Channel Myanmar

Florin Piersic Jr.

Beautiful Rebel (2024) 6.4
Beautiful Rebel (2024)  ဒီရုပ်ရှင်လေးကတော့ အီတလီရဲ့ အအောင်မြင်ဆုံးRock Starတစ်ယောက်ဖြစ်တဲ့ Gianna Nanniniရဲ့ဘဝဇာတ်ကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့အတ္ထုပတ္တိဇာတ်ကားလေးပဲဖြစ်ပါတယ်....။ငယ်စဥ်ကတည်းက ဂီတကိုရူးသွပ်ပေမယ့် မိသားစုရဲ့အားပေးပံ့ပိုးမှုမရခဲ့တော့ အခက်အခဲမျိုးစုံကြားကနေကိုယ့်လမ်းကိုယ်ဖောက်ခဲ့တဲ့ အမျိုးသမီးရော့ခ်အဆိုရှင်တစ်ယောက်ယောက်အကြောင်းကိုမြင်တွေ့ရမှာပါ...။ထိုခေတ်အခါက အီတလီဂီတလောကမှာက အမျိုးသမီးဆိုရင်ပေါ့ပ်အမျိုးအစားဆိုမှ..၊ကြွကြွရွရွလေးဝတ်စားနေထိုင်ပြမှဆိုတဲ့ပုံစံခွက်ထဲကနေ သူ့ကိုယ်ပိုင် ရော့ခ်ဂီတ ရော့ခ်ဟန်ပန်တွေနဲ့ထိုးဖောက်ခဲ့သူလည်းဖြစ်ပါတယ်။ကိုယ်ယုံကြည်ရာ ကိုယ်လုပ်တဲ့ သူ့ရဲ့အကျင့်စရိုက်ကြောင့်လည်းအီတလီရောခ့်ဂီတမှာ ထိပ်တန်းကိုရောက်စေခဲ့တာလို့လည်းပြောနိုင်ပါတယ်...။အီတလီရော့ခ်စတားတစ်ဦးရဲ့ အောင်မြင်ခဲ့တဲ့ သီချင်းတွေကိုခံစားရင်း သူ့ဘဝဇာတ်ကြောင်းကိုပါ ရှုစားရမယ့် ဇာတ်ကားလေးဖြစ်တာမို့တင်ဆက်ပေးလိုက်ရပါတယ်ဗျာ....။ File size…1.84GB / 874MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 52m Genre ….. Biography , Music , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Beautiful Rebel (2024)

Visul (2023) 7.2
Visul (2023) Visul (2023)၂၀၂၃ ခုနှစ်တုန်းကထွက်ရှိထားတဲ့ ပြင်သစ် Comedy ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ IMDb 7 အထိရရှိထားပြီးတော့ ရှိတ်စပီးယားရဲ့ အိုင်ဒီယာဖြစ်တဲ့ Behind The Bar ဆိုတာကိုရိုက်ပြထားတဲ့ ရုပ်ရှင်ပါ။ အကျဉ်းသားတွေကို နိုင်ငံတိုင်းက ပြန်လည်ပြုပြင်ရေးနဲ့ ပြန်လည်ရပ်တည်နိုင်ရေးတို့အတွက်ဆိုပြီး ပညာသင်ကြားခွင့် အသက်မွေးဝမ်းကြောင်းပညာရပ်တွေ သင်ကြားခွင့်တွေပေးထားကြပါတယ်။ ဒီလိုပညာရေးဘက်တွင်သာမက အားကစားပိုင်းမှာလဲ အကျဉ်းသားများကို အမျိုးမျိုးသောအားကစားတွေ ဝါသနာပါရာ စာရေးစာဖတ်အမျိုးမျိုးတို့ကို လေ့လာသင်ကြားခွင့်တွေပေးထားကြပါတယ်။ ဒါ့အပြင် ရှိတ်စပီးယားက အကျဉ်းသားတွေအတွက် ပြဇာတ်ကိုလဲကြည့်ရှု ကပြခြင်းဖြင့် လူ့လောကကြီးနဲ့ အဆက်သွယ်မပြတ်ပဲ လူ့ဘောင်ထဲပြန်ဝင်ရောက်နိုင်မယ်လို့ယုံကြည်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ပြင်သစ်အကျဉ်းဦးစီးကနေ ဦးစီးပြီးတော့ အကျဉ်းသားများရဲ့ပြဇာတ် အစီစဉ်ကိုအကောင်ထည်ဖော်ထားပါတယ်။ဇာတ်လမ်းလေးကလဲ ဒီအကျဉ်းသားပြဇာတ်ကိုဦးတည်ပြီး ဟာသလေးနှောရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အဲလက်စ်ဆိုတဲ့ ပြဇာတ်သရုပ်ဆောင်အရံလူအနေနဲ့ပဲ အနှပညာလောကထဲမှာကျင်လည်နေရတဲ့သူပါ။ ပြောရရင်တော့ ပြဇာတ်လောကမှာ သူ့အတွက် နေရာမရှိသလို သူ့ရဲ့ကြိုးစားမှုတွေကိုလဲ အသိမှတ်ပြုမဲ့သူမရှိပါဘူး။ ပြောရရင် သူနဲ့အတူတွဲနေတဲ့ကောင်မလေးကတောင်ဇာတ်ကားတစ်ကားမှာပါခွင့်ရပြီး ကော်ဇော်နီလျှောက်နေရပြီ သူကတော့ ပြဇာတ်ရုံတစ်ခုမှာခိုကပ်ပြီး ရှေ့မထွက်ရတဲ့ အရံမင်းသားပေါ့။ အိမ်ငှားခကအစ ကောင်မလေးကပဲရှင်းပေးနေရတာ။ ဒီလိုနဲ့ စိတ်ကူးပေါက်ရာလုပ်ရင်း အကျဉ်းသားတွေအတွက် ပြဇာတ်လုပ်ပေးဖို့ ဗော်လန်တီယာအဖြစ်ပါဝင်လိုက်ပြီးတော့ ဒီပြဇာတ်ရုံတောင်မရောက်ဖူးတဲ့ ရာဇဝတ်သားတွေကို ဘယ်လိုသရုပ်ဆောင်တတ်အောင် သင်ပေးရမလဲ ပြဇာတ်ကကောချောချောမွေ့မွေ့ဖြစ်ပါ့မလားဆိုတာ ရယ်စရာမောစရာလေးတွေနဲ့ကြည့်ရှုအားပေးလိုက်ကြပါဦး။အညွှန်း ...
movie

Visul (2023)

2023
Miami Bici (2020) 6.1
Miami Bici (2020) Miami Bici 2020 အညွှန်းရိုမေးနီးယား Dumb and Dumber ပုံစံဟာသကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ 2020 ရိုမေးနီးယားရဲ့ အပေါက်ဆုံးဟာသကားဖြစ်ပြီး ၃ပတ်ဆက်တိုက် လူကြည့်အများဆုံးဖြစ်ခဲ့တာပါ။ Box office မှာလည်း ဒေါ်လာ ၂သန်းခွဲအထိ ပြန်ရခဲ့တာဖြစ်လို့ တော်တော်လေးမိုက်တယ်ပြောရမှာပါ။ ဘီလာနဲ့ ပီစီယူတို့ နှစ်ယောက်က ငယ်ငယ်လေးကတည်းက ဘော်ဒါအရင်း ညီအစ်ကိုအရင်းတွေနေခဲ့ကြတာပါ။ သူတို့အဖေ အမေတွေရဲ့ ရှုပ်ဇာတ်တွေနဲ့ နှစ်ယောက်သား တူတူနေခဲ့ကြပြီး မစို့မပို့ဝင်ငွေလေးနဲ့ ရုန်းကန်နေကြရပါတယ်။ တစ်ရက်ကျတော့ လူကြီးတစ်ယောက်အကူအညီနဲ့ ဟိုမှာ အလုပ်ရှိတယ်ဆိုပြီး သူတို့တွေ မိုင်ယာမီကို လေယာဉ်ပျံကြီးစီးပြီး ရောက်လာကြ‌ပါတော့တယ်။ တောသားမြို့ရောက်လိုမျိုး ရောက်လာကြပြီး ဘယ်လိုရွာလည်ကြမလဲ၊ အင်္ဂလိပ်စာမတောက်တခေါက်နဲ့ ဘယ်လိုတွေ တိုင်ပတ်မလဲ၊ သူတို့ကိုခေါ်တဲ့ ဘော့စ်ကရော လူကောင်းဖြစ်ပါ့မလား အမျိုးစုံကြိုးခုန်ပြီး ကြည့်ရှုလိုက်ရအောင်နော်။(နှုတ်ကြမ်းသောစကားများ၊ အမြင်မတော်သောအပြုအမူများ အများအပြားပါဝင်သောကြောင့် မိသားစုနဲ့တူတူ မကြည့်ရှုသင့်ပါကြောင်း)အညွှန်း နဲ့ ဘာသာပြန်ကတော့ Kaung Set ပဲ ဖြစ်ပါတယ်။Genre..... Comedy, Crime Quality…. 1080p | 720p File size… 1.9GB ...
movie

Miami Bici (2020)

2020
Blood Creek (2009)
Blood Creek (2009)  သာမန် Horror ကားတွေလိုမဟုတ်ဘဲ ဂမ္ဘီရလမ်းစဉ်တွေနဲ့ပါဆက်စပ်နေတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဟစ်တလာဟာယုတ်မာပြီးရက်စက်သလောက် ဂမ္ဘီရနည်းပညာကိုလည်းစွဲစွဲလမ်းလမ်းယုံကြည်ပြီး ကမ္ဘာကြီးကိုအုပ်စိုးဖို့အတွက် ရသမျှနည်းလမ်းအကုန်သုံးချင်ခဲ့တာပါ။ ဒီဇာတ်ကားကတော့ ဟစ်တလာရဲ့ရက်စက်တဲ့လုပ်ရပ်တွေရဲ့ဆိုးရွားတဲ့အကျိုးဆက်တစ်ခုအကြောင်းကို စိတ်ကူးပုံဖော်ပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း..... အီဗန်ဆိုတဲ့လူတစ်ယောက်ကတော့ သူ့အစ်ကိုဗစ်တာပျောက်သွားပြီးကတည်းက မျှော်လင့်ချက်တွေပျောက်ဆုံးနေတဲ့သူတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာတော့ သေပြီလို့မှတ်ယူထားတဲ့ သူ့အစ်ကိုတစ်ယောက်လုံးအရှင်လတ်လတ်ပေါ်လာတဲ့အပြင် သူကအလုပ်တစ်ခုကိုလုပ်ဖို့အရမ်းစိတ်အားထက်သန်နေခဲ့ပါတယ်။ဘာအကြောင်းအရာကိုမှရေရေရာရာမသိဘဲ အစ်ကို့ကိုကူညီပေးခဲ့ရာကနေ နားလည်ရခက်တဲ့လူတစ်ယောက်နဲ့ပါရင်ဆိုင်လာရပြီး ဂမ္ဘီရလမ်းစဉ်တွေနဲ့ပါဆက်စပ်နေတာကိုသိလိုက်ရပါတော့တယ်။ ဒီလူမဆန်တဲ့လူကဘယ်သူလဲ သူတခြားလူတွေကိုဒုက္ခမပေးနိုင်အောင် ဘယ်လိုတားဆီးကြမလဲ ဆိုတာကိုရင်တမမနဲ့ကြည့်ရှုရမှာပါ......  File size…(1.9 GB)/(964 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Thriller, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

Blood Creek (2009)

The Protégé (2021) The Protege 6.6
The Protégé (2021) The Protege IMDb Rating (6.6) / Rotten Tomatoes (60%)နီကီတာဇာတ်လမ်းတွဲနဲ့ နာမည်ကြီးခဲ့တဲ့ မင်းသမီး Maggie Q.. မားသားဖက်ခါကြီး Samuel L. Jackson နဲ့ မူရင်းဘတ်မန်းကြီး Michael Keaton တို့ပါဝင်ထားတဲ့ ​ ကြေးစားလူသတ်သမား အသတ်အဖြတ်ကားမျိုးဖြစ်ပါတယ်။ကြေးစားလူသတ်သမား မူဒီဟာ ဗီယက်နမ်မှာတွေ့ခဲ့တဲ့ အန်နာဆိုတဲ့ကလေးလေးတစ်ယောက်ကို ​​သူ့ရဲ့တပည့်အဖြစ် လက်သပ်မွေးပြုစုပျိုးထောင်ခဲ့တာပါ... အန်နာနဲ့မူဒီတို့ဟာ လိုက်ရှာဖို့မဖြစ်နိုင်တဲ့လူတွေကို အဓိကလိုက်သတ်တဲ့ ​​​ကြေးစားဆရာတပည့်နှစ်ယောက်ဖြစ်လာပါတယ်... တစ်နေ့တော့ မူဒီဟာ သူလိုက်ရှာဖို့အခက်ခဲဆုံးလူတစ်ယောက်ကို ခြေရာခံဖို့ကြိုးစားရင်း လုပ်ကြံခံလိုက်ရပါတော့တယ်... ဒါကြောင့်မို့ သူ့တပည့်မ အန်နာဟာ တရားခံကိုအဖြေရှာဖို့နဲ့ မူဒီရှာခဲ့တဲ့လူကိုဆက်ရှာတဲ့အခါမှာ... နောက်ကွယ်မှာပါဝင်ပတ်သတ်နေတဲ့လူတွေက ဘယ်သူတွေဖြစ်နေမလဲဆိုတာ...။မင်းသမီးလည်းမိုက် မင်းသားတွေကလည်း ဆရာကြီးတွေဖြစ်ပြီး အတိုက်အခိုက်အပစ်အခတ်တွေလည်း မိုက်တာမို့ ဂျွန်ဝစ်လို သွေးအေး Action ဇာတ်ကားမျိုးတွေကို လွမ်းနေတဲ့သူတွေအဖို့ အလွမ်းပြေစေမယ့်ဇာတ်ကားမျိုးဖြစ်ပါတယ်။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Pyi T Nyein နဲ့ Chit Tee တို့မှ တင်ဆက်ထားပါတယ်။)File size…(1.8 GB) / (1 GB) / (500 MB)Quality…WEB-DL 1080p / 720p ...
movie

The Protégé (2021) The Protege