Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Florian Munteanu
5.8
Borderlands (2024)
ဂိမ်းလောကရဲ့လူကြိုက်အများဆုံး ဂိမ်းတွေထဲက တစ်ခုဖြစ်တဲ့ဘော်ဒါလန်းကို ရုပ်ရှင်အဖြစ် ရိုက်ကူးထားတာဖြစ်ပါတယ်။Knock Knock ရဲ့ ဒါရိုက်တာ Eli Roth ရိုက်ကူးထားပြီး၊ကိတ်ဘလန့်ချက် နဲ့ ကယ်ဗင်ဟာ့တို့ ပါဝင်ထားပါတယ်။စက်ရုပ်လေး ကလပ်ထရပ် နေရာမှာတော့ ဂျက်ဘလက်ကအသံသရုပ်ဆောင်ပေးထားတာပါ။သိပ္ပံစိတ်ကူးယဉ် အက်ရှင် ဟာသ အမျိုးအစားမို့ အပန်းဖြေလို့ကောင်းမှာပါ။ ဇာတ်လမ်းအကျဉ်း***************ပန်ဒါရာဂြိုလ်ပေါ်က အီရီဒီရန်မျိုးနွယ်တွေဟာ ဂလက်ဆီတစ်ခုလုံးကိုအုပ်စိုးနိုင်ခဲ့တဲ့ အသိဉာဏ်မြင့် နည်းပညာမြင့် မျိုးနွယ်စုတွေဖြစ်ပါတယ်။ သူတို့တွေ မျိုးတုံးပျောက်ကွယ်သွားပြီးတဲ့နောက်မှာပန်ဒိုရာဂြိုလ်ကြီးတစ်ခုလုံးမှာ အီရီဒီရန်နည်းပညာလက်ကျန်လေးတွေကို ရှာနေတဲ့မုဆိုးတွေ၊ ဓားပြတွေ၊ အဖွဲ့အစည်းကြီးတွေ ခြေရှုပ်နေကြပါပြီ။ အားလုံးရဲ့ အကြီးဆုံးရည်မှန်းချက်ကတော့ အီရီဒီရန်တွေရဲ့လျှို့ဝှက်အလုံခန်းပါပဲ။ အဲဒီအလုံခန်းထဲမှာအဆင့်အမြင့်ဆုံး နည်းပညာလျှို့ဝှက်ချက်တွေရှိနေပြီး ပိုင်ဆိုင်တဲ့သူဟာ တန်ဖိုးမဖြတ်နိုင်လောက်အောင် ချမ်းသာပြီး စွမ်းအားကြီးသွားမှာပါ။အဲဒီ အလုံခန်းရှာတဲ့အရှုပ်တော်ပုံကြီးထဲကိုမှ စစ်သားဟောင်းတစ်ယောက်၊ ကြေးစားမုဆိုးတစ်ယောက်၊ ကော်ပိုရိတ်ကြီးတစ်ခုရဲ့ ခေါင်းဆောင်ရဲ့သမီးတစ်ယောက်၊ စိတ္တဇဂိုဏ်းဝင်တစ်ယောက် ကြားညပ်ပြီး ပူးပေါင်းမိကြတဲ့ခါ အလုံခန်းခန်းကို မသမာသူတွေလက်ထဲမရောက်ဖို့ တိုက်ခိုက်ကြရပါတော့တယ်။ File size…4.33GB / 2.06GB / 1.08GB Quality…WEB-DL 4K HEVC ...
movie
Borderlands (2024)
4K HEVC
7.2
Creed III (2023)
Creed III (2023) ============= IMDb Rating - 7.2/10ခရိရုပ်ရှင် သုံးကားမြောက်လာပါပြီ။ ခရိဆိုတာ စတားလုံးသရုပ် ဆောင်ခဲ့တဲ့ လက်ဝှေ့ရုပ်ရှင်တွေရဲ့နောက်ဆက်တွဲအဖြစ် ထွက် လာတဲ့ မျိုးဆက်သစ်လက်ဝှေ့သမားအကြောင်းပါ။ မင်းသားက တော့ မိုက်ကယ်ဘီဂျော်ဒန်ပါပဲ။ ခရိအရင်ရုပ်ရှင် နှစ်ကားကိုလည်း ချန်နယ်မြန်မာမှာ ကြည့်ရှုနိုင်ပါတယ်။ဒီရုပ်ရှင်အစမှာတော့ ခရိဟာ ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံဆုတွေ အလီလီရခဲ့ပြီး လက်ဝှေ့လောကကနေ အနားယူပြီးခဲ့ပါပြီ။ လက် ချောင်းအရိုးအက်တာတွေ၊ မျက်ခုံးကွဲတာတွေ ဒဏ်ရာဒဏ်ချက် ဟောင်းတွေလည်း အပြည့်ပါပဲ။ ဒီတော့ မိသားစုနဲ့ပဲ လက်ဝှေ့ သမားလေးတွေ ပျိုးထောင်ပေးရင်း အေးအေးချမ်းချမ်းနေထိုင် နေပါပြီ။ ဒါပေမဲ့ တစ်နေ့မှာတော့ သူ့ရဲ့ ငယ်သူငယ်ချင်း ဒိမ်းနဲ့ ပြန်တွေ့လာပါတယ်။ ဒိမ်းဟာ သူ့ထက်ကြီးပြီး ထောင် ၁၈ နှစ် လောက်ကျပြီးမှ ပြန်ထွက်လာတဲ့သူပါ။ သူတို့မှာ ရာဇဝင်တွေ ရှိခဲ့ပါတယ်။ ဒိမ်းက အသက်ကြီးနေပေမဲ့ လက်ဝှေ့ကိုစိတ်မကုန် သေးဘဲ ခရိလို လက်ဝှေ့ချန်ပီယံဖြစ်ချင်လို့ ကူညီပေးဖို့ တောင်း ဆိုလာတဲ့အခါ...Creed I - LinkCreed II - Link(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်)File Size..........(3.16 GB) ...
movie
Creed III (2023)
2023
4K HEVC Web-DL
7.7
Creed II (2018)
Rating 7.6 အထိရရှိထားတဲ့ အကောင်းဆုံးစာရင်းဝင်ရုပ်ရှင်ကားတစ်ကားလို့တောင် ပြောချင်ပါတယ်...၁၉၇၆ခုနှစ်ကတည်းက စတင်ခဲ့တဲ့ မင်းသားကြီး စတားလုံးရဲ့Rocky ဆိုတဲ့လက်ဝှေ့ကားတွေဟာ ဆယ်စုနှစ်များစွာကြာညောင်းခဲ့ပေမဲ့ အခုချိန်ထိအောင်မြင်စွာရှင်သန်နေဆဲပါပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကြောင့်ဇာတ်ကားတိုင်းဟာလည်း rating မြင့်မားလှပါတယ်၂၀၁၅မှာ creed ဆိုပြီး ရော့ကီရဲ့တပည့်ကို မိတ်ဆက်ပေးခဲ့ပါတယ်အဲဒီဇာတ်ကားလေးကလည်း ဆုတံဆိပ်များစွာနဲ့အတူပရိသတ်တွေရဲ့သဘောကျနှစ်ခြိုက်မှုကို ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်၂၀၁၈ခုနှစ်မှာတော့ Creed 2 ကို ပရိတ်သတ်တွေဆီ ပို့ဆောင်ပေးခဲ့ပြန်ပါတယ်အရင်ကားတွေအတိုင်းပါပဲ စွဲဆောင်မှုရှိရှိနဲ့ ပရိသတ်ကို ဖမ်းစားခဲ့ပြန်ပါတယ်ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံတစ်ယောက်ရဲ့ရွှေခါးပတ်ကို ရရှိဖို့ဆိုတာ မလွယ်ကူသလိုထိန်းသိမ်းဖို့ဆိုတာလည်း သိပ်ကိုခက်ခဲပါတယ်ဒီဇာတ်ကားထဲမှာ ချန်ပီယံဘွဲ့ကို ထိန်းသိမ်းရတဲ့လက်ဝှေ့သမားတစ်ယောက်ရဲ့ဘဝကို ကိုယ်ချင်းစာမိသွားအောင် ရိုက်ပြထားပါတယ်ဝါသနာကြောင့် လုပ်နေပေမယ့် နာကျင်မှုကို လူတိုင်း ကြောက်ပါတယ်ဒါ့အပြင် အချိန်မရွေး ကြိုးဝိုင်းထဲမှာ အသက်ဆုံးရှုံးသွားနိုင်ပါသေးတယ်လက်ဝှေ့ရဲ့သဘောတရားကိုက သူတစ်ပါးကိုနာကျင်အောင်လုပ်ရတာပါသူတစ်ပါးကို နာကျင်စေချင်ရင်တော့ ကိုယ်ကိုတိုင်လည်းနာကျင်မှုကိုကြောက်နေလို့မဖြစ်ပါဘူးနာကျင်မှုကို ပိုပြီးခံနိုင်ရည်ရှိတဲ့သူက ရေရှည်မှာ ပိုပြီးအနိုင်ရဖို့များပါတယ်အောင်မြင်မှုရဲ့ အရသာဟာ နာကျင်မှုတွေကိုစက္ကန့်ပိုင်းအတွင်းပျောက်အောင်ကုစားနိုင်တယ်ဆိုတဲ့ရသကိုအပြည့်အဝပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ကြည့်လို့ကောင်းမယ်ဆိုတာ ရဲရဲကြီးအာမခံပါတယ်... File Size : ( 1 GB) Quality : WEB-DL 720pRunning Time ...
movie
Creed II (2018)
2018
6
The Contractor (2022)
The Contractor (2022)နာမည်ကျော်မင်းသား ခရစ်စ်ပိုင်းရဲ့ အက်ရှင်ရုပ်ရှင်အသစ်ထွက်လာပါပြီ။ ဒူးဒဏ်ရာကြောင့် ဆေးတွေသုံးလို့ အထူးတပ်ဖွဲ့ကနေ အနားယူလိုက်ရတဲ့ အတော်ဆုံး စစ်သားတစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ တပ်ကထွက်လာပြီး အလုပ်မရှိအကိုင်မရှိ အကြွေးတွေနစ်နေချိန်မှာ ကြေးစားစစ်သားအလုပ် လုံခြုံရေးအလုပ်တွေကို လိုက်လျှောက်ရင်း ငွေအများကြီးရမယ့် အလုပ်တစ်ခု တွေ့သွားခဲ့ပါတယ်။ အဲဒါကတော့ နိုင်ငံတော်လုံခြုံရေးကို ကာကွယ်ဖို့ ဘာလင်က သိပ္ပံပညာရှင်တစ်ယောက်တီထွင်နေတဲ့ ဇီဝလက်နက်တစ်ခုကို သွားဖျက်ဆီးဖို့ ကန်ထရိုက် တာဝန်တစ်ခုပါပဲ။ စာရင်းမဝင် လျို့ဝှက်စစ်ဆင်ရေးတစ်ခုပေါ့။ အဲဒီစစ်ဆင်ရေးကိုအတူသွားကြရင် လွယ်မလိုနဲ့ခက်ပြီး မထင်မှတ်ထားတာတွေ ဖြစ်လာတဲ့အခါ .....အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre.....Action, Thriller Quality….WEB-DL 1080p and 720p File size…1.83GB and 759MB and Format…mp4 Duration….1h 43min Subtitle….Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... August
movie
The Contractor (2022)
2022
7.9
Shang-Chi and the Legend of the Ten Rings (2021)
Shang-Chi and the Legend of the Ten Rings (2021)===================================IMDb Rating - 7.9/10အားလုံးစောင့်နေကြမယ့် ရှမ်းကြီးလာပါပြီ။ ဒီရုပ်ရှင်ဇာတ်လမ်းကတော့ End Game အပြီး လူတွေ ကမ္ဘာပေါ်ကိုပြန်ရောက်ရှိနေတဲ့ ကာလမှာ အခြေတည်ထားတာပဲဖြစ်ပါတယ်။ အဓိကဗီလိန်ကတော့ The Mandarine ပါ။အိုင်ရွန်မန်း-၃ မှာတုန်းက မန်ဒရင်းအတုနဲ့တွေ့ခဲ့ကြတာ မှတ်မိကြဦးမှာပါ။ ဒီတစ်ခါတော့ မန်ဒရင်းအစစ်လာပါပြီ။စူပါပါဝါတွေရယ် မသေမျိုးအဖြစ်ရယ်ကို ပေးနိုင်စွမ်းရှိတဲ့ ဒဏ္ဍာရီလာ ကွင်းဆယ်ကွင်းကို ပိုင်ဆိုင်ထားပြီး လျို့ဝှက်အဖွဲ့ကြီးတစ်ခုရဲ့ ခေါင်းဆောင်လည်းဖြစ်ပါတယ်။ ရှန်းချီကတော့ သူ့အဖေခိုင်းတာတွေကို မလုပ်ချင်တော့လို့ ငယ်ငယ်ကတည်းက အိမ်ကထွက်ပြေးပြီး ဇာတ်မြှပ်နေခဲ့တဲ့ သိုင်းသမားလေးပဲဖြစ်ပါတယ်။ ရှမ်းချီဇာတ်ကောင်ဟာ မာဗယ်ဟီးရိုးတွေထဲက သိုင်းအတော်ဆုံးဇာတ်ကောင်ဖြစ်ပြီး Iron Fist နဲ့ လက်ရည်တူလောက်ရှိပါတယ်။ ကပ္ပတိန်တို့စပိုက်ဒီတို့ကိုတောင် သိုင်းသင်ပေးဖူးပါသေးတယ်။ ဒီရုပ်ရှင်အဆုံးမှာတော့ ထုံးစံအတိုင်း post-credit scene နှစ်ခုပါတာမို့ ရှာကြည့်ဖို့ မမေ့ပါနဲ့ဦးနော်။(ဒီဇာတ်လမ်းရဲ့ ...
movie
Shang-Chi and the Legend of the Ten Rings (2021)
2021
IMAX 4K HEVC