Channel Myanmar

Florencia Lozano

Deception (2008) 6.0
Deception (2008)  နာမည်ကြီးမင်းသားတွေဖြစ်တဲ့ X-Men မင်းသားHugh Jackman နဲ့ Ewan McGregor တို့အပြိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ Deception ကတော့ MysteryThriller နဲ့ Drama အမျိုးအစားဖြစ်ပါတယ်။နယူးယောက်ရဲ့ကော်ပိုရေးရှင်းလုပ်ငန်းကြီးတွေမှာစာရင်းစစ်အနေနဲ့လှည့်လည်လုပ်ကိုင်နေတဲ့ဂျိုနသန်ဟာတစ်ရက်မှာ ရှေ့နေဝှိုက်ဆိုသူနဲ့သိကျွမ်းပြီး သူငယ်ချင်းတွေဖြစ်သွားခဲ့ပါတယ်။ဝှိုက်ကတစ်ဆင့် တရားမဝင်လိင်အပန်းဖြေကလပ်တစ်ခုထဲရောက်သွားပြီး အက်စ်လို့သာသိရတဲ့ကောင်မလေးတစ်ယောက်ကိုတကယ်ချစ်မိသွားခဲ့ပါတယ်။တစ်ရက်မှာတော့ ဂျိုနသန်နဲ့အက်စ်တို့ရဲ့ဟိုတယ်ဒိတ်တစ်ခုမှာအက်စ်ကိုပြန်ပေးဆွဲသွားတဲ့အခါမှ ဝှိုက်ဆိုသူဟာ လူလိမ်၊လူသတ်သမားတစ်ဦးဖြစ်နေမှန်းသိလိုက်ရပါတယ်။ကုမ္ပဏီကြီးတစ်ခုရဲ့တရားမဝင်ရန်ပုံငွေသန်း ၂၀ ကိုလွှဲပြောင်းမပေးဘူးဆိုရင် အက်စ်ကိုသတ်မယ်လို့ခြိမ်းခြောက်လာတဲ့အခါမှာတော့ သူချစ်တဲ့အက်စ်ကိုပြန်ရဖို့ ကိန်းဂဏန်းတွေကိုကျွမ်းကျင်ပိုင်နိုင်တဲ့စာရင်းစစ်ဂျိုနသန်တစ်ယောက် လည်လွန်းတဲ့လူလိမ်ဝှိုက်နဲ့ ဥာဏ်ရည်ပြိုင်ဆိုင်ရပါတော့တယ်။  File size…1.67GB / 756MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 47m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

Deception (2008)

Life of Crime (2013) 5.8
Life of Crime (2013)  Tim Robbins နဲ့ Jennifer Aniston တို့ အဓိကပါဝင်ထားတဲ့ Comedy ဇာတ်ကားလေး တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်.... ဇာတ်လမ်းအစမှာတော့ အိမ်ခြံမြေလုပ်ငန်းရှင် ဖရန့်ခ်ဒေါ်ဆင်ရဲ့မိန်းမ မစ်ကီဒေါ်ဆင်ကို ပြန်ပေးဆွဲဖို့ တိုင်ပင်နေကြတဲ့ရာဇဝတ်သား ၂ ယောက်ရဲ့ ဇာတ်ဝင်ခန်းနဲ့ စထားပါတယ်.သူ့မိန်းမကိုယ်တိုင်တောင်မသိတဲ့ ဖရန့်ခ်ဒေါ်ဆင်ရဲ့ လျှို့ဝှက်ချက်တွေကို သိထားတဲ့ သူတို့ ၂ယောက်ကတော့ ဖရန့်ခ်ရဲ့မိန်းမကိုပြန်ပေးဆွဲငွေညှစ်တာက လွယ်လွယ်လေးပိုက်ဆံရမယ့် အလုပ်လို့ထင်ထားခဲ့တာပါ.ဒါပေမယ့် သူတို့မသိတာက ဖရန့်ခ်မှာ သူတို့မထင်ထားတဲ့ မယ်လနီဆိုတဲ့ အငယ်အနှောင်း ရှိနေပြီး.သူ့မိန်းမ မစ်ကီ့ကိုလည်း ကွာရှင်းဖို့ထိ စီစဉ်ထားပြီးဖြစ်နေခဲ့တယ်ဆိုတာပါပဲ. တကယ့်တကယ် မစ်ကီကို ပြန်ပေးဆွဲချိန်မှာတော့ ဖရန့်ခ်အနေနဲ့က သူ့မိန်းမကို ဒေါ်လာ ၁ သန်း ပေးပြီး ပြန်အရယူဖို့စိတ်ကူးမရှိသလို သူ့အငယ်အနှောင်း မယ်လနီကလည်းတခြားအကြံအစည် တစ်ခုရှိနေပါတယ်.ငွေအရလွယ်ဖို့ ပြန်ပေးဆွဲမိကာမှ မြွေပွေးခါးပိုက်ပိုက်မိတဲ့အဖြစ်ကြုံရတဲ့သူတို့၊ မစ်ကီကို ဖမ်းထားရင်း ကြုံတွေ့ရတဲ့အလွဲများ၊ တစ်ဖက်က ဖရန့်ခ်ရဲ့ မီးခဲဖင်ခုထိုင်မိသလိုကြံရာမရဖြစ်ပုံများနဲ့ ဘာတွေ ဆက်ဖြစ်ကြမလဲ စတာတွေကိုဟာသနှော တင်ဆက်ထားတဲ့ ...
movie

Life of Crime (2013)