒါပေမဲ့ Disney က ပိတ်ချလိုက်တဲ့အခါမှာတော့ Netflix ကနေ ပြန်လည်လက်လွှဲယူပြီး ခုမှ ထွက်ရှိလာခဲ့ တာပါ။ အသံသရုပ်ဆောင်ဆိုရင်လည်း ဇာတ်ကောင် Nimona နေရာမှာက ကလေးဘဝကတည်းက ခုထက်ထိ သရုပ်ဆောင် နေပြီး အကုန်ချစ်ရတဲ့ မင်းသမီးလေး Chloe Grace Moretz ပဲ ဖြစ်ပါတယ်။ ဒါရိုက်တာဆိုရင်လည်း Blue Sky Studio က နေ ...
movie
Nimona (2023)
2023
6.1
The Tale of Despereaux (2008)
The Tale of Despereaux (2008)ဟိုးရှေးတုန်းက Dor တိုင်းပြည်တစ်ခုရှိတယ် အဲ့ဒီမှာ Soup Day ဆိုတဲ့ တစ်နှစ်တစ်ခါ စွပ်ပြုတ်သောက်တဲ့ပွဲတော်ရက်ရှိတယ်။ နှစ်တိုင်း Dor တိုင်းပြည်က ဘုရင့်မိသားစုရော ပြည်သားတိုင်းက အဲ့နေ့မှာ နန်းတော်က တော်ဝင်စားဖိုမှူးကြီး အန်ဒရေးရဲ့စွပ်ပြုတ်အသစ်ကို မျှော်ကြတယ် စာဖိုမှူးကြီးကလည်း တစ်နှစ်တစ်မျိုးမရိုးရအောင် စွပ်ပြုတ်ကို အမျိုးမျိုးချက်တယ်။သူ့စွပ်ပြုတ်ကို လူတွေအပြင် တိရိစ္ဆာန်တွေကပါ မျှော်ကြရော။ အဲ့ထဲမှာ ရော့စကူတိုဆိုတဲ့မြေကြွက်တစ်ကောင်ပါ ပါတယ်။ တစ်ရက်တော့ ရော့စကူတိုက စားဖိုမှူးရဲ့ စွပ်ပြုတ်ကို သိပ်စားချင်ပြီး မတော်တဆဖြစ်တာကနေ ပြဿနာတွေဖြစ်တယ်။အဲ့ဒီကနေ တိုင်းပြည်တစ်ခုလုံး အမှောင်ကျ နေရောင်ပျောက်သွားရာက ဘယ်လိုသူရဲကောင်းတွေပေါ်လာမလဲ? ဘယ်သူတွေက ဘယ်လိုတုံ့ပြန်ကြမလဲ? ဆိုတာ ...(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Tin Myo Lwin ပါ။)File Size : 1.3GB, 564MB, ...
movie
The Tale of Despereaux (2008)
2008
The Crucible (1996)
ဒီဇာတ်လမ်းလေးကတော့ အယူသီးမှုကနေ ဖြစ်ပေါ်လာတဲ့အကျိုးဆက်ကို ရိုက်ကူးထားတာပါ။ တွေးရင် တွေးနိုင်သလောက် ပညာရစေတဲ့ ဇာတ်လမ်းမျိုးလည်းဖြစ်တယ်။ တကယ်တော့ အပြင်လောကမှာရှိတဲ့စေတန်ထက် မိမိကိုယ်တွင်းစိတ်ယုတ်ကသာလျှင် စေတန်အစစ်အမှန်ပဲဖြစ်တယ်။ ၁၆ရာစုဝန်းကျင်ခန့်က ဆေလန်ပြည်နယ်မှာ စုန်းအတတ်ကျင့်သုံးတယ်ဆိုတဲ့ စွဲချက်နဲ့ လူ၂၀၀ကျော်ခန့် အစွပ်စွဲခံခဲ့ရပြီး အပြစ်မဲ့သူ ၁၉ယောက်သေဒဏ်ကျခံခဲ့ရပါတယ်။ The Crucibleရုပ်ရှင်ကတော့ ဒီဆေလန်ပြည်ဖြစ်စဥ်ကို ကျောရိုးယူပြီး ရိုက်ကူးထားတာပါ..။ ဇာတ်လမ်းအကျဥ်းကတော့ အက်ဘီဂေးဝီလီယမ်အပါအဝင် အမျိုးသမီးငယ်အများအပြားက အုပ်စုဖွဲ့ပြီး တဖက်သတ်ချစ်တဲ့ယောကျ်ားတွေရဲ့ အချစ်ကိုရဖို့ တောထဲမှာ ဂါထာတွေရွတ်ပြီး ကခုန်ကြတယ် ။ အဲဒီအချိန်မှာ ခရစ်ယာန်ဘုန်းတော်ကြီးပါးရစ်က တူမဖြစ်တဲ့အက်ဘီဂေးနဲ့ သမီးဖြစ်တဲ့ဘတ်တီတို့ကို တွေ့သွားခဲ့တယ်။ အသက်ငယ်သေးတဲ့ ဘတ်တီက ကြောက်အားလန့်အားနဲ့ မေ့လဲရာကနေ တစ်ရွာလုံးမှာ စုန်းပြုစားခံရတယ်ဆိုတဲ့ သတင်းပြန့်သွားခဲ့တယ်။ အက်ဘီက ဒီအခွင့်အရေးကို အသုံးချပြီး အိမ်ထောင်သည်ဂျွန်ပရော့တာနဲ့ ပေါင်းဖက်ရဖို့ ကြိုးစားတော့တယ်။ အက်ဘီအပါအဝင် တခြားမိန်းမငယ်လေးတွေအားလုံး စေတန်လက်က လွတ်လာတာမို့ စေတန်နဲ့ပက်သက်သူတွေကို သိထားပါတယ်ဆိုရာကနေ...ဆေလန်ပြည်တစ်ပြည်လုံးက အက်ဘီရဲ့တပ်မက်မှုလောဘစိတ်တွေနဲ့ ကြိုးကိုင်မှုအောက်ကို ကျရောက်သွားခဲ့တယ်။ ...
movie
The Crucible (1996)
6.5
Falling in Love (1984)
Falling in Love (1984)~ IMDb - 6.5/10, Rotten Tomatoes - 54% ~ခရစ်စမတ်မှာစတဲ့ဇာတ်လမ်းက ခရစ်စမတ်မှာ ဆုံးခဲ့တယ်။ အစဟာ ရင်ခုန်စိတ်မောဖွယ် ခံစားမှုပြန်လည်ဆန်းသစ်ခြင်းတွေနဲ့။ အဆုံးသတ်ကတော့ ယစ်မူးတပ်မက်စိတ်တွေနဲ့ နှလုံးသား နိုးထရှင်သန်ခြင်းများ ထုံမွှန်းနေလေရဲ့။ချစ်ခြင်းဟာ အပြစ်ကင်းပါသတဲ့။ သူတို့ချစ်ခြင်းကြောင့် နာကျင်ကြေကွဲရသူတွေ ရှိလာခဲ့ရင်ရော... ချစ်ခြင်းဟာ အပြစ်ကင်းပါသေးလား။ မင်းဘက်ကိုလှည့်လို့ တလောကလုံးကို ကျောခိုင်းလိုက်မယ်ဆိုတဲ့လူမျိုးတွေအတွက်တောင် ချီတုံချတုံဖြစ်စရာ မသင့်တော်ခြင်းလွှမ်းတဲ့ အချစ်လမ်းဖြစ်နေလို့ပါပဲ။သွက်လက်ချက်ချာ ပျော်ပျော်နေတတ်တဲ့ ဆရာဝန်ကတော်တစ်ယောက်။ ကြော်ငြာအနုပညာစိတ်ကူးလေးတွေလှပသူ။ ကားပျက်နေတဲ့အတွက် သူ့အိမ်ကနေ နယူးယောက်မြို့ကို ရထားစီးလို့လာခဲ့တယ်။ဆောက်လုပ်ရေးအင်ဂျင်နီယာ၊ ကလေးတို့အဖေ၊ အင်မတန်လိမ္မာတဲ့ ဇနီးသည်လေးရဲ့ခင်ပွန်း။ သူလည်း ကားပျက်တာပဲဗျ။ နယူးယောက်မြို့ကို ခရစ်စမတ်ပွဲအတွက် ရထားနဲ့ ခရီးဆန့်ခဲ့သူပေါ့။သူတို့နှစ်ယောက်ရဲ့ ဆုံဆည်းခြင်းနဲ့ ရင်ခုန်ခြင်းဟာ လူပျိုလူလွတ်တွေလိုတော့ မလှပ၊ မခမ်းနားဘူးပဲ ဆိုကြပါစို့ဗျာ။ ပိုင်ရှင်ကိုယ်စီရှိကြသူတွေဖြစ်လို့ အတင်းထိန်းချုပ်ထားတဲ့ အချစ်စိတ်တွေ ပေါက်ကွဲထွက်လာခြင်းကို ...
movie
Falling in Love (1984)
1984
7.0
Sleepless in Seattle(1993)
Sleepless in Seattle(1993) အညွှန်း****************************မင်းသားကြီး Tom Hanks အဓိကပါဝင်ထားတဲ့ဇာတ်ကားဆိုတော့ အညွှန်းတောင်ဖတ်စရာမလိုဘဲ ကြည့်သင့်ပါတယ်..ပြီးတော့ဒီကားက အော်စကာ ဆု(၂)အတွက်ဆန်ကာတင်စာရင်းဝင်ခဲ့သလိုအခြားဆုများစွာလည်းရရှိခဲ့ပါတယ်..အချစ်ဆိုတာကို လူတွေဘယ်လိုခံယူကြသလဲဗျ။တကယ်တမ်းဖြစ်စဉ်ကတော့ Samဟာ ချစ်ရတဲ့ဇနီးဆုံးသွားလို့ သားလေးတစ်ယောက်နဲ့အတူဝမ်းနည်းစွာ ကျန်ရစ်ခဲ့ရှာပါတယ်။ နေထိုင်ရာချီကာဂိုတစ်မြို့လုံးဟာ သွားလေသူချစ်သူရဲ့ပုံရိပ်တွေပြည့်နှက်နေတာကြောင့် သူ့အကြောင်းမတွေးမိအောင်ဆီယာတယ်ဆိုတဲ့ မြို့အသစ်ကို ပြောင်းရွှေ့သွားပါတယ်။ ဒါပေမဲ့ Samရဲ့သားလေး Jonahကတော့ မြို့အသစ်ကိုပြောင်းလာပေမယ့်အဖေဖြစ်သူဟာ ပူဆွေးမြဲပူဆွေးနေတာကြောင့် စိတ်ပညာအကြံပေးဖုန်းဖြေကြားလေ့ရှိတဲ့ရေဒီယိုအစီအစဉ်ကို ဖုန်းဆက်ပြီး သူ့အဖေကို မိန်းမအသစ်ရှာပေးဖို့ အကူအညီတောင်းပါတော့တယ်။ဒီတော့ရေဒီယိုအစီအစဉ်က ဖြေကြားသူဆရာဝန်ဟာ သူ့အဖေကို ဖုန်းပေးခိုင်းပြီး ဆွေးနွေးပါတယ်။အဲ့ဒီနောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကို့တော့..ဇာတ်လမ်းလေးကလည်း ဆွဲဆောင်မှုရှိတဲ့အပြင်သီချင်းလေးတွေကလည်း အရမ်းကောင်းလို့ နောင်တမရအောင် ကြည့်ဖြစ်အောင်ကြည့်ပါလို့ တိုက်တွန်းပါရစေ။File Size :(2.7GB) (730MB) and (313 MB) Quality : Blu-Ray1080P5.1ch, 720p Format…mp4 Duration…01:45:00 Genre : Romance , Drama, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie
Sleepless in Seattle(1993)
7
The Power of the Dog (2021)
မင်းသားကြီးဘန်နီဒစ် ကမ်းဘာဘက်ချ်ရဲ့ ရုပ်ရှင်အသစ်လေးကို ကြည့်လိုက်ရအောင်။ ဒီရုပ်ရှင်ဟာ Drama, Romance, Western အမျိုးအစားဖြစ်ပြီး ခေါင်းစဉ်ဖြစ်တဲ့ Power of the dog ဆိုတာ ခွေးအကြောင်း မဟုတ်ပါဘူး။ ခွေးမပါပါဘူး။ သမ္မာကျမ်းစာထဲက Deliver my soul from the sword; my darling from the power of the dog. ဆိုတဲ့စာလေးကို တင်စားပြီး သုံးစွဲထားတာပါပဲ။ နားလည်သလို ဘာသာပြန်ရရင် ကျွနု်ပ်ရဲ့ဝိညာဉ်ကို ဓားသွားဆီကနေ ကယ်တင်တော်မူပါ၊ ကျွန်ုပ်ရဲ့ ဘဝကို လူယုတ်မာများဆီကနေ ကယ်တင်တော်မူပါလို့ ပြောရမယ်ထင်ပါတယ်။ ခွေးဆိုတာ သစ္စာရှိခြင်းကို ရည်ညွှန်းသလို တစ်ခါတရံမှာလည်း ယုတ်မာတာကို ရည်ညွှန်းတတ်ပါတယ်။ တစ်ခါတလေမှာ ကြမ်းတမ်းသလို တစ်ခါတလေမှာ သိမ်မွေ့တတ်ပါတယ် ဘာကြောင့်လဲဆိုတာတော့ ရုပ်ရှင်ကိုကြည့်ပြီး စဉ်းစားကြတာပေါ့။ ဒီကားကတော့ award သုံးခုနဲ့ norminee ခြောက်ခုထိ ဝင်ထားနိုင်ပြီး၊ နိုင်ငံတကာမှာပြသနေဆဲကားပါ. ကျွန်တော်တို့ရဲ့ သခွားသီး Benedict ...
movie
The Power of the Dog (2021)
7.3
The Tale(2018)
The Tale (2018)IMDb....7.3ဒီတစ်ခေါက်တော့Rating မြင့်မြင့်ဇာတ်လမ်းကောင်းလေးတွေကိုကြည့်ရှုချင်ကြတဲ့Channel Myanmar ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်တာကတော့The Tale (2018) ကားလေးပါ။Imdb Rating 7.3/10 Rotten Tomatoes 99% တောင်ရရှိထားတာပါ။HBO filmsကနေထုတ်လုပ်ရိုက်ကူးခထားတဲ့ဒီကားလေးဟာဖြစ်ရပ်မှန်တစ်ခုအပေါ်အခြေခံထားပါတယ်။Nominations တွေလဲအများကြီးဝင်ထားတာမလို့အထွေအထူးမညွှန်းတော့ပဲဇာတ်လမ်းကိုပဲညွှန်းပါတော့မယ်။အသက်၄၈နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ဂျနီဖာဖောက်စ်ဟာအောင်မြင်တဲ့သတင်းသမား၊ပါမောက္ခတစ်ဦးဖြစ်သလိုချစ်ရတဲ့ချစ်သူနဲ့အတူတူဘဝကိုအောင်မြင်ပျော်ရွှင်စွာဖြတ်သန်းနေတဲ့အမျိုးသမီးတစ်ဦးပါ။တစ်နေ့မှာတော့မိခင်ဖြစ်သူဆီကမထင်မှတ်ပဲရောက်လာတဲ့ဖုန်းမက်ဆေ့တွေကနေဒီဇာတ်လမ်းဟာစတင်ခဲ့ပါတယ်။ဂျနီဖာအသက်၁၃နှစ်ကရေးထားခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်ကိုအမေဖြစ်သူကတွေ့ရှိသွားတာပါ။အဲဒီစာမှာပါတဲ့အကြောင်းအရာတွေအရငယ်စဉ်ကသူရင်းနှီးကျွမ်းဝင်ခဲ့တဲ့မစ္စဂျီနဲ့ဘီလ်ကိုပြန်ရှာဖွေဖို့အကြောင်းဖန်လာပါတော့တယ်။၁၃နှစ်အရွယ်မှာဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေဟာသူမသိလိုက်ခင်မှာပဲသူ့အပေါ်ကိုသက်ရောက်ရင်းအသက်၄၈အရွယ်ရောက်ချိန်မှာတော့ထိတ်လန့်စရာအဖြစ်အပျက်တစ်ခုဖြစ်သွားခဲ့ပါပြီ။ရှာဖွေရင်းနဲ့မှသူကိုယ်တိုင်မေ့လျော့ထားခဲ့တဲ့ဇာတ်လမ်းတွေကိုမှတ်မိသိရှိလာချိန်မှာတော့သူမဘာဆက်လုပ်မယ်။ဘယ်လိုဖြေရှင်းမယ်ဆိုတာစိတ်ဝင်စားစရာပါ။ဒီကားကိုဘာကားရယ်လို့ခေါင်းစဉ်တပ်လိုက်မှာစိုးရိမ်မိတာကြောင့်အညွှန်းတောင်မရေးချင်ခဲ့ပါဘူး။မဖြစ်မနေရေးလာရတော့လဲအတတ်နိုင်ဆုံးအကျဉ်းချုံးထားတဲ့အတွက်အကျယ်တဝင့်ကိုတော့ဇာတ်လမ်းထဲမှာသာကြည့်ရှုခံစားဖို့ညွှန်းချင်ပါတယ်။ဇာတ်လမ်းနာမည်ကတော့The Tale (2018)ပါ။Channel Myanmarမှတင်ဆက်ပေးထားပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Aye Mon Kyaw ပဲဖြစ်ပါတယ်...File Size : (1.1 GB) and (429 MB) Quality : Blu-Ray 720p, Format…mp4 Duration…01:54:00 Genre : Drama, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Aye Mon Kyaw Encoded by Phyo Pyae
movie
The Tale(2018)
2018
8.0
Scent of a Woman (1992)
Scent of a Woman(1992) IMDb..... 8.0/10________Rotten Tomatoes... 88% Won 1 Oscar. Another 5 wins & 14 nominationsဒီတစ်ခါ Old But Goldတွေထဲကပဲ ကျွန်တော်တို့သရုပ်ဆောင်အကောင်းဆုံး မင်းသားလို့သိကြတဲ့ Godfatherကြီး Alpacinoရဲ့ Leding Roleကနေအော်စကာရခဲ့တဲ့ ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားထဲက Alpacinoနဲ့ အတူသရုပ်ဆောင်ရမဲ့နေရာအတွက် Matt Damon, Braden Fraser, Ben Affleck တို့ Audience ဝင်ခဲ့ကြပေမဲ့Chris O'Donnell က ရသွားခဲ့ပါတယ်။ ဒီ ရုပ်ရှင်ရဲ့ နာမည်ကိုကအတော်လေး ဆွဲဆောင်မှု ရှိပါတယ် "Scent Of A Woman မိန်းမတစ်ယောက်ရဲ့ ကိုယ်သင်းရနံ့" ဇာတ်ကြောင်းအကျဉ်းကတော့အထက်တန်းကျောင်းမှာ ပညာသင်ဆုနဲ့ ကျောင်းတက်နေရတဲ့ ကောင်လေးတစ်ယောက်ဟာခရစ္စမတ်ပိတ်ရက်အိမ်ပြန်စရိတ်ရှာဖို့ ခရစ္စမတ်မတိုင်ခင် ကျေးဇူးတော်နေ့ပိတ်ရက်မှာ အချိန်ပိုအလုပ်တစ်ခု လက်ခံခဲ့ပါတယ်။ သူ လုပ်ရမဲ့အလုပ်ကတော့ မျက်စိကွယ်နေတဲ့အငြိမ်းစားဒုဗိုလ်မှူးကြီးတစ်ဦးကို စောင့်ရှောက်ရမှာပါ။ သူစောင့်ရှောက်ရမဲ့လူကလည်း တော်ပြီး အရည်အချင်းရှိသလောက် ဒေါသကြီးပြီး အရာရာကို စိတ်တိုင်းမကျဖြစ်နေတက်တဲ့ လူ့ဂွစာပါ။ ဒီ ဇာတ်ရုပ်ကိုလည်း ကျွန်တော်တို့်ရဲ့Godfaherကြီး Alpacinoက ခပ်ကြမ်းကြမ်းဟောက်ချက်တွေOver ...
movie
Scent of a Woman (1992)
1992
7.5
The Aviator (2004)
The Aviator (2004) IMDb - 7.5/10_____Rotten - 86%Won 5 Oscars. Another 81 wins & 130 nominations. The Aviator ဇာတ်ကားကတော့ ၂၀၀၄ခုနှစ်မှာ Director : Martin Scorsese ရိုက်ကူးခဲ့တဲ့ Biographical, Drama ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ American Box Office အဖြစ် American $213.7 million အထိ ရရှိထားတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာဆိုရင်တော့ မင်းသားကြီး Leonardo DiCaprioက Howard Hughes အဖြစ်အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကတော့ ၁၉၃၅ခုနှစ်မှာ Hughesတစ်ယောက် H1 Racerဆိုတဲ့ လေယာဉ်ကိုမောင်းပြီး ကမ္ဘာ့စံချိန်တင်ဖို့ကြိုးစားခဲ့ပါတယ်။ ၃နှစ်ကြာပြီးတဲ့နောက်မှာတော့ သူဟာ လေးရက်ဆက်တိုက် လေယာဉ်မောင်းပြီး စံချိန်ချိုးပြခဲ့ပါတယ်။ သိပ်မကြာသေးခင်မှာပဲ သူဟာ TWA ဆိုတဲ့ လေယာဉ်ကုမ္ပဏီနဲ့ ချိတ်ဆက်မိပြီး Army Air Forces မှာ Spy Aircraft ဆိုတဲ့ project ကို လုပ်ဖို့ စာချုပ်ချုပ်ခဲ့ပါတယ်။ အဲ့ဒီ့နောက်မှာတော့ ဘယ်လိုတွေဆက်ဖြစ်သွားမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ရှု့စာကြပါတော့။ File size…(1.4GB) Quality…BR-Rip 1080p Format…mp4 Duration….02:50:06 Subtitle….Myanmar ...
movie
The Aviator (2004)
2004